Articles by "Auto News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

Photo of Mercedes-Benz S-Class

၂၀၁၄ မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ ဂျာမနီရဲ့  မာစီဒီး S Class ကားသစ်ကို တရားဝင် ထုတ်ဖော်ပြသ ခဲ့ပပြီး ဖြစ်ပါတယ်။ 2014 Mercedes-Benz S63 AMG လို့ အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက E-Class အသစ်ကို နိုင်ငံတကာနဲ့ အချိန်မခြား မြန်မာပြည် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနဲ့ Test Drive ပွဲ ၂ ခုစလုံးကို E-Class အသစ် အတွက် ပြုလုပ်ခဲ့ပါတယ်။ ယခု အသစ်ထွက်တဲ့ S-Class ကိုလည်း အရှေ့ တောင်အာရှမှာ မြန်မာပြည်ကို အရင်လာရောက် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ S Class ဖြစ်တဲ့အတွက် E-Class ထပ် ဈေးကြီးလားဆိုတာ မေးစရာ မလိုတဲ့ မေးခွန်းတစ်ခုပါပဲ။ ကားရဲ့  Estimated Price ကို အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်း သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း သိန်း ၁၆၀၀ ကျော်ပါ။ သို့ပေမယ့် အခွန်ဆောင်ပြီး အပြီးအစီး မြန်မာပြည်မှာ သိန်း ၅ထောင် ဝန်းကျင် ပေါက်ဈေး ရှိသွားမယ့်ကားပါ။

ကယ်။ ဘယ်သူ ဝယ်ပါအုံးမလဲ။ ဝယ်မယ့်သူတွေ ရှိမှာပါ။ မြန်မာပြည်မှာ မာစီဒီး ခရေဇီတွေ မနည်းပါဘူး။ သူ့ရဲ့  Elegant ဖြစ်တဲ့ ဒီဇိုင်းသားသားနားနားကို ယနေ့တိုင်စွဲလမ်းပြီး စီးနေတာ S Class မော်ဒယ်အဟောင်းများက သက်သေပါပဲ။ ယခု မော်ဒယ်အသစ်ကိုလည်း မြန်မာပြည်က Customer တွေ ဝယ်အုံးမှာပါ။

အင်ဂျင်အရွယ် ၅.၅ လီတာ ဆလင်ဒါ ၈ လုံးပူး တာဘို ၂ လုံးပူး အမျိုးအစားကို အသုံးပြု ထားပါတယ်။ ဂီယာ ၇ ချက်ထိုး၊ အော်တိုအမျိုးအစားကား ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၅၇၇ hp ရှိပါတယ်။ E Class ထပ်နောက်ထပ်သာတဲ့အချက်တစ်ခုက ကားရဲ့ စွမ်းဆောင်ရည်ပါ။ Acceleration က ၃.၉ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းကို အမြန်တင်နိုင် ပါတယ်။

ဇိမ်ခံကား ဖြစ်တဲ့အတွက် top speed ကို ကန့်သတ်ထား ပါတယ်။ တစ်နာရီ ၁၅၅ မိုင်ထပ် ပိုတင်လို့တော့ မရ ပါဘူး။ ဒရိုင်ဘာ အပါအဝင် ၅ ယောက်ဆံ့မယ့် ဇိမ်ခံကား ဖြစ်ပါတယ်။ လေးဘီးမောင်း အမျိုးအစားလည်း ဖြစ်သည့် အားလျော်စွာ အတွင်းက အဲယားကွန်းနဲ့ အခြား စနစ်များကြောင့် ဆီလည်း အတော်စားမယ့်ကားမျိုး ဖြစ်ပါတယ်။ ကားရဲ့ တန်မပါ အလေးချိန်က ပေါင် ၄၄၀၀ ရှိပါတယ်။
S-Class လို့အမည်ပေးထားခြင်းက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ Luxury Feature အများဆုံးတွေ့ရမယ့် မာစီဒီးရဲ့  ဆလွန်း ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာ အသုံးပြုမှု၊ အာရုံခံစနစ်ပါဝင်မှု၊ ကင်မရာ၊ LCD တီဗီ၊ Entertainment system ပြောမကုန်အောင် အတော်များများ ပါဝင်လာအုံးမှာပါ။ တစ်ခုခုပျက်လို့ ပြင်ဆင် နိုင်ဖို့ အတွက်လည်း ရန်ကုန်မှာ မာစီဒီး ဆားဗစ်စင်တာ ရှိနေပါပြီ။

ဝယ်စီးသင့် မစီးသင့်ကတော့ ကာယကံရှင် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဂျပန်ကားတွေ စီးတာထပ်၊ ဥရောပ ဂျာမနီ မာစီဒီး ကားသစ်ကို စီးတယ်ဆိုတာ ဘာပဲ ဖြစ်ဖြစ် Style က အစ ကွာသွားပြီ။ အကုန်ကျ တတ်နိုင်သူ တစ်ယောက် အတွက် S Class ရွေးချယ်မှုက မမှားနိုင်ပါဘူး။ ၂၀၁၄ မော်ဒယ် Mercedes-Benz S63 AMG ကိုမကြာမီ အော်ဒါမှာလို့ ရနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အကယ် ၍ S Class စီချင်းတယ်။ ဈေးများများလည်း မတတ်နိုင်ဘူးဆိုရင် ရွေးစရာ နောက် တစ်နည်း ရှိပါတယ်။ S Class တစ်ပတ်ရစ်ကားများ ဝယ်စီးရုံပဲ ဖြစ်ပါတယ်။ တစ်ပတ်ရစ်ဆိုပေမယ့် သေချာ ရှာတတ်ရင် အကောင်းတွေ တွေ့နိုင်ပါတယ်။ ဥပမာ http://www.motors.com.mm/cars/mercedes-benz/ တို့လိုနေရာမှာ ဈေးသက်သာတဲ့ S Class ကို တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။ S Class ကား များ ဟာ ရန်ကုန်သူဌေးတွေကြား ခေတ်စားလာမယ့် ကားတစ်စီး ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။

.
Written By


 Photo of မာစီဒီး ၆ ဘီး SUV G63 AMG

မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်း သာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ အင်ဂျင်အရွယ် ၅.၅ လီိတာ တာဘို ၂ လုံးပူး ဆလင်ဒါ ၈ လုံးတွဲ အင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့်မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၉၀ ဝန်းကျင် ရှိပါတ်။ ဂီယာ ၆ ချက်ထိုးပါ။ ၇.၄ စက္ကန့် အတွင်း တစ်နာရိ မိုင် ၆၀ တင်နိုင် မယ် လို့ ဆိုပါတယ်။ ကားကတော့ လေး ဘီးမောင်း စနစ်ကိုပဲ အသုံးပြု မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ၆ ဘီးကား ပါ။ ခရီးကြမ်းအတွက် ရည်ရွယ် ထားခြင်း ဖြစ်ပေ မယ့် မြို့ ထဲ မှာလည်း စတိုင်ကျ ကျ စီးနိုင်ကြောင်း ဆိုပါတယ်။

Top Speed ကို တစ်နာရီ မိုင် ၁၀၀ အထိပဲ ကန့်သတ် ထားပါတယ်။ အပြင်အဆင် အနေ နဲ့ ကာဘွန်ဖိုက်ဘာ ဘော်ဒီသားသုံး ကိုယ်ထည်၊ LED မီးလုံး၊ Xenon မီးလုံး အသုံးပြုမှု၊ အနက်၊အနီ Leather သား၊ အတွင်းခန်း ဇိမ်ကျကျ ပစ္စည်းနဲ့ ပြင်ဆင်မှု အစရှိ သဖြင့် စုံလင်ပါတယ်။ Frankfurt မော်တော်ယာဉ် ပြပွဲ မှာ ပြသလျက် ခဲ့တဲ့ကား ပါ။ မာစီဒီး G Wagon က ၆ ဘီးမှ မဟုတ်ပါဘူး။ ၄ ဘီးကားလည်း ဈေးကြီးပါတယ်။ တစ်ပတ်ရစ် လေးဘီးတောင် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော် ရှိနေတာကို www.motors.com.mm/cars/mercedes-benz မှာ ဝင်ရောက် လေ့လာ တွေ့ရှိ နိုင်ပါတယ်။

အကယ်၍ ၆ ဘီး ကားကို စိတ်ဝင်စား ဝယ်ယူချင်တယ် ဆိုရင်တောင် သိန်း ၅၀၀၀ အထက်မှာ ရှိနိုင်ကြောင်း သိရ ပါတယ်။ Mercedes Benz G63 AMG 6x6 ဘီးကားကို ၂၀၁၄ မှာစတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Written By
For More >> Visit Automobile News



ပြင်သစ်နိုင်ငံမှာ မောင်းသူမဲ့ ကားထုတ်လုပ်မှုအတွက် သမ္မတ ကိုယ်တိုင် အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။

အနောက်တိုင်းနဲ့ အခြားဥရောပနိုင်ငံများရဲ့  မော်တော်ယာဉ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ ပြင်သစ်ကလည်း လိုက်လံပြုပြင်ပြောင်း လဲခြင်း ဖြစ်ပါတယ်။ ပြင်သစ် Renault နဲ့ ဂျပန် Nissan တို့ ပူးပေါင်း လို့လည်း နည်းပညာသစ် ကားများ ဖန်တီးလျက် ရှိပါတယ်။ Pegueot မှလည်း မောင်းသူမဲ့ကားများ ဖန်တီးနေပါတယ်။ မောင်းသူမဲ့ရယ်လို့မဟုတ်ပဲ Robot များမောင်းနှင်တဲ့ကားလို့ အမည်ပေးထားခြင်းပါ။ ထုတ်လုပ်မှု အတွက်လည်း လုပ်သား အင်အားလျော့ချပြီး စက်ရုပ်များကို အစား ထိုးစေမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းက Car Industry တစ်ခုလုံးကို Auto စနစ်သို့ ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ကုန်ကျစရိတ်တော့ အင်မတန် များမယ့် စီမံကိန်းပါ။ သို့ပေမယ့် ဒီအတွက် ပြင်သစ် အစိုးရ ကိုယ်တိုင် ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပြင်သစ်ဟာ ကမ္ဘာ့ အဆန်းသစ်ဆုံး နည်းပညာမြင့်ကားများ ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile



သြစတေးလျနိုင်ငံမှာ ဖြစ်ပါတယ်။ ဂျပန် Honda ရဲ့  Honda Civic ဖြစ်ပြီး ၂၀၁၅ မော်ဒယ် အတွက် ပြင်ဆင် ထားတဲ့ ကား ဖြစ်ကြောင်း သိရပါတယ်။

Honda Civic Type R ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၁.၅ လီတာ ရှိပြီး တာဘိုချာဂျာ အားဖြည့် ဆလင်ဒါ ၄ လုံူးပူး အင်ဂျင်အမျိုးအစားကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၇၆ တောင် ရှိပါတယ်။ ဂီယာ ၇ ချက်ထိုး အော်တိုအမျိုးအစား ဖြစ်ပါတယ်။ ထုံးစံအတိုင်း လျှပ်စစ် ဘက်ထရီပါဝင်မှု ကြောင့် မြင်းကောင်ရေအား များရခြင်းပါ။ Civc က Honda ရဲ့  ဟိုင်းဘရစ်ကားမျိုးဆက် တစ်မျိုး ဖြစ်ပါတယ်။ ဈေးနှုန်း သက်သာပြီး ခပ်မြန်မြန်သွားတဲ့ ဆလွန်းကားမျိုး ဖြစ်ပါတယ်။

သြစတေးလျမှာ စမ်းသပ်မောင်းနှင်နေတဲ့ ယင်းကားကို ဥရောပမှာ ထုတ်လုပ်နိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ကုမ္မဏီကတော့ ဂျပန် Honda ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်း မော်တော်ယာဉ် ပြပွဲတွေမှာ ဝင်ရောက် ပြသမယ့် ကားဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile
http://www.colay.com.mm/automobile/news/detail/925


Hyundai ကတော့ ယင်းတို့ရဲ့ အသစ်စက်စက် HND-9 Concept ကားကို “ဂန္ဓဝင် sport coupe တစ်စီး၏ လှပခန့်ညာားသည့် ပုံသဏ္ဍာန်အား ခေတ်မီအမြင်ဖြင့် ပုံဖော်ထားခြင်း” ဟု ကင်ပွန်းတပ်လိုက်ပါတယ်။

ကိုရီးယား ကားကုမ္ပဏီကတော့ စကားလုံးကြီးတွေနဲ့ အပိုတွေ ပြောနေပြီလို့ ထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ်။ ဒီ HND-9 ဟာ တစ်ကယ်ကိုပဲ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်သစ် Genesis Coupe ဟာ ဘယ်လိုပုံစံဒီဇိုင်း ဖြစ်လာနိုင်လဲ ဆိုတာကိုလည်း ထင်ဟပ်ပြနေသလိုပါပဲ။

Hyundai ရဲ့ အစဉ်ပြောင်းလဲ တိုးတက်နေတဲ့ ဒီဇိုင်းအတွေးအခေါ်နဲ့ စဉ်းစားပုံဖော်မှုကို မီးမောင်းထိုးပြနေတဲ့ ဒီ HND-9 Concept ဟာ Hyundai ရဲ့ Namyang Research & Development Center ရဲ့ ၉ စီးမြောက် ကားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အနာဂတ် Genesis Coupe တွေမှာ HND-9 Concept ရဲ့ လိပ်ပြာအတောင် တံခါးပေါက်ကိုတော့ တွေ့မြင်ဖို့ မမျှော်လင့်ပါနဲ့ဦး။

Hyundai အနေနဲ့ ဒီကားရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမယ့် မကြာမီ ပြုလုပ်မယ့် Seoul Auto Show မှာ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရမယ်လို့တော့ ကတိပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ HND-9 Concept ဟာ မြင်းကောင်ရေ ၃၆၅ ကောင် ရှိတဲ့ ၃.၃ လီတာ တာဘိုအင်ဂျင် တပ်ဆင်ထားပြီး ၈ ချက်ထိုး အော်တိုဂီယာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။


Ref: Myanmar Consumer Guide






      စွမ်းရည် ၊ အလှတရား ၊ စီးမျောခံစားမှု ဆိုတဲ့ စကားသုံးလုံးကို Aston Martin V12 Vantage S က ပေါင်းစပ်ယူဆောင် ပေးခဲ့ပါပြီ၊ Vanquish အမျိုးအစား အသစ်မှာ အသုံးပြုထားတဲ့ Aston ၏ latest version ဖြစ်တဲ့ Universal 6.0-liter V12 ဖြင့် ထုတ်လုပ်ထားပါတယ်။ မြင်းကောင်ရေ ၅၅ ကောင် ပိုလာပြီး တစ်နာရီ မိုင် ၂၀၅ မိုင် နှုန်းထိ မောင်းနှင်နိုင်တဲ့ ဒီကားဟာ တင့်တင့်တယ်တယ်နဲ့ ရက်စက်စွာ စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။

    Transmission ကိုလည်း အရင် 6 speed manual အစား ပြေပြေပြစ်ပြစ်နှင့် အစီစဉ်ကျသော 7 speed sequential transmission အသစ်ကို အသုံးပြုထားပါတယ်၊ Curb Weight ကိုလည်း 25 kg ရှော့ချထားပါတယ်။ လိုက်လျောညီထွေစွာ အဆင့် ၃ ဆင့်ဖြင့် စိုထိုင်း အအေးပေးစနစ်လည်း ပါရှိလာပါတယ်။ တုန့်ပြန်အားကောင်းတဲ့ အပေါ့စားသတ္ထုပိုက်တွေနဲ့ sport mode new steering ကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့ အတွက် အဆင့်မြင့်တင်ထားပါတယ်။ V12 Vantage S မှာ ကိုယ်ထည်ကို ကျော့ရှင်းစွာ ပေါ်လွင်နိုင်ဖို့ Carbon-fiber ပြတင်းပေါက်ဘောင်များကို ယခင် CC100 Speedster ရဲ့ ပြင်ဆင်မှုအတိုင်း မွမ်းမံထားပါတယ်။ Ten-spoke alloys (ဘီးထောက်တိုင်)၊ အနက်ရောက် အမိုး နှင့် အနက်ရောင် အနောက်ဖက်မှန်တို့ကိုလည်း CC100 Speedster ရဲ့ ဒီဇိုင်းမှ စိတ်ကူးဥာဏ်ကွန့်ပြီး တပ်ဆင်ထားပါတယ်။

    တစ်နာရီ မိုင် ၆၀ နှုန်းကို ဘယ် အချိန်အတိုင်းအတာတွင်း စွမ်းဆောင်နိုင်မလဲ ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး၊ ၄ စက္ကန့်ထက်မများတဲ့ အချိန်ဖြင့် စွမ်းဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ယခု Vantage အသစ်မှာ စက်လည်ပတ်စွမ်းရည် (Torque) ကို 420 pound-feet မှ 457 pound-feet အထိ S series မှာ မြှင့်တင်ထားပါတယ်။ ကားရဲ့ အတွင်းပိုင်းအနေနဲ့ကတော့ ယခင် ထိုင်ခုံ ဒီဇိုင်းဟောင်းတွေကို အသုံးမပြုတော့ပဲ ဒီဇိုင်း အသစ်ဖြင့် တန်ဖိုးကြီးမားတဲ့ Luxmill သို့မဟုတ် semi-aniline leathers တွေကို အသုံးပြုမယ်လို့ ဆိုထားပြီး အခြားအတွင်းခန်း အစိတ်အပိုင်းတွေကိုလည်း အရည်သွေးမြင့်တဲ့ Alcantara ပိတ်ထည် ဖြင့်ပြုလုပ်ထားတဲ့ အသုံးဆောင်တွေ၊ Carbon Fiber Interior Pack တွေ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Carbon pack မှာဆိုရင် တံခါးလက်ကိုင်တွေ၊ ဒိုင်ခွက်ဘောင်တွေ နှင့် အနက်ရောင် ခြေနင်းပြားတွေကို carbon fiber တွေနဲ့ သပ်ရပ်ခန့်ညားစွာ ပြုလုပ်ထားပါတယ်။

Ref:www.MMautotrader.com




 

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ပြသသွားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ သူ့ကို The Armadillo လို့ အမည်ပေးထား ပါတယ်။ တောင်ကိုရီးယားက နည်းပညာ ကျောင်းသားတို့ ကြိုးစားဖန်တီးထားတဲ့ကား ပါ။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့အလိုအလျောက်ခေါက်သိမ်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးစာယူရမယ့် နေရာကို သိသိသာသာကို လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ၂ ယောက်စီး လျှပ်စစ်ကားပါ။ မြို့ တွင်းမှာ အသုံးပြုပြီး ကာပါကင်ထိုးဖို့ခက်ခဲတဲ့ နေရာတွေမှာ အသုံးပြုစေဖို့ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အရှေ့ မှာပဲ ထားတာပါ။ ဒါကြောင့် နောက်က ၂ ဘီးကို အပေါ်တင် ခေါက်နိုင်ခြင်း ဖြစ်ပါတယ်။ Remote ခလုပ်လည်း ပါဝင်ပြီး ခလုပ်နှိပ်လိုက်ရုံနဲ့လည်း အလိုအလျောက် ခေါက်သိမ်းသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုခေါက်သိမ်းနိုင်အောင် အတွက် ကားကိုလည်း အပေါ့းပါးဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ ပိုလီကာဘွန်ဖိုက် ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ကား ဖြစ်ပြီး အလေးချိန် ပေါ့ပါးတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စမ်းသပ်အောင်မြင်သွားတဲ့ Armadillo-T အမည်ရ လျှပ်စစ်ကားကို နှစ်အနည်းငယ် အတွင်း ရောင်းချနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: kypower



Aung Kham (ColayAutomobile)

 
အမေရိကန် General Motors ကုမ္မဏီမှ အသစ်ထုတ်လုပ်တဲ့ ကားကို အားအကြီးဆုံး Light Duty ထရပ်ကား အဖြစ် စံချိန်တင်စေခဲ့ပါတယ်။

အင်ဂျင်အရွယ် ၆.၂ လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး V type ပစ်စတစ်ကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၄၂၀ အားပါ။ လာမယ့် ၂၀၁၄ ခုနှစ်နှစ်ဆန်းဆိုရင် ဈေးကွက်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ရာသီစုံသုံး အကြမ်းခံ SUV အဖြစ် ထုတ်လုပ် ထားတာပါ။ ခရီးသည် လေးဦး အပြင် အနောက်မှာ ပစ္စည်းသယ်ဖို့ လုံလောက်စွာပါဝင်တဲ့ ယင်းကားကို GMC Sierra Denali လို့ အမည်ပေး ထားပါတယ်။ အရွယ် ကလည်း သာမန် SUV တွေထပ် သိသိသာသာ ကြီးမားပါတယ်။ ဇိမ်ခံကားအဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဈေးလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သောင်း ဝန်းကျင် ရှိပြီး ပြပွဲတွေမှာ ဝင်ရောက် ပြသ သွားမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile
ကို အောင်ခမ်း၏ Post တစ်ခုအား ပြန်လည်ဖော်ပြပေးထားသည်။



အောင်ခမ်း (TSJ team)

ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။

BMW ဟာ i အမည်တပ်ပြီးတော့ လောင်စာဆီစား သက်သာတဲ့ ကားတွေ ထုတ်နေပါတယ်။ မြန်မာပြည်မှာလည်း BMW ကိုယ်စားလှယ် ရှိပြီမို့ ပုံမှာမြင်တွေ့နေရတဲ့ကား ရောက်ရှိဖို့ မျော်လင့် ပါတယ်။ BMW i8 plug in hybrid လို့ အမည်ပေးထားတဲ့ကားပါ။ လောင်စာဆီအား အင်ဂျင်နဲ့ လျှပ်စစ် မော်တော တွဲမောင်းတဲ့ အားပြန်ဖြည့် (Plug-in) ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်က ၁.၅ လီတာ ပါ။ ဆလင်ဒါ ၃ လုံးပူး တာဘို နှစ်လုံးတပ် ဗားရှင်းမို့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၃၁ တောင် ရှိပါတယ်။ သူ့ချည်း သက်သက်လည်းမောင်းနိုင်ပါတယ်။ ထပ်မံ အားဖြည့်ပေးထား တာကတော့ ၉၆ ကီလိုဝပ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ် မော်တာပါ။ သူကလည်း မြင်းကောင်ရေအား ၁၃၁ သီးသန့် ထုတ်ပေးပါတယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၃၆၂ တောင် ရှိသွားမှာ ဖြစ်ပါတယ်။

ဆီစားနှုန်းက ၉၄ မိုင်ခရီးအတွက် တစ်ဂါလံတည်းပါ။ အမေရိကန် မှာ ပြုလုပ်တဲ့ စမ်းသပ်ချက် ရလဒ်ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ အပြင်ပန်း ဒီဇိုင်းကော အတွင်းဘက် ဒီဇိုင်းပါ i စီးရီး Concept အတိုင်း အကျအန ပြင်ဆင်ပေးထားပါတယ်။ concept အဖြစ်ပြသခဲ့တာ ယမန်နှစ်ကပါ။ ယခု ဈေးကွက်ကို တကယ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အော်ဒါစနစ်နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်း၎သောင်းအောက် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၃၀၀ ကျော် ဖြစ် ပါတယ် သို့ပေမယ့် တကယ်စီးဖို့မှာမယ်ဆို အခွန်ခနဲ့ ပေါင်းလိုက်ရင် သိန်း ၃၀၀၀ အောက်ထစ်ပါပဲ။ ဂျာမနီကားချင်း အတူတူ မာစီဒီး E Class နောက်ဆုံးပေါ် ကန်ဒေါ်လာ ၈ သောင်း တန်တောင် မြန်မာပြည်ဈေးကွက်မှာ သိန်း ၂ ထောင် ဝန်းကျင် ပေါက် လို့ ဖြစ်ပါတယ်။ သို့ပေမယ့် i8 က အင်ဂျင်သေးတော့ အခွန်လည်း သက်သာ လောက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ဈေးကွက်အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မှာယူမှု စတင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ။်

.
Ref: autoblog
http://blog.techspace.com.mm/2013/09/bmw-i8.html



BMW X5 က မြန်မာပြည်လည်း ရောက်ရှိ ပါတယ်။ သို့ပေမယ့် ဟိုင်းဘရစ်တော့ မဟုတ်ပါဘူး။ အင်ဂျင်ခပ်ကြီးကြီး SUV ကားမျိုး ဖြစ်ပါတယ်။

လျက်ရှိ Frankfurt မော်တော်ယာဉ် ပြပွဲမှာ ပြသနေတဲ့ ကားကတော့ BMW X5 ကို ထူးခြားသွားစေမယ့် မျိုးဆက်သစ် ဖြစ်ပါတယ်။ Plug in Hybrid ကားမို့ပါ။ အင်ဂျင်အရွယ် ဘယ်လောက်ရှိမှန်း ဖော်ပြ မထားပါဘူး။ သို့ပေမယ့် လျှပ်စစ်ဘက်ထရီကတော့ ၉၅ မြင်းကောင်ရေအား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီချည်း သီးသန့် အသုံးပြုရင် ၁၉ မိုင်သွားနိုင်ပြီး ဆီပါ ပေါင်းစပ်မယ်ဆိုရင် တစ်ဂါလံ သုံးရင် ၆၂ မိုင် မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။

Drive Mode ၃ ခု ပေးထာပါတယ်။ အော်တို၊ All Electric Mode, Save Battery Mode ဆိုပြီး သုံးမျိုး ခွဲခြား ထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာ အမြင်ဆန်းနေပါတယ်။ Fuel Economy အတွက်ရည်ရွယ်တဲ့ ကားဖြစ်ပြီး ယခင် ထုတ်လုပ်နေကျ BMW X5 ထပ် ဒီဇိုင်းအားဖြင့် သိသိသာသာ ကွဲပြားသွားမှုကိုလည်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ BMW X5 eDrive လို့ အမည်ပေးထားပြီး ၂၀၁၄ နှစ်ဆန်းမှာ ဖြန့်ချိမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget