Articles by "Latest News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

မိုဘိုင်းလ်ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံ အခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး စခန်းပေါင်း ၈၀၀၀ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန် မလိုကြောင်းသိရှိ ရသည်။ “Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စား ဖွယ် အရောင်းမြှင့်တင်မှု အစီအစဉ်များလည်း ပါဝင်ပါတယ်။ Sim Card ရောင်းချရာမှာ အသက်အရွယ် ကန့် သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိတဲ့သူတိုင်း လိုသလောက် ၀ယ်ယူနိုင်မှာပါ။ ဒါ့အပြင် Sim Card ကို ၀ယ်ယူလိုက်တာနဲ့ အဲ့ဒီ Sim Card ကို သင်ပိုင်ဆိုင်မှာပါ”” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ 

လက်ရှိကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက် သွယ်ရေးမှ ရောင်းချထားရှိသော Sim Card များ၏ စာချုပ်အရ မိုဘိုင်းလ်အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသား ထားရှိသည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေး စခန်း(၁၀၀၀) ကို တည်ဆောက် ပြီးနောက်ပိုင်းကာလများတွင် တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွား မည်ဖြစ်ပြီး ပထမဆုံး ဆက်သွယ်ရေးစခန်း ၁၀၀၀ ကိုတည်ဆောက်ခြင်းမှာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်
From: Myanmar Digital Life Journal

၂၀၁၂ တက္ကသိုလ် ၀င်တန်း အောင်စာရင်းအတွက် အွန်လိုင်းတွင် ကြည့်ရှုနိုင် ကြောင်း သိရပါတယ်--

အောက်ပါလင့်ကနေ သွားရောက် ပြီး တက္ကသိုလ် ၀င်တန်း အောင်စာရင်းကို မျှော်နေတဲ့ ညီလေး ၊ညီမလေးများ သွားရောက် ကြည့်ရှုနိုင် ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်နော်--

http://moemyanmar.net

~~ သွားခြင်းကောင်း ပြီး ပြန်ခြင်း ချမ်းမြေ့ ကြပါစေ ~~

Steel Jelly
Chief Editor Of www.fullpremiumnowfree.com

6.2.12
၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲပေးရန်အတွက် စိစစ်နေသည်ကို တွေ့ရစဉ်

ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခြင်းမှာ ဥပဒေအရ မညီညွတ်ဘဲ ၂၀၁၅ တွင် ၎င်းတို့အား မဲပေးခွင့်ပြုခြင်းကို စိစစ်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
ယင်းဝှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေ ငါးသိန်းကျော်ရှိကြောင်း သိရသည်။
အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု ဆိုသည်။
ဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ နိုင်ငံသားအဖြစ် တရားဝင်မှု မရှိကြောင်းနှင့် မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများဘက်မှ စာဖြင့်ရေးသား တိုင်တန်းမှုများ ရှိသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေသည်။

နိုင်ငံသားဖြစ်ခွင့် မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့ အခါကျရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီ ထောင်ခွင့်တို့ ပေးခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ် . . .

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပြုရန် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားရန်ရှိကြောင်း ဦးအေး သာအောင်က ပြောကြားသည်။
''အဓိကအနေနဲ့ နိုင်ငံသားဖြစ်မှု ဥပဒေကို ကိုးကားပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တင်ပြသွားမယ်'' ဟု ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ဆိုသည်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေတွင် မရှိကြောင်း၊ နိုင်ငံသား အခွင့်အရေး ချပေးထားခြင်းများကို နိုင်ငံသား ဥပဒေတွင်ပါသော စည်းကမ်းချက်များနှင့်ညီ၊ မညီကို စစ်ဆေးရမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ဥပဒေကြောင်းအရ တင်ပြသွားမည်ဟု ပြောကြားသည်။
''နိုင်ငံသားဖြစ်ခွင့် မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့အခါကျရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို သုံးသပ်ဖို့လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီထောင်ခွင့်တို့ ပေးခဲ့ရင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုလည်း ထိခိုက်စေတယ် ဆိုတာကို ကျိုးကြောင်းဆီလျော်စွာ တင်ပြသွားဖို့ရှိတယ်'' ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါသော ယာယီသက်သေခံကတ် ဆိုသည်ကို ဥပဒေကြောင်းအရ ခိုင်လုံခြင်းရှိ၊ မရှိကို မေးခွန်းထုတ်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော်ဥပဒေများအရ အဆိုပါ အသုံးအနှုန်းအား ဥပဒေကြောင်းအရ ပေးထားသည်ကို ပယ်ဖျက်ပေးရန် ကြိုးစားသွားမည်ဟုလည်း ဒေါက်တာအေးမောင်က ပြောကြားသည်။
အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး အမြင့်ဆုံးစံ နမူနာပြသည့် နိုင်ငံမျိုးတွင်ပင် အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မရှိဘဲ မြန်မာနိုင်ငံတွင် ၀ှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုထားသည့် အချက်မှာ ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
''၀ှိုက်ကတ်ဆိုတာ Green Card ကတ်ထက်တောင် နိမ့်သေးတယ်။ တကယ်တော့ ၀ှိုက်ကတ်ဆိုတာ ဒီမှာရောက်နေတယ် ဆိုတာကို မှတ်ပုံတင်ထားတာ။ ဘယ်က ရောက်လာသလဲ မသိဘူး။ ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေကို စိစစ်ပြီး နိုင်ငံသားပေးလို့ ရမလား၊ မရဘူးလား စိစစ်ရမယ်။ အခုက ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေက မဲပေးခွင့်ရနေတော့ နိုင်ငံသား ဟုတ်တာတွေ၊ မဟုတ်တာတွေ ရောနေတာပေါ့'' ဟု ဦးဇော်အေးမောင်က ဆိုသည်။
ယင်းအချက်များနှင့် ပတ်သက်၍ ၀ှိုက်ကတ်နှင့် သုံးခေါက်ချိုးကတ် ကိုင်ဆောင်ထားသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စိစစ်ပေးသွားရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ဦးဇော်အေးမောင်က ပြောကြားသည်။

FPNF{စွယ်စုံဆိုဒ်} Thanks To Eleven Meidia Group for its Grate Work !

Photo: HTC One ကို Google Edition အဖြစ်ထုတ်လုပ်ဦးမည်
===============================

နိုင်ငံတကာဈေးကွက်တွင် Galaxy S4 နှင့်အပြိုင်ဈေးကွက်ချဲ့ထွင်နေသော HTC One ဟန်းဆက်ကို Stock Android OS ထည့်သွင်းထားသော Google Edition အဖြစ်ဆက်လက်ထုတ်လုပ်ဦးမည်ဟု သိရသည်။
4 Megapixels သာပါရှိသော်လည်း ရုပ်ထွက်အရည်အသွေးတွင် iPhone 5 ကိုပင်ယှဉ်နိုင်စွမ်းရှိသော Ultrapixel ကင်မရာနည်းပညာသစ်ပါရှိသည့် HTC One သည် အလွန်အကျူးပြုပြင်ထားသည်ဟု ပညာရှင်အများစုက ယူဆနေသော Sense UI ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် လူကြိုက်နည်းနေခြင်းကို ကာမိစေရန် ဤသို့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ 
ထုတ်လုပ်သူများကပြုပြင်မထားသော ပင်ကိုယ် Android OS ကိုသုံးစွဲရသည့်ခံစားချက်ကို ပေးစွမ်းနိုင်မည့် Stock Android သုံး ဟန်းဆက်များကို Google က HTC, Samsung, LG အစရှိသော ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ Nexus ဟန်းဆက်စီးရီးအဖြစ်ထုတ်လုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ Google I/O ညီလာခံတွင် Nexus အသစ်ကို မကြေညာခဲ့ဘဲ Stock Android OS သုံး Galaxy S4 ကိုသာကြေညာသွားခဲ့ကြောင်း သိရသည်။ Galaxy S4 မှာ လက်ရှိတွင် Feature အစုံလင်ဆုံး Android ဖုန်းဖြစ်လျက်ရှိသော်လည်း ၄င်း၏ သွင်ပြင်အများစုမှာ ပြုပြင်ထားသော TouchWiz UI ကြောင့်ဖြစ်ရာ Stock Android 4.2.2 ဖြင့်ထွက်ရှိမည့် Galaxy S4 Google Edition သည် အားသာချက်မရှိလှကြောင်း၊ ကင်မရာပိုင်းကောင်းမွန်၍ အကောင်းစား ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် HTC One ကအားသာနိုင်ချေရှိကြောင်း သုံးသပ်သူများက ဆိုသည်။
Galaxy S4 Google Edition ကို လက်ရှိတွင် ဒေါ်လာ ၆၅၀ ဖြင့်အမေရိကန်ပြည်ထောင်စုတွင်ရောင်းချလျက်ရှိသည်။

--
မင်းညီညီချမ်း
DL Tech Club

အစိုးရ တပ်ဖွဲ့၏ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုသည် အပစ်ရပ်ရေးကို ထိခိုက်နိုင်

Sunday, 19 May 2013

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့်အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုးပြင်း ကျေးရွာ အုပ်စု ကြည်တော် ကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ မနက်ပိုင်း၌ ပြင်းထန်စွာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ တိုက်ပွဲက (၃) နာရီလောက် ဖြစ်တာ အမှန်ပါဘဲ။ အစိုးရ တပ်တွေက အကြောင်း မကြားဘဲနဲ့ နယ်မြေ စိုးမိုးရေး လုပ်တာကိုးဗျ။ နယ်မြေခံ တပ်တွေနဲ့ ဖြစ်တာပေါ့။ တကယ်တော့ အပစ်အခတ် ရပ်စဉ်တုန်းက ပြောထားပါတယ်။ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို သွားကြရမယ် ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကြောင်းကြားပေါ့ ပြောထားတယ်။ ဒါပေမဲ့ အစိုးရ ဖက်က မလိုက်နာတော့ တိုက်ပွဲတွေ ဖြစ်ကြမှာဘဲ။ အခုလည်းဘဲ ဘယ်တပ်နဲ့ ဖြစ်မှန်းကို မသိတာ” ဟု ဆိုပါသည်။

KNU မှ ၄င်းတို့ ရင်ဆိုင်နေရဆဲ အခက်အခဲများကို နော်ဝေး အစိုးရအား တင်ပြ

Sunday, 19 May 2013

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသော စခန်းဆင့် (၃) ရပ်၌ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးMr. Torgeir Larsen နှင့် ခေတ္တ တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။

“ အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အရေးကြီးတဲ့ အခက်အခဲ (၃) ခု ရှိနေတယ်။ အဓိက ကတော့ အပစ် အခတ် ရပ်စဲတဲ့နေရာမှာ Cord of ethic (ကျင့်ဝတ်) တွေ ရှိရမယ်။ ပြီးတော့ အပစ်ရပ်တဲ့ နေရာမှာ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုတယ်။ ဒီတော့ တပ်နေရာတွေ ပြန်ချဖို့ လိုအပ်တယ်။ ပြီးတော့ တခါ အပစ်လည်း ရပ်လိုက်ရော အဲဒီ အပစ်ရပ်တဲ့ ဒေသမှာ မြေသိမ်းမှုတွေ တခါထဲ ဖြစ်လာတော့ တာပါဘဲ။ ဒါကို အစိုးရနဲ့ ဆွေးနွေးတဲ့နေ ရာမှာ အဲဒီ အခက်အခဲတွေ ရှိနေဆဲလို့ နော်ဝေး အဖွဲ့ကို ကျနော် တင်ပြလိုက်တယ်” ဟု ဆိုပါသည်။

စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာရှိ စိမ်းပြာရေညှိ ထုတ်လုပ်သော ရေခါးအင်းအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

ကမ္ဘာပေါ်တွင် စိမ်းပြာရေညှိကို အာဖရိက၊ မက္ကဆီကိုနှင့် မြန်မာနိုင်ငံတို့တွင်သာ စိမ်းပြာရေညှိ ထွက်ရှိရာ မြန်မာနိုင်ငံမှ စိမ်းပြာရေညှိ အထွက်နှုန်းမှာ ထက်ဝက် ကျဆင်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စိမ်းပြာရေညှိကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ အဓိက ထွက်ရှိလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မြစ်ရေတင် စီမံကိန်းများကြောင့် ယင်းဒေသရှိ စိမ်းပြာရေညှိ ထွက်ရှိရာ တွင်းတောင်အင်းအတွင်းသို့ မြေအောက်ရေများ ၀င်ရောက်လာကာ စိမ်းပြာရေညှိ အထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေကြောင်း၊ မကြာမီ နှစ်အနည်းငယ်အတွင်း စိမ်းပြာရေညှိများ ပျောက်ကွယ်သွားနိုင်ကြောင်း ရေညှိပညာရှင် ပါမောက္ခ ဒေါက်တာဦးမင်းသိန်းက ပြောကြားသည်။

''ကမ္ဘာပေါ်မှာ စိမ်းပြာရေညှိထွက်တာ မြန်မာနိုင်ငံ အပါအ၀င် သုံးနေရာပဲရှိတယ်။ အခုဆိုရင် မြန်မာနိုင်ငံက စိမ်းပြာရေညှိ ထွက်ရှိမှုက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတယ်။ လက်ရှိအခြေအနေကို ထိန်းသိမ်းမထားရင် မကြာခင်မှာ ရှိပြီးသား စိမ်းပြာရေညှိဟာ မြန်မာနိုင်ငံက ပျောက်ကွယ်သွားနိုင်ပါတယ်'' ဟုလည်း ပါမောက ဒေါက်တာဦးမင်းသိန်းက ပြောကြားသည်။

iphone, ipod, ipad, android, windows RT ဖုန်းတွေ Tablet တွေကနေ PC, Laptop, Notebook, Macbook တို့ကို Remotely လှမ်းပြီး ထိန်းချုပ်မယ်

Copyright © Steel Jelly {www.fullpremiumnowfree.blogspot.com}
*******************

တကယ်ပဲ မိမိရဲ့ ဖုန်း {Android Or iOS Or Windows RT } ကို သုံးပြီးတော့ ကဲ Mac Book PC ရော Windows PC ရော, Linux ကိုပါ ကြိုက်သလို ထိန်းချုပ်လို့ရပါတယ်ဗျာ---

Android ဖုန်းနဲ့ Mac Book Or Windows Or Linux ကို ထိန်းချုပ်လို့ရပါတယ်--
iOS ရော Windows ဖုန်းနဲ့လဲ Windows ရော Mac Book ရော Linux ကိုပါ ထိန်းချုပ်လို့ရပါတယ်--

Application လေး နာမည်က တော့

Photo: တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက်ရ

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက် ရကြောင်းနှင့် ၎င်းတို့သည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် မြင့်တက်လျက်ရှိသော တင်းမာမှုများ အား အဖြေရှာရာတွင် အောင်မြင်မှု မရနိုင်ကြောင်း တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ကင်ဟန်ဂီ က မေလ ၈ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတော် ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် အတွက် အစောပိုင်းက တောင်းဆို ထားမှုကို ရည်ညွှန်း၍ မိမိတို့ပါတီ အနေဖြင့် ကိုရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှု ပြန်လည် ထိန်းသိမ်း နိုင်ရန်အတွက် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း ကင်က ပြောကြားခဲ့ပါသည်။ ပတ်ဂွမ်ဟေး အစိုးရ အနေဖြင့် ယခင် လီမြောင်ဘတ် အစိုးရ၏ အောင်မြင်မှု မရှိသော မူဝါဒများအား ပြန်လည် အသုံးမပြုရန် မိမိက မျှော်လင့် ထားကြောင်း ကင်က ထပ်မံ ပြောကြားခဲ့ပါသည်။

http://bit.ly/12gjwZN
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက်ရ

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက် ရကြောင်းနှင့် ၎င်းတို့သည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် မြင့်တက်လျက်ရှိသော တင်းမာမှုများ အား အဖြေရှာရာတွင် အောင်မြင်မှု မရနိုင်ကြောင်း တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ကင်ဟန်ဂီ က မေလ ၈ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတော် ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် အတွက် အစောပိုင်းက တောင်းဆို ထားမှုကို ရည်ညွှန်း၍ မိမိတို့ပါတီ အနေဖြင့် ကိုရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှု ပြန်လည် ထိန်းသိမ်း နိုင်ရန်အတွက် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း ကင်က ပြောကြားခဲ့ပါသည်။ ပတ်ဂွမ်ဟေး အစိုးရ အနေဖြင့် ယခင် လီမြောင်ဘတ် အစိုးရ၏ အောင်မြင်မှု မရှိသော မူဝါဒများအား ပြန်လည် အသုံးမပြုရန် မိမိက မျှော်လင့် ထားကြောင်း ကင်က ထပ်မံ ပြောကြားခဲ့ပါသည်။

မြ၀တီ

Photo: ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်

ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။

Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။

အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် နိုင်ငံတကာ ကားကုမ္ပဏီများ၊ ယာဉ်အပိုပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ယခုဒုတိယ လေးလပတ်အတွင်း အမေရိကန်အခြေစိုက် Ford ကားကုမ္ပဏီနှင့် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီတို့၏ တရားဝင် ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ကြမည်ဖြစ်သည်။

ထို့ပြင် ဂျပန်အခြေစိုက် Toyota၊ Nissan၊ Honda၊ Suzuki ကုမ္ပဏီ တို့ကလည်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်ကာ Mitsubishi ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဂျာမနီအခြေစိုက် Bosch ကုမ္ပဏီကလည်း ယခုလအတွင်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာ ဖွင့်လှစ်မည်ဖြစ်သည်။ BMW ကားကုမ္ပဏီသည် မြန်မာဈေးကွက်တွင် လူကြိုက်များသော ထိပ်တန်းအမှတ်တံဆိပ် ဖြစ်သည်။ BMW ကို ၁၉၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြူးနစ်မြို့တွင် အခြေစိုက်ထားသည်။ BMW သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ အဓိကထုတ်လုပ်ပြီး Rolls-Royce နှင့် Mini ကဲ့သို့ ကမ္ဘာကျော် ကားကုမ္ပဏီ အချို့ကိုလည်း ပိုင်ဆိုင်သည်။

BMW ကားကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၎င်း၏ ကားမော်ဒယ် အချို့မှာ 1 - 7 စီးရီး မော်ဒယ်များ၊ X1၊ X3၊ X5၊ X6၊ Z4၊ M3၊ M5၊ M6၊ X5M၊ X6M တို့ဖြစ်သည်။

စင်္ကာပူဖီး

ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။

Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။

အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ် ရောင်း ချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမ အကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင် တွင် ရောင်း ချနိုင် မည်ဟု မျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအတည်ပြုသည်။ ယင်းကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ဖုန်းလိုင်း မမိသည့် နေရာများနေသဖြင့် GSM ဖုန်းများကိုသာ အမြန်ဆုံး ရောင်းချပေးစေလိုကြောင်း မန္တလေးတိုင်းဒေသ ကြီး ညောင်ဦးမြို့ နယ်နေ ဒေသခံ တစ်ဦးက ပြောကြားသည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တပ်ဆင်သည့် CDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းကတ် သုံးသိန်းငါးသောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် မဲဖောက်ရောင်းချပေး ခဲ့သော် လည်း ပြင်ပဈေး ကွက်တွင် ယင်းဖုန်းလိုင်း ကတ်များမှာ နေရာကိုလိုက်၍ ကျပ်သုံးသောင်းဝန်းကျင်မှ ကျပ်ခြောက်သောင်း ဝန်းကျင် အထိ ဈေးမြင့် တက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် The Voice Daily သတင်း စာတွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

Go To Site >> 
http://www.fullpremiumnowfree.com/2013/05/1500sim.html

Photo: ယနေ့ည (၈)နာရီ မှာ ပြောတဲ့ ရခိုင်ပြည်နယ်အရေးနဲ့အစီရင်ခံစာဆိုင်ရာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပြည့်အစုံ
Monday, May 6, 2013

သမ္မတရုံး ၀က်ဆိုက်မှာ ဖော်ပြတဲ့ ဦးသိန်းစိန် မိန့်ခွန်း အပြည့်အစုံမှာ .

ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင် ရွက်နေ တဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ စနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက် စီးပွားရေး ရှင်သန်သော ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက် ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံ သား တစ်ဦးချင်း စီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ အမှား မခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့ အတွက် စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။

ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြား လိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ပါတယ်။

ယင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါ တယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေစနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြထား တာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင် တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေ မှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန်နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။

ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့ အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်းမိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ် မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။

မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရ ဟာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည် မှု နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း ပြောကြားလိုပါတယ်။

ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများ ကို ပိုမို ကြီးထွားစေခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်း ဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင် များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများအကြားမှာလည်း သမိုင်းနဲ့ချီတဲ့လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီး ချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်နဲ့အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများအဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များ အနက် အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသ တည်ငြိမ်
အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေစိုးမိုးရေး အစီအမံများ ချမှတ်
ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ် များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့်အနေ နဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိ ကျကျ လိုက်နာဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။

ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။

ပဋိပက္ခများကြောင့်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက် လည်း ကယ်ဆယ်ရေး၊ ကူညီ
စောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များအာဟာရ ပြည့်ဝစေရေး၊ စိတ်ပိုင်း ဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်
မွေး ဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များမှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။

ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့ အတွက် ဒေသ တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခု လုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးဝါးမလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံသား ဖြစ်ခွင့်ရှိသူ များ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များ ကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လူမှုရေးသဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အကြံပြုချက် များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့်အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက်များနဲ့ အခြား
ဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံ မဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံ ဖွဲ့စည်းပေးခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး စတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူ
ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံ သုံးသပ် ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်း များနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ် ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အတွင်း မှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်း စာနာ
ထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များ ကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့အစီရင်ခံစာဆိုင်ရာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပြည့်အစုံပြောကြား

သမ္မတရုံး ၀က်ဆိုက်မှာ ဖော်ပြတဲ့ ဦးသိန်းစိန် မိန့်ခွန်း အပြည့်အစုံမှာ .

ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင် ရွက်နေ တဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ စနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက် စီးပွားရေး ရှင်သန်သော ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက် ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံ သား တစ်ဦးချင်း စီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ အမှား မခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့ အတွက် စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။

ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြား လိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ပါတယ်။

ယင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါ တယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေစနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြထား တာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင် တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့်

Photo: မြစ်ကြီးနားမြို့တွင် ပေါ်တော်မူဘုရား ပွင့်တော်မူခြင်း
✽✿✽✿✽✿✽✿✽✿✽✿✽✿✽✿✽✿✽✿✽✿✽✽✿

မြစ်ကြီးနားမြို့ ဇီးကျွန်းရပ် ရှမ်းလင်မယား နှစ်ယောက်မှ မြစ်ဆိပ်တွင် လှပသောကျောက်တုံး တွေ့၍ အိမ်သို့ယူဆောင်လာခဲ့ပြီး ညရောက်လျှင် ၄င်းကျောက်တုံးပေါ်၌ ဘုရားမီးပူဇော်ရာတွင် ရောင်ခြည်တော်များဖြာထွန်းလာသဖြင့် ကျောက်တုံးအားပွတ်တိုက်ကြည့်ရာ ဘုရားပုံရေးရေးတွေ့၇ှိခဲ့ပါသည်
၎င်းကျောက်တုံးအား ကျွမ်းကျင်သော ကျောက်သွေးဆရာ( ရန်ကြီးအောင်ရပ်ကွက်သို့ ) ယနေ့ ၄-၅-၂၀၁၃ ရက်နေ့ စနေနေ့တွင် လာရောက်ဆောင်ရွက်ရာ ပုံပါအတိုင်း မြတ်စွာဘုရားအားဖူးမျှော်တွေ့ရှိရသဖြင့် ရန်ကြီးအောင်ဈေးမှ လူအများဖူးမျှော် ကြည်ညိုခဲ့ရပြီး ဓါတ်ပုံများရိုက်ကူး ခဲ့ကြောင်း သိရှိရပါသည်။

အကြံအဖန်မဟုတ် အမှန်အကန်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
------------------------------------------------------------------------------------
“သတင်း နဲ့ သီချင်း ကြိုက်သူများ အတွက်” မှ ကူးယူဖေါ်ပြသည်။
မြစ်ကြီးနားမြို့မှ ပေါ်တော်မူဘုရား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တွင်ယနေ့(6-5-2013)နေ့ ညသန်းခေါင်းယံ အချိန်ကျော်တွင် မုန်တိုင်းဝင်ရောက်မည်ဟု သတိပေးချက်

Monday, May 6, 2013
အဆိုပါသတိပေးချက်များကို မုံရွာမြို့ပေါ်ရှိရပ်ကွက်များတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ မုံရွာမြို့နယ်ရုံး၏ညွန်ကြားချက်အရ ရပ်ကွက်အတွင်းသို့ လော်စပီကာများဖြင့် လိုက်လံကြေငြာပေးလျှက်ရှိနေ ကြောင်း သလ္လာဝတီတိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိရပါသည်။
သလ္လာဝတီတိုင်းမ်သတင်းဌာနမှ မိုးလေ၀သနှင့်ဇလဗေဒပညာရှင်
ဒေါက်တာထွန်းလွင်အား တယ်လီဖုန်းဆက်၍မေးမြန်းခဲ့ရာတွင် ဆရာဦးထွန်းလွင် အိပ်ခန်းတွင်အနားယူနေပြီဖြစ်ကြောင်း ၄င်း၏တပည့်များ များကဖြေကြားရာတွင် လက်ရှိတွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အနေအထား များ လုံးဝ(လုံးဝ)မတွေ့ရှိရသေးပါကြောင်း အချိန်ပြည့်စောင့်ကြည့်နေပါ
ကြောင်း ထူးခြားပါက ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ စိုးရိမ်ကြောင့်ကျမှုများ ကြီးစွာမဖြစ်ကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒေါက်တာဦးထွန်းလွင် ၏ တယ်လီဖုန်းနံပတ်များမှာ-01-561947 ။01-560938 တို့ ဖြစ်ကြောင်းလည်းသိစေအပ်ပါသည်ခင်ဗျား။

သီဟကျော်
အယ်ဒီတာချုပ်-သလ္လာဝတီတိုင်းမ်မီဒီယာဂရု

Photo: အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင်လက်ခံ ခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင်သွားရန် စီစဉ်လျက် ရှိသည်။

ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ်က ပြောကြားသည်။

အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက် မဲခွဲ၍ ပထမဆုံး အခြေချ နေထိုင်သူ များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြားနားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။ 

http://bit.ly/10duUlh
အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

From- မြ၀တီ

This Site Link >>

http://www.fullpremiumnowfree.com/2013/05/600.html

Photo: အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

မေလ ၆ ရက် ၂၀၁၃

မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုတွင် ဇိမ်ခံကားကြီးတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ အသစ်စက်စက် သတို့သမီး အပါအဝင် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ မော်တော်ကားကြီးသည် ဆန်ဖရန်စ္စကို၏ နယ်နိမိတ်အတွင်း တံတားကြီးတစ်ခုကို ဖြတ်သန်းစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

သေဆုံးသွားသည့် သတို့သမီး၏ အမည်ကို ရဲက မကြေညာခဲ့ဘဲ သူမသည် ပူပူနွေးနွေး လက်ထပ်ပွဲ ဆင်နွှဲထားပြီး သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပပြီးနောက် သေဆုံးသွားခြင်းဟု သူမ၏ ညီမဖြစ်သူက ပြောဆိုသွားသည်။ အဆိုပါ သတို့သမီးသည် ဇွန်လအတွင်း သူမ၏ ဇာတိနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ပြန်သွားကာ နောက်ထပ် မင်္ဂလာပွဲတစ်ပွဲ ဆင်နွှဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာ ဇိမ်ခံကားကြီးအတွင်း အမျိုးသမီး (၉)ဦး လိုက်ပါ စီးနင်းလာကာ ယာဉ်မောင်းမှာမူ အမျိုးသား ဖြစ်သည်။ စနေနေ့က ဖြစ်ရပ်တွင် မီးစတင် လောင်ကျွမ်းပြီးနောက် ကူးစက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်ဟု ခန့်မှန်းရကြောင်း မီးသတ်များက ဆိုသည်။ မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရသေးဟု အဝေးပြေးလမ်းမ လုံခြုံရေး အရာရှိ အာ့တ် မွန်တီရဲလ်က ပြောကြားခဲ့သည်။

"ဇိမ်ခံကားကြီးကို ကြည့်ရတာ ယာဉ်တိုက်မှုလို ဖြစ်ထားတဲ့ အရိပ်အခြေလည်း မတွေ့ရဘူး။ လောလောဆယ်တော့ ဒီကားကပဲ မီးစလောင်တယ်လို့ ယူဆထားပါတယ်"ဟု မွန်တီရဲလ်က ဆိုသည်။ "ယာဉ်မောင်းက ကားအပြင်ကို ထွက်လာနိုင်ခဲ့တယ်။ တချို့ ဖြတ်သွားဖြတ်လာတွေက ကားရပ်ပြီး အထဲမှာ ပိတ်မိနေသူတွေကို ကူညီ ဆွဲထုတ်ခဲ့ကြတယ်။ ခုထိတော့ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ မတွေးတတ်သေးဘူး။ လောလောဆယ်တော့ အားလုံးက စုံစမ်းစစ်ဆေးဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်"ဟုလည်း မှုခင်းဘက်ဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြုသွားခဲ့သည်။ 

Source: ABC News

Planet
အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

မေလ ၅ ရက် ၂၀၁၃
တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်း ပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ SSPP/SSA ပေးပို့မည်
************************************************
တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဇင်ထွန်းက ပြောသည်။

အဆိုပါ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံ ပေးပို့ရန် လာရောက်တိုင်တန်းထားသည့် ဖြစ်စဉ်များနှင့် အခြားဖြစ်စဉ်များကိုလည်း မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး ရရှိလာသော အချက်အလက်များကို စုဆောင်းပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် SSPP/SSA အဖွဲ့သို့ တပ်မတော်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ ဧပြီ ၂၉ ရက်တွင် လာရောက်တိုင်တန်းထားသော ဖြစ်စဉ်တစ်ခုအား စုံစမ်းရာ မှန်ကန်မှုရှိကြောင်း၊ အဆိုပါဖြစ်စဉ်မှာ တန့်ယန်းဒေသရှိ နမ့်ဖောင်တွင် တပ်စွဲထားသော တပ်ရင်းမှ တပ်မတော်သား ၁၀ ဦးသည် ပလောင်အမျိုးသမီး နှစ်ဦးအား အဓမ္မပြုကျင့်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းကိစ္စအား တိုင်တန်းမှု ပြုလုပ်ပါက ၎င်းတို့နေထိုင်သည့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း SSPP/SSA အဖွဲ့မှ ဦးစိုင်းဇင်ထွန်းက ဆိုသည်။

ထို့အပြင် ဒေသခံ ပြည်သူများသည် တန့်ယန်းဒေသရှိ နမ့်လောင်-မိုင်းတောင် ကားလမ်းတွင် တပ်စွဲထားသော တပ်ရင်းမှ တပ်မတော်သားများနှင့် လမ်းပေါ်တွင် တွေ့ဆုံပါက ခေါင်းငုံ၍ သွားရကြောင်းနှင့် ခေါင်းငုံ့၍ မသွားပါက ခေါ်ယူရိုက်နှက်မှုများရှိကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်း သိရှိရသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ၀န်ကြီးရုံး၊ ရုံးအဖွဲ့မှူးက မှတ်ချက်တစ်စုံတစ်ရာပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

From-Eleven Media Group

Photo: တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ
05 May 2013

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော
အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ များက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။ တောင်ကိုရီးယား နိုင်ငံသည် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ ဝယ်ယူ ခွင့်ကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အဆိုပြု ထားခဲ့သော်လည်း အမေရိကန် လွှတ်တော်၏ အတည်ပြုမှု မရရှိခဲ့ခြင်း ကြောင့် နှောင့်နှေး ခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဝမ် ၄၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ဝ၈ သန်း)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် လေးစင်းကို ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားရန် ကနဦး ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ အင်ဂျင် တစ်လုံးတပ် Global Hawk မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ကီလိုမီတာ အမြင့်မှ ပျံသန်းနိုင်စွမ်း ရှိပြီး နာရီပေါင်း ၃၆ နာရီကြာ အကွာအဝေး အားဖြင့် ၃ဝဝဝ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်း နိုင်သောကြောင့် ၎င်း အကွာအဝေးသည် မြောက်ကို ရီးယား တစ်နိုင်ငံလုံး အပြင် တရုတ်နှင့် အခြား အိမ်နီးချင်း နိုင်ငံများကိုလည်း ရောက်ရှိ ပျံသန်းနိုင်ကြောင်း သိရသည်။

From Myawaddy News

Photo: မန္တလေးက ရေဆင်းသောက်တဲ့ကား သူ့အမေလာခေါ်

မေလ ၅ ရက် ၂၀၁၃

ယနေ့ ညနေလေးနာရီခန့် မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား
အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင် မင်္ဂလာဆောင်သို့လာသော
မိသားစုခြောက်ဦးပါကားတစ်စီး ရေးဆိုးစွန့်မြောင်းထဲထိုးကျထဲသို့ ထိုးကျခဲ့သည်။

အဆိုပါကားမှာ မင်္ဂလာဆောင်သို့လာရောက်ခြင်းဖြစ်ပြီး ကားအား
မြောင်းဘက်သို့ ခေါင်းတည်ပြီးရပ်ထားရာ အပြန်တွင် နောက်သို့ဆုတ်ရာ
ရှေ့ဂီရာနှင့်နောက်ဂီရာမှားရ်ျ လီဗာပုတ်လိုက်ရာ ရှေ့မြောင်းထဲသို့ ထိုး ကျသွား ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ချို့က ပြောသည်။

ထို သို့ထိုးကျသွားခြင်းကြောင်း ကားပေါ်တွင် ပါဝင်သူ မိသားစုခြောက်ဦး လုံးအား ကြီးကြီးမားမားထိခိုက်ဒဏ် ရာရရှိတာမျိုးမဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တော်တော်ကံကောင်းပါတယ်။ ကားပေါ်မှာ ကလေးတွေလည်းပါတယ်။
ကလေးနှစ်ယောက်နဲ့ အပျို ပေါက်အရွယ်ကောင်မလေးနှစ်ယောက်ပါတယ်။

အဖေရယ်အမေရယ် ထင်တယ်။ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့မတွေ့ဘူး ဟု အဆိုပါ အမျိုးသမီးက ပြော သည်။

Thit Htoo Lwin blogမေလ ၅ ရက် ၂၀၁၃ကားကို သတိထား မောင်းပါ >> ကားမောင်းလျှင် အစဉ်သတိ အမြဲရှိပါ--

ယနေ့ ညနေလေးနာရီခန့် မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား
အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင် မင်္ဂလာဆောင်သို့လာသော
မိသားစုခြောက်ဦးပါကားတစ်စီး ရေးဆိုးစွန့်မြောင်းထဲထိုးကျထဲသို့ ထိုးကျခဲ့သည်။

အဆိုပါကားမှာ မင်္ဂလာဆောင်သို့လာရောက်ခြင်းဖြစ်ပြီး ကားအား
မြောင်းဘက်သို့ ခေါင်းတည်ပြီးရပ်ထားရာ အပြန်တွင် နောက်သို့ဆုတ်ရာ
ရှေ့ဂီရာနှင့်နောက်ဂီရာမှားရ်ျ လီဗာပုတ်လိုက်ရာ ရှေ့မြောင်းထဲသို့ ထိုး ကျသွား ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ချို့က ပြောသည်။

ထို သို့ထိုးကျသွားခြင်းကြောင်း ကားပေါ်တွင် ပါဝင်သူ မိသားစုခြောက်ဦး လုံးအား ကြီးကြီးမားမားထိခိုက်ဒဏ် ရာရရှိတာမျိုးမဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တော်တော်ကံကောင်းပါတယ်။ ကားပေါ်မှာ ကလေးတွေလည်းပါတယ်။
ကလေးနှစ်ယောက်နဲ့ အပျို ပေါက်အရွယ်ကောင်မလေးနှစ်ယောက်ပါတယ်။

အဖေရယ်အမေရယ် ထင်တယ်။ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့မတွေ့ဘူး ဟု အဆိုပါ အမျိုးသမီးက ပြော သည်။

Thit Htoo Lwin blog

(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ်)
(ဓာတ်ပုံ - ၀င်းမြင့်ကျော်)

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ဆွေးနွေးရန်အတွက် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီအချို့သည် မေ ၅ ရက် (ယနေ့) တွင် နေပြည်တော်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲ တက်ရောက်ရန် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို (MPC) မှ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားထားပြီး နံနက် ၁၀ နာရီတွင် တွေ့ဆုံသွားမည်ဖြစ်ကာ ရန်ကုန်မှ နံနက် ၄ နာရီတွင် MPC က စီစဉ်ပေးထားသော ကားဖြင့် သွားရမည်ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။

"လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် အကြံဥာဏ်တွေတောင်းချင်လို့ တွေ့မှာလို့ ပြောတယ်။ တစ်ပါတီကို တစ်ယောက် ဖိတ်တယ်" ဟု ၎င်းကပြောသည်။

ယခုတွေ့ဆုံပွဲကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ဘက်မှ စီစဉ်ခြင်းဖြစ်ပြီး မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC) မှတစ်ဆင့် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget