လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးရန် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီအချို့ နေပြည်တော်တွင် မေ ၅ ရက် တွေ့ဆုံမည်

(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ်)
(ဓာတ်ပုံ - ၀င်းမြင့်ကျော်)


လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ဆွေးနွေးရန်အတွက် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီအချို့သည် မေ ၅ ရက် (ယနေ့) တွင် နေပြည်တော်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲ တက်ရောက်ရန် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို (MPC) မှ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားထားပြီး နံနက် ၁၀ နာရီတွင် တွေ့ဆုံသွားမည်ဖြစ်ကာ ရန်ကုန်မှ နံနက် ၄ နာရီတွင် MPC က စီစဉ်ပေးထားသော ကားဖြင့် သွားရမည်ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။

"လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် အကြံဥာဏ်တွေတောင်းချင်လို့ တွေ့မှာလို့ ပြောတယ်။ တစ်ပါတီကို တစ်ယောက် ဖိတ်တယ်" ဟု ၎င်းကပြောသည်။

ယခုတွေ့ဆုံပွဲကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ဘက်မှ စီစဉ်ခြင်းဖြစ်ပြီး မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC) မှတစ်ဆင့် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း

MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့ကိုလည်း ဖိတ်ကြားထားကြောင်းနှင့် စုစုပေါင်း နိုင်ငံရေးပါတီ ၁၈ ပါတီသို့ ဖိတ်ကြားသည်ဟု သိရကြောင်း၊ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင် တွေ့ဆုံရမည်ဖြစ်ကြောင်း ပြောသည်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှလည်း ၎င်းတို့ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ကို ဖိတ်ကြားထားကြောင်း၊ မည်သည့်အကြောင်းအရာကြောင့် ဖိတ်သည်ဆိုသည်ကို မပြောကြောင်းနှင့် နံနက် ၄ နာရီတွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာမည်ဖြစ်ကာ စုရပ်အဖြစ် ၈ မိုင် ရွှေဘဲစားတော်ဆက်ရှေ့နှင့် မြေနီကုန်း ဒဂုံစင်တာရှေ့တို့တွင် သတ်မှတ်ထားကြောင်း ပြောသည်။

နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ မေ ၅ ရက်တွင် တွေ့ဆုံရန် MPC မှတစ်ဆင့် ဖိတ်ကြားမှုကို မေ ၄ ရက် နံနက်ပိုင်းကမှ နိုင်ငံရေး ပါတီများသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး ပါတီများကို တွေ့ဆုံခဲ့ခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ အပါအ၀င် ပါတီ ၁၄ ခုနှင့် ၂၀၁၂ ခုနှစ် သြဂုတ် ၄ ရက်က တွေ့ဆုံခဲ့သည်။

Original- Eleven Media Group
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget