Articles by "Sport"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ


စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၄ အမှတ် ၁၆ အား Download ရယူနိုင်ပါ >>

(ချန်ပီယံလိဂ် အထူးအချပ်ပို ပါရှိသည်)

Skip AD နှိပ်ရန် မလိုပါ။ အောက်ပါလင့်မှာ Download ပြုလုပ်ပါ။

http://www.mediafire.com/download/eke5pue344g0neg/First_Eleven_Vol14_No16.pdf

http://www.mediafire.com/download/c9t13y9atw94fzn/First_Eleven_Vol14_No16.pdf

https://app.box.com/s/ine7695lcbpge7oe97n7 https://app.box.com/s/d95771xvbbydhp8vohh4

https://www.dropbox.com/s/phacmoznr15qsj5/First%20Eleven%20Vol14%20No16.pdf?m





ဖိုင်နယ်ပွဲဖြစ်တာနဲ့အညီ မြန်မာ ယူ၂၃ နှင့် မလေး ယူ ၂၃နှစ်သင်းစလုံး ဖလားကိုင်မြောက်နိုင်ခွင့်အတွက် အစွမ်းကုန်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။
မြန်မာအသင်းကတော့ အဓိက ကစားများစုံလင်စွာနဲ့ ပွဲထုတ်လာခဲ့ပြီး၊ ချန်ပီယံမှတ်တမ်း တင်နိုင်ရေးအတွက် ယှဉ်ပြိုင်ကစားခဲ့သလို၊
မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇော်ဇော်ကလည်း ကိုယ်တိုင်တက်ရောက် ကြည့်ရှု့ အားပေးခဲ့တယ်လို့ သိရှိရပါသည်။

ပထမ ပိုင်းအစလောက်မှာ မြန်မာအသင်းက မလေးအသင်းဘက်ကို ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပေမဲ့၊ ပွဲချိန် ၁၀ မိနစ်အကျော်မှာတော့
မလေးအသင်း၏ တန်ပြန်ထိုးဖောက်မှုတွေကို ခံနေခဲ့ရပါတယ်။ မြန်မာနောက်တန်းတွေရဲ့  ဖြတ်ထုတ်မှု အနေအထားကလည်း ပရိတ်သတ်တွေအတွက်
ရင်ခုန်စရာဖြစ်စေခဲ့ပါတယ်။ မိနစ် ၃၀ လောက်မှာ မလေးရှားတိုက်စစ်မှုးမှ ဧရိယာထိပ်မှ ကန်သွင်းတဲ့ ဘောလုံးကို မြန်မာဂိုးသမား. ပြည့်ဖြိုးအောင်
ပုတ်ထုတ်ကာကွယ်ခဲ့ပေမဲ့ ထွက်လာတဲ့ ဘောလုံးကို မလေးရှားတိုက်စစ်မှုးက အသာအယာပိတ်သွင်းယူလိုက်တဲ့အတွက် မလေးအသင်းက ပွေဆော်ဦး ဂိုးကို ရယူလိုက်နိုင်ခဲ့ပါသည်.။
ဂိုးပေးရပြီးနောက် မြန်မာအသင်း တောင်ပံတွေကနေ ချေပဂိုးရရှိရေးအတွက် ထိုးဖောက်တိုက်စစ်ဆင်လာတာကို မြင်တွေ့ရပြီး၊ အဆုံးသတ် လိုအပ်မှု နဲ့ အခင်းအကျင်းလိုအပ်မှုတွေကြောင့်
ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီနောက်မှာလည်း မလေးအသင်း ဆက်တိုက်ဖိကစားလာပြီး ဂိုးသွင်းပြီးနောက် ထောင့်ကန်ဘော ၄ ကြိမ်လောက်တိတိ ဆက်တိုက်ကန်ရသည်အထိ
မြန်မာအသင်း ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပါသည်။ ဒီနေ့မလေးရှားအသင်းကတော့ အမြင့်တင်ဘော များနှင့် အသုံးပြုကစားတာလို့ တွေ့နိုင်ပါတယ်။ ပထမပိုင်းအပြီးမှာတော့
မလေးအသင်းက မြန်မာအသင်းကို ၁ ဂိုးအသာနဲ့ အနိုင်ရလဒ် ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိဖို့ ပိုမိုကြိုးစားယှဉ်ပြိုင်လာခဲ့ပြီး၊ ဒုတိယပိုင်း မိနစ် ၆၀ လောက်မှာ ကျော်ကိုကို တကိုယ်တည်း တောင်ပံကနေ ဆွဲပြေးကန်သွင်းယူခွင့်ရသည့် အခွင့်အရေးသာ
ဂိုးအဖြစ်ပြောင်းလဲ နိုင်ခဲ့မည်ဆိုရင် မြန်မာအသင်း ချေပဂိုးစောစောရနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ၆၅ မိနစ်လောက်မှာ ရန်အောင်ဝင်းနေရာမှာ သက်အောင်ကို ထည့်သွင်းပြီး တိုက်စစ် ကို ပိုမြင့်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဂိုးသမား ပြည့်ဖြိုးအောင် အသည်းအသန်ကာကွယ်နေရတာကို မြင်တွေ့ရသလို၊ နောက်တန်းကစားတွေကလည်း အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မိနစ် ၇၀ ကျော်မှာ မြန်မာအသင်း
အနေဖြင့် ချေပဂိုးရရှိဖို့အတွက် ကြိုးပမ်းယှဉ်ပြိုင်ခဲ့ပါတယ်။

အထူးသဖြင့်မြန်မာအသင်းဟာ မလေးရှားအသင်းရဲ့ တိုက်စစ်မှုး ၀မ်ဇက် နံပါတ် (၁၀) ရဲ့ထိုးဖောက်မှုတွေကို အသန်းအထန်ဖျက်ထုတ်နေရပြီး၊ မလေးအသင်းဟာလည်း
ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်းတို့၏ ထိုးဖောက်မှုကို အသန်းအထန်ဖျက်ထုတ်နေရပါတယ်။ ပွဲပြီးချိန် ကပ်လာနဲ့အညီ ဂိုးရရှိရေး အပြိုင်အဆိုင် ကြိုးစားနေကြတာမို့ ပွဲဟာကြည့်ကောင်းနေခဲ့ပါတယ်။ မိနစ် (၈၀) လောက်မှာ မလေးရှားအသင်းက နောက်တန်းခံစစ်သမားများကို အစားထိုး လဲလှယ်ကာ ဂိုးမပေးရရေး ခံစစ်တင်ခဲ့သသလို၊ မြန်မာအသင်းအနေဖြင့်လည်း အနိုင်ဂိုးသွင်းထားဖူးတဲ့ စိုးကျော်ကျော် ကို ၇န်လင်းအောင်နေရာမှာ အစားထိုးပြီး တိုက်စစ်မြင့်ခဲ့ပါတယ်။

ပွဲပြီးချိန် ၁ မိနစ်ခန့်အလိုမှာ မြန်မာ နောက်တန်းရှင်းထုတ်တဲ့ ဘောလုံးဟာ မလေးအလယ်တန်းကို ထိပြီး သူတို့တိုက်စစ်မှုးဆီကို ချပေးသလိုဖြစ်တာကြောင့်

အဆုံးသတ်သေချာတဲ့ မလေးရှားတိုက်စစ်မှုး ဖာဇိုင်း နံပါတ် (၁၅) က အသာအယာ သွင်းယူလိုက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မြန်မာအသင်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ၅ ကြိမ်မြောက် မာဒေးကားဖလားကို ကိုင်မြှောက်ခွင့်လည်း ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာအသင်းကတော့ ယနေ့ပွဲမှာ အကောင်းဆုံးအနေအထားနဲ့ ယှဉ်ပြိုင်ကစားခဲ့သော်လည်း ဒုတိယဆုနဲ့သာ ကျေနပ်နှစ်သိမ့်ခဲ့ရကြောင်းပါ...။ ရွှေတံဆိပ်အတွက် လိုအပ်သေးကြောင်း သင်ခန်းစာတွေလည်းရခဲ့ပါပြီ။ ဆက်လက်ပြီး ကြိုးစားအားထုတ်ဖို့လိုသေးသလို နောက်လာတော့မည့်အိမ်ကွင်းမှာတော့အကောင်းဆုံးယှဉ်ပြိုင်နိုင်ကာ...ဝေးကွာနေတဲ့ အမိ မြေအတွက် ရွှေမျှော်လင့်ချက်လေးကို အသက်သွင်းပေးနိုင်ကြစေချင်ကြောင်းကို အသိပေး သုံးသပ်မိရင်း နောက်ဆုံးဗိုလ်လုပွဲ မှတ်တမ်းတစ်ခုကို ရေးသားတင်ပြမိပါတော့သည်။



မိုးတိမ်
Football Café

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget