Articles by "Mobile Review"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

http://cdn.asia.cnet.com/story_media/62222450/sc001.jpg

အောင်မြင်ကျော်ကြားခဲ့တဲ့ Galaxy Note 2 ကို ထပ်မံအရည်အသွေးတိုးမြင့်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခု အချိန်မှာ ဆိုရင် ဈေးကွက်မှာ ကိုရောက်ရှိလာခဲ့ပါပြီ။

Samsung Galaxy Note 3 ဟာဆိုရင် ဘာလင် IFA ကုန်စည်ပြပွဲမှာ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး Note 2 ထက် ပိုမိုဆန်းသစ် တဲ့ Design နဲ့ လှပ သပ်ရပ်တဲ့ ပလက်စတစ်သားရေနောက်ဖုံးလေး တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ၄င်း Galaxy Note 3 ဟာဆိုရင်ဖြင့် အားကောင်းလှသော မောင်းနှင် အင်ဂျင် နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး နိုင်ငံတကာ LTE အတွက် Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီးတော့ GSM အတွက် Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Note 3 မှာ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Jelly Bean 4.3 ကို သုံးပြုထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Galaxy Note 3 ရဲ့ Designတွေ, Featuresတွေနဲ့ Performance တွေ  ကို အသေးစိတ်လေ့လာကြည့်ရအောင်လားဗျာ။


Design

ကျွန်တော်တို့ အနေနဲ့ Samsung Galaxy S4 နဲ့ Note 3 ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နှစ်ခုဟာ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ Samsung Galaxy Note 3 က ပိုမိုကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။ S4 လိုပဲ Note 3 မှာလဲ သတ္တုစပ် ဘောင်နဲ့ ကာထားတာ တွေ့ရမှာ ဖြစ်ပေမဲ့ ကျောဘက်မှာတော့ တောက်ပြောင်ချောမွေ့တဲ့ ပုံစံ မဟုတ်တော့ပါဘူး၊ ဖောက်ပလပ်စတစ်သားရေ ကိုအသုံးပြုထားတဲ့ Design ကိုတွေ့မြင်ရမှာပါ။

အဲ့ဒီလို Note 3 မှာ ဖောက်ပလပ်စတစ်သားရေကို အသုံးပြုလိုက်တာက Samsung အတွက် တော်တော် ကံကောင်းစေတယ်ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျောဖက်က ကာဗာလေးကြောင့် လက်ကို အဆီတအားမထွက်စေတော့ပါဘူး။ ကိုင်ရတာ ကြီးတာတစ်မျိုး၊ Note 2, S4 တို့လို ပလပ်စတစ်ပြောင်ချောချောကြီးဆို ကျွန်တော်တို့ ကို စိတ်ညစ်စေမှာ အမှန်ပါ။ အခုတော့ Note 3 ရဲ့ နောက် သားရေကာဗာ က ကျွန်တော်တို့ကို အဆင်ပြေစေတဲ့ အပြင် လူအထင်ကြီးစေဦးမှာ ဖြစ်ပါတယ်။
ဒါနဲ့ တစ်ဆက်ထဲ ကျွန်တော်တို့ Note 3 အတွက်ထုတ်ထားတဲ့ S View Cover အကြောင်းပါ လေ့လာကြည့်လိုက်ရအောင်။

Note 3 ၏ ကျောဖက်
(Credit: Josh Miller/CNET)

S View Cover ဟာ ဖောက်သားရေ ကာဗာ နေရာမှာ အစားထိုးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ ၈၈ ဒေါ်လာ ရှိပြီး PVC လို ပစ္စည်းမျိုးကို အသုံးပြုထားပါတယ်။ S View Cover လေးဟာ ကြိုးမဲ့ အားသွင်းခြင်းကို စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး Cover လေးကို ပိတ်လိုက်ရင်လဲ S View Window လေးကို Active ဖြစ်စေမှာ ဖြစ်ပါတယ်။ LG အမျိုးအစား G2 ဖုန်းရဲ့  Quick Window နဲ့ ဆင်တူပြီး S View Window လေးကနေ ကင်မရာကို လျှင်မြန်စွာဖွင့်ခြင်း၊ Memo app ကို လျှင်မြန်စွာ ဖွင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Message ပို့ခြင်း၊ဖတ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် S View Window လေးဟာ တစ်ကယ်အသုံးဝင်တယ်လို့ ဆိုလို့ရပါတယ်။

Note 3 ၏ S View Cover
(Credit: Josh Miller/CNET)

အပြင် Feature ကို ဆက်လက်ကြည့်ရှု မယ်ဆိုရင်တော့ Samsung ဖုန်းအားလုံးမှာ ပါသလိုပဲ Note 3 မှာလဲ သိသာတဲ့ Home Button ခလုတ်လေး မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာတော့ Touch နဲ့ အာရုံခံသွားမဲ့ ခလုတ် ၂ခု ပါဝင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Back key Arrow လေးကို ညာဖက်မှာ ထားထားတာ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်ဖက်လက်နဲ့ ကိုင်ရင် တောင် လက်မလေး အလွယ်ဆွဲဆန့်ပြီး အသာဖိလိုက်ရုံပါပဲ။


Samsung ဟာ Apple ထက်အရင် Plastic နဲ့ထုတ်တာဖြစ်တဲ့ အတွက်ကြောင့် Note 3 ကို လဲ Plastic နဲ့မြင်တွေ့ရတာပါ။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့ Plastic ကြောင့် ဈေးနှုန်းလဲ သက်သာ သတ္တုကို ကိုင်နေရတာလဲ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။


နောက်တစ်ချက် အနေနဲ့ Note 3 ဟာ Display ၅.၇လက်မ ရှိတာကြောင့် ၅.၅လက်မ ရှိတဲ့ Note 2 ထက် အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ဒါကြောင့် Note 3 က ပိုကြီးပါတယ်လို့ ပြောဖို့ထက် မဆိုသလောက် ကြီးပါတယ်လို့ ပြောရမှာပါ။ နောက်ပြီးတော့ Super AMOLED 388 ppi နဲ့ 1920 x 1080 pixels ကို ပြောင်းထားတာကြောင့် HD ကနေ Full HD အဖြစ်ကို မြင်တွေ့ရမှာပါ။

Note 3 ရဲ့ အထူဟာ ၈.၃မီလီမီတာသာ ရှိတာကြောင့် Note 2 ၉.၄မီလီမီတာ နဲ့ ယှဉ်ရင် အနည်းငယ်ပါးသလို အလေးချိန်ကျပြန်တော့လဲ Note 3 က ၁၆၈ဂရမ် သာရှိတာကြောင့် ၁၈၃ဂရမ်ရှိတဲ့ Note 2 ထက် ပိုပေါ့ပါတယ်။

Note 2 နှင့် Note 3တို့ အရွယ်အားဖြင့် တူညီလုနီးပါးရှိသည်။
(Credit: Josh Miller/CNET)

Samsung Galaxy Note 3 မှာ ညာဖက်အောက်ခြေထောင့်မှာ S Pen လို့ခေါ်လေ့ရှိတဲ့ Stylus Pen လေးပါဝင်ပါသေးတယ်။ အဲ့ကောင်လေးကို  မတော်တဆ ထွက်ကျတဲ့ ဒဏ်က ဝေးအောင် ဆွဲထုတ်ရကျပ်အောင် ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ Design ကို အသေးစိတ် လိုက်ကြည့်ရင် နောက်ဆုံး တစ်ခုကတော့ USB 3.0 Port ကို အသုံးပြုထားတာကိ တွေ့ရပြီး ဒေတာတွေ လျှင်လျှင် မြန်မြန် ကူးယူနိုင်ဖို့နဲ့ အားသွင်းမြန်ဖို့ အတွက် ကူညီပေးမှာဖြစ်ပြီး အရင် micro-USB ကြိုးတွေနဲ့ ပဲ အလုပ်လုပ်လို့ရအောင် Design ထုတ်ထားတာ တွေ့ရမှာပါ။

ညာဖက်ထောင့်အောက်နာရှိ S Pen
(Credit: Josh Miller/CNET)

Features

Android နောက်ဆုံး Version 4.3 ကို အသုံးပြုထားတဲ့ Galaxy Note 3 ဟာဆိုရင် LTE Version အတွက်
Qualcommရဲ့ Snapdragon 800 quad-core processor ကို အသုံးပြုထားပြီး 2.3 GHz ရှိတဲ့ Speed နဲ့ RAM 3GB ကိုထည့်သွင်းထားပါတယ်။ GSM အတွက်က Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးသုံးထားပါတယ်။ ကျွန်တော့် အထင်တော့ Samsung ဟာ Note 3 ကို Multitasking ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် ပဲ ဖြစ်ပါလိမ့်မယ်။

အရင်ထွက်ခဲ့တဲ့ Note Device တွေမှာ လိုမျိုးပဲ Note 3 မှာလဲ S Pen ပါဝင်ပါတယ်။ Note 3 မှာ ထပ်တိုးလာတာလေးကတော့ S Pen ဆွဲထုတ်လိုက်တာနဲ့ တန်းပေါ်လာမဲ့ Air Command လေးပါပဲ။ အဲ့ကောင်လေးက ကျွန်တော်တို့ကို Action Memo, Scrapbooker, Screen Write, S Finder နဲ့ Pen Window တွေကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာပါ။

Action Memo လေးက app တွေကို လက်နဲ့ရေးပြီး ခေါ်ဖို့ပါ။ အဲဒါလေးနဲ့ ဖုန်းခေါ်၊ Contact အသစ်ထည့်လဲ လုပ်လို့ရပါသေးတယ်။
Scrapbooker ကတော့ အဓိက ကတော့ သင် ကြည့်နေတာကို High Light လုပ်ပေးတာဖြစ်ပြီး နောက်တစ်ချိန်ကျရင် ပြန်လည် ခေါ်လို့ရအောင်လည်း URL စသည်ကို သိမ်းထားပေးပါတယ်။
Screen Write ကတော့ နာမည် အတိုင်းပဲ သင် Screen ပေါ်မှာ Comment ပေးလိုက်တာနဲ့ သူက အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
S Finder လေးကတော့ ဖုန်းထဲကဟာ တစ်စစီ မွှေနှောက် ရှာမလား၊ Online ပေါ်တက်ရှာ မလား အားလုံးလုပ်ပေးပါလိမ့်မယ်။
Pen Window ကတော့ သင့် App တစ်ခုပေါ်ကို နောက် Application တစ်ခု Pop Up လုပ်ပြီး အသုံးပြုစေမှာပါ။

Air Command မြင်ရပုံ
(Credit: Josh Miller/CNET)
Pen Window Feature ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
Multitasking ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
နောက်ထပ်မိုက်တဲ့ Feature လေးကတော့ One-Hand View လေးပါပဲ။ Shake လိုက်ခြင်းအားဖြင့် Screen အရွယ်အစားကို 4.3 လက်မလောက်အထိသေးအောင် လုပ်ပစ်လိုက်ပြီး Screen ပေါ်မှာ touch button လေးတွေပါလာတာပါပဲ။ အဲ့ဒါလေးက သင်လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ ရှိလာတဲ့ အချိန်မှာ အသုံးဝင်စေမှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 13 megapixel ရှိတာကြောင့် သင့်ကို ရုပ်ထွက်ပိုကောင်းစေမှာပါ။ Screen အပြည့် နဲ့ ရိုက်လို့ ရပါတယ်။ ဒါပေမဲ့ အနည်းငယ် ချို့ယွင်းချက် ရှိတယ်လို့ မြင်ပါတယ်။ Autofocus က Auto မချိန်တာ၊ နောက်ပြီး ပုံတစ်ခါ ရိုက်ပြီးတိုင်း ပြန်လည် ကြည်အောင်စောင့်နေရတာ တွေ့မြင်ရပါတယ်။

နောက်ပြီး Shooting Option မပါဝင်တာကို တွေ့မြင်ရပါသေးတယ်။ အဲဒါက ညအမှောင်၊ မြင်းကွင်းကျယ် ရိုက်ခြင်း၊အနီးကပ်ရိုက်ခြင်း စတာရွေးစရာ မပါဝင်တာကြောင့် ပုံဟာ တစ်မျိုးထဲကိုပဲ အချို့တစ်လေ အဆင်မပြေတာ တွေ့ရပါတယ်။

Outdoor test shot
Macro test

Indoor test shot
Indoor low-light test shot with stabilization
Indoor low-light test shot without stabilization
Indoor test shot with flash


နောက်ဆုံး Feature အနေနဲ့ Video ကို 4K အရည်အသွေးနဲ့ ရိုက်နိုင်တာ တွေ့ရပါတယ်။

Performance

Galaxy Note 3 ဟာ quad-core Qualcomm Snapdragon 800 2.3GHz processor ကိုအသုံးပြုထားတာဖြစ်လို့ အခြား Qualcomm သုံးတဲ့ အရည်အသေးမြင် Device တွေထက်သာနေတာကို တွေ့မြင်ရမှာပါ။ Note 3 ဟာဆိုရင် 3DMark IceStorm Unlimited test မှာ Score 15,366 ထိရရှိထားတာကို တွေ့မြင်ရပါတယ်။
Samsung Phablet Note 3 မှာ ဖြုတ်လဲလို့ ရတဲ့ Battery 3,200mAh ပမာဏ က အရင် Note တွေထက် Battery အားပိုများပြီး သင့်ကို ခရီးထွက်တဲ့ အခါမှာ တောင် စိတ်ချလက်ရ ယူသွားလို့ ရပါတယ်။
ဒါ့အပြင် အသက်ထွက်အားလဲ ကောင်းပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်ထားလျှင်တောင်မှ ဖုန်းရဲ့ Speaker က အသံကို ကြားနိုင်ပါတယ်။


Specs Sheet အနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့

First released:
     September 25, 2013

Type :

    Capacitive touchscreen smartphone

Form factor:

    Slate, phablet

Dimensions:

     151.2 mm (5.95 in) H
     79.2 mm (3.12 in) W
     8.3 mm (0.33 in) D


Weight:

     168 g (5.9 oz)

Operating system:

     Android 4.3

System on chip:

     Samsung Exynos 5 Octa 5420 (GSM version)
     Qualcomm Snapdragon 800 (LTE version)
 

CPU:
    Octa-core 1.9 GHz Cortex-A15 and 1.3 GHz Cortex-A7 (GSM version)
     2.3 GHz quad-core Krait 400 (LTE version)

GPU:

     ARM Mali T628MP6 GPU (GSM version)
     Adreno 330 (LTE version)


Memory:

     3 GB LPDDR3

Storage:

     32/64 GB flash memory

Removable storage:

     microSDXC up to 64 GB

Battery:

     3,200 mAh [User replaceable]

Display:

     5.680 in (144.3 mm) Super AMOLED 388 ppi 
     (1920×1080) (PenTile matrix) (16:9 aspect ratio)

Rear camera:

     13-megapixel, camera with autofocus, BSI, 1080p and 4K video recording

Connectivity:        

    Wi-Fi :802.11 a/b/g/n/ac (2.4/5 GHz)
    Wi-Fi Direct
    Wi-Fi hotspot
    DLNA
    Miracast
    GPS/GLONASS
    NFC
    Bluetooth 4.0
    Infrared
    USB 3.0 (Micro-B port, USB charging)
    USB OTG 1.3
    MHL 2.0
    HDMI (TV-out, via MHL A\V link)
    3.5 millimetres (0.14 in) headphone jack

Other:

     Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermomete

ပဲ ဖြစ်ပါတယ်..



Conclusion


(Credit: Josh Miller/CNET)

နိဂုံးချုပ် အနေနဲ့ တော့  Samsung က ထုတ်တဲ့ Note တွေဟာ အခြားစမတ်ဖုန်းတွေနဲ့ Screen အရွယ်အစားကြီးမားခြင်း၊  S Pen ပါရှိခြင်းတွေနဲ့ ပတ်သက်ပြီး ပြိုင်စံရှားပါပဲ။ Battery လဲ ကြာရှည်ခံတာ တွေ့ရသလို Multitasking တွေအတွက် Precessor လဲ ကောင်းမွန်တာ တွေ့ရပါတယ်။ ပြောစရာကတော့ Camera လေးပါပဲ။ ဒါပေမဲ့ Camera ကို Software Update မှာ ပြန်ပြင်သွားလိမ့်မယ်လို့ ထင်ပါတယ်။


စင်ကာပူစတိုးတွေမှာတော့ 32GB Version အတွက် စင်ကာပူဒေါ်လာ $1,048 နဲ့ September 28 မှာ စရောင်းမယ်လို့သိရပါတယ်။မိတ်တွေအနေနဲ့ ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာပဲ ဈေးနှုန်းတစ်ချက် စုံစမ်းကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ်။

Ref : cNetAsia
Writer : Steel Jelly
Credit Link: http://www.techmilo.tk/2013/09/samsung-galaxy-note-3.html

ကျွနှုပ်ရဲ့ အချိန်နဲ့ စေတနာဟာ သင့်အတွက် အကျိုးရှိမယ်ဆိုရင် ကျွနှုပ်ကျေနပ်ပါတယ်။


လူအများ မျှော်လင့်စောင့်စားနေခဲ့တဲ့ iPhone 5C ကို Apple မှ ယင်းတို့၏ တပ်ဦး (Flagship) ဖုန်း iPhone 5s နဲ့အတူ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ထုတ်ဖော်ပြသ သွားခဲ့ပါတယ်။

အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားခဲ့ရတာကတော့ iPhone 5c ရဲ့ “C” ဟာ “Cheap” ကို ကိုယ်စားမပြုပဲ ဖုန်းရဲ့ “Color” များကိုသာ ရည်ညွှန်းသွားခဲ့ လိုပါပဲ။ Apple ရဲ့ ရဲရင့်တဲ့ ခြေလှမ်းတစ်ခုလို့ ဆိုနိုင်ပေမယ့် iPhone 5c အနေနဲ့ ဈေးကွက်အတွင်းမှာ လူကြိုက်များ အောင်မြင်မှု ရနိုင်ပါ့မလား။


ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း C ဟာ Color ကို ရည်ညွှန်းပြီး iPhone 5C ကို ကနဦးအနေနဲ့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ရောင်းချ သွားမှာဖြစ်ပါတယ်။ အဖြူ ၊ အဝါ ၊ အပြာ ၊ အစိမ်းနဲ့ ပန်းရောင်တို့ ဖြစ်ပြီး ဈေးကွက်အတွင်း မှာတော့ ထင်ထင်ရှားရှားနဲ့ ရပ်တည်မယ့် အနေအထားမှာ ဖြစ်ပါတယ်။ ဒါကို ပုံစံဒီဇိုင်း ဆန်းသစ်ထားတဲ့ iOS 7 နဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ အတိုင်းထက် အလွန်ပါပဲ။

iPhone 5c ဟာ iPhone 5 ထက် အနည်းငယ် ပိုထူမည်ဖြစ်ပြီး အလေးချိန်အားဖြင့်လည်း အနည်းငယ် များပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ iPhone 5c ၏ ပလတ်စတစ်ကိုယ်ထည်အား စတီးလ်အနားကွပ် တပ်ဆင်ထားပြီး ယင်းအနားကွပ်အား Antenna အဖြစ်လည်း အသုံးပြုမည်ဖြစ်သည်။

ပလတ်စတစ်ဟု ဆိုသော်လည်း Nokia Lumia စမတ်ဖုန်းများကဲ့သို့ အရည်အသွေးနိမ့် ပလတ်စတစ်ဟု မထင်မှတ်ရသော polycarbonate ကိုယ်ထည်ပင်ဖြစ်သည်။ သတ္တုကိုယ်ထည် ကဲ့သို့မဟုတ်ပဲ ကိုယ်တွယ် အသုံးပြုရာ၌ ကျစ်ကျစ်လစ်လစ်ရှိပြီး နွေးထွေးသည့် ခံစားမှုမျိုးကို ရရှိစေမည်ဖြစ်သည်။

ထို့အပြင် ပလတ်စတစ်ကိုယ်ထည်မှာ ယခင် iPhone များကဲ့သို့ အစင်းရာ ထင်မည်ကို အထူးစိုးရိမ်စရာ လိုအပ်မည် မဟုတ်သလို high-gloss အပေါ်ယံလွှာကြောင့် အဆင့်မြင့် ဖုန်းတစ်လုံးအဖြစ် ခံစားရမည်ဖြစ်သည်။
ဤအချက်များမှအပ iPhone 5c သည် iPhone 5 နှင့် ခလုတ်များ၏ နေရာမှအစ ပုံတူကူးထားသည့်အလား ပြုလုပ်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။


မျက်နှာပြင်

ဤ iPhone 5c အား ၄ လက်မ အရွယ်အစားအဖြစ် ဆက်လက်ထားရှိရန် Apple မှ ဆုံးဖြတ်ခဲ့လို့ မျက်နှာပြင် အရွယ်အစား ကြီးမားသည့် iPhone အား စောင့်မျှော်နေသူများ အလိုမပြည့်ခဲ့ ပြန်ပါဘူး။

မျက်နှာပြင်ဟာ Retina display ပင်ဖြစ်ပြီး ပုံထွက်နှုန်း 1136 x 640 pixels နှင့် ပုံထွက်သိပ်သည်းဆ 326 ppi ထွက်ရှိမည်ဖြစ်သည်။ အဓိက ပြိုင်ဖက်များ ဖြစ်ကြသည့် HTC One Mini နှင့် Galaxy S4 Mini တို့ထက် အရွယ်အစား သေးငယ်သော်လည်း ပုံထွက်နှုန်းမှာမူ ပိုမိုကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။


စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များ

iPhone 5c ကို မောင်းနှင်ပေးနေတာကတော့ iPhone 5 မှာ တပ်ဆင်ပေးထားတဲ့ A6 ပရော်ဆက်ဆာပဲ ဖြစ်ပါတယ်။ တပ်ဦး (Flagship) ဖုန်း 5s ရဲ့ A7 ပရော်ဆက်ဆာကို မမှီပေမယ့် iOS 7 နဲ့ ပေါင်းစပ် အသုံးပြုတဲ့အခါမှာ iPhone 5 ထက် လျင်မြန်တာကို သတိထားမိပါတယ်။

လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက် လုပ်ဆောင်နိုင်တာကိုလည်း တွေ့မြင်ခဲ့ရသလို စွမ်းရည်မြင့် သုံးစွဲမှုတွေဖြစ်တဲ့ HD ဗီဒီယိုကြည့်ခြင်းနှင် ဂရပ်ဖစ်မြင့် ဂိမ်းများ ဆော့ကစားခြင်းတို့ကို အထစ်အငေါ့မရှိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 5C မှာ လျှင်မြန်သွက်လက်တဲ့ N Wi-Fi နှင့် Bluetooth 4.0 စနစ်တို့ ပါဝင်လာပေမယ့် NFC ကတော့ Apple ရဲ့ ရန်သူအဖြစ် ဆက်လက်ရပ်တည် နေခဲ့ပါတယ်။

စပီကာသည်လည်း ထုံးစံအတိုင်း ဖုန်းရဲ့ အောက်ခြေမှာ ရှိနေပြီး အသံထွက် ကြည်လင်ကောင်းမွန်ပါတယ်။ ထို့အပြင့် မိုက်ကရိုဖုန်း ၂ ခု (ဖုန်း၏ အထက်နဲ့ အောက်) တပ်ဆင်ပေးထားလို့ FaceTime တို့ Skype တို့နဲ့ စကားပြောရာမှာ အသံကြည်လင် ပြတ်သားပါတယ်။


ကင်မရာ

iPhone 5c ရဲ့ iSight ကင်မရာဟာ iPhone 5 ကင်မရာအတိုင်းပဲ ဖြစ်သော်လည်း iOS 7 ကြောင့် ဓာတ်ပုံရိုက်ကူးရာမှာ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြု ရိုက်ကူးနိုင်ပါလိမ့်မယ်။ ကင်မရာ app အသစ်မှာ filter ပုံစံအမျိုးမျိုးနဲ့ Instagram ကဲ့သို့ Square ပုံစံ ရိုက်ကူးမှုတို့ကို ပြုလုပ်နိုင်ပါမယ်။

8MP ပုံထွက်နှုန်းဟာ မပြောပလောက်ပေမယ့် ပုံထွက်ကတော့ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

ဗီဒီယို ရိုက်ကူးရာမှာ 1080p HD ပုံထွက်နှုန်းအား 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး zoom ၃ ဆ ချဲ့နိုင်မည်ဖြစ်သလို ဗီဒီယို ရိုက်ကူးနေစဉ်မှာ ဓာတ်ပုံရိုက်ခြင်းအားလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။

ဖုန်းရှေ့ဖက်မှ FaceTime HD ကင်မရာရဲ့ ပုံထွက်နှုန်းကတော့ 1.2 MP ရှိပြီး 720p ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။ Specifications ပိုင်းမှာ iPhone 5 နဲ့ အထူးတလည် ကွာခြားခြင်း မရှိပေမယ့် ပုံထွက် ကောင်းမွန်မှုနှင့် ရိုက်ကူးခြင်း လျှင်မြန်မှု အပိုင်းတို့မှာတော့ ပိုမိုသာလွန်နေပါတယ်။


ဘက္ကထရီ

iPhone 5 နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ 5c ရဲ့ ဘက္ကထရီသက်တမ်းဟာ အထူးကောင်းမွန်တယ်လို့ Apple က ဆိုထားပါတယ်။ 3G ကွန်ယက်နဲ့ အသုံးပြုမယ်ဆိုရင် ၁၀ နာရီခံမှာဖြစ်ပြီး အသင့်အနေအထား (Standby) နဲ့ နာရီ ၂၅၀ သက်တမ်းရှိမယ်လို့ ဆိုထားပါတယ်။

လက်တွေ့ စမ်းသပ်ကြည့်ရာမှာလည်း iPhone 5c ဟာ iPhone 5 ထက် ဘက္ကထရီပိုကြာရှည်ခံတာကို တွေ့ရှိခဲ့ရပါတယ်။ တနေ့တာ (နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ) အင်တာနက်သုံးခြင်း၊ ဗီဒီယိုကြည့်ခြင်းနဲ့ အထွေထွေ အသုံးပြုမှုများ ပြုလုပ်အပြီးမှာ ဘက္ကထရီအား ၄၀ ရာခိုင်နှုန်း ကျန်နေတာကို တွေ့ရှိခဲ့ရပါတယ်။


နိဂုံး

အများထင်ထားသလို Apple အနေနဲ့ တန်ဖိုးနည်း iPhone ထုတ်လုပ်မည် မဟုတ်ကြောင်းကို တန်ဖိုးမနည်းလှတဲ့ iPhone 5c နဲ့ သက်သေပြသွားပါပြီ။
တပ်ဦး (Flagship) ဖုန်း iPhone 5s ဈေးကွက်ထဲ တစ်ပြိုင်နက် ရောက်ရှိလာခြင်းနဲ့ iPhone 5 ထုတ်လုပ်မှု ရပ်ဆိုင်လိုက်ခြင်းတို့ကြောင့် iPhone 5c ကို အလယ်အလတ်တန်းစာ ဖုန်းစာရင်းထဲ ထည့်သွင်းလိုက ထည့်သွင်းနိုင်ပါတယ်။

ဤစာရင်းမှာပါဝင်တဲ့ အခြား စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ HTC One Mini နဲ့ Galaxy S4 Mini တို့ကို အရောင်အသွေးနဲ့ ဒီဇိုင်းပိုင်းမှာ အနိုင်ရဖွယ်ရှိပေမယ့် ဈေးနှုန်းခြင်းအရ ယှဉ်နိုင်ဖို့တော့ ခက်ပါလိမ့်မယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း iPhone 5c ဟာ ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Apple အနေနဲ့သာ ဈေးနှုန်းကို အနည်းငယ် လျှော့ချပေးမယ်ဆိုရင် iPhone မိသားစုထဲမှာ အရောင်းရဆုံးဖုန်း ဖြစ်လာဖွယ် ရှိနေပါတယ်။ စုံလင်တဲ့ အရောင်အသွေးနဲ့ iOS 7 တို့ဟာ ထူးခြားတဲ့ ပြောင်းလဲမှုများပဲဖြစ်ပြီး iOS 7 ဟာ iPhone 5s ထက် 5C ပေါ်မှာ ပိုလို့တောင် ကြည့်ကောင်းနေသယောင် ရှိနေပါတယ်။

ဒါပေမယ့် သုံးစွဲသူတွေကို ဈေးနှုန်းပိုမို သက်သာတဲ့ အခြားသော စမတ်ဖုန်းတွေကို ကျော်လွန်ပြီး iPhone 5c ကို ဝယ်ယူဖို့ တိုက်တွန်းဖို့ကတော့ လွယ်မယောင်နဲ့ ခက်နေပါလိမ့်မယ်။


ref: Myanmar Consumer Guide



ပုံ (ဝဲမှယာ) - Sony Xperia Z, Sony Xperia Z1 & Sony Xperia Z Ultra


လျှို့ဝှက်အမည့် “Honami” လို့ ယခင်က ခေါ်ဝေါခဲ့သည့် Xperia Z1 စူပါစမတ်ဖုန်းအား Sony မှ IFA 2013 နည်းပညာပြပွဲ၌ ပြီးခဲ့သည့် သတင်းပတ်အတွင်းက ထုတ်ဖော်ပြသသွားခဲ့သည်။ Z1 အနေဖြင့် မူလ Xperia Z စမတ်ဖုန်းအား အစားထိုးသွားမည် ဖြစ်သည်။ စူပါစမတ်ဖုန်း စာရင်းဝင် Z1 ၏ ထူးခြားချက်များမှာ ယင်း၏ မျက်နှာပြင်နှင့် ကင်မရာတို့ပင် ဖြစ်သည်။

Xperia Z1 အနေဖြင့် ဈေးကွက်တွင်းရှိ အကောင်းဆုံး ကင်မရာအထူးပြု စမတ်ဖုန်းပြိုင်ပွဲ၌ Nokia Lumia 1020 (41 MP) နှင့် Samsung Galaxy S4 Zoom (16 MP) တို့အား ထိပ်တိုက်ယှဉ်ပြိုင်မည့် စမတ်ဖုန်းလည်း ဖြစ်လာခဲ့သည်။ အထက်ပါ စမတ်ဖုန်း ၃ ခုစလုံး၏ ကင်မရာများသည် ဈေးကွက်တွင်း၌ အကောင်းဆုံးဟုပင် ခေါ်ဆိုနိုင်သော်လည်း Xperia Z1 မှာမူ ကင်မရာဖုန်းထက် ၅ လက်မအရွယ် စူပါစမတ်ဖုန်းအဖြစ်သာ ရည်ရွယ်ပြီး ထုတ်လုပ်ထားသည်ဟု ဆိုနိုင်ပါသည်။

Z1 ၏ အတွင်းပိုင်းတွင် 2.2 GHz Qualcomm Snapdragon 800 quad-core ပရော်ဆက်ဆာ တပ်ဆင်ထားပြီး ယင်းမှာ မကြာမီ ရက်ပိုင်းအတွင်းကမှ ထွက်ရှိလာသည့် Galaxy Note 3 နှင့် LG G2 တို့၏ တွက်ချက်မှုစွမ်းအားနှင့် ထပ်တူကျနေသည်။

အခြေခံအားဖြင့် Xperia Z1 သည် ၅ လက်မအရွယ် မူရင်း Xperia Z နှင့် “Phablet” စာရင်းဝင် ၆.၄၄ လက်မအရွယ် Xperia Z Ultra တို့အကြားတွင် ရှိနေပြီး ပိုမိုကြီးမားသည့် ဘက်ထရီနှင့် အဆင့်မြင့် ကင်မရာယူနစ်တို့ကြောင့် Xperia Z ထက် အနည်းငယ်ပိုရှည်ကာ ၈.၅ မမ ဖြင့် ပိုလည်း ထူနေပါသည်။ သို့သော်လည်း Xperia Z1 အား Sony ၏ OminiBalance ဒီဇိုင်းနည်းပညာ အသုံးပြုပြီး ဖန်တီးထားခြင်းကြောင့် ကိုင်တွယ်အသုံးပြုရာ၌ ထူထဲသည်ဟု မထင်မှတ်ရပေ။

Xperia Z1 တွင် ဓာတ်ပုံရိုက်ကူးရန်အတွက် သီးသန့်ခလုတ်အား ဖုန်း၏ ညာဖောက်အောက်ပိုင်း၌ ထည့်သွင်းပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုနည်းတူ ကင်မရာအား Lock အနေအထားမှ တိုက်ရိုက် အသုံးပြုရန် အတွက် အဆိုပါ ခလုတ်အား ၂ စက္ကန့်ကြာ နှိပ်ရုံဖြင့် ရနိုင်မည်ဖြစ်သည်။

Software ပိုင်းတွင်မူ Z1 ၌ Xperia Z နှင့် Z Ultra စမတ်ဖုန်း ၂ ခုတွင် ပါဝင်ထည့်သွင်းထားသည့် ဓာတ်ပုံရိုက်ကူးရေးဆိုင်ရာနှင့် အခြား App များအားလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

Xperia Z1 ၏ မျက်နှင်ပြင် ပုံထွက်မှာ Xperia Z Ultra ကဲ့သို့ပင် Sony TV များသုံး နည်းပညာ ၂ ခုဖြစ်သည် Triluminos မျက်နှာပြင် နည်းပညာနှင့် X-Reality ပုံရိပ်ဖန်တီးမှုစနစ်တို့ကို အသုံးပြုထားသဖြင့် အံ့အားသင့်ဖွယ် ပုံရိပ်များအား မြင်တွေ့ရမည်ဖြစ်သည်။ Z1 ၏ ၅ လက်မအရွယ် Full HD TFT မျက်နှာပြင်တွင် Xperia Z ကဲ့သို့ မြင်ကွင်းမှာ ကျဉ်းမြောင်းနေမည် မဟုတ်တော့ပဲ မည့်သည့်အနေအထားမှ ကြည့်ကြည့် ကောင်းမွန်ကြည်လင်သည့် ပုံရိပ်များအား တွေ့မြင်ရမည်ဖြစ်သည်။

Xperia Z1 အား အကောင်းဆုံး စမတ်ကင်မရာဖုန်း စာရင်းဝင်စေရန် စွမ်းဆောင်ပေးနေသည့် ကင်မရာကတော့ Sony ၏ 27mm Wide Angle G-Lens ပင် ဖြစ်ပါသည်။ ဤမှန်ပြောင်းသည် F/2.0 Aperture ရှိပြီး 20.7MP CMOS Sensor ပါရှိပါသည်။ ဤ Sensor မှာ လက်ရှိဈေးကွက်အတွင်း၌ Nokia ၏ Lumia 1020 နှင့် 808 တို့နောက် တတိယအကြီးဆုံး Sensor ပင် ဖြစ်ပြီး အသေးစား အိမ်သုံးကင်မရာများနှင့် တန်းတူပင် ဖြစ်ပါသည်။

Sony Xperia Z1 အား အောက်တိုဘာ ၁၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ စတင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်သဖြင့် မြန်မာပြည်တွင်းသို့လည်း မကြာမီ တရားဝင် ဝင်ရောက်လာဖွယ် ရှိနေပါသည်။

Ref:
Myanmar Consumer Guide


Samsung ရဲ့ အသစ်စက်စက် Galaxy S4 ဟာ ဖုန်းလောကရဲ့ နျူကလီးယားဗုံးပါပဲ။ Full HD 1080p ထွက်ရှိမည့် ၅ လက်မမျက်နှာပြင်၊ Exynos 5 Octa (ပရောစက်ဆာ ၈ လုံး) ၊ 13 MB ကင်မရာ ၊ 2 GB RAM စသည်တို့ ပါဝင်တာကြောင့် လက်ရှိအချိန်မှာ hardware ပိုင်းအရ ပါဝါအမြင့်ဆုံး ဖုန်းတစ်လုံးအဖြစ် Sony Xperia Z နှင့် HTC One တို့နဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Hardware ပိုင်းက မျှော်မှန်းထားတဲ့အတိုင်း ပါပဲ။ ဒါပေမယ့် Samsung အနေနဲ့ အားလုံးကို အံအားသင့်သွား စေတာကတော့ ဖုန်းရဲ့ အတွင်းပိုင်းက လုပ်ဆောင်ချက်တွေပါပဲ။ Touchscreen ဖုန်းဆိုတာ ထိတွေ့မှုနဲ့ လုပ်ဆောင်ရတဲ့ ဖုန်းမျိုးပါ။ ဒါကို Samsung က ဆန်းသစ်လိုက်ပြီး မိမိဆောင်ရွက်လိုသည်များကို ဖုန်း၏ မျက်နှာပြင်နှင့် ထိတွေ့စရာမလိုပဲ လုပ်ဆောင်နိုင်ရန် တီထွင်ပြီး Galaxy S IV ကို ထုတ်လုပ်ထားပါတယ်။

ကဲအသေးစိတ်ကို ကြည့်လိုက်ရအောင်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

အမှတ်တမဲ့ ကြည့်လိုက်ရင် တစ်ခုခုနဲ့ ခပ်ဆင်ဆင် တူနေတယ်လို့ ထင်ရပါတယ်။ မှန်ပါတယ်။ ၇.၉ မီလီမီတာ ထူပြီး ၁၃၀ ဂရမ်သာလေးတဲ့ ၅ လက်မ အရွယ် Galaxy S IV ဟာ ၄.၈ လက်မ အရွယ် Galaxy S III နဲ့ မစိုစလောက်လေး ပိုကြီးပြီး ပိုပါးသွားတာကလွဲရင် အမွှာလို့တောင် ဆိုလို့ရပါတယ်။ ပလတ်စတစ်ကိုယ်ထည်ပဲ အသုံးပြုထားတဲ့ ဒီဖုန်းကို သင့်အနေနဲ့ “ငါ့ကိုင်တာ S IV” ဆိုပြီး ကြွားလုံးထုတ်ဖို့တော့ အနည်းငယ် ခက်ပါလိမ့်မယ်။

အပြင်ပိုင် ဒီဇိုင်းအရတော့ HTC One တို့ iPhone 5 တို့နဲ့ ယှဉ်လိုက်ရင် တန်ဖိုးကြီးဖုန်းနဲ့ ကစားစရာဖုန်းလို ကွာခြားလှပါတယ်။ ဒါပေမယ့် ထောင့်တွေကို အနည်းငယ် ချိုးထားပေးလို့ လက်ထဲမှာ ကိုင်တွယ်ရ အဆင်ပြေပါတယ်။ ၅ လက်မ ဖုန်းတွေကို ကြီးတယ်ထင်သူတွေ အဆင်ပြေနိုင်ပါတယ်။

မျက်နှာပြင်ပေါ်မှာ နောက်တစ်ခု ကွာခြားတာကတော့ IR Sensor အသစ်တစ်ခု ပါလာတာပါပဲ။ ဒီ IR Sensor ဟာ Galaxy S IV ရဲ့ ထိတွေ့လှုပ်ရှားမှုနဲ့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးမယ့် sensor ဖြစ်ပါတယ်။

ကျန်တဲ့ အချက်တွေကတော့ အစောပိုင်းက ပြောခဲ့သလိုပါပဲ 1.7GHz Exynos 5 Octacore processor ၊ 2GB RAM ၊ 13 MB နောက်ကျော ကင်မရာ၊ 2.1 MB ရှေ့ကင်မရာ၊ စွမ်းအားမြင့် 2600mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

မျက်နှာပြင်

Galaxy S IV ရဲ့ ၅ လက်မ မျက်နှာပြင်ဟာ 1080p resolution ထွက်ရှိမှာဖြစ်သလို 441 ppi ပုံထွက်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် HTC One Review မှာ ပြောခဲ့သလိုပါပဲ လူရဲ့ သာမန်မျက်လုံးဟာ ဒီ resolutions တွေကို ခွဲခြားပြီး မမြင်နိုင်ပါဘူး။

ကြည့်ရှုနိုင်တဲ့ angle ကလည်း ကျယ်ပြီး စာဖတ်တဲ့အခါမှာ 1080p မျက်နှာပြင်ဟာ သိသာထင်ရှားလှပါတယ်။ ဝက်ဘ်ဆိုဒ်တွေ သွားရောက်တဲ့အခါမှာလည်း လွန်စွာမှ အမြင်ကြည်လင် ပြတ်သားလှပါတယ်။

အဓိက အကျဆုံးကတော့ ဗီဒီယို ကြည့်တဲ့အခါမှာပါပဲ။ ၅ လက်မ မျက်နှာပြင်မှာ 1080p Full HD နဲ့ ဗီဒီယိုကြည့်ရတာဟာ နှိုင်းယှဉ်ပြောပြစရာ မရှိလောက်အောင် ကောင်းမွန်လှပါတယ်။

ကင်မရာ

HTC One က Ultrapixel ဆိုတာကို စတင်မိတ်ဆက်ခဲ့ပေမယ့် Samsung ကတော့ သာမန်လမ်းစဉ်ကို ဆက်လျှောက်ပြီး Galaxy S IV မှာ 13 MB ကင်မရာကို တပ်ဆင်ပေးခဲ့ပါတယ်။ Resolution ပိုကြီးလာတာ မှန်သလို software ပိုင်း လုပ်ဆောင်ချက် အသစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။

Samsung အနေနဲ့ Galaxy S IV ရဲ့ ကင်မရာကို Galaxy Camera ရဲ့ ကောင်းမွန်တဲ့ အချက်တွေနဲ့ မွန်းမံပြီး ထုတ်လုပ်ထားတယ်ဆို မမှားပါဘူး။ Eraser shot ၊ Sound shot ၊ dual video recording တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဗီဒီယိုရိုက်ကူးခြင်းမှာ HTC One ထက် များစွာ သာလွန်ပေမယ့် ဓာတ်ပုံပိုင်းမှာတော့ HTC One ရဲ့ အလင်းစွမ်းအားမြင့် Ultrapixel ကင်မရာက နှာတစ်ဖျား သာသွားတယ်လို့ ထင်ပါတယ်။

လှုပ်ရှားမှုဖြင့် ထိန်းချုပ်လုပ်ဆောင်ခြင်း

Samsung Galaxy S4 မှာ အသစ်စက်စက် လုပ်ဆောင်ချက်တွေအဖြစ် Air Gesture နဲ့ Air View တို့ ပါဝင်လာပါတယ်။ ဒီ ၂ ခုဟာ ဘာတွေလဲဆိုရင် ဝက်ဘ်ဆိုဒ်တွေ ၊ ဓာတ်ပုံတွေကို သင်၏လက်အား လှုပ်ရှားရုံဖြင့် ဖုန်းမျက်နှာပြင်အား ထိတွေ့စရာမလိုပဲ ထိန်းချုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Air Gesture ကို အသုံးပြုမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လက်ကို လှုပ်ရှားရမှာ ဖြစ်ပြီး မျက်နှာပြင် ပိုကြီးတဲ့ tablet များမှာ ပိုပြီးတော့ အသုံးဝင်ပါတယ်။ ဒါပေမယ့် သုံးနေကျသွားတဲ့ အခါမှာတော့ လွန်စွာလွယ်ကူပြီး အသုံးတည့်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပိုပြီး ထူးခြားတာကတော့ Air View ပါပဲ။ Air View နဲ့ အသုံးတည့်တဲ့ app အနည်းငယ်သာ လက်ရှိအချိန်မှာ ရှိသေးတဲ့အချက်ကတော့ စိတ်မကောင်းစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Air View ကို အသုံးပြုတယ်ဆိုရင် app icon (သို့) နာမည်ပေါ်မှာ လက်ညှိုးကို တင်ထားရုံနဲ့ preview ကြည့်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

အားလုံးက မျှော်လင့်ထားတဲ့အတိုင်း Galaxy S IV ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ဖုန်းတစ်လုံးဆိုတာ မမှားပါဘူး။ ဒါပေမယ့် မပြောင်းလဲတဲ့ အပြင်ပိုင်း ဒီဇိုင်းနဲ့ ပလတ်စတစ်ကာဗာတို့ကြောင့် အချို့သောသူများက ဝေဖန်မှုများ ရှိနေပေမယ့် ပေါ့ပါးပြီး ကိုင်တွယ်ရ လွယ်ကူခြင်းကလည်း ကောင်းမွန်တဲ့အချက် ဖြစ်နေပြန်ပါတယ်။

Galaxy S IV အဓိက အားသာတဲ့ အချက်တွေကတော့ ဖုန်းရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေဖြစ်ပြီး မြင့်မားတဲ့ပါဝါ၊ ကောင်းမွန်တဲ့ ကင်မရာ၊ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်နဲ့ ထူးခြားဆန်းသစ်တဲ့ နည်းပညာအသစ်တွေ ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။

Galaxy S IV ဟာ ၂၀၁၃ ရဲ့ အကောင်းဆုံး ဖုန်းတွေထဲမှာ နံပါတ် ၃ အတွင်းဝင်မှာ သေချာပေမယ့် နံပါတ် ၁ နေရာကိုတော့ ရရှိဖို့ မသေချာလှပါဘူး။ ဖုန်းဒီဇိုင်းထက် အတွင်းပိုင်း လုပ်ဆောင်ချက်ကို ပိုပြီးတန်ဖိုးထားတယ် ဆိုရင်တော့ Galaxy S IV ဟာ သင့်အတွက် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ဘူး ဆိုရင်တော့ ဒီဇိုင်းရော၊ လုပ်ဆောင်ချက်ပါ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ HTC One က ပိုပြီး သာလွန်နေတယ်လို့ ထင်မြင်မိပါတယ်။
---

Ref:
Myanmar Consumer Guide


Microsoft အနေနဲ့ Windows OS သုံး hardware တွေရဲ့ အရည်အသွေးကို စိတ်တိုင်းမကျလို့ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး tablet (Microsoft Surface) ကို ထုတ်လုပ်နိုင်ခဲ့တယ်ဆိုရင် Google အနေနဲ့ Android OS သုံး တစ်လုံးကို အေးအေးဆေးဆေးပင် ထုတ်လုပ်နိုင်မှာပါ။

မှန်ပါတယ်။ Google ရဲ့ Android OS သုံး ဖုန်းတွေရဲ့ ပင်မလိုင်းဖြစ်တဲ့ Nexus ဖုန်းများကို Google ရဲ့ ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေကိုတိုင် ပါဝင်ပြီး HTC ၊ Samsung စတဲ့ ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ မျိုးဆက် ၃ ခု ရှိခဲ့ပါပြီ။

အခုနောက်ဆုံးမှာတော့ Google ဟာ LG နဲ့ ပူးပေါင်းပြီး ယင်းရဲ့ ပင်မဖုန်းအဖြစ် Nexus 4 ကို အသက်သွင်း ဖန်တီးခဲ့ပြီး ဈေးကွက်တွင်းသို့ ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလတွင်းက ထွက်ရှိလာတဲ့ Nexus 4 ဟာ သေသပ်လှပတဲ့ ဒီဇိုင်း၊ အင်အားကြီးမားတဲ့ processor၊ ခန့်ညားတဲ့ မျက်နှာပြင်၊ အသုံးပြုရ လွယ်ကူပြီး ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Android 4.2 (Jelly Bean) တို့ကို ထည့်သွင်းထုတ်လုပ် ထားတဲ့အတွက် လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဖုန်းတစ်လုံးအဖြစ်နဲ့ အောင်လံလွှင့်ထူလျက် ရှိနေပါတယ်။

Google ရဲ့ မူပိုင် ပင်မ Nexus လိုင်းဟာ အကောင်းဆုံး Tablet တွေ ဖုန်းတွေကို ယူဆောင်လာပေလေ့ ရှိတဲ့အတိုင်း လက်ရှိအချိန်မှာလည်း Nexus 4 အပြင် ၇ လက်မအရွယ် Nexus 7 Tablet နဲ့ ၁၀ လက်မ အရွယ် Nexus 10 တို့ဟာလည်း အကောင်းဆုံး ပစ္စည်းများအဖြစ် ရှိနေပြီး iPad နဲ့ iPad Mini တို့ရဲ့ ဈေးကွက်ကို အကြီးအကျယ် ခြိမ်းချောက်နေပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

Nexus 4 ရဲ့ ဒီဇိုင်းဟာ သေသပ်လှပပေမယ့် ရင်သပ်ရှုမော်ဖွယ် ကောင်းလောက်အောင်တော့ မဟုတ်ပါဘူး။ လမ်းသွားရင်နဲ့ Nexus 4 ကို ထုတ်ပြီး ဖုန်းပြောရင် ပတ်ဝန်းကျင်ကလူတွေ ငေးမောမေးမြန်းခံရဖို့ မရှိပါဘူး။ တမူထူးခြားတဲ့ ပုံပန်းသဏ္ဍာန်းလည်း မရှိပါဘူး။

အမှန်တော့၊ Google ရဲ့ ရည်ရွယ်ချက်ကလည်း ဒါပဲပါ။ သပ်ရပ်လှပပြီး ခိုင်ခံကျစ်လစ်ကာ ကိုင်တွယ်အသုံးပြုရ လွယ်ကူတဲ့ (Ergonomic ဖြစ်တဲ့) ဒီဇိုင်းကို ဖန်တီးခဲ့တာပါ။ ဒါအပြင် ဒီဖုန်းဟာ LG က ထုတ်လုပ်ခဲ့ဖူးတဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုလို့ရပါတယ်။

မျက်နှာပြင် ကြီးမားတဲ့ ဖုန်းတွေကိုသာ သုံးစွဲသူတွေ စိတ်ဝင်စားတဲ့ ခေတ်ကာလမှာ Nexus 4 ရဲ့ ၄.၇ လက်မ မျက်နှာပြင်ဟာ သုံးစွဲသူတွေအတွက် အနေတော်ပဲလို့ ဆိုနိုင်ပါတယ်။ Nexus 4 နဲ့ ဆိုဒ်တူရွယ်တူ HTC One X+ နဲ့ ယှဉ်မယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ အနည်းငယ် ဝေဝါးသွားနိုင်ပါတယ်။

မမေ့ပါနဲ့။ Nexus ဖုန်းကို နှစ်သက်သူတွေကလွဲလို့ ဒီဖုန်းကို မြင်မြင်ခြင်းနဲ့ ဆွဲလမ်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။

မျက်နှာပြင်

Nexus 4 ရဲ့ မျက်နှာပြင်ဟာ 1280 x 768 အရွယ်ရှိပါတယ်။ အချိုးအစားက 5:3 ဖြစ်လို့ 16:9 အချိုးရှိတဲ့ ရုပ်ရှင်ကြည့်တဲ့အခါမှာ ဘေး ၂ ဖက်မှာ အမဲရောင်လိုင်း ၂ ခု မသိမသာ ပေါ်နေပါလိမ့်မယ်။ ဒါပေမယ့် အခြားကိစ္စတွေအတွက်တော့ လွန်စွာမှ ကောင်းမွန်တဲ့ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။

မျက်နှာပြင်ကို နာမည်ကျော် Gorilla Glass 2 မှန်သားပြင်နဲ့ ပြုလုပ်ထားလို့ အစင်းထင်မှာ စိုးရိမ်စရာမရှိပါ။ ပြီးတော့ Zerogap လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုထားလို့ Nexus 4 ကို သုံးစွဲရာမှာ iPhone 5 လိုပဲ လျင်မြန်လွယ်ကူပြီး မှန်သားနဲ့ မှန်သားပေါ်မှာ ပေါ်နေတဲ့ ရုပ်ပုံတွေအကြား “နေရာ ဟ” နေသလိုမျိုး မရှိတော့ပါဘူး။

စာလုံးတွေ ထင်ရှားပြတ်သားပြီး အဖြူအမဲ သိသိသာသာ ကွဲပြားပါတယ်။ ဒါပေမယ့် iPhone 5 ရဲ့ Contrast ကတော့ ပိုသာနေတာ အမှန်ပါပဲ။

HTC One X+ ရဲ့ မျက်နှာပြင်နဲ့ ဘေးချင်းယှဉ်ကြည့်ရင်တော့ One X+ ရဲ့ မျက်နှာပြင် ပုံထွက်က သဘာဝအရောင်နဲ့ ပိုနီးစပ်ပြီး နွေးထွေးတဲ့ ခံစားမှုကို ရရှိပါတယ်။ One X+ က ပုံထွက်လည်း ပိုပြတ်သားတယ်လို့ ထင်ရပေမယ့် Nexus 4 ရဲ့ မျက်နှာပြင်ကလည်း လွန်စွာမှ ကောင်းမွန်ပြတ်သားပါတယ်။

နောက်ဆုံးတစ်ချက်က Nexus 4 ဟာ မူရင်း Android OS ကို အသုံးပြုထားလို့ Homescreen ဟာ အနည်းငယ် ရှုပ်ထွေးနေတယ်လို့ ခံစားရပါတယ်။ HTC နဲ့ Samsung တို့ရဲ့ ပြုပြင်ထားတဲ့ User Interface (UI) ကို သွားသတိရမိပါတယ်။

စွမ်းဆောင်ရည်

Quad-core 1.5GHz Snapdragon အမြန်နှုန်းနှင့် 2GB RAM တို့ ထည့်သွင်းဖန်တီး ထားတာကြောင့် Nexus 4 ဟာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖုန်းတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၃၀၀ သာ ကျသင့်မှာ ဖြစ်တဲ့အတွက် ဈေးကွက်အတွင်းက အခြားသော တန်ဖိုးနိမ့် ဖုန်းများကို အလဲထိုးလိုက် သလိုပါပဲ။

ဒါကို Jelly Bean နဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းတဲ့ စွမ်းဆောင်ရည်ကို ရရှိမှာ ဖြစ်ပါတယ်။ Google Earth ကဲ့သို့ app ကြီးတွေ GTA III လို ဂိမ်းမျိုးတွေကို အထစ်အငေါ့ တစ်စုံတစ်ရာ မရှိပဲ စွမ်းဆောင်နိုင်ပါတယ်။

HD playback မှာလည်း 38 fps ထွက်ရှိပြီး Benchmark စမ်းသပ်တဲ့အခါမှာလည်း Galaxy Note 2 ၊ Galaxy S III နဲ့ iPhone 5 တို့ထက်တောင် အမှတ်များ နေခဲ့ပါတယ်။

မကောင်းတဲ့ အချက်တစ်ခုကတော့ စွမ်းဆောင်ရည် မြင့်မားတဲ့ ဖုန်းတွေမှာ ဖြစ်တတ်တဲ့ ထုံးစံအတိုင်း အပူချိန်တက်ခြင်းပါပဲ။ လုပ်ဆောင်ချက်ခြင်း အတူတူမှာတောင် Galaxy S III ထက်တောင် ပိုနွေးတယ်လို့ ခံစားရပါတယ်။

ဘက်ထရီသက်တမ်း

မကောင်းပါ။ တိုတိုနဲ့ ရှင်းရှင်းပါပဲ။ ရှေ့မှာ ပြောခဲ့တဲ့ အချက်တွေအတိုင်း အဆင့်မြင့်မားတဲ့ ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ ဘက်ထရီသက်တမ်း မရှိပါဘူး။ အထူးသဖြင့် HTC One X+ တို့ Nokia Lumia 920 တို့နဲ့ ယှဉ်လိုက်ရင် အပြတ်အသတ် ရှုံးသွားပါမယ်။

Nexus 4 ရဲ့ ဘက်ထရီဟာ ဖုန်းပြောမယ်၊ အင်တာနက်သုံးမယ်၊ သီချင်းနာထောင်မယ်၊ ဗီဒီယိုကြည့်မယ်ဆိုရင် ၃-၄ နာရီထက် ပိုမခံပါဘူး။ ဒါတောင် အသစ်စက်စက်မှပါ။ ပုံမှန် ဖုန်းပြောရုံ၊ အီးမေးလ်စစ်ရုံ ဆိုရင်တောင် မနက် ၉ နာရီ ကနေ ညနေ ၅ နာရီထိ ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ဘက်ထရီအပို၊ ဒါမှမဟုတ် charger ဆောင်ထားဖို့ လိုပါလိမ့်မယ်။

ကင်မရာ

8 Megapixel ကင်မရာဟာ ပြတ်သားကောင်းမွန်တဲ့ ပုံထွက်ကို ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ Galaxy S III ထက် မစိုသလောက် သာတယ်လို့တောင် ဆိုနိုင်ပါတယ်။

နေ့ခင်းပိုင်းမှာ ရိုက်ကူးတဲ့ ပုံတွေဟာ ထင်ရှားပြတ်သားပြီး အရောင်တောက်ပပါတယ်။ Nexus 4 အဓိက အားသာတာကတော့ အလင်းနည်းတဲ့ နေရာတွေမှာ ရိုက်ကူးခြင်းပါပဲ။

အခြားတစ်ဖက်မှာတော့ Nexus 4 ကင်မရာနဲ့ HD ဗီဒီယို ရိုက်ကူးတာကတော့ ပြောသလောက် မကောင်းလှပါဘူး။

နိဂုံး

Google ရဲ့ vision နဲ့ LG ရဲ့ ဖန်တီးမှုတွေကို ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ပင်မ Android Phone ဖြစ်တဲ့ Nexus 4 ဟာ အခြား Android ဖုန်းတွေ မှတ်ကျောက်တင်ခံရမယ် ဖုန်းဖြစ်လာဖို့ကနေ သီသီလေး လွဲခဲ့ရပါတယ်။ ကားချစ်သူတွေရဲ့ စကားကို ငှားပြီးပြောရင် Nissan GT-R အင်ဂျင်ကို Toyota Belta ထဲ ထည့်ပေးထား သလိုပါပဲ။

ဒါပေမယ့် လက်ရှိအချိန်မှာ Nexus 4 ဟာ စွမ်းဆောင်ရည်မြင့် တန်ဖိုးနည်း ဖုန်းဈေးကွက်ကို သိမ်းပိုက်ထားနိုင်ပါပြီ။ Galaxy S III နဲ့ မကွာခြားလှပေမယ့် HTC One X+ ထက်တော့ မသာပါဘူး။ ဒါပေမယ့် ဈေးနှုန်းက ဆုံးဖြတ်ပေးသွားပါမယ်လို့ ထင်ပါတယ်။

ကမ္ဘာအနှံ့က ဖုန်းကုမ္ပဏီတွေ ဒါမှမဟုတ် google.com/nexus ကနေ ဝယ်ယူရရှိနိုင်ပါတယ်။ ဈေးနှုန်းများကတော့ 8GB ကို ဒေါ်လာ ၃၀၀ နဲ့ 16GB ကို ဒေါ်လာ ၃၅၀ သာ ကျသင့်မှာ ဖြစ်တာကြောင့် Galaxy S III တို့ iPhone5 တို့ HTC One X+ တို့နဲ့ ယှဉ်လိုက်ရင် ပက်ပက်စက်စက်ကို တန်နေပါတယ်။


Ref & Thanks to Myanmar Customer Guide



ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ iPhone ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ iPhone 5S နဲ့အတူ iPhone 5C ကိုပါ Apple က မိတ်ဆက်ပေးခဲ့ပါတယ်။

iPhone 5C ကို Apple က ဆက်လက်ရောင်းချခြင်း မရှိတော့မယ့် iPhone 5 ရဲ့နေရာမှာ အစားထိုး ထုတ်လုပ်ထားတာပါ။ 5C မှာပါဝင်တဲ့ အချက်အလက်တွေဟာ iPhone 5 နဲ့ အနီးစပ်ဆုံး တူပါတယ်။ ဒါပေမဲ့ 5C က အနည်းငယ်လေးလံပြီး 64GB အမျိုးအစားနဲ့လည်း မရနိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်တွေက iPod ကို အရောင်မျိုးစုံနဲ့ တွေ့ခဲ့ရပေမယ့် iPhone ကိုတော့ အဖြူ၊ အမည်းနဲ့သာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ယခုအခါမှာတော့ iPhone 5C ကို ပန်းဆီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဖြူရောင်တို့နဲ့ ရရှိနိုင်ပါပြီ။

5C ရဲ့ နောက်ခံကိုယ်ထည်ကို တောက်ပတဲ့ polycarbonate နဲ့ ပြုလုပ်ထားတာပါ။ ဒါကြောင့် iPhone 5C မှာ ဖန်သားနဲ့ အလူမီနီယံတွေကို မြင်ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ 5C ရဲ့ screen အရည်အသွေးကိုတော့ Apple က လျှော့ပေါ့ထားခြင်းမရှိဘဲ Retina Display ကိုအသုံးပြုထားပါတယ်။

နောက်ပြီး 5C ကို iOS 7 နဲ့ အသုံးပြုနိုင်ပါတယ်။

ဖုန်းရဲ့ အောက်ခြေဘက်မှာ headphone minijack, microphone, Lightning connector နဲ့ built-in speaker တို့ကို တွေ့ရပါမယ်။

ကင်မရာကတော့ iPhone 5S လောက်ကောင်းမွန်ခြင်းမရှိပေမယ့် 5C နဲ့ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

Processor အနေနဲ့ လျင်မြန်တဲ့ A6 processor ကို အသုံးပြုထားတဲ့အတွက် lower-end ဖုန်းဖြစ်ပေမယ့် စွမ်းဆောင်ရည် မနိမ့်ပါဘူး။ ဒါ့အပြင် LTE ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

5C ရဲ့ စာချုပ်မပါ တန်ဖိုးက $549 ပါ။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $99 ဖြစ်ပြီး 32GB အတွက် တန်ဖိုးက $199 ဖြစ်ပါတယ်။ iPhone 5C ကို စက်တင်ဘာလ ၁၃ ရက်မှာ ကြိုတင်မှာယူ ထားနိုင်ပြီး စက်တင်ဘာလ ၂၀ ရက်မှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ စင်ကာပူနဲ့ ယူကေ တို့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: CNET
 အင်တာနက်ဂျာနယ် မှ ကူယူးဖော်ပြပေးထားပါတယ်..


မနေ့ညက ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Apple က iPhone 5S ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone 5S မှာ camera feature တွေ ပိုမိုပါဝင်လာပြီး processor ကိုလည်း အဆင့်မြှင့်ပေးထားပါတယ်။ ဒါ့အပြင် ရွှေရောင်နဲ့ပါ ရရှိနိုင်မှာဖြစ်တဲ့အတွက် Apple ပရိသတ်တွေကို ကျေနပ်မှု ရှိစေမှာပါ။

iPhone 5 ကို 16GB, 32GB နဲ့ 64GB ဆိုပြီး model သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ မီးခိုးရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။

iPhone 5S မှာပါဝင်လာတဲ့ feature သစ်ကတော့ Touch ID လို့ခေါ်တဲ့ လုံခြုံရေးစနစ်ဖြစ်ပါတယ်။ ၎င်းဟာ home button မှာ ထည့်သွင်းထားတဲ့ capacity sensor တစ်ခုဖြစ်ပြီး အသုံးပြုသူရဲ့ လက်ဗွေကို laser-cut sapphire crystal နဲ stainless steel detection ring တို့ကို အသုံးပြုကာ စစ်ဆေးပေးပါတယ်။

5S မှာ 8-megapixel camera ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် f/2.2 aperture, burst mode shooting နဲ့ image stabilization တို့လို အသုံးတည့်စေမယ့် feature တွေ ပါဝင်လာပါတယ်။ ဒါအပြင် အလင်းပေါ်မူတည်ပြီး camera flash ကို ချိန်ညှိပေးမယ့် True Tone လည်း ပါဝင်လာပါတယ်။

Processor အနေနဲ့ iPhone 5 ထက် ၂ ဆပိုမြန်တဲ့ 64-bit A7 processor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် M7 motion co-processor ကိုပါ အသုံးပြုထားပါတယ်။

Front-facing camera ကတော့ 1.2-megapixel camera ဖြစ်ပြီး 1,280x950 pixel resolution ဓာတ်ပုံတွေနဲ့ 720p HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

ဒီဇိုင်းအနေနဲ့ကတော့ iPhone 5 နဲ့ 5S ဟာ အလွန်ကွဲပြားခြင်း မရှိပါဘူး။ Lighting connector, 3.5mm နားကြပ်ပေါက်နဲ့ စပီကာ နှစ်ခု တို့ကို ဖုန်းရဲ့ အောက်ခြေမှာ ယခင်အတိုင်း တွေ့မြင်နိုင်ပါတယ်။

အရွယ်အစားကတော့ အမြင့် ၄.၈၇ လက်မ၊ အကျယ် ၂.၃၁ လက်မနဲ့ အထူက ၀.၃၀ လက်မဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၉၅ အောင်စ ပါ။

iPhone 5S မှာ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးထားပါတယ်။ Standby အနေနဲ့သုံးရင် ၁၀ ရက်အကြာ သုံးနိုင်ပြီး 3G သုံးရင် ၁၀ နာရီအကြာ သုံးနိုင်ပါတယ်။ 4G LTE, Wi-Fi နဲ့ အင်တာနက်သုံးတဲ့အခါ ၁၀ နာရီသုံးနိုင်ပါတယ်။ ဗီဒီယိုကိုလည်း ၁၀ နာရီအကြာ မနားတမ်းကြည့်နိုင်ပါတယ်။

iPhone 5S ကို စက်တင်ဘာလ ၂၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $199, 32GB အတွက် $299 နဲ့ 64GB အတွက် $399 ဖြစ်ပါတယ်။

Ref: CNET

credit:အင်တာနက်ဂျာနယ်

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget