News >> မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး

မန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်မှုကို ရဲတပ်ဖွဲ့က အမြစ်ဖြတ် စုံစမ်း ဖော်ထုတ်လျက် ရှိရာ ယခုအခါတွင် အကြမ်းဖက်သမား ခုနစ်ဦးကို အသေ ဖမ်းဆီး နိုင်ခဲ့ပြီး အခြား ၁၃ ဦးကို အရှင်ဖမ်းဆီး ရမိထားပြီဟု ရဲတပ်ဖွဲ့က မေ ၉ ရက်တွင် ကြေညာခဲ့ရာ အကြမ်းဖက် သမားများ၏  နိဂုံးသည် မကြာမီ ချုပ်ငြိမ်းဖွယ် ရှိသည်ကို  တွေ့ရသည်။

ရဲတပ်ဖွဲ့သည် နိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ် ကီဘူမန် မြို့ရှိ နေအိမ် တစ်အိမ်ကို မေ ၈ ရက်က ညလုံးပေါက် ဝန်းရံခဲ့ပြီး နောက်တစ်နေ့ အစောပိုင်းတွင် အကြမ်းဖက် သမားများအား လက်နက်ချ အဖမ်း ခံရန် တောင်း ဆိုခဲ့သော်လည်း အကြမ်းဖက် သမားများက လက်မခံဘဲ ရဲတပ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခတ် ခြင်း၊  လက်လုပ်ဗုံး များဖြင့် တိုက်ခိုက်ခြင်း တို့ကို  ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ခုခံပစ်ခတ် ခဲ့ရာမှ နောက်ဆုံးတွင်  အကြမ်းဖက်သမား သုံးဦးအား အသေဖမ်းဆီး နိုင်ခဲ့ပြီး အခြား အကြမ်းဖက်သမား လေးဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့သည်။
ယခု ဖမ်းဆီးရမိ ခဲ့သည့် အကြမ်းဖက် သမားများသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီးခံခဲ့ ရသော အကြမ်းဖက် သမားများနှင့် ဆက်စပ်မှုရှိ၊ မရှိကို ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍  ဆက်လက်စုံစမ်း ဖော်ထုတ် သွားမည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအေမာက ပြောကြားထားသည်။ အင်ဒို ရဲတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက် နှိမ်နင်းရေးကို  နိုင်ငံအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိရာ အနောက် ဂျာဗားရှိ  စီပါဆင်း ကျေးရွာမှ လက်နက် ပြုလုပ်သူ တစ်ဦးအား မေ ၇ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ ရရှိသော သတင်းများ အရ နေရာဒေသ အနှံ့အပြားရှိ  အကြမ်းဖက် သမားများ၏ ပုန်းအောင်းရာ နေရာများကို ဝင်ရောက်စီးနင်း နိုင်ခဲ့ သည်။

အလားတူ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အကြမ်းဖက် သမားဟု ယူဆရသူ ငါးဦးအား မေ ၈ ရက်က ဂျကာတာ မြို့တော်နှင့် အနီးအနားရှိ ဒေသများ၌ ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း များကိုပါ သိမ်းဆည်း နိုင်ခဲ့သည်။ အဆိုပါ အစွန်းရောက် အကြမ်းဖက် သမားများသည် မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့ရုံ သာမက ဂျကာတာ မြို့တော်၏ အကြီးမားဆုံး ဈေးကြီးဖြစ်သည့် ဂလိုဒေါ့ခ် ဈေးကိုလည်း မီးရှို့ ဖျက်ဆီးရန် စီစဉ်ခဲ့သည်။
အကြမ်းဖက် သမားများသည် ၎င်းတို့၏ ဗုံးခွဲ တိုက်ခိုက်မည့် မဟာ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရေး အတွက် ဘဏ်များကို ဓားပြတိုက်ခြင်းနှင့် အခြား ခိုးယူမှုများကို လုပ်ဆောင် ခဲ့ကြသည်ဟု အင်ဒိုနီးရှား အာဏာပိုင် များ၏ ပြောကြားချက် အရ ၎င်းအကြမ်းဖက် သမားများ၏ အကြံကြီး လှသည့်  လုပ်ဆောင်ချက်ကို ခန့်မှန်းသိရှိ နိုင်ပေသည်။ 

Thanks To ရွှေတည်{မြ၀တီ}
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget