Articles by "နည်းလမ်းများ"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

မြန်မာဖောင့်နဲ့ ပတ်သက်လိုအခက်ခဲတွေနေတယ် သူငယ်ချင်းအတွက်ကျနော်စုစည်းပြီးပုံနှင့်တစ်ကွာ ကျနော်တင်ပြပေးလိုက်ပါတယ်ဗျာ အလိုရှိသူတိုင်ဖတ်ပြီး လွယ်ကူစွာ ဇော်ဂျီမြန်မာဖောင့် ၁၄မျိုးကို
တစ်ခါတည်းဒေါင်းရင်နှင့် လုပ်တတ်အောက်ကျနော်တင်ပေးလိုက်ပါတယ် ။
ကျနော်လည်းဆရာတစ်ယောက်တော့မဟုတ်ပါနည်းပညာတွေကိုကျနော် တတ်သလောက်တင်ပေးတာဖြစ်ပါတယ်ဗျာ တစ်ချိုတွေက ကျနော်ကိုလာပြောကြတယ်ဗျာ ဖျက်တာကိုတင်တယ် ဖျက်ပြီးပြန်ရတာကိုအတင်ဘူး
ဘယ်လိုလဲကွာ ကျနော်တို့၏ကွန်ပျူတာကိုဖျက်နေတာလားဆိုပြီးလာပြောကြတယ်ဗျာ။ တကေတော့ ဘာမှာမဆိုင်ဘူးဗျာ ကျနော်က ဖျက်တာကိုတတ်ရင်ဖျက်တာကိုတင်မယ် လုပ်တာကိုတတ်ရင်လုပ်တာကိုတင်တယ်။ ဒါ
ကကျနော်ဆိုင်လုပ်တုန်ကပင် ကျနော် ဆုံးဖြတ်ထားတာပါ။ ဘာဖြစ်ဆိုတော့ ကျနော်က ကိုယ်တတ်ကိုပဲ တင်ပေးတာပါ။ ကျနော် မတတ်တာမတင်ဘူး ....ဟေဟေဟေ ။ ဒါကိုတော့သူငယ်ချင်းတို့ခွင်လွတ်ပေးစေချင်းပါတယ်ဗျာ။
ဟုတ်ပြီးဒါဆို ကျနော်တို့ မြန်မာဖောင့်လုပ်တာကိုစလိုက်ကြရအောက်နော်....

နံပါတ် (၁)  ၀င်းဒိုးမှာ ဇော်ဂျီဖောင့်ကို Install လုပ်ဖို့အတွက် ပထမဆုံး မိမိ computerမှာ 32 bit ,64 bit ဆိုတာကိုကြည့်ပါ။ ဒါကိုတော့ကြည့်ဖို့တတ်မယ်လိုတင်တယ်ဗျာ။ coputerကိုင်ထားတယ်ဆိုတော့ဒါကိုတော့သိမယ်လိုထင်တယ် သူငယ်ချင်းတို့ရယ်
မတတ်တယ်သူငယ်ချင်းအတွက်ကျနော် အကျဉ်းအနေနဲ့ပြောလိုက်ပါမယ်
computer  ပေါ်တွင် R/C လုပ်လိုက်ပါ ==>Properties နှိပ်လိုက်ပါ ဒါဆိုတွေရပြီ

နံပါတ်(၂)  မိမိ ၀င်းဒိုးကိုကြည့်ပြီးနောက်  For .(Myanmar font for window 32 bit..Operation အတွက် Zippyshare.. Solidfiles..  မှZawgyi font ကို Download ဆွဲပါ။Install လုပ်ပါ။ password တောင်းပါက
alphazawgyi ဟုရိုက်ထည့်ပါ။က Restart ချလိုက်ပါ။

 အကယ်၍ Browser တွင်မြန်မာလိုမမြင်ရပါက နောက်ထပ် ဖိုင်တစ်ဖိုင် Run ပေးရပါမည်၊
ဤနေရာတွင် Download ဆွဲပါ Zippyshare Solidfiles မှZawgyi font ကို Download ဆွဲပါ။Install
လုပ်ပါပြီးလျှင် restart ချပါ။

Myanmar Font For window 64 bit peration အတွက် Zippyshare
Solidfiles  မှZawgyi font ကို Download ဆွဲပါ။Install လုပ်ပါ။ password တောင်းပါက

 ပြီးလျှင် Zippyshare  Solidfiles မှ Zawgyi Keyboard layoutကိုဒေါင်းလိုက်ပါ။

နံပါတ်(၃) ဒေါင်းထားတယ် ဇော်ဂျီဖောင့်ကို  Download ဆွဲပါ။
ပထမဆုံး Zawgyi font For window  ကို Run ပါ password တောင်းပါလိမ့်မည်။ မတေင်းရင်လေဘာပြဿနာမှမရှိ ဒီအတိုင်ဆက်လုပ်ပါ
alphazawgyi  ဟုရိုက်ပါ။ပြီးလျှင် ok နှိပ်ပါ။ restart ချခိုင်းပါလိမ့်မည်။ restart မချပါနှင့်
cancel နှိပ်ပါ။ ပြီးလျှင် Zawgyi keyboard layout ကို Run ပါ။

Zawgyi Keyboard layout

Zawgyi keyboard layout သည် Zip ဖိုင်ဖြစ်ပါသဖြင့် မိမိစက်တွင် rar ( သို့မဟုတ်)
Zip ဖိုင်ဖြည်သော application ရှိမှ အဆင်ပြေပါမည်။ မရှိပါက ဒီမှာဒေါင်းရန် ရယူပါ။ ပြီးလျှင် Zawgyi keyboard layout ဖိုင်ပါ ဖွင့်ပါ။ setup.exe ကို နှိပ်ပါ။
restart ချပါ။
Myanmar Font

Myanmar Font

နံပါတ်(၄) install လုပ်လိုက်တာနဲ့ကျနော်တို့ကွန်ပျူထဲ့ကိုေ၇ာက်သွားပြီးဗျာ ဒါနဲ့ ဇော်ဂျီအသုံးခွင်မပေးသေဘူးဗျာ။

Restart ချပြီးပါက ကွန်ပြူတာ၏ ညာဘက်ထောင့်တွင် keyboard ပုံလေးပေါ်လာပါလိမ့်မည်။
Myanmar Font

နံပါတ်(၅) install လုပ်တာကိစ္စနဲ့နည်းနည်းပြောပြပါမယ် ===> ၀င်းဒိုးမှာ ဇော်ဂျီဖောင့်ကို install လုပ်တာက စပြောပေးပါမယ် xp မှာဆို၇င်တော့ အောက်ကပေးထားတဲ့ installနမ ကို Download လုပ်ပြီး Run ပေးလိုက်ပါတယ်။ဒါကတော့ upမှာရှင်းပြထားတာနဲ့တူပါတယ်
Blogger day အတွက်ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ Font and Keyboad installer ဖြစ်ပါတယ်။ Fontရော Keyboad ရော install လုပ်ပေးမှာဖြစ်ပြီး။ IE တွင်ဇော်ဂျီဖောင့်ပေါ်ရန်ပြောင်းလဲပေးခြင်းး အခြား installer များကဲ့သို့Password ရိုက်ပေးရမှု မရှိခြင်း။
အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ Clear Type ပြောင်းတာတွေ ဇော်ဂျီးရွေးပေးရတာတွေကို ဒီ installer ကို Run ပြီး Restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။
  အောက်မှာ ထူးခြာချက်အားလုံးကို ကျနော် ၀င်းလှိုင်(နည်းပညာ) ရေးထားပါတယ်။
ဖတ်ကြည့်ပါဦး သူငယ်ချင်းတို့ရယ်။
အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။  Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။

မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။

သူုငယ်ချင်းတို့ရဲ့ Internet Explorer မှာ ဇော်ဂျီဖောင့် ပေါ်အောင် လုပ်ချင်ရင် အောက်ပါ နည်းလမ်းလေးကို စမ်းကြည့်ပါ ..

Start Menu > Run ကို နှိပ်ပါ ..
nodepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ.. Nodepad Window ပေါ်လာပါလိမ့်မယ်။
အောက်မှာ ဖော်ပြထားတဲ့ Style Sheet HTML Code လေးကို ကော်ပီလိုက်ပါ .. ပြီးရင် Nodepad မှာ Right Click လုပ်ပြီး Paste လုပ်ပါ။..
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
ပြီးရင် “mmfont.css” လို့ ဖိုင် နာမည်နေရာမှာ ရေးပြီး save လိုက်ပါ.. ကိုယ် မှတ်မိမယ့် တနေရာပေါ့ …
အပေါ်က အဆင့်ပြီးရင် IE ကို ဖွင့်လိုက်ပါ ..
Tools > Internet Option ကို ရွေးလိုက်ပါ ..IE မဖွင့်ပဲ Internet Options တန်းပေါ်ချင်ရင်လည်း Run box ကနေ inetcpl.cpl လို့ ရိုက်ပြီး
Enter ခေါက်လိုက်လို့ ရပါတယ်..
ခု internet options ကို ရောက်ပြီ ထားပါစို့ ..Accessibility ဆို တဲ့ ခလုတ်လေး ညာဘက် အောက်နားလေးမှာ ရှိပါတယ် ..
ကလစ်လိုက်ပါ ..
၁) Ignore fonts style specified on webpages ဆိုတဲ့ Checkbox ကို Check လုပ်ပါ ။
၂) Format documents using my style sheet ဆို တဲ့ Checkbox ကိုလည်း check လုပ်ပါ.. ပြီးရင် Browse ကို နှိပ်ပြီး
ကျွန်တော်တို့ တနေရာမှာ Save ထားခဲ့တဲ့ mmfont.css ဆိုတဲ့ File လေးကို ရှာရွေးပေးပြီး Open ကို ကလစ်ပါ ..

ခု မြန်မာ ဆိုဒ် တဆိုက် ကို IE ကနေ ၀င်ကြည့်လိုက် ပါ ..
မြင်ရလား ?

ကျနော်ကကူးလာတာပါ....ကျနော့်လာမေးရင်တော့ဘာမှမသိဘူးနော်...
ဇော်ဂျီဖောင့်တွေ ဒေါင်းလို့ အဆင်မပြေရင်တော့ စာမျက်နှာ အောက်ဆုံးမှာလင့်ပေး ထားပါတယ်ဗျာ
ကျနော် မြန်မာဇော်ဂျီဖောင့် ၁၄ မျိုး ဒေါင်းလို့ရအောင်ပေးထားတယ်...
နားမလည်တာရှိရင်တော့ မူရင်ဆိုက်မှာမေးကြပါဗျာ

 Gtalk တွင် မြန်မာလိုမမြင်ရပါက

Gtalk setting ကိုသွားပါ ၊ Change font ကိုနှိပ်ပါ ၊
Font တွင် Zawgyi-One ကိုရွေးပါ ၊ Ok နှိပ်ပါ။ Ok နှိပ်ပါ။
 Myanmar Font

Myanmar Font
Myanmar Font

Notepad မှ မြန်မာစာပေါ်အောင်တော့ဒီမှာ 

 ကျလာတဲ့အထဲက options >options ကိုသွားပါ..
Options အကွက်ကျလာပါလိမ့်မယ်..အဲ့ဒီအထဲက Content ကိုသွားပါ..
Fonts & Colours အောက်က Advanced ကိုကလစ်ပါ..

ကျလာတဲ့ Fonts အကွက်ထဲက Fonts for အကွက်ကို ကလစ်နှိပ်ပြီး Other Languages ကိုရွေးပါ..
နောက်ပြီး Serif အကွက်ရယ်.Sans-serif အကွက်ရယ်..Monospace အကွက်ရယ်
အကွက် သုံးခုလုံးကို Zawgyi-one ပေပြီး Ok နှိပ်ပါ..

 Options အကွက်ကိုလည်း Ok နှိပ်ပါ..ဟုတ်ကဲ့ ရပါပြီ..

For Computer အဆင်ပြေမယ်ထင်တယ်
For Android အတွက်တော့  ဒီမှာ

ကျနော်ဆီခဏခဏလာမေးတယ်သူတွေ
 သူငယ်ချင်းတို့ဒီလောက်ဆို၇င် အဆင်ပြေမယ်လိုထင်ပါတယ်
မြန်မာဖောင့်ပါတ်သတ်ပြီး လားလုံးအဆင်ပြေမယ်လိုတင်ပါတယ်  ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Windows ကို password ပေးပြီး မေ့သွားတဲ့ အခါမျိုးရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ကျော်ဝင်ရောက်ဖို့ လိုတာမျိုးလည်း ကြုံရပါလိမ့်မယ်။ Windows password နဲ့ ပတ်သက်လာရင် ဖြေရှင်းနည်း ၄ မျိုးရှိပါတယ်။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း
၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း
၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

နည်းလမ်းအားလုံးကို ရေးသားဖော်ပြသွားပါမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းထဲက တစ်မျိုးကတော့ အသုံးဝင်မှာပါ။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
Windows password မေ့တတ်သူတွေ၊ ဒါမှမဟုတ် Windows တစ်ခါတင်ပြီးရင် တော်ရုံနဲ့ ပြန်မတင်ဖြစ်တော့ပဲ စွဲစွဲမြဲမြဲ သုံးသူတွေ ရှိကြပါတယ်။ အထူးသဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပြူတာတွေမှာ password တွေပေးထားပြီး မေ့မှာစိုးရင် ဒီနည်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

Password reset disk ပြုလုပ်ခြင်း
အဆင့်(၁) – Floppy Disk (သို့မဟုတ်) USB Stick တစ်ခု ကို ကွန်ပြူတာမှာ တပ်ပေးပါ။
အဆင့်(၂) – Control Panel ကို ဖွင့်ပြီး User Accounts ကို ဆက်သွားပါ။
အဆင့်(၃) – မိမိ လက်ရှိသုံးနေတဲ့ User Account ကို နှိပ်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ညာဘက်ဘေးမှာ “Create password reset disk” နှိပ်ပါ။

အဆင့်(၄) – “Forgotten Password Wizard” ပေါ်လာပါလိမ့်မယ်။ “Next” ကို နှိပ်ပါ။
အဆင့်(၅) – တပ်ဆင်ထားတဲ့ Floppy (သို့) USB drive ကို ရွေးချယ်ပြီး “Next” ကိုနှိပ်ပါ။
အဆင့်(၆) - လက်ရှိအသုံးပြုနေတဲ့ User account ရဲ့ password ကို text box မှာ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။
အဆင့်(၇) – prograss 100% ပြည့်ပြီဆိုရင် “Next” နှိပ်၊ Completing Box မှာ “Finish” နှိပ်ပေးပြီးရင် password reset disk ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။

Password reset disk ကို အသုံးပြုခြင်း

ပြုလုပ်ထားတဲ့ password reset disk ကိုတော့ password မေ့သွားတော့မှပဲ ပြန်လည် အသုံးပြုကြမှာ ဖြစပါတယ်။ အခုမေ့သွားပြီ ဆိုပါစို့။ ပြန်သုံးကြည့်ကြရအောင်။
အဆင့်(၁) - မိမိသုံးတဲ့ ကွန်ပြူတာမှာ သုံးနေကျ user account ကို password မထည့်ပဲ log in ဝင်လိုက်ပါ။
အဆင့်(၂) – password မှားနေကြောင်းပြလာပါလိမ့်မယ်။ “Reset password” မပေါ်ပါက Enter ထပ်နှိပ်ပေးပါ။
အဆင့်(၃) – Reset password ပေါ်လာရင် အဲဒီစာကြောင်းနေရာကို နှိပ်ပါ။

အဆင့်(၅) - ကြိုတင်ပြုလုပ်ထားတဲ့ Password reset disk (Floppy (သို့) USB Drive) ကို တပ်ဆပ်ပါ။
အဆင့်(၆) – Password Reset Wizard Welcome screen မှာ “Next” နှိပ်ပေးပါ။
အဆင့်(၇) – password reset disk ပြုလုပ်ထားတဲ့ drive ကို ရွေးချယ်ပြီး “Next” နှိပ်ပါ။
အဆင့်(၈) - ယခုပြောင်းချင်တဲ့ password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပြီး “Next” နှိပ်ပါ။
အဆင့်(၉) – Finish ကို နှိပ်ပေးလိုက်ပါ။ wizard box ပိတ်သွားပါလိမ့်မယ်။ ပြောင်းထားတဲ့ password အသစ်နဲ့ log in ဝင်နိုင်ပါပြီ။

အားသာချက် = သီးခြား Software အသုံးပြုစရာ မလိုတဲ့အတွက် အသုံးပြုသူတွေကို ပိုမိုလွယ်ကူစေပါတယ်။
အားနည်းချက် = Floopy (သို့မဟုတ်) USB drive တစ်ခုခုကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ဒီနည်းကတော့ သုံးထားတဲ့ password ကို ပြန်မြင်ရမှာဖြစ်လို့ အတော်လေးကို အသုံးတည့်ပါတယ်။ တခြားသူရဲ့ ကွန်ပြူတာကို ပိုင်ရှင်မသိအောင် သုံးလို့ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်တာမို့ အသုံးပြုသူတိုင်း ဗဟုသုတ ရှိထားရမယ့် နည်းလမ်း ဖြစ်ပါတယ်။
Software CD Info…
>>Windows password ကို crack လုပ်ပေးပါတယ်။
>>GUI mode (ပုံမြင်ရပြီး Click နှိပ်နိုင်သော စနစ်) ဖြင့် ပြုလုပ်နိုင်သည့် Software
>>Free and open source sofrware (GPL)
>> http://ophcrack.sourceforge.net/

အသုံးပြုနည်း

အဆင့်(၁) - http://ophcrack.sourceforge.net/ မှ Download လုပ်ယူပါ။ (Windows XP နှင့် Vista/7 ဆိုပြီး နှစ်မျိုးခွဲထားပါတယ်)
အဆင့်(၂) - ရရှိလာတဲ့ iso ဖိုင်ကို CD ခွေအလွတ်ဖြင့် burn ပါ။ (Windows 7 မှာ iso ဖိုင်ကို Double click နှိပ်ရင် burner box ပေါ်လာပါတယ်၊ ခွေအလွတ် ထည့်ပြီး burn ရုံပါပဲ။)
အဆင့်(၃) – burn ထားပြီးတဲ့ခွေကို password သိလိုတဲ့ ကွန်ပြူတာမှာ ထည့်ပြီး restart ချပါ။
အဆင့်(၄) – ၎င်း CD ခွေမှ boot ယူပေးပါ။ (Windows တင်တဲ့အခါ Windows CD က Boot ယူသလိုပဲ၊ ယခု CD ခွေမှ boot ယူရမှာဖြစ်ပါတယ်။ Boot Menu ခေါ်ပြီး CD Drive ကို ရွေးပေးခြင်းဖြင့် ယူနိုင်သလို၊ BIOS ထဲ ဝင်ရောက်ပြီး first boot device ကို CD drive ရွေးပေးချင်းဖြင့်လည်း boot ယူနိုင်ပါတယ်။)
အဆင့်(၅) - အောက်ပါအတိုင်း menu ပေါ်လာရင် user တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Graphic mode (Auto mode) ကိုရွေးချယ်ပေးပါ။

အဆင့်(၆) - အချိန်အနည်းငယ် စောင့်ပြီး table ထဲမှာ user name နဲ့ Password အားလုံးပေါ်တဲ့အထိ စောင့်ပေးနေရုံပါပဲ။
အဆင့်(၇) - ပေါ်လာတဲ့ username နဲ့ password တွေကို မှတ်ထားပြီး restart ချပါ။
အဆင့်(၈) – CD ကို ထုတ်ထားပြီး ပုံမှန်အတိုင်း ကွန်ပြူတာဖွင့်ကာ password တောင်းလာတဲ့ user အတွက် မှတ်ထားတဲ့ password ထည့်ပေးပြီး log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = အရမ်းလွယ်ကူပြီး Hacking ပြုလုပ်နိုင်သည်အထိ အသုံးဝင်ပါတယ်။
အားနည်းချက် = Software CD အသုံးပြုရမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့အတွက် ခွေမဆောင်ထားရင် ဒုက္ခများပါတယ်။

Password reset လုပ်တဲ့ software များစွာရှိပါတယ်။ အများစုက freeware ပါ။ Ophrcrack လို ကြည့်လို့ရတဲ့ Software ရှိနေတာ ဘာလို့ reset tool သုံးမှာလဲလို့ မေးစရာရှိပါတယ်။ အဲလို CD မျိုး မိမိနှင့်တကွ အမြဲရှိနေဖို့ မလွယ်ပါဘူး။ လိုတဲ့အချိန်မှ လိုက်ရှာရင်လည်း ကရိကထ များပါတယ်။ ဒါ့ကြောင့် ဖိုင်ဆိုဒ်သေးပြီး အလွယ်တကူ ရှာလို့ရတဲ့ reset tool တွေ တွင်ကျယ်နေတာ ဖြစ်ပါတယ်။ (tools ပေါင်းများစွာ ရှိပါတယ်။ အရေးကြုံလို့ ဘာသုံးရမှန်းမသိရင် အင်တာနက်သုံးပြီး windows password breaker, Windows password remover စသဖြင့် ရေးရှာကြည့်ပါ။ အများကြီးတွေ့တဲ့အထဲကမှ မိမိနဲ့အဆင်ပြေမယ့် တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။) အခု Windows Password Breaker Professional ဆိုတဲ့ Software ကို အသုံးပြုပြီး ရေးသားပါမယ်။

အဆင့်(၁)
Download Here
===
zippyshare  solidfiles Miloshare 

-/windows_password_breaker_professional_trial.exe ကိုနှိပ်ပြီး Download လုပ်ယူပါ။
အဆင့်(၂) – CD/DVD (သို့မဟုတ်) USB disk တစ်ခုခုကို ထည့်ပြီး ၎င်း software ဖြင့် “burn” ပါ။

အဆင့်(၃) – “Ophrcrack CD” ကို အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း အသုံးပြုပါ။
အဆင့်(၄) – tools တွေ တစ်ခုနဲ့တစ်ခု အသုံးပြုပုံချင်း ချွတ်စွတ်တော့ မတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းချင်းတော့ တူတူပဲ ဖြစ်ပါတယ်။ ဒီ reset tools တွေက file size သေးတာနဲ့အညီ အသုံးပြုရမှာကလည်း CLI (command ရိုက်ထည့်ပြီး အသုံးပြုရမယ့် စနစ်) များသာ ဖြစပါတယ်။ command သုံးရပေမယ့် အလွတ်ရစရာ မလိုပါဘူး။ password reset လုပ်ရန် 1 ကို ရိုက်ပြီး Enter နှိပ်ပါ။ စသဖြင့် ညွှန်ကြားပေးပါတယ်။ စာဖတ်ပြီး လုပ်ရုံပဲ ဖြစ်ပါတယ်။
အဆင့်(၅) – password အသစ် ရိုက်ထည့်ပေးပြီး ကွန်ပြူတာကို restart လုပ်ကာ password အသစ်ဖြင့် log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = file size သေးငယ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
အားနည်းချက် = Command Line ဖတ်ပြီး လုပ်ဆောင်ရတဲ့အတွက် Beginner တွေကို စိတ်ညစ်စေနိုင်ပါတယ်။

လူတိုင်းလိုလို အဆင်သင့် ရှိနေတတ်ကြတာက Windows CD ဖြစ်ပါတယ်။ Software ရှာတာတွေ၊ Burning လုပ်ရတာတွေ USB memory stick ရှာရတာတွေထက် Windows CD ရှာရတာ ပိုလွယ်ပါတယ်။ ဒါ့ကြောင့် ဘာမှ လိုက်ရှာမနေတော့ပဲ Windows CD နဲ့တင် password reset လုပ်နိုင်တဲ့နည်းက အများဆုံး အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ (Windows 7 အသုံးပြုသူတွေအတွက်ပဲ ဒီနည်းက အဆင်ပြေတာဖြစ်ပါတယ်။ တင်ထားတာလည်း Windows 7 ပဲဖြစ်ပြီး၊ သုံးတဲ့ CD ကလည်း Windows 7 DVD ဖြစ်ရပါမယ်။ Ultimate, Home Premium စသဖြင့် version မတူရင်လည်း အသုံးပြုနိုင်ပါတယ်)
အဆင့်(၁) – Windows တင်တဲ့အတိုင်းပဲ Windows CD ထည့်ပြီး၊ CD ကနေ boot ယူပါ။
အဆင့်(၂) – အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာရင် “Repair your computer” ကို နှိပ်ပေးပါ။

အဆင့်(၃) – “Command Prompt” ကို နှိပ်ပေးပါ။

အဆင့်(၄) - ပေါ်လာတဲ့ cmd မှာ အောက်ဖော်ပြပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (original sticky key ကို backup လုပ်ထားလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\sethc.exe c:
အဆင့်(၅) - အောက်ပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (cmd file ကို sticky key အဖြစ် နာမည်ပြောင်းပြီး copy ကူးလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

အဆင့်(၆) – 1 file<s> copied. လို့ ပြလာရင် ကွန်ပြူတာကို restart ချပေးပါ။
အဆင့်(၇) – log on screen ကို ရောက်ရင် Shift key ကို ၅ ခါ နှိပ်ပြီး command prompt ကို ခေါ်ပါ။
အဆင့်(၈) – net user လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် ရှိနေတဲ့ User name တွေ လာပြပါလိမ့်မယ်။
အဆင့်(၉) - အဲဒီအထဲက မိမိ password ပြောင်းလိုတဲ့ user name ကို net user နဲ့ * ကြားမှာ ရိုက်ပါ။ (ယခု ပြထားတဲ့ပုံမှာ “Raaz” ဆိုတဲ့ user name ကို သုံးပြမှာ ဖြစ်ပါတယ်။ ) net user raaz *
အဆင့်(၁၀) – Type a password for the user: ဆိုတဲ့ စာတမ်း ပေါ်လာပြီး password အသစ်တောင်းမှာ ဖြစ်ပါတယ်။ မိမိပြောင်းလိုတဲ့ password ကိုရေးပြီး Enter နှိပ်ပါ။ နောက်တစ်ကြိမ် password ထပ်တောင်းပါလိမ့်မယ်။ confirm ဖြစ်အောင် ၎င်း password အသစ်ကို နှစ်ကြိမ် ရိုက်ပေးရမှာဖြစ်ပါတယ်။

အဆင့်(၁၁) – command completed successfully ဆိုပြီး ပြလာရင်တော့ restart ချပြီး password အသစ်နဲ့ log in ဝင်ရုံပါပဲ။

အားသာချက် = CD နဲ့ Software မရှာရတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။
အားနည်းချက် = အနည်းဆုံးတော့ Windows CD ရှိရမှာဖြစ်ပြီး၊ Command မှတ်မိဖို့လည်း လိုပါတယ်။

အားလုံးအဆင်ပြေပါစေ။ 
 
Apple ရဲ့ နောက်ဆုံး Firmware update တစ်ခုဖြစ်တဲ့ iOS 7.1 ကို အခမဲ့အနေနဲ့ Apple's စတိုးတွေမှာ ရရှိနိင်နေပြီး ဖြစ်ပါတယ်။ ထို နောက်ဆုံးထွက် ဗားရှင်းထဲတွင် ရောနှောမူတွေအနေနဲ့ အနည်းငယ်သော အစိတ်အပိုင်း အသစ်တွေကို ပေါင်းထည့်ထားခဲ့တယ်လို့ သိရပါတယ်။ မိတ်ဆွေတို့ရဲ့ i device တွေမှာ လမ်းကြောင်းညွှန်ပြမူ ဦးတည်ချက်တွေပါ ပါဝင်လာခဲ့ပြီး iOS UI တွေလည်း အနည်းငယ် ပိုစမတ်ကျစေထားတယ်လို့ သိရပါတယ်။ အဓိက အချက်အနေနဲ့ iOS 7.1 တွင် CarPlay support ကို တိုးတက်မူအနေနဲ့ ပါဝင်လာခဲ့ပြီး iOS အသုံးပြုသူတွေအနေနဲ့ ဖြစ်လေ့ရှိတဲ့ ပြသနာတွေကိုလည်း တိကျအောင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။
အဆိုပါ iOS 7.1 ကို i Phone အတွက်ဆိုလျှင် 14.GB ၊ i pad ဆိုလျှင် 1.5GB တွင် မိတ်ဆွေတို့ရဲ့ device ပေါ်မှ တိုက်ရိုက် ဒေါင်းလုပ်ခ် လုပ်သင့်ပြီး ကွန်ပျူတာပေါ်မှာ ဆိုရင် i Tune ကနေတစ်ဆင့် ရယူနိင်မှာ ဖြစ်ပါတယ်။ 
Aung Heine ( www.smart.com.mm )

 အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

မင်္ဂလာပါ ဒီတစ်ခါကျွန်တော်ပေးမည့် နည်းလမ်းလေးကတော့ Movie Box ထဲမှာ Download လုပ်ထားတဲ့ Movie တွေကို သူငယ်ချင်း အချင်းချင်း Air Drop နဲ့ ရှယ်ပေးချင်လို့ပဲဖြစ်ဖြစ် .. ကွန်ပျူတာထဲကိုပဲ ထည့်ပြီးသိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် လုပ်လို့ရမည့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ Movie တွေမရွှေ့ခင် ပထမဆုံး မိမိတို့ရဲ့ Device မှာ iFile ရှိဖို့တော့ လိုပါတယ်ခင်ဗျာ..။ iFile မရှိသေးသော သူများ Cydia မှာ (https://repo.hackyouriphone.org) ကိုအက်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။ iFile ရှိပြီဆိုရင် စလိုက်ကြရအောင် ဗျာ

ပထမဆုံး iFile ကိုဖွင့်ပါ ပြီးရင် Home ကိုနှိပ်ပါ

Home ကိုနှိပ်ပြီးပြီဆိုရင် ထွက်လာတဲ့ ဖိုင်တွေထဲမှ Library ကိုနှိပ်ပါ

Library ထဲကိုရောက်သွားပြီဆိုရင် Artworks ဆိုတဲ့ဖိုင်ကိုရှာပြီးတော့ဖွင့်ပါ။ Artworks ဖိုင်ထဲမှာ ရှိသမျှ Movie တွေအားလုံးဟာ Movie Box ထဲမှဒေါင်းခဲ့တာတွေပါ။  Movie ဖိုင်တွေရဲ့ ညာဘက်အစွန်မှာ ရှိတဲ့
 ( i ) ပုံစံ logo လေးကိုနှိပ်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်

ကျလာတဲ့ Box ကလေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါ Add To Camera Roll ဆိုတာကိုတွေ့ပါလိမ့်မယ်။ Add To Camera Roll ကိုနှိပ်လိုက်ရင်တော့ စောစောက ဖိုင်ဟာ Photo ထဲကိုရောက်သွားပြီဖြစ်ပါတယ်။

iFile နေထွက်ပြီးတော့ Photos ထဲက Camera Roll မှာသွားကြည့်ပါ စောစော နှိပ်ခဲ့တဲ့ Movie ရောက်နေတာ တွေ့ပါလိမ့်မယ်..

 ဒါဆိုရင်တော့ Air Drop နဲ့ပဲ ပို့ပို့.. ကွန်ပျူတာထဲကိုပဲ ပြောင်းသိမ်းချင်သိမ်း ကြိုက်တာ အကုန်လုပ်လို့ရပါပြီ.. အဆင်ပြေကြပါစေဗျာ..

 အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါခင်ဗျာ..

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget