ပြင်ဆင်မှုအသစ်တွေဖြင့် ပွဲထုတ်ခံရတော့မယ့် 2105 Aston Martin V12 Vantage S






      စွမ်းရည် ၊ အလှတရား ၊ စီးမျောခံစားမှု ဆိုတဲ့ စကားသုံးလုံးကို Aston Martin V12 Vantage S က ပေါင်းစပ်ယူဆောင် ပေးခဲ့ပါပြီ၊ Vanquish အမျိုးအစား အသစ်မှာ အသုံးပြုထားတဲ့ Aston ၏ latest version ဖြစ်တဲ့ Universal 6.0-liter V12 ဖြင့် ထုတ်လုပ်ထားပါတယ်။ မြင်းကောင်ရေ ၅၅ ကောင် ပိုလာပြီး တစ်နာရီ မိုင် ၂၀၅ မိုင် နှုန်းထိ မောင်းနှင်နိုင်တဲ့ ဒီကားဟာ တင့်တင့်တယ်တယ်နဲ့ ရက်စက်စွာ စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။

    Transmission ကိုလည်း အရင် 6 speed manual အစား ပြေပြေပြစ်ပြစ်နှင့် အစီစဉ်ကျသော 7 speed sequential transmission အသစ်ကို အသုံးပြုထားပါတယ်၊ Curb Weight ကိုလည်း 25 kg ရှော့ချထားပါတယ်။ လိုက်လျောညီထွေစွာ အဆင့် ၃ ဆင့်ဖြင့် စိုထိုင်း အအေးပေးစနစ်လည်း ပါရှိလာပါတယ်။ တုန့်ပြန်အားကောင်းတဲ့ အပေါ့စားသတ္ထုပိုက်တွေနဲ့ sport mode new steering ကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့ အတွက် အဆင့်မြင့်တင်ထားပါတယ်။ V12 Vantage S မှာ ကိုယ်ထည်ကို ကျော့ရှင်းစွာ ပေါ်လွင်နိုင်ဖို့ Carbon-fiber ပြတင်းပေါက်ဘောင်များကို ယခင် CC100 Speedster ရဲ့ ပြင်ဆင်မှုအတိုင်း မွမ်းမံထားပါတယ်။ Ten-spoke alloys (ဘီးထောက်တိုင်)၊ အနက်ရောက် အမိုး နှင့် အနက်ရောင် အနောက်ဖက်မှန်တို့ကိုလည်း CC100 Speedster ရဲ့ ဒီဇိုင်းမှ စိတ်ကူးဥာဏ်ကွန့်ပြီး တပ်ဆင်ထားပါတယ်။

    တစ်နာရီ မိုင် ၆၀ နှုန်းကို ဘယ် အချိန်အတိုင်းအတာတွင်း စွမ်းဆောင်နိုင်မလဲ ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး၊ ၄ စက္ကန့်ထက်မများတဲ့ အချိန်ဖြင့် စွမ်းဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ယခု Vantage အသစ်မှာ စက်လည်ပတ်စွမ်းရည် (Torque) ကို 420 pound-feet မှ 457 pound-feet အထိ S series မှာ မြှင့်တင်ထားပါတယ်။ ကားရဲ့ အတွင်းပိုင်းအနေနဲ့ကတော့ ယခင် ထိုင်ခုံ ဒီဇိုင်းဟောင်းတွေကို အသုံးမပြုတော့ပဲ ဒီဇိုင်း အသစ်ဖြင့် တန်ဖိုးကြီးမားတဲ့ Luxmill သို့မဟုတ် semi-aniline leathers တွေကို အသုံးပြုမယ်လို့ ဆိုထားပြီး အခြားအတွင်းခန်း အစိတ်အပိုင်းတွေကိုလည်း အရည်သွေးမြင့်တဲ့ Alcantara ပိတ်ထည် ဖြင့်ပြုလုပ်ထားတဲ့ အသုံးဆောင်တွေ၊ Carbon Fiber Interior Pack တွေ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Carbon pack မှာဆိုရင် တံခါးလက်ကိုင်တွေ၊ ဒိုင်ခွက်ဘောင်တွေ နှင့် အနက်ရောင် ခြေနင်းပြားတွေကို carbon fiber တွေနဲ့ သပ်ရပ်ခန့်ညားစွာ ပြုလုပ်ထားပါတယ်။

Ref:www.MMautotrader.com
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget