ဥရောပ အခွန်သက်သာခွင့် ဇွန်လခန့်တွင် စတင်ရရှိမည် ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များ အီးယူစံနှုန်းအတိုင်း တင်ပို့ရန် စတင်ပြင်ဆင်

Photo: ဥရောပ အခွန်သက်သာခွင့် ဇွန်လခန့်တွင် စတင်ရရှိမည် ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များ အီးယူစံနှုန်းအတိုင်း တင်ပို့ရန် စတင်ပြင်ဆင်

ဥရောပသမဂ္ဂ၏ GSP အခွန်သက်သာခွင့် ဇွန်လခန့်တွင် စတင်ရရှိတော့မည် ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များ အီးယူ၏ သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း တင်ပို့နိုင်ရန် စီစဉ်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

"အီးယူက လာမယ့်ဇွန်လထဲမှာ GSP ပေးဖို့ လုပ်နေတယ်။ လက်ရှိမှာလည်း ဥရောပ ဈေးကွက်ကို ငါးပုစွန်တွေ တင်ပို့နေပါတယ်။ GSP ရလာရင်တော့ ပိုကောင်းပါတယ်။ အီးယူကပေးတဲ့ GSP မရခင်မှာ အဲဒီက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားသင့်တယ်။ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းတွေဖြစ်အောင် ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီကကြိုက်တဲ့ ပုံစံမျိုးလည်း ဖြစ်ဖို့လိုပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ နိုင်ငံများထဲတွင် ပါဝင်သည့် ယူကေ၊ အီတလီ၊ နယ်သာလန် နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အမေရိကန် နိုင်ငံမှလည်း မြန်မာနိုင်ငံကို GSP အခွန် သက်သာခွင့်ပေးရန် ဆွေးနွေးနေကြောင်း သိရသည်။

"အမေရိကန် ဈေးကွက်ကို လက်ရှိမှာ ငါးပုစွန်များ တင်ပို့နေပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေလည်း ပိတ်သိမ်းပြီး GSP ပါ ပေးမယ်ဆိုရင် ကောင်းပါတယ်။ အမေရိကန် ဈေးကွက်မှာ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တာပေါ့" ဟု ဦးဟန်ထွန်းက ဆက်လက်ပြောသည်။

GSP အခွန်သက်သာခွင့် ဇွန်လခန့်တွင် ရရှိတော့မည်ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များကို အခြားနိုင်ငံများနှင့်ယှဉ်ကာ အီးယူဈေးကွက်သို့ တင်ပို့နိုင်ရန် အီးယူ၏ စံနှုန်းများအတိုင်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

(ဓာတ်ပုံ - ပြည်ပသို့ တင်ပို့နေသည့် ဒေါပုံမြို့နယ်ရှိ ငါးအအေးခန်း စက်ရုံတစ်ရုံကို တွေ့ရစဉ်)

Original- Eleven Media Group
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget