Happening News >> အခြေခံဥပဒေမပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးလို့ KNPP ဆုံးဖြတ်
အခြေခံဥပဒေမပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးလို့ KNPP ဆုံးဖြတ် |
မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲမှုမရရှိရင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင်ပါတီအဖြစ်ရပ်တည်ပြီး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။
မေလ ၁၀ ရက်နေ့က ပြီးဆုံးသွားတဲ့ KNPP ရဲ့ ၅ ရက်ကြာ ညီလာခံကနေ ပါတီဥက္ကဌအဖြစ် ဦးအေဘယ်တွဒ်၊ ဒု ဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်းရေးမှူး ၁ အဖြစ် ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးရွှေမျိုးသန့်တို့ပါဝင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ၇ ဦးကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်အဖြစ် ပါတီစည်းရုံးရေး၊ အမျိုးသားစာပေ တိုးတက်ပြန့်ပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လူထုပြန်လည်နေရာချထားရေးတွေကို