2013-09-29
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/1376614_473380736094578_1290118445_n.jpg
[Myanmar IP ဖြင့် Verifed PayPal ရယူရန် ငွေအရင်ရှာခြင်းတွင်ဖော်ပြထားသည်။]


အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော် Han Htet [Steel Jelly] အနေနဲ့ မကြာခင်ထွက်မဲ့ Myanmar IP နဲ့ Verified Pay Pal ရယူခြင်း နည်းလမ်းမှာ ပါဝင်မဲ့ Online ပေါ်မှ အကောင်းဆုံး ၀င်ငွေရှာနည်း ကို အခု ဖော်ပြပေးသွားမှာပါ။

မိတ်ဆွေတို့ အားလုံးပဲ သိထားသလိုပဲ Online ပေါ်မှာ ငွေရှာဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
နမူနာအားဖြင့် ..

အခု ခေတ်စားနေတဲ့ PTC [Paid To Click] နဲ့ ငွေရှာခြင်း၊


Download Link ရှယ်ပြီးတော့ ငွေရှာခြင်း၊


Website ကနေ ငွေရှာနည်း၊



Review ရေးပြီး ငွေရှာခြင်း၊


စသည်ဖြင့် အများအပြား ရှိပါတယ်။
ကျွန်တော်တို့တွေ စဉ်းစားရအောင် ဗျာ။ အဲ့ဒီ ငွေရှာနည်းတွေ ထဲမှာ အားလုံးက ငွေဝင်တာချည်း ပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး သော Online ပေါ်မှ ငွေဝင်နည်းသာကို လျှောက်လမ်းချင်ပါတယ်။
အမြန်ဆုံး ငွေဝင်နည်း ဆိုတာလဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ အားမပေးပါဘူး။ ဘာလို့လဲ ဆိုတော့ မိမိ ငွေ ကို တန်ဖိုးထားတတ်စေချင်သလို ရာသက်ပန်လဲ ငွေဝင်စေချင်တဲ့ အတွက် ကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအရာကသာ ကျွန်တော်တို့ကို ချောင်လည်စေမှာ မို့ပါ။

ကျွန်တော့် အနေနဲ့ အားလုံး ကို မချွင်း မချန် ဥာဏ်မီ သလောက် Online ပေါ်မှာ အားလုံးအတွက် အဆင်ပြေမဲ့ ငွေရှာနည်းကို ပြောပြပေးသွားပါ့မယ်။ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာ ဆိုသလိုပေါ့ဗျာ။

ပထမဆုံး အနေနဲ့ ကျွန်တော်တို့ စဉ်းစားရမှာက Online ပေါ်ကနေ ငွေဝင်ဖို့ပါ။ ငွေထွက်ဖို့ မဟုတ်ပါဘူး။ ဒါတော့ ကျွန်တော်တို့ အနေနဲ့ ထောင်မြင်လို့ ရာ စွန့်သင့် ရင် စွန့်ရမှာ ဆိုပေမဲ့ ဘာမှ မမြင်ပဲနဲ့တော့ ဘယ်အရာမှ စွန့်လွတ်ဖို့ မလိုပါဘူး။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ Online ပေါ်ကနေ ငွေရှာမယ် လို့ပဲ ပြောပါတယ်။ စမရှာ ရသေးဘူး။ MPT ကို ပေးနေရတယ် ဆိုရင် ကျွန်တော်တို့ အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော့် အနေဲ့ အကြံပြုချင်တာက  MPT Data Internet  [Mobile Data Network]နဲ့ Online ပေါ်မှာ ငွေမရှာစေချင်ပါဘူး။ ဒါပေမဲ့ ရှာချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ မှာ နည်းလမ်းရှိပါတယ်။

PTC ကတော့ Mobile Internet မိတ်ဆွေတို့ ကျွန်တော်တို့ အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ Internet လိုအပ်နေတဲ့ အတွက်ကြောင့်ပါ။

Website ကနေ ငွေရှာရင်ရော ??? ဒါက မိတ်ဆွေတို့ အပေါ်မှာ မူတည်ပါတယ်။ မိတ်ဆွေတို့ ရွေးချယ်တဲ့ Website က Blog လား၊ Web Application လား စသည်ဖြင့်ပါ။
Web Application ကတော့ ရှင်းပါတယ်။ ဥပမာ- Online ကနေ ငွေဖြည့်တဲ့ ဆိုဒ် လိုမျိုး၊ Search Engine Website လိုပေါ့၊ သူတို့ကတော့ မိမိက အရင်း အရင် ဆိုက်ရပေမဲ့ အကျိုး အမြတ် အများကြီး ရှိတဲ့ အမျိုးပါ။

ကျွန်တော်တို့လို မိတ်ဆွေတွေ အများစုကတော့ အရင်းအနှီး မရှိတော့ Blog ပေါ့ဗျာ။ စဉ်စားကြည့်ပါဦးဗျ။ MPT နဲ့ အဆင်ပြေလောက်လား မပြေလောက်လားဆိုတာ ။ ကျွန်တော့် အတွက်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ လို ချွေတာ တတ်မဲ့ သူဆိုရင်တော့ အဆင်ပြေပါတယ်။
စာရေးတာက Internet ရှိစရာမှ မလိုတာဗျာ။ ဒါပေမဲ့ File Share တဲ့ သူတွေကတော့ ပြဿနာရှိပါတယ်။
File Share တဲ့ Blog ထောင်တယ်ဆိုပေမဲ့ File ကို Upload လုပ်ရတာနဲ့ တင် Mobile Data က မိတ်ဆွေတို့ကို အဆင်ပြေမှာ မဟုတ်ပါဘူး။

ထိုနည်းအတူ Internet ပေါ်မှာ ပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာပဲဖြစ်ဖြစ် စာရေးတာက တော့ ၀င်ငွေရစေမှာအမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ MPT သမားတွေက PTC ထက် စာရေးပြီးသော်လည်းကောင်း၊ Blog ထောင်ပြီးသော်လည်းကောင်း ငွေရှာ လို့ပါတယ်။
ကျန်တဲ့ Fiber, ADSL , Redlink သမားတွေကတော့ မိမိကြိုက်တဲ့ နည်းလမ်းနဲ့ ငွေရှာနိုင်ပါတယ်။ :)

ငွေရှာတာကတော့ ဟုတ်ပါပြီ။ ကိုယ်လုပ်သလောက်ရော ငွေရသလား စဉ်းစားကြည့်ရပါမယ်။ ဥပမာဗျာ- စာသာရေးနေတယ် ငွေမရတာမျိုး၊ ရသင့်သလောက် မရတာမျိုး၊ မိမိ အချိန်တွေ အလကားဖြစ်သွားတာမျိုး၊ သူတစ်ပါး လက်ထဲ ပါသွားတာမျိုး၊ စတဲ့ ဆုံးရှုံး နစ်နာမှု တွေ ရှိနေရင် ကျွန်တော်တို့ အတွက် Online ပေါ်မှာ ငွေရှာဖို့ ဆိုတာ လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။

ရာသက်ပန် Professonal တစ်ယောက်လို ငွေရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်အနေနဲ့ ရှေ့က အောင်မြင်နေတဲ့ သူတွေ ရယ်၊ အခုလက်ရှိအောင်မြင် ကျော်ကြားနေတဲ့ သူတွေရယ်၊ သူတို့ ရဲ့ အတွေ့ အကြုံ၊ အကြံဥာဏ် နဲ့ ကျွန်တော့်ရဲ့ စဉ်းစားတွေးခေါ်ဥာဏ်ကို ပေါင်းစပ်ပြီးတော့ ဘယ်လို ပြုလုပ်သင့်တယ်  ထင်တာကို တင်ပြပေးသွားပါ့မယ်။ ဒီနည်းလမ်းဟာ ကျွန်တော်ကိုယ်တိုင်လဲ အခုမှ စတင်ကျင့်သုံးနေတာဖြစ်သလို အားလုံး အတွက်လဲ အသင့်တော် ဆုံး နဲ့ နှစ်ခြိုက် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Online ပေါ်မှ ငွေရှာမယ်ဆိုတော့ အဓိကက Website တွေနဲ့ ပတ်သက်ရတော့မှာ ပါ။ ကျွန်တော်အနေနဲ့လဲ မိမိ Website ကနေ အောင်မြင်အောင် ငွေရှာနည်း ပြောပြပေးသွားပါ့မယ်။

ကျွန်တော်တို့ ရာသက်ပန် Online ပေါ်ကနေ ငွေရှာလို့ရအောင် ဘယ်လိုလုပ်မလဲ ?????
ကျွန်တော့် ရဲ့ အဖြေကတော့ ......

  ငွေမရှာ ပါနဲ့။ အောင်မြင်မှု ကို ရအောင်လုပ်ပါ။ ငွေနောက်လိုက်လို့ သင်ငွေမရပါဘူး။ အောင်မြင်ကျော်ကြားမှု ကြောင့် သင် ငွေရပါလိမ့်မယ်။ သင် ငွေ နောက်လိုက်စရာ မလိုပါဘူး။ သင် သို့မဟုတ် သင့် Website အောင်မြင်ရင် ငွေကသင့်နောက်ကလိုက်လာပါလိမ့်မယ်။

အောင်မြင်ဖို့ အတွက် အလွယ်ဆုံးနည်းလမ်း တွေ အများကြီး ရှိပါတယ်။

သင့် Website ဟာ သူများနဲ့ မတူညီပဲ ထူးခြား ပြောင်မြောက်နေရမယ်။ သင့် Website ကို ကြည့်ရင် လူ လေးစားနေရမယ်။

သင့်ကို တော့ လူတွေ လေးစားဖို့ မလိုပေမဲ့ သင်က လူတွေနဲ့ ချစ်ခင်အောင် နေရပါမယ်။

အလွယ်ကူဆုံးကတော့ သူများတွေက ဒီဟာလုပ်ရင် သင် သူများလို လိုက် မလုပ်တာက အကောင်းဆုံးပါ။ Unique ဖြစ်ရပါ့မယ်။ သူများက Download Link ရှယ်ရင် လိုက်မရှယ်နဲ့ မပြောပါဘူး။

မိမိ ၀ါသနာ ပါရာ မိမိ သန်ရာကို မိမိနိုင်သလောက် အမြဲ လုပ်သွားဖို့ပါ။ ဥပမာ မိမိက Download Link ကိုမှ Ebook ရှယ်ချင်တယ်ဆိုရင် Ebook ပဲရှယ်မယ်လေ။ မိမိက Apk ရှယ်မယ်ဆိုရင် Apk ပဲ တင်မယ်။

မိမိက Media လုပ်မယ်ဆိုလဲ ကိုယ်ပိုင် Media နဲ့ ကိုယ့် အတွေး အခေါ်နဲ့ပေါ့။  ကိုယ်သေချာ လုပ်မယ်ဆို၇င် Professional ထိဖြစ်အောင်လုပ်ပါ ။ ပြောရရင် သင်က ဒီ ဟာကိုပဲ လုပ်မယ်ဆိုရင် သူများက ဒီဟာလုပ်လို့ ဆိုပြီး မလုပ်ပဲ မနေသလို သူများဆီ က ကူးယူပြီး မလုပ်ပါနဲ့။ ဒါက သင့်ကို Impression [အထင်ကြီးလေးစားမှု] ပေးပါလိမ့်မယ်။




ကိုယ်ပိုင် Style , ကိုယ်ပိုင် Design , ကိုယ့် စိတ်ကြိုက် ပြိုင်ဘက်ကင်းအောင် မိမိဖာသာလုပ်ပါ။
မိမိ Website ကို လူ လေးစား လာသည် အထိ လုပ်ပါ။ ဥပမာပြောပြရရင် -  သင်က သူများ Download Link ကို ယူသုံးတယ်ဆိုပါစို့။ တစ်ခါ နှစ်ခါက ကိစ္စမရှိ လူမသိသာပေမဲ့ ကြာလာတော့ သူ့ဆီကဟာ ယူထားတာပဲဆိုပြီးတော့ သင့်ဆီကို ဘယ်လာတော့မလဲ။ ဒါအပြင် သင်က Download Link ကို Ad ကခံထားသေးတယ်။ ပိုဆိုးပါတယ်။ PDF Journal တို့ မျှဝေတဲ့ သူတွေကို သတိထားစေချင်ပါတယ်။ အားလုံးကို ရေရှည်ကို ကြည့်လုပ်ရပါမယ်။


အရေး အကြီးဆုံးကတော့ ငွေရှာချင် တယ် ဆိုပြီး ငွေနောက်မလိုက်ပါနဲ့။ သင်အောင်မြင်ရင် ငွေက သင့်နောက် လိုက်လာပါလိမ့်မယ်။ သင့် ခံယူချက်နဲ့ သင် မည်သူနဲ့ မှ မတူအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ်က Mobile လေးတွေ ၀ါသနာ ပါတယ်ဆိုရင် Mobile လေးတွေ တင်ပေါ့။သူများ ဟာ ကူးတင်ခိုင်းတာ မဟုတ်ဘူးနော်။ ကိုယ့် Flow နဲ့ကိုယ်ပဲ။

အဓိက ကတော့ အောင်မြင်ဖို့ ကိုယ်က သူများနဲ့ တူနေလို့ မရဘူး ဆိုတာပါပဲ။ Web Application ရေးပြီးတော့ပဲ လုပ်နေလဲ ရတာပါပဲ။ Web Application ကတော့ သူများနဲ့ မတူလို့ အောင်မြင်မှာ သေချာပေမဲ့ ကိုယ်က ပညာတတ်ဦးမှာပါ။ ဒီတော့ ကျွန်တော်တို့ Blog ရေးတဲ့ သူတွေကကျတော့ သူများထက်ကို ထူးခြား နေရပါမယ်။

ကိုယ်က စလုပ်ပြီဆိုတာနဲ့ ဘယ်ကနေမှ Copy မကူးပဲ သူများနဲ့ မတူတဲ့ idea နဲ့ လုပ်ပြီး လူစိတ်ဝင်စားမှု ကိုရယူပါ။ သင် သာ သူများနဲ့ မတူရင် သင့်ကို သူတို့မေ့ မှာ မဟုတ်ပါဘူး။ ဒါဟာသင့်ရဲ့ ထူးခြားတဲ့ ဂုဏ်ရည်နဲ့ သင့်ရဲစွမ်းဆောင်ချက်အပြင် သင့်ကို ပါ ထမင်းကျွေးပါလိမ့်မယ်လို့ ဆိုလိုတာပါ။

နောက်ပြီး ပညာရှင်အသိုင်း အ၀ိုင်းကြီးတွေကရော သင့် Website ကို အသိအမှတ် ပြုလား ကြည့်ပါ။ ဥပမာအနေနဲ့ ပြောရရင် - Eleven Media အနေနဲ့ သူတို့ကို လူတိုင်း သတိထားကြတယ်။ လူတိုင်း လေးစားမှု ရှိကြတယ် [ကိုယ်ပိုင် Post တွေနဲ့ တင်လို့ပါ]။ ပြောရမယ်ဆိုရင်
သူတို့ တကယ်လုပ်တယ်ဆိုတာကို ပြောပြတယ်လေ။ Facebook မှာ ပြန့်နေတဲ့ Media တစ်ချို့ရှိတယ်ဗျာ - သူတို့ ကျ တော့ ရေ အလုပ်တစ်ကယ်လုပ်လို့လား ?? ဟိုကဟာ Copy ကူး ပြီးဒီမှာ ပြတယ်။ ဒါပါပဲ။ တကယ်လို့ Eleven ကို မသိတဲ့ သူက တော့ Facebook Media နဲ့ ပဲတွေ ပြီးတော့ ဒီက သတင်းပေးတယ်ပဲ ထင်မှာပါ။ဒါပေမဲ့ Eleven ကို တွေ့ရင် အဲ့ဒီ Media တွေက Eleven နဲ့ ယှဉ်ရင် Impression ချင်း နှိုင်း ယှဉ်ကြည့်ချင်းအားဖြင့် ဘယ်သူ့ကို ပိုလေးစားမလဲ ဘယ်သူဆီ နောက်ကျရင် သွားဖတ်တော့ မှာလဲ စဉ်းစားကြည့်ပေါ့ဗျာ။ လုပ်ရင် အများလေးစားအောင် စပြီး တော့ လုပ်လို့ဆိုလိုချင်တာပါ။

ဒါ့အပြင် မျှဝေတယ် သူများနဲ့ မတူဘူးဆိုပြီး ဖြစ်စလွယ်မလုပ် ပါနဲ့။ စိတ်အားထက်သန်စွာ စေတနာပါပါနဲ့ လုပ်ပါ။


နောက်ပြီး သူများတွေက သင်ရေးထားတာကို ကူးရင် လိုက်ပြီး ပစိပစပ် ပြောမနေပါနဲ့တော့ သူ့ကို Credit Link ပါအောင် ထည့်ခိုင်းပါ။ မဟုတ်ရင် သင်ရဲ့ Site ဟာ အတု မရှိဖြစ်မှာ မဟုတ်တော့ပဲနဲ့ ကူးယူတဲ့ သူတွေပဲ အကျိုးရှိပါလိမ့်မယ်။

ဒါပေမဲ့ မပူပါနဲ့ ဒီစာဟာ သင်ရေးထားတာ ဖြစ်လို့ ကူးယူဖော်ပြတဲ့ Website က အောင်မြင်နေရင်လဲ အဲ့ဒီ Website ဟာ သင့်ရဲ့ စာတွေ နဲ့ အောင်မြင်နေတာပါ။
သင်ရေးသားထားတဲ့ စာတွေဟာ သူ့အတွက် ကိုယ်ပိုင်လို့ပြောလို့မရသလို သူအောင်မြင်နေတာလဲ မဟုတ်ပါဘူး။ အဲ့ဒါကို မိမိ ကောင်းကောင်း နားလည်ထားဖို့လိုပါတယ်။
မိမိက မိမိ Website မှာလဲ တင်ထားတယ်။ သူက ကူးယူဖော်ပြထားတယ် ဆိုတာကို သာ သိအောင် Credit ထည့်ခိုင်းပါ။
များသောအားဖြင့် ကူးယူဖော်ပြတဲ့ သူတွေဟာ ကျွနှုပ်ပြောတဲ့ အချက်ကို သိထားပြီးသား ဖြစ်တဲ့ အတွက် မည်သို့သော အခါမှ Credit ထည့်လေ့ မရှိသလို အပြည့်အစုံ ဖော်ပြပေးလေ့လဲ မရှိပါဘူး။
ဒါဟာ သင့်အတွက် သင့်ရဲ့အကြီးမားဆုံး နစ်နာမှု ကြီးပါ။သင် ဒါကို ကောင်းမွန်စွာ ဖြေရှင်း နိုင်ရပါမယ်။
ဒါကိုဖြေရှင်းနိုင်ရင် သူ့ရဲ့ အောင်မြင်မှု ဟာ သင့်အတွက်ဖြစ်လာပါလိမ့်မယ်။

နောက်ပြီး ပြောချင်တာက Social Media လုပ်မကျွေးပါနဲ့၊ ကောင်းကောင်း အသုံးချပါ။
ဆိုလိုတာကတော့ အခုလူသုံးများတဲ့ Facebook ပေါ့။ ကျွန်တော်တင်မက ပါဘူး။ နာမည်ကြီး ပညာ တတ်တဲ့သူ အများစု ကတောင် အဲ့ဒီထဲမှာ ပျော်မွေ့နေကြပါတယ်။ အဲ့ဒါက Facebook ကို လုပ်ကျွေးနေခြင်း တစ်မျိုးပါပဲ။

Facebook ကို ဘာလို့ ဘယ်လိုလုပ်ကျွေးတာလဲ ?????
ကျွန်တော်တို့လူ တွေ အမျာစုက ကိုယ့်မှာရှိတာ ပြရတာ၊ပြောရတာ အတော်ဝါသနာပါတာကိုးဗျ။
ဒီတော့ Facebook ပိုင်ရှင်ကြီးကလည်း လမ်းဖွင့်ပေးလိုက်တယ်လေ။ သူရဲ့ အတုမရှိတဲ့ အကြံနဲ့ သူရဲ့ စွမ်းဆောင် ရည်နဲ့ ပေါ့ဗျာ။ ကျွန်တော်တို့ကလည်း နောက်ဆုံး ကျတော့ Facebook မသုံးရရင် ခေတ်မမီတော့ သိလို လူရာမ၀င်တော့ သလိုဖြစ်လာတယ်။ မလုပ်တတ်ရင်တောင် တတ်အောင် သင်ခိုင်း လာကြတယ်လေ။

တကယ်က Facebook ဆိုတာက လည်း Website ပဲ.. သူလိုတာ Traffic ပဲ။ ဒါကို သူကောင်းကောင်းကြီး နားလည်တယ်လေ။ ကျွန်တော်တို့ လူတွေ သူ့လို အတွေ အခေါ် မရှိလို့ သူထွင်တဲ့ အောက်မှာ ပျော်မွေ့နေကြတာပါ။ ဒါကို တတ်သိနားလည်တဲ့ သူတွေကတော့ Facebook မှာ ပျော်မွေ့မနေတော့ပါဘူး။ ဒါ့အပြင် Facebook ကို မှီပြီးတော့ အသုံးချလာကြပါတယ်။

သင့် အနေနဲ့ လုပ်ရမှာက Facebook ကို သတင်း သွားပေးရမှာပါ။ Facebook မှာ မိမိစာကို သူများ ဖတ်ရအောင် သွားပြရမှာ မဟုတ်ပါဘူး။ Post အခိုးခံရသလို နာမည်လဲရမှာမဟုတ်ပါဘူး။

ကျွန်တော် အကြံပြုချင်တာကတော့ Facebook မှာ မပျော်မွေ့ပါနဲ့။ တည့်တည့်ပြောရရင် အင်တာနက်ဖိုး အကုန်ခံပြီး Facebook ကို လုပ်မကျွေးပါနဲ့တော့။ သင် လည်း ငွေရှာဖို့ အချိန်တန်ပြီ။ မိမိ Website ကို အကောင်းဆုံး Service နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပြီး ငွေရှာပါလို့ တိုက်တွန်းချင်ပါတယ်။
ဥပမာ သင်ကူညီချင်တယ်ဆိုပါစို့။ သင့် Website မှာ Message Center လေးဖြစ်ဖြစ်၊ Forum လေးပဲဖြစ်ဖြစ်ထားပါ။ Facebook ပေါ်သွားပြီး ကူညီပါရစေ ဆိုပြီး စေတနာထားစရာအထိ မလိုပါဘူး။



ကျွနှုပ် ပြောတဲ့ အတိုင်း သာလုပ် သင် အောင်မြင်မှာပါ။ နိဂုံးချုပ် အနေနဲ့ ပြောချင်တာက..

 ၁) ငွေ ၀င်ဖို့ အတွက် က သင့် လူဝင်ဆန့်ပြီး အောင်မြင်ဖို့ လိုတယ်။

၂) ငွေနောက်လိုက်လို့ မရဘူး။
ကိုယ်တွေ့ပြောရရင် ကျွန်တော်ဆိုဒ်မှာ ငွေတွေရအောင်ဆိုပြီး Register လုပ်ထားတဲ့ ကြော်ငြာတွေ နေရာ တစ်ခု မကျန် ကျွန်တော် ထည့်ခဲ့ဖူးတယ်။ဒါပေမဲ့ နောက်နေ့ကျတော့ လူဝင်နည်းသွားတယ် ။
ဘယ်လောက်ထိနည်းသွားလဲ ဆိုရင် ကြော်ငြာတွေ ဘလဘွနဲ့ ကိုယ့်ဆိုဒ်ကိုတောင် မကြည့်ချင်တော့လောက်အောင်ကို နည်းသွားတာ။ ငွေရချင်လွန်းလို့ ဖြစ်တဲ့ ဟာပေါ့ လေးပါ။

၃) သူများနဲ့ မတူစေရဘူး။ သူများဆီကနေ မကူးရဘူး။
အဲ့ဒါက ကိုယ့်ကို မသိရင်တောင် ကိုယ်ဆိုဒ်ကို အထင်ကြီးလေးစားဖို့ အလိုအပ်ဆုံး အချက်ပဲ။ အဲ့ဒါမှ သူ ဘာအသစ်တင်တာလဲ ဆိုပြီး ကိုယ်က Facebook မှာ မကြေငြာရင်တောင်မှ သူက လာကြည့်နေမှာ ဖြစ်တယ်။ မဟုတ်ရင် သင့်ကို Visitor တွေ ခဏတွင်း မှာ မေ့သွားမှာပါ။ အဲ့ဒါဟာ ကိုယ်ရဲ့ Traffic ကို ထိန်းတဲ့ နည်းဖြစ်သလို ကိုယ့်ကို အထင်ကြီးလေးစားစေတဲ့ အချက်ပဲ။ မဟုတ်ရင် ကြားတောင် မကြားဖူးဘူးဆိုပြီး လာပါလိမ့်မယ်။ သူများနဲ့ Unique ဖြစ်နေရင်
"ဟယ်ဟုတ်လား သွားကြည့်လိုက်ဦးမယ်" ဆိုပြီး သင့် ဆီရောက်လာလို့ သူများနဲ့ မတူ တာ သဘောကျ တာ တွေ့ရင် Visitor တွေက သင့်ကို မေ့မှာ မဟုတ်ပါဘူး။

၎) Download Link ရှယ်တဲ့ သူများ အနေနဲ့ သင်တို့ ဟာ Link ကို မရှုပ်ထွေးပါစေနဲ့။
ဥပမာ - လွယ်တဲ့ Ad တစ်ခုလောက်ခံရင် ရရဲ့ သားနဲ့ AD ကို နှစ်ခု သုံးခုလောက် ခံတာတို့ ပါ။ ဒါဟာ သင့် အတွက် ဘာထိခိုက်သလဲ ဆိုရင် သင့်ကို စတင်မုန်းတီးခြင်းခံ ရပါလိမ့်မယ်။ ဘယ်အချိန်မှာ ပိုဆိုးလာလဲ ဆိုရင် Visitor တွေ မူရင်း Upload လုပ်နေတဲ့ သူကို  ရှာ တွေ့သွားလို့ သူက Ad မခံပဲ File ကို လွယ်လွယ်ကူကူ ဒေါင်းလို့ရအောင်လုပ်ပေးထားတာတွေ့ရင် သင့်ကိုသူတို့ ရွံရှာ စက်ဆုတ် မုန်းတီးလာတဲ့ အခါ
သင် အောင်မြင်နိုင်တဲ့ သူ မဖြစ်နိုင်တော့ပါဘူး။ ငွေနောက်လိုက်နေခြင်း ကြောင့်ပေါ့။
အဲ့ထက်အရေးကြီးတာက သင် Crack တွေ မရှယ်ပါနဲ့။ သင့်ကို Developer တွေက လေးစာမှု ရအောင်လို့ပါ။


 ၅) Social Media တွေကို အသုံးချပါ။ လုပ်မကျွေးပါနဲ့။ သူလဲ Website ပါပဲ။ သင်လဲ Website ပါပဲ။ သင့်ပြိုင်ဘက်လို သဘောထားပါ။ သင့်ရဲ့ အတုမရှိတဲ့ အရည်အချင်းကို ထုတ်ပြပါ။ Social Media ကို အသုံးချပါ။ သင့်အောင်မြင်ဖို့ သင့်ရဲ့ အတွေးအခ်ါနဲ့ သင်လုပ်ဆောင်နိုင်မှု ပေါ်မှာ မူတည်ပါတယ်။


ကဲ ကျွန်တော်တို့ အောင်မြင်ပြီး ဗျာ.... ဘယ်လို ငွေဝင် လာမှာလဲ ?????

ပြောပြပေးပါ့မယ်ဗျာ။။။။။ အောင်မြင်ရင် သင့်Website ကို လူဝင်များပါမယ်။ အဲဒီတော့ Traffic ရလာပါတယ်။ Traffic ရပြီ ဆိုတာနဲ့ သင့်အနေနဲ့  Traffic နဲ့ ငွေပေးတဲ့ CPM Ad Network Site တွေမှာ Register လုပ်ပါ။ သင့် Website မှာ တစ်နေ့ကို Pageview ၃ ၊ ၄သောင်း သောင်းရှိပြီဆိုတာနဲ့ သင်အလုပ်စလုပ်လို့ရပါပြီသင့် Website မှာ ကြော်ငြာ ဘယ်နှခု မှ ထည့်စရာ မလိုပါဘူး Traffic နဲ့ သွားတဲ့ ကြော်ငြာကို ထည့်ပါ ။ CPM Based Ad Network တစ်ခုမှာ တစ်လကို $50 နဲ့ Network 3 ခု ပဲထည့်ရုံနဲ့ $150 ကို PayPal ကနေ ထုတ်လို့ရပါပြီ။

အဲ့ဒါ အနည်းဆုံးပါ။ အခု လက် ရှိ မြန်မာ နိုင်ငံ မှာ အောင်မြင် ကျော်ကြားနေတဲ့ Traffic ကြီးကြီးနဲ့ Website တစ်ခုရှိပါတယ်။ သူတို့ထဲက တစ်ရက်ထဲကို $609 USD  ထိဝင်တဲ့ Website ရှိပါတယ်။ နာမည်တော့ ပြောစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ Traffic အနေနဲ့ 4.58 TB/month တစ်လကို 4000GB ကျော်အထိ Traffic ရှိပါတယ်။ ဒါက Traffic နဲ့ ရတဲ့ Money ပါ။ Website မှာ ကြော်ငြာထည့်ခတောင် မပါသေးပါဘူး :)

မိတ်ဆွေအနေနဲ့ သင့် Website ရဲ့ Rank နဲ့ ၀င်ငွေတွေ Web Analysis လုပ်ချင်ရင် အောက်ပါလင့်မှာ သွားလုပ်ကြည့်နိုင်ပါတယ်။

http://www.statscrop.com/www/မိမိဒိုမိန်း.com ပါ။

နမူနာအနေနဲ့ http://www.statscrop.com/www/share4mm.com
မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ်။


သင့် အနေနဲ့ Traffic များလာလေလေ Alexa Rank နည်းလာလေလေပါပဲ။ အဲ့လို ဖြစ်လာတာနဲ့ မိတ်ဆွေ အောင်မြင်တဲ့ Website ပိုင်ရှင် ဖြစ်လာပြီး အကောင်းဆုံး ၀င်ငွေတာ ရှိလာမှာပဲဖြစ်ပါတယ်။


ဒီလောက်ဆိုရင် ကျွန်တော့် ရဲ့ ငွေရှာနည်းက မိတ်ဆွေကို တစ်နည်း မဟုတ် တစ်နည်း အားဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ ကြိုးစားပါ။ ကျွန်တော့် အနေနဲ့လည်း ရှေ့က အောင်မြင်တဲ့ သူတွေကို အတုယူ ၊ အကြံဥာဏ်တောင်း ပြီး ကိုယ့်ကိုယ်ကို ကောင်းအောင် အခုမှစပြီး ကြိုးစားနေပါတယ်။


တကယ်ပါ ။ သင့် အနေနဲ့ သူများနဲ့ မတူညီ တဲ့ အရည်အချင်နဲ့ သာ လုပ်သွားပါ။ အလွန်ဆုံး ၂ နှစ်ပါပဲ။

တစ်နှစ်ခွဲလောက်ဆိုရင်ကို တစ်လကို သိန်းချီပြီး ၀င်နေပါပြီ လို့ အကြံပြုရင် Online ပေါ်မှ အကောင်းဆုံး ငွေရှာ နည်းကို နိဂုံးချုပ်အပ်ပါတယ်။

Myanmar IP ဖြင့် Verifed PayPal ရယူအသုံးပြုခြင်း တွင်လည်း ယခုလို Post ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။

မိတ်ဆွေ အနေနဲ့ လည်း မိမိဖြစ်ချင်တာ၊ မိမိ လုပ်ချင်တာ လေးတွေ ကျွန်တော့်ကို Comment ပေးပြီး ပြောပြပေးပါဦးဗျာ။ တတ်နိုင်သလော ကူညီရအောင်ပေါ့။ ကျွန်တော် ဒီPost ကို စေတနာ အပြည့်နဲ့ ရေးထားတာမို့လို့ မည်သည့် Refferal Link မှ ထည့်မထားပါဘူး။ သဘော ပြောပြရုံလောက်ပါပဲ။ နောက်တစ်Post ကျမှ ကောင်းတဲ့ Ad Network လေးတွေကို ဖော်ပြပေးသွားပါ့မယ်။

အရေးကြီး ဆုံး ပြောချင်တာက သင် ငွေရဖို့ပဲ ကြည့်နေရင် ရေရှည်မခံ ပါဘူး။
သင် စေတနာ အပြည့်နဲ့ သူများ ထက် သာအောင် သူများထက် ပြိုင်ဘက်ကင်း တဲ့ Website ဖြစ်အောင်လုပ်ပါ။ 2 နှစ် အတွင်း အောင်မြင်လာပါလိမ့်မယ်။


Myanmar IP ဖြင့် Verify ဖြစ်သော PayPal အသုံးပြုနည်းစာအုပ် မကြာမီ စာအုပ် ထွက်ပါ့မယ်။
Myanmar IP ဖြင့် Verify ဖြစ်သော PayPal ပြုလုပ်မည့်သူများ လိုက်နာရမဲ့ အတွက် ကြိုက်တင်သဘာထား တူညီချက်ကို မဖတ်ရသေးသူများ အောက်က လင့်မှာ ဖတ်ရှု ပေးထားပါ။

http://www.share4mm.com/2013/09/myanmar-ip-verify-paypal.html

Steel Jelly [Miloboy Inc.]
Chief Editor Of Full Premium Now Free
Founder Of Tech Milo ©opyrighted Sharing

သူငယ်ချင်းဓာတ်ပုံတေါကို ရုပ်ပြောင်လုပ်ပြီးစချင်နောက်ချင်တဲ့ သူငယ်ချင်းတွေအတွက်
Store မှာ 2.99ဒေါ်လာတန်တဲ့ ဆောစ့်ဝဲလ်လေးပါ 
အသုံးပြုချင်တယ်ဆိုရင် အောက်ကလိပ်စာမှာရယူုနိုင်ပါတယ်

Download>>>mirrorcreator (or)zippyshare
Compatibility: Requires iOS 4.3 or later. Compatible with iPhone, iPad, and iPod touch. This app is optimized for iPhone 5.

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက်  5 ရက် 10 လပိုင်းမှာ ထွက်လာတဲ့ 
  Facebook version အသစ်လေးပါ Update မလုပ်ရသေးရင် အောက်မှာရယူုနိုင်ပါတယ်
Dwonload>>>>hotfile (or)mirrorcreator (or)zippyshare

What's New
-Use icons in status updates to express what you’re feeling or doing (English only)
-Edit your posts and comments, and tap to see all your changes
-See upcoming events at a glance on your favorite Pages
-Create and share new photo albums from your phone
-Bug fixes

ဒေါင်းလော့မန်နေဂျာအသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်  အပ်ဒိတ်လေးထွက်လာပါပြီ .....
အသုံးပြုမယ့်သူငယ်ချင်းများ အသစ်မှာဘာတွေပိုလာလည်းသိချင်ရင်
http://www.internetdownloadmanager.com/news.html
မှာလေ့လာနိုင်ပါတယ်
သူမှာလိုင်စင်ရဖို့အတွက် Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်
Patch ဖိုင် က တစ်ချို့သော Fre antivrius တွေနဲ့မတည့်တာမျိုးဖြစ်တတ်ပါတယ်
အဲလိုဖြစ်တဲ့အခါ antivrius ခဏပိတ်ထာပေးပါ

အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator(or)zippyshare
 
  Install လုပ်နည်းကတော့
IDM အဟောင်းကို ဖွင့်ပြီး Exit လုပ်လိုက်ပါ ပြီးရင် ဒေါင်ထားတဲ့ ဆော့စ်ဝဲလ်ကိုသွင်းပါ
လိုင်စင်အတွက်Patchဖိုင်ကိုအသုံးပြုမယ်ဆိုရင်..အရင်ဆုံး install လုပ်ပြီးရင်ဆော့ဝဲလ်ကို
မဖွင့်ပါနဲ့အုံး...ပါလာတဲ့ Patch ဖိုင်ကိုကော်ဖီကူးပြီး
C:\Program Files\Internet Download Manager\
အထိသွားပြီးထည့်လိုက်ပါ.... ပြီးရင် Patch ဖိုင်ကိုဖွင့်ပြီး
 Patch ကိုကလစ်လိုက်ပါ.. ...Patchကိုကလစ်ပြီးရင်တော့
လိုင်စင်ဗားရှင်းအနေနဲ့ အသုံပြုလို့ရပါပီခင်ဗျာ...



Shazam update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။အခုဗားရှင်းအသစ်မှာ
Function အသစ်တွေတိုးလာပါတယ်။Shazam ဆိုတာကတော့စက္ကန့် ပိုင်းအတွင်းဘာသီချင်းလဲ၊
ဘယ်သူဆိုတာလဲ စသည်ဖြင့်ပေါ့ သီချင်းတစ်ပုဒ်(မြန်မာသီချင်းကလွဲလို့ ပေါ့)နဲ့ ပါတ်သတ်တာကိုရှာပေးတာပါ။
ကိုယ်ကလမ်းသွားရင်းပဲဖြစ်ဖြစ် ၊သူငယ်ချင်းဖုန်းကဖြစ်ဖြစ်၊ရေဒီယိုကဖြစ်ဖြစ်
သီချင်းတစ်ပုဒ်လောက်နားထောင်ရင်းနဲ့ ကြိုက်သွားပီဆိုရင် ဒီသီချင်းကဘယ်သူဆိုတာလဲ၊ဘာလဲလို့ သိချင်မှာပေါ့။
အဲ့လိုဆိုရင်တော့ဒီကောင်လေးကစက္ကန့် ပိုင်းအတွင်းမှာရှာပေးပါလိမ့်မယ်။သုံးပုံသုံးနည်းကတော့ ဖွင့်ထားတဲ့သီချင်းနားတစ်ဝိုက်သွားပီး Shazam ကိုဖွင့်ပီး Shazam ဆိုတဲ့အဝိုင်းကြီးကြီးခလုတ်လေးကိုနှိပ်လိုက်ယုံပါပဲ။Network တော့လိုတာပေါ့နော်။ဒီကောင်က Store မှာဆိုရင်တော့ 6.99$ ပါ။လိုချင်ရင်တော့အောက်ကလင့်မှာယူလိုက်ပါ။အဆင်ပြေပါစေဗျာ။

Download>>>mirrorcreator (or)zippyshare 
Compatibility: Requires iOS 6.0 or later. Compatible with iPhone, iPad, and iPod touch. This app is optimized for iPhone 5.




 

အဖွဲ့လိုက်တိုက်ခိုက်ရတဲ့ဂိမ်းလေးပါ 
2ရက်တုန်းက Update ထွက်လာပြီး Store မှာ4.99ဒေါ်လာပေးရတဲ့ရဂိမ်းလေးပါ 
ကစားချင်ဆိုရင် http://www.youtube.com/ မှာလေ့လာပြီး အောက်ကလိပ်စာမှာရယူနိုင်ပါတယ်  
Download>>>>afilez. (or)davvas. (or)d-h.st/
 Compatibility: Requires iOS 6.0 or later. Compatible with iPhone, iPad, and iPod touch. This app is optimized for iPhone 5.







  Sony Vegas Pro အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးပါ
ဗီဒီယိုတည်းဖြတ်တာနဲ့ပက်သက်ပြီး လုပ်ဆောင်ချက်တော်တော်စုံတယ်ဗျာ
http://www.sonycreativesoftware.com/vegaspro
မှာလေ့လာနိုင်ပါတယ် လုပ်ဆောင်ချက်လေးတွေကို ရှင်းပြထားပါတယ်
မှုရင်းဆိုဒ်မှာ 599.95 ဒေါ်လာ ပေးရပါတဲ့ ဆောစ့်ဝဲလ်လေးပါ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>> afilez (or)davvas

Plants vs. Zombies ကိုတော့ တော်တော်များများသိမှာပါ 10လပိုင်း2ရက်နေ့ထွက် အပ်ဒိတ်လေးပါ
Store မှာ 0.99ဒေါ်လာပေးရပြီး
Free ယူချင်တဲ့ သူငယ်ချင်းတွေကတော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mirrorcreator(or)zippyshare(or)afilez(or)davvas
Compatibility: Requires iOS 4.3 or later. Compatible with iPad.
 


Apex and Nova Launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် iOS 7 Theme အလန်းလေးပါ 
Store မှာ 1.99ဒေါ်လာပေးရပြီး အသုံးပြုချင်တယ်ဆိုရင် 
အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>>mirrorcreator (or)zippyshare
Requires Android
4.0 and up





 Android Tuner အသုံးပြုတဲ့ သူငယ်ချင်းအတွက် 3ရက်နေ့ Update
လေးတွေ့လို့တင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလေးက Android ဖုန်းတွေအတွက်
စွယ်စုံသုံးဆော့ဝဲတစ်ခုလို့တောင်ပြောလို့ရတယ်။ File Manager, App Backup, System
app unistall, task killer , Task Manager , CPU Control , Memory Optimizer စတဲ့ဖုန်းကို ပေါ့ပါးနေအောင်ထိန်းသိမ်းပေးမယ့် Features တွေအစုံအလင်ပါဝင်ပါတယ်။ Features အသေးစိတ်ကိုအောက်ကလိပ်စာမှာကြည့်ရှုနိုင်ပြီး
အသုံးပြုမယ်ဆို၇င် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>> zippyshare(or)mirrorcreator

ကားပြိုင်ဂိမ်းကြိုက်တဲ့ သူငယ်ချင်းတွေအတွက် 3ရက်မှာအသစ်ထွက်ရှိလာတဲ့ 
ဂိမ်းဖြစ်ပါတယ် Store မှာ 4.99ဒေါ်လာပေးရပြီး
free ရယူမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Download>>>>>davvas (or)AFileZ (or)d-h.st/



Plants vs. Zombies ကိုတော့ တော်တော်များများသိမှာပါ 10လပိုင်း2ရက်နေ့ထွက် အပ်ဒိတ်လေးပါ
ဝင်မရတဲ့သူငယ်ချင်းတွေကတော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Install APK,Place data folder in SDCard/Android/Obb/ and Play
 


 

BSPlayer ဆိုရင် တော်တော်များများသိမှာ ပါ 
သူကို အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 10လပိုင်း 2ရက် အပ်ဒိတ်လေးတင်ပေးလိုက်ပါတယ်
အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ် 
Download>>>>mirrorcreator (or)zippyshare (or)hotfile





အာကာသထဲမှာ သောင်းကျန်းနေတဲ့ ယာဉ်ကို တိုက်ခိုက်နိုမ်နှင်းရတဲ့ ဂိမ်းလေးပါ
မားကတ်မှာ 0.99 ဒေါ်လာပေးပြီး အောက်ကလိပ်စာမှာ Free ရယူနိုင်ပါတယ်
Dwonload>>>>mirrorcreator (or)zippyshare (or)hotfile



MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget