Articles by "Medical"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

Image


May 13 ရက်နေ့က  Update ထွက်လာတဲ့ Oxford Handbook of Clinical Medicine 9th Edition v2.0.1 ပါ.. Google Play  >> https://play.google.com/store/apps/details?id=net.medhand.ohcm9 မှာ ဖတ်ရှုပြီး လိုချင်လျှင် Ad ကျော်စရာ မလိုပဲ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်..

New to this edition
•Thoroughly updated in line with new guidelines from the NHS, NICE, the Resuscitation Council, and other professional bodies
•The History and Examination chapter has been completely revamped to make it the best possible reflection of practice at the bedside
 •More clinical photographs and anatomical line drawings than ever before
 •The index, references, and internal cross-references have been completely overhauled to make them even easier to use
 •A renewed focus on the history and philosophy of medicine, with new illustrations and vignettes opening each chapter Now in its ninth edition, the Oxford Handbook of Clinical Medicine continues to be the definitive pocket-friendly guide to medicine. The culmination over 25 years of experience at the bedside and in the community, this handbook is packed with practical advice, wit, and wisdom. The Oxford Handbook of Clinical Medicine presents clinical information in a clear way that makes it easy to revise, remember, and implement on the ward. It gives reliable advice on what to do, when to do it, and how to do it, with clinical photographs and diagrams that bring theory to life. Uniquely for a medical text, this book weaves history, literature, art, and philosophy into its survey of medicine, casting new light on the specialties and encouraging the reader to see beyond the practical aspects of medicine and adopt a patient-centred approach to care. The Oxford Handbook of Clinical Medicine looks better than ever, with a more modern design and over 600 colour images and illustrations. The History and Examination chapter has been completely revamped with systematic flowcharts and new illustrations so that it better reflects real bedside practice. The index, cross-references, and references have been overhauled to make them even easier to use. Every chapter has been written with supervision from experts in each field to ensure accuracy, and updated to reflect relevant guidelines from the NHS, NICE, the Resuscitation Council and other key professional bodies. Loved and trusted by generations of doctors, the Oxford Handbook of Clinical Medicine continues to be an indispensable companion for the practice of modern medicine.

Image Image Image


Download Below
VVVV


From MiloShare | UppIT | TusFiles




:::How To Download:::
Download ဆိုသည်ကို မနှိပ်မှီ.. မြန်မာ ကြော်ငြာလေးများကို Open In New Tap ကလစ်ပြီးသွားရောက် ဖတ်ကြည့်ပေးပါဦးနော.. ပြီးလျှင် ပိတ်ပြစ်ပြီး MiloShare ကို နှိပ်ပြီး တန်းဒေါင်းနိုင်ပါပြီ.. Adf.ly | Adfoc.us နှင့် အခြား Redirect များ ခံမထားပါ။ လွယ်ကူစွာဒေါင်းနိုင်သည်။






- ရှေးဦးစွာနားကိုက်ဝေဒနာသက် သာအောင် ပါရာစီတမောပါဝင်တဲ့ဆေးတစ်မျိုးမျိုးသောက်ပါ။ ရေနွေး အိတ်ကပ်ပေးပါ။
- နားပြည်ယိုခြင်း၊ သငန်ရည်ထွက် ခြင်းများရှိပါက ဂွမ်းစငယ်တစ်ခုနှင့် သန့်စင်ပါ။ နားကျပ်တံ၊ နားကလော် တံလုံးဝအသုံးမပြုရပါ။
- နီးစပ်ရာဆေးခန်းသို့ပြပါ။ နား ကိုက်သည့်ပြဿနာသည် စိုးရိမ်ဖွယ် ရာရှိ/မရှိ ဆရာဝန်က အဆုံးအဖြတ် ပေးနိုင်သည်။
- ပိုးသတ်ဆေးရယူပါ။ နားပိုးဝင်ခြင်း အတွက် အသုံးများသည့်ပိုးသတ် ဆေးမှာ Amoxicillin ဖြစ်ပါ သည်။
- မီးခိုးမှန်သမျှရှောင်ပါ။ ဆေးလိပ် ငွေ့မှန်သမျှ၊ မီးခိုးမှန်သမျှ မရှူမိပါ စေနှင့်။ နှာခေါင်းနှင့်နားဆက်စပ်နေသည့်ပြွန် (Eustachian tube) အတွင်းမီးခိုးကြောင့် ပိတ်ဆို့မှုဖြစ် ပွားလျှင် နားကိုက်ဝေဒနာပိုဆိုး တတ်သည်။
- ကြက်သွန်ဖြူမှရသောအဆီကို နားထဲသို့နှစ်စက်ခန့်ထည့်ပါ။ ပိုး သေစေသည့် အာနိသင်ရှိသည့် အပြင် နှာခေါင်းနှင့်နားဆက်နေ သည့် ပြွန်ကိုပွင့်နေစေရန် အကူအညီ ပေးသည်။
- နားကိုက်နေသည့်အချိန်၌ ရေကူး ခြင်းရှောင်ပါ။ အနားယူပါ။ လမ်း လျှောက်ခြင်း၊ လှုပ်ရှားမှုပြုခြင်းသည် နားကိုက်ဝေဒနာကိုပိုဆိုးစေသည်။
- အရည်များ ထွက်ကျစေရန် ရည်ရွယ်၍ နားကိုက်သည့်ဘက်သို့ စောင်းမအိပ်ပါနှင့်။ ပက်လက်ဖြစ်စေ၊ တစ်ဖက်စောင်းပြီး နားကိုက်သည် ဘက်ကို အပေါ်တွင်ထား၍ဖြစ်စေ အိပ်နိုင်သည်။
 For More >> http://goo.gl/qlPZd0


ဇော်ကို
Source:wikiHow

Health Updates Journal
Vol.2, No.35

Photo: Health Updates Journal
Vol.2, No.35
မူးလဲတော့မည်ဆိုလျှင်
- ထိုင်ချလိုက်ပါ။ မူးလဲတော့မည့် အချိန် ထိုင်ချရန်ဝန်လေးနေလျှင် လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့် အန္တရာယ် ကြုံရတတ်သည်။
- အသက်ပြင်းပြင်းနှင့်ရှည်ရှည်ဆွဲရှူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်လွန်ကဲ ခြင်းများမဖြစ်အောင် အသက်ရှည် ရှည်ရှူခြင်းဖြင့် ကာကွယ်နိုင်သည်။
- အကူအညီတောင်းပါ။ တတ်နိုင် သလောက် ကျယ်ကျယ်အော်ပါ။ မူးလဲခါနီးလျှင် နားအူနေသည့် အတွက် မိမိအော်သံကို တိုးတိုးသာ ကြားရတတ်ပါသည်။ စိတ်မပျက်ဘဲ ဆက်၍အကူအညီတောင်းခံပါ။
- ခြေထောက်ပိုင်းကို ဦးခေါင်းပိုင်း ထက် အမြင့်တစ်နေရာတွင်ထား၍ ပက်လက်အိပ်နိုင်မည့်နေရာသို့ လိုက် ပို့ခိုင်းပါ။ အချိုဓါတ်ရနိုင်မည့် သကြား လုံး၊ အချိုရည်တစ်ခုခု ကူညီရှာဖွေ ခိုင်းပါ။
- ရံဖန်ရံခါသတိမေ့သွားသည့်အခါ သတိပြန်ရလာချိန်တွင် အလန့်တ ကြားဖြစ်သွားတတ်သည်။ မိမိဘာ ဖြစ်ခဲ့သည်ကိုလည်း မေ့နေနိုင်သည်။ အချို့လူများ၌ သတိမေ့နေစဉ်တွင် ဆီးထွက်ကျသည်အထိ ဖြစ်တတ် သည်။ ဘာပဲဖြစ်ဖြစ် သတိပြန်ရလာ ချိန်တွင်တတ်နိုင်သလောက် စိတ် အေးအေးထားပါ။
- သတိပြန်ရလာချိန်တွင် တန်းမ ထပါနှင့်။ ခဏထိုင်၍ ခေါင်းမူးခြင်း ရှိ/ မရှိစောင့်ကြည့်ပါ။
- သင့်လျော်သည့်အချိန်၌ ဆေးခန်း ပြ၍ မူးလဲသည့်ပြဿနာနောက်ထပ် ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်ပါ။
- မူးလဲခါနီးဖြစ်ပေါ်တတ်သည့် အောက်ပါလက္ခဏာများကို မှတ်သား ၍ နောက်တစ်ကြိမ်ဖြစ်ပေါ်လာလျှင် အကာအကွယ်ချက်ချင်းရယူပါ။
- အဖြူစက်၊ အနက်စက်များ တွေ့လာရခြင်း
- ခေါင်းတစ်ခုလုံး ပေါ့ပြီး ပတ် ဝန်းကျင်တစ်ခုလုံး လည်နေခြင်း
- ချွေးစေးများထွက်ခြင်း
- ဖြူဖျော့လာခြင်း
- မျက်စေ့အမြင်ဝေ၀ါးလာခြင်း။

သီဟ
Source:wikiHow

- ထိုင်ချလိုက်ပါ။ မူးလဲတော့မည့် အချိန် ထိုင်ချရန်ဝန်လေးနေလျှင် လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့် အန္တရာယ် ကြုံရတတ်သည်။
- အသက်ပြင်းပြင်းနှင့်ရှည်ရှည်ဆွဲရှူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်လွန်ကဲ ခြင်းများမဖြစ်အောင် အသက်ရှည် ရှည်ရှူခြင်းဖြင့် ကာကွယ်နိုင်သည်။
- အကူအညီတောင်းပါ။ တတ်နိုင် သလောက် ကျယ်ကျယ်အော်ပါ။ မူးလဲခါနီးလျှင် နားအူနေသည့် အတွက် မိမိအော်သံကို တိုးတိုးသာ ကြားရတတ်ပါသည်။ စိတ်မပျက်ဘဲ ဆက်၍အကူအညီတောင်းခံပါ။
- ခြေထောက်ပိုင်းကို ဦးခေါင်းပိုင်း ထက် အမြင့်တစ်နေရာတွင်ထား၍ ပက်လက်အိပ်နိုင်မည့်နေရာသို့ လိုက် ပို့ခိုင်းပါ။ အချိုဓါတ်ရနိုင်မည့် သကြား လုံး၊ အချိုရည်တစ်ခုခု ကူညီရှာဖွေ ခိုင်းပါ။
- ရံဖန်ရံခါသတိမေ့သွားသည့်အခါ သတိပြန်ရလာချိန်တွင် အလန့်တ ကြားဖြစ်သွားတတ်သည်။ မိမိဘာ ဖြစ်ခဲ့သည်ကိုလည်း မေ့နေနိုင်သည်။ အချို့လူများ၌ သတိမေ့နေစဉ်တွင် ဆီးထွက်ကျသည်အထိ ဖြစ်တတ် သည်။ ဘာပဲဖြစ်ဖြစ် သတိပြန်ရလာ ချိန်တွင်တတ်နိုင်သလောက် စိတ် အေးအေးထားပါ။
- သတိပြန်ရလာချိန်တွင် တန်းမ ထပါနှင့်။ ခဏထိုင်၍ ခေါင်းမူးခြင်း ရှိ/ မရှိစောင့်ကြည့်ပါ။
- သင့်လျော်သည့်အချိန်၌ ဆေးခန်း ပြ၍ မူးလဲသည့်ပြဿနာနောက်ထပ် ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်ပါ။
- မူးလဲခါနီးဖြစ်ပေါ်တတ်သည့် အောက်ပါလက္ခဏာများကို မှတ်သား ၍ နောက်တစ်ကြိမ်ဖြစ်ပေါ်လာလျှင် အကာအကွယ်ချက်ချင်းရယူပါ။
- အဖြူစက်၊ အနက်စက်များ တွေ့လာရခြင်း
- ခေါင်းတစ်ခုလုံး ပေါ့ပြီး ပတ် ဝန်းကျင်တစ်ခုလုံး လည်နေခြင်း
- ချွေးစေးများထွက်ခြင်း
- ဖြူဖျော့လာခြင်း
- မျက်စေ့အမြင်ဝေ၀ါးလာခြင်း။
For More >> http://goo.gl/qlPZd0
 

သီဟ
Source:wikiHow

Health Updates Journal
Vol.2, No.35

Photo: Health Updates Journal
Vol.2, No.35
အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး
(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။
(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။
(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။
(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။
(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံကျယ်တတ်သည်။
(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။
ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။
ဇော်ကို
Source: MensHealth

(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။


(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။


(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။


(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။


(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံကျယ်တတ်သည်။


(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။
ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။
 For More >> http://goo.gl/qlPZd0



ဇော်ကို
Source: MensHealth

Photo: Health Updates Journal
Vol.2, No.35
မျက်နှာပေါ်က အမည်းစက်တွေကို
အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေနဲ့ လျှော့ချကြရအောင်
မျက်နှာမှာ အမည်းစက်တွေ၊ နေလောင်တာတွေ၊ မျက်နှာပြင်မှာ အရေပြားအရောင်မညီမညာ ဖြစ်တာ တွေကြောင့် စိတ်ညစ်နေလား။ ဘယ်လို ဖယ်ရှားရမလဲဆိုတာမသိလျှင် ဈေး ကွက်ထဲမှာ အလှပြင်ပစ္စည်းတွေက တော့ အများကြီးပေါ့။ ဒါပေမယ့် သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကို မေ့မထားပါနဲ့။ ဒါတွေက ဓာတု ပစ္စည်းတွေ လုံးဝမပါဝင်တဲ့အတွက် သင့်ရဲ့အရေပြားပေါ်မှာ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ ဒုတိယအနေနဲ့က တော့ အကုန်အကျလည်း မများတော့ ဘူးပေါ့။ ဟုတ်ပါပြီ။ ကဲ ဘယ်လိုလုပ် ကြမလဲ။
၁။အာလူးကို အခွံခွာလိုက်ပါ။ ပြီး တဲ့နောက် ပါးပါးလှီးပါ။
၂။ဒုတိယအဆင့်အနေနဲ့ ပရဆေး ဆိုင်က ဝယ်ထားတဲ့နှင်းဆီရေ နည်း နည်းထည့်ပါ။
၃။အနှစ်ရအောင် ပြုလုပ်ပါ။ တကယ်လို့ အဆီပြန်တတ်တဲ့အသားအရေရှိရင် တော့ သံပရာ သို့မဟုတ် ပျားရည် ထည့်ပေးနိုင်ပါတယ်။
၎။ပြီးတဲ့နောက် မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးချ လိုက်ပါ။ အဓိကလိုအပ်တာကတော့ အာလူးပါပဲ။ နှင်းဆီရေမရလျင်လည်း အာလူးကို သံပရာ၊ ပျားရည်တို့နဲ့ အနှစ်ရအောင် ပြုလုပ်ပြီး အသုံးပြု နိုင်ပါတယ်။ အာလူးက နူးညံ့တဲ့အစွန်းချွတ်ပေးတဲ့အာနိသင်ရှိပြီး နေ့စဉ် မှန်မှန်အသုံးပြုခြင်းအားဖြင့် မျက်နှာ က အမည်းစက်တွေကို လျော့ကျ စေပါတယ်။ ပျားရည်ကတော့ ပိုးသတ် ပေးတဲ့အာနိသင်ရှိတဲ့အပြင် ကော် လာဂျင်ပိုထွက်စေပြီး အသားအရေ ကို တင်းရင်းစေပါတယ်။ သံပရာက အဆီထွက်ခြင်းကို လျော့ကျစေ ပြီး နှင်းဆီရေကတော့ အသားအရေ အေးစေကာ မျက်နှာကိုပိုမိုဝင်းပစေ နိုင်ပါသည်။
မိုင်ကိ
ref:ANI

မျက်နှာမှာ အမည်းစက်တွေ၊ နေလောင်တာတွေ၊ မျက်နှာပြင်မှာ အရေပြားအရောင်မညီမညာ ဖြစ်တာ တွေကြောင့် စိတ်ညစ်နေလား။ ဘယ်လို ဖယ်ရှားရမလဲဆိုတာမသိလျှင် ဈေး ကွက်ထဲမှာ အလှပြင်ပစ္စည်းတွေက တော့ အများကြီးပေါ့။ ဒါပေမယ့် သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကို မေ့မထားပါနဲ့။ ဒါတွေက ဓာတု ပစ္စည်းတွေ လုံးဝမပါဝင်တဲ့အတွက် သင့်ရဲ့အရေပြားပေါ်မှာ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ ဒုတိယအနေနဲ့က တော့ အကုန်အကျလည်း မများတော့ ဘူးပေါ့။ ဟုတ်ပါပြီ။ ကဲ ဘယ်လိုလုပ် ကြမလဲ။
၁။အာလူးကို အခွံခွာလိုက်ပါ။ ပြီး တဲ့နောက် ပါးပါးလှီးပါ။
၂။ဒုတိယအဆင့်အနေနဲ့ ပရဆေး ဆိုင်က ဝယ်ထားတဲ့နှင်းဆီရေ နည်း နည်းထည့်ပါ။
၃။အနှစ်ရအောင် ပြုလုပ်ပါ။ တကယ်လို့ အဆီပြန်တတ်တဲ့အသားအရေရှိရင် တော့ သံပရာ သို့မဟုတ် ပျားရည် ထည့်ပေးနိုင်ပါတယ်။
၎။ပြီးတဲ့နောက် မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးချ လိုက်ပါ။ အဓိကလိုအပ်တာကတော့ အာလူးပါပဲ။ နှင်းဆီရေမရလျင်လည်း အာလူးကို သံပရာ၊ ပျားရည်တို့နဲ့ အနှစ်ရအောင် ပြုလုပ်ပြီး အသုံးပြု နိုင်ပါတယ်။ အာလူးက နူးညံ့တဲ့အစွန်းချွတ်ပေးတဲ့အာနိသင်ရှိပြီး နေ့စဉ် မှန်မှန်အသုံးပြုခြင်းအားဖြင့် မျက်နှာ က အမည်းစက်တွေကို လျော့ကျ စေပါတယ်။ ပျားရည်ကတော့ ပိုးသတ် ပေးတဲ့အာနိသင်ရှိတဲ့အပြင် ကော် လာဂျင်ပိုထွက်စေပြီး အသားအရေ ကို တင်းရင်းစေပါတယ်။ သံပရာက အဆီထွက်ခြင်းကို လျော့ကျစေ ပြီး နှင်းဆီရေကတော့ အသားအရေ အေးစေကာ မျက်နှာကိုပိုမိုဝင်းပစေ နိုင်ပါသည်။
 For More >> http://goo.gl/qlPZd0



မိုင်ကိ
ref:ANI

Health Updates Journal
Vol.2, No.35

Photo: Health Updates Journal
Vol.2, No.35
တစ်ပတ်လျှင် အလုပ်ချိန် နာရီ ၅၀ ထက်ကျော်ပါက 
ကျန်းမာရေးပြဿနာများ တွေ့ရှိနိုင်
လေ့လာမှုတစ်ခုအရ မိမိရဲ့ အလုပ်စားပွဲမှာ နေ့စဉ်တကုပ်ကုပ် နဲ့အချိန်ကြာမြင့်စွာလုပ်နေရသော သူ များတွင် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်း ချက်များသာမက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနိုင်သည်ဟု အကြံ ပြုခဲ့သည်။ လေ့လာမှုအရ တစ်ပတ် ကို နာရီ ၅၀နှင့်အထက် ပို၍အလုပ်လုပ်သူများသည် အစား အသောက်ပုံမှန်မစားဖြစ်သောပြဿ နာနှင့်စိတ်ကျဝေဒနာတို့ ပိုမိုဖြစ်စေ နိုင်ကြောင်း တွေ့ရသည်။ ဒါပေမယ့် လည်း လူအများစုဟာ နောင်တွင် ဖြစ်လာမည့်ကျန်းမာရေးပြဿနာ များထက်နေ့စဉ် လိုအပ်ချက်က ပိုမို ကြီးမားလာသောကြောင့် အချိန်ပိုကို ဆင်းနေကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ကန်းဆက်ပြည်နယ်တက္က သိုလ်မှ လေ့လာသူများက အလုပ်ကို အလွန်အကျွံလုပ်သူများအနေဖြင့် နောင်တွင် မိမိ၌ ကြုံတွေ့လာနိုင် သည့်ပြဿနာများကို သတိထားသင့် သည်ဟု အကြံပြုခဲ့သည်။
အဝင်း
ref:ANI


လေ့လာမှုတစ်ခုအရ မိမိရဲ့ အလုပ်စားပွဲမှာ နေ့စဉ်တကုပ်ကုပ် နဲ့အချိန်ကြာမြင့်စွာလုပ်နေရသော သူ များတွင် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်း ချက်များသာမက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနိုင်သည်ဟု အကြံ ပြုခဲ့သည်။ လေ့လာမှုအရ တစ်ပတ် ကို နာရီ ၅၀နှင့်အထက် ပို၍အလုပ်လုပ်သူများသည် အစား အသောက်ပုံမှန်မစားဖြစ်သောပြဿ နာနှင့်စိတ်ကျဝေဒနာတို့ ပိုမိုဖြစ်စေ နိုင်ကြောင်း တွေ့ရသည်။ ဒါပေမယ့် လည်း လူအများစုဟာ နောင်တွင် ဖြစ်လာမည့်ကျန်းမာရေးပြဿနာ များထက်နေ့စဉ် လိုအပ်ချက်က ပိုမို ကြီးမားလာသောကြောင့် အချိန်ပိုကို ဆင်းနေကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ကန်းဆက်ပြည်နယ်တက္က သိုလ်မှ လေ့လာသူများက အလုပ်ကို အလွန်အကျွံလုပ်သူများအနေဖြင့် နောင်တွင် မိမိ၌ ကြုံတွေ့လာနိုင် သည့်ပြဿနာများကို သတိထားသင့် သည်ဟု အကြံပြုခဲ့သည်။
 For More >> http://goo.gl/qlPZd0


အဝင်း
ref:ANI


Health Updates Journal
Vol.2, No.35



အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ် ဖြစ်၊ အားကစားလုပ်ပြီးတဲ့ အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လန်း ဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခု လို ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးမှ ရေချိုးခြင်းက အခြားအကျိုးကျေးဇူး များစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။
(၁)တကိုယ်ရေသန့်ရှင်းမှု-ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်း အားဖြင့် တကိုယ်ရေသန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစား သမားတွေအတွက် ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည်သန့်ရှင်းရေးထက် အနံ့ အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။
(၂)ကြွက်သားနာမှုကို သက်သာစေ နိုင် - လူတွေက လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်လုပ်ပြီး နောက်တစ်နေ့ မှာ ကြွက်သားနာကျင်မှုကို ခံစားရ လေ့ရှိပါတယ်။ အဲဒီလိုမခံစားရအောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ ရေအေးအေးနဲ့ရေချိုးပေးနိုင်ပါတယ်။ တစ်နေ့ထဲ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်လုပ်ရတဲ့ အားကစား သမားတွေမှာလည်း လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား ရေအေးအေးနဲ့ ချိုးပေးခြင်းအားဖြင့် ပင်ပန်းမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာများပြီး ကိုယ်လက်ကိုက်ခဲ သူများမှာ ရေအေးနဲ့ချိုးပေးတာ တောင် မသက်သာလျှင် နောက် တစ်နေ့နံနက်၌ ရေနွေးနွေးဖြင့် ပြန် ချိုးပေးသင့်ပါတယ်။ ယင်းကဲ့သို့ ချိုးခြင်းအားဖြင့် ကြွက်သားများကို သွေးလှည့်ပတ်မှုကောင်းစေပြီးနာကျင်မှုကို လျော့ကျစေပါတယ်။
(၃)အဆီကျစေနိုင်-တကယ်လို့လေ့ကျင့် ခန်းလုပ်ရတဲ့ရည်ရွယ်ချက်က အဆီ ကျစေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီး ချိန်မှာ ရေအေးအေးနဲ့ချိုးပေးသင့်ပါ တယ်။ ရေအေးအေးနဲ့ ရေချိုးနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းထားဖို့အတွက် ဇီဝရုပ်ဖြစ်ပျက် မှုကို ၅၅၀%ခန့်ပိုမြန်စေပြီး ကယ်လို ရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ ကိုလည်း တင်းရင်းစေပါတယ်။
For More >> http://goo.gl/qlPZd0
 

အဝင်း
ref:IANS

Health Updates Journal
Vol.2, No.35


ကိုယ်ဝန်ရှိနေလား၊ ဝမ်းရော ချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ ကိုယ်ဝန် ဆောင်တွေမှာ ဘာဖြစ်လို့ ဝမ်းချုပ် ကြတာလဲ။ အကြောင်းအရင်းက နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ဝန်ေ ဆာင်စဉ်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်း တွေက အစာခြေဖျက်မှုကို အားမပေး လို့ရယ်၊ နောက်တစ်ခုက ကိုယ်ဝန် ဆောင်အားဆေးတွေက သံဓာတ် ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေ တာပါ။ ကဲ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်ခြင်းက သက်သာအောင် ဆေးသောက်စရာမလိုဘဲ ဘယ်လို လုပ်ကြမလဲ။
၁။နေ့စဉ်စားနေကျ အစားထဲမှာ လတ်ဆတ်တဲ့သစ်သီးတွေ၊အရွက် တွေ ၊ အစေ့အဆန်တွေ ထပ်ပေါင်း ထည့်လိုက်ပါ။ အမျှင်ဓာတ်က ဝမ်း ချုပ်တာကို သိသာစွာ သက်သာစေ ပါတယ်။
၂။ရေများများသောက်ပါ။
၃။မနက်မိုးလင်းလျှင် စပျစ်သီးခြောက် အနည်းငယ်ကို ရေစိမ်၍ စားပါ။ ယင်းက အမျှင်ဓာတ်များစွာပါရုံသာမက သဘာဝ၀မ်းနှုတ်ဆေးလည်း ဖြစ်ပါ တယ်။
၎။မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေး ကို ပြောင်းသုံးကြည့်ပါ။ တချို့တံ ဆိပ်တွေက ဝမ်းချုပ်ခြင်းကို ပိုသက် သာစေပါတယ်။
၅။အရေးကြီးဆုံးကတော့ ဝမ်းချုပ် လို့ဆိုပြီး ဆရာဝန်မညွှန်ကြားတဲ့ ဝမ်းနှုတ်ဆေးတွေ မသောက်ပါနဲ့။ ယင်းက ကိုယ်ဝန်အပေါ်သက်ရောက် မှုတွေ ရှိနိုင်ပါတယ်။
 For More >> http://goo.gl/qlPZd0


မိုင်ကိ
ref: Medindia

Health Updates Journal
Vol.2, No.35

 

(၁)အရက်နှင့်ကဖိန်းကို လျော့ပါ။ သို့မဟုတ် ခေတ္တမျှရပ်ထားပါ။ ယင်း တို့က အက်ဆစ် Level ကို တိုးစေပြီး ရင်ပူခြင်းနှင့် အစာအိမ်နာကျင်မှုကို ပို၍ ဖြစ်စေသည်။
 

(၂)ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုခြင်းကို ရှောင်ကြဉ်ပါ။ ယင်းတို့က လက်ရှိနာကျင်မှုကို ပို၍ ဖြစ်စေပြီး နောက်ထပ် နာကျင်မှုများ ကိုပါ ဆက်တိုက်ဖြစ်စေတတ်သည်။ ဆေးလိပ်ငွေ့သည် အစာအိမ်မှ အက်ဆစ်ထွက်မှုကို ပိုပြီးတိုးစေသည့် အလျောက် နာကျင်မှုကိုလည်း တာရှည်စေသည်။
 

(၃)အနီရောင်အသားများ၊ အဆီ များသောအကြော်များ၊အဆီစာများ ရှောင်ပါ။ ကြိုချက်ထားသောကွေ့ ကာအုတ်ဂျုံတွင် သကြားနှင့်ဆား ထည့်စားနိုင်သော်လည်း နို့ကို ချင့် ချိန်၍ထည့်ပါ။ နို့ထွက်ပစ္စည်းနှင့် စပ်လျဉ်းသော ဥပမာချောကလက် စားသုံးခြင်းကို ချင့်ချိန်ပါ။
 

(၄)တစ်နေ့တာအတွက် အစာကို နည်းနည်းနှင့် (၅-၆)ကြိမ်၊ နားနား၍ စားပေးပါ။
 

(၅)အစာစားပြီးချိန်နှင်ညအချိန်များ တွင် ပို၍နာကျင်ပါက ဆရာဝန်နှင့် ဆွေးနွေးသင့်သည်။
 

(၆)စိတ်ဖိစီးမှုသည် အစာအိမ်နာ ကျင်မှုနှင့် ဆက်နွယ်ဖြစ်ပေါ်တတ် သဖြင့် စိတ်ဖိစီးမှုကို ကြိုးစား၍ ဖြေလျော့ပြီးနေပါ။
 

ထူး
Health Updates Journal
Vol.2, No.35



(၁)ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်တွင် 'လူတိန်း' ခေါ် အင်တီအောက်စီဒင့်အသား အရေစိုပြည်မှု၊ အရေပြားဆန့်ကျုံ့ သတ္တိကိုလည်း ကူညီမှုပေးပြီး ပါးရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။ Free radical ကြောင့်ဖြစ်ပေါ်သော အသားအရေကို Lipid Level တိုး စေခြင်းဖြင့် ကာကွယ်ပေးသည်။ မျက်လုံးအောက်ရှိ မျက်ကွင်းညိုခြင်း ကို ဗီတာမင် K, C အားဖြင့် လျှော့ချ ပေးသည်။


(၂)ကမာကောင်
ဗီတာမင် B12 သို့မဟုတ် သံ ဓာတ် ချို့တဲ့မှုကြောင့် အနီးမီးယား ရောဂါဖြစ် စေတတ်ပြီး အသားအရေ ဖြူဖတ်ဖြူ ရော်ဖြစ်ခြင်း၊ မျက်ကွင်းညို ခြင်းများအတွက် မရှိမဖြစ်လိုအပ် သော အာဟာရကို ပေးစွမ်းနိုင်သည်။ ခုံး ကောင်၊ ယောက်သွားများကိုလည်း အလားတူစားသုံးပေးနိုင်သည်။


(၃)ကြက်သွန်ဖြူ
သွေးသန့်စေရန် ကိုယ်ခံအား တက်စေရန် ဘက်တီး ရီးယားများကို တိုက်ထုတ်ရန်အတွက် ထိရောက် သော သဘာဝစား သောက်ကုန်တစ်ခု ဖြစ်သည်။ ဝက်ခြံကို သဘာဝအားဖြင့် ထိရောက်မှု ရှိစွာနှင့်ကုန်ကျစရိတ်သက်သာစွာဖြင့် ပျောက်ကင်းစေသည်။ ဝက်ခြံ ကြီးထွားပြီး ရောင်ရမ်းခြင်းများ မဖြစ်စေရန် ကြက်သွန်စိမ်းကို စား ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပေးနိုင် သည်။


(၄) ထောပတ်သီး
Collagen ထုတ်လုပ်မှုကို တိုးပွား စေပြီး အရေးအကြောင်းများကို ကာ ကွယ်ပေးသည်။ ဗီတာမင် E မြင့်မားစွာ ပါဝင်မှုကြောင့် အသား အရေကို ပျော့ပြောင်းစေပြီး အရွယ် မတိုင်မီ အိုမင်းခြင်းကို ကာကွယ် ပေးသည်။ ထောပတ်သီးတွင် အိုမီဂါ ၃ အက်ဆစ်ပါဝင်သဖြင့် အရေပြား၏ အတွင်းပိုင်းအထိ အစိုဓာတ်ကို ရရှိစေသည်။ ဝက်ခြံကိုလည်းကောင်း၊ ကြမ်းထော်သည့်အနီပိန့်များ ထွက် သည့်ရောဂါကိုလည်းကောင်း ကာ ကွယ်ပေးနိုင်သည်။


(၅)ငှက်ပျောသီး
မျက်နှာဖောင်းပွခြင်း၊ မျက်လုံး အိမ်တွဲခြင်းတို့အတွက် ထိရောက်စေ သည်။ ရေဓာတ်ထိန်းသိမ်းထားမှု ကြောင့် ခန္ဓာကိုယ်မှ ဆိုဒီယမ်နှင့်ပို တက်စီယမ်ကို ညီအောင် ပြန်ညှိ ပေးသည်။ ပိုတက်စီယမ်ကြွယ်ဝ သည့်ငှက်ပျောသီးကို စားပေးခြင်း ဖြင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့်ဆား ဓာတ်အနည်းအများကို ညှိပေး သည်။ စတော်ဘယ်ရီ၊ သင်္ဘော၊ ဖရဲ စသည်တို့သည်လည်း ပိုတက်စီယမ် ကြွယ်ဝသောအသီးများဖြစ်ပြီး မျက် နှာ၏အသားအရေကို ချောမွေ့စေ ပြီး နုပျိုစေသည်။

For More >> http://goo.gl/qlPZd0

ဒေါန

Health Updates Journal
Vol.2, No.35



(၁)ရေနွေးကြမ်းပူပူနှင့် ပျားရည်ကို သောက်ပေးပါ။
(၂)ဂျင်းပြုတ်ရည်ကို ပျားရည်နှင့် ဆ တူရောပြီး အိပ်ယာမဝင်မီ သောက် ပါ။
(၃)နနွင်းကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ၊ နို့ပူပူနှင့်အိပ်ယာမဝင်မီ သောက်ပေးပါ။ သို့မဟုတ် ရင်ဘတ် အအေးမိနေစဉ်အတွင်း တစ်နေ့ လျှင် (၂-၃)ကြိမ်အထိ သောက်နိုင် သည်။ အစာမစားမီသောက်လျှင် ပို၍ ထိရောက်နိုင်သည်။
(၄)မိမိ၏တစ်နေ့တာရေသောက်နှုန်း ပေါ်မူတည်သဖြင့် ရေများများ သောက်ပေးပါ။ ရေအပြင် အခြား စွတ်ပြုတ်ရည်၊ သားငါးသီးရွက် ပြုတ် ဟင်းချိုပူပူလေးကို သောက်ပါ။ အရည်ကချွဲ၊ သလိပ်များကို ကြေ စေသည်။
(ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်း ပါသောအရည်များကို ရှောင်ရပါ မည်။)
(၅)ကြက်သွန်နီအစိမ်းရည်ကို နံနက် အစာမစားမီ လက်ဖက်ရည်ဇွန်းဖြင့် (၁)ဇွန်းသောက်ပါ။ 

သလိပ်များကို ကြေစေပြီး နောက်ထပ်ဖြစ်ပေါ်ခြင်း မရှိစေပါ။
For More >> http://goo.gl/qlPZd0


နှင်း

Health Updates Journal
Vol.2, No.35


အဖြူရောင် ကြိုက်သူများသည် စိတ် ဓာတ်ဖြူစင်မှုကို လိုလားကြသည်။
အနီရောင် ကြိုက်သူများသည် စိတ် ကြွတ်ဆပ်ပြီး ရန်လိုကြသည်။ သူ တစ်ပါးကို ဝေဖန်ပြောဆိုလိုသူများ လည်း ဖြစ်ကြပြီး အကောင်းမြင်စိတ် နည်းပါးကြသည်။ အချို့အနီရောင် ကြိုက်ပြီး အေးအေးဆေးဆေးနေ တတ်သူများကမူ ဖော်ရွေတတ်ပြီး အနီရောင်မှတစ်ဆင့် စိတ်ဓာတ် ခွန်အားကိုရယူလိုသူများဖြစ်သည်။
ပန်းရောင်နှစ်သက်သူများက စိတ်ကြီး ဝင်တတ်သောအမျိုးသမီး များဖြစ်တတ် ပြီး ဈေးဝယ်ထွက်ရခြင်း၊ မိန်းကလေး ဆန်သောပစ္စည်းများကို ကြိုက်တတ် ကြသည်။ မိခင်များ၊ ကိုယ်ဝန် ဆောင်မိခင်များက ပန်းရောင်ကို ပိုကြိုက်ကြသည်။ သူတို့၏ချစ်ခင် ယုယမှု၊ ဂရုစိုက်မှုများကို သူတစ်ပါး ကို ပေးချင်သကဲ့သို့ အခြားသူများဆီမှ လည်း ရယူလိုကြသည်။
လိမ္မော်ရောင်ကြိုက်သူများသည် ပုံ ပြောကောင်းသူများဖြစ်သည်။ စကား ကို စီကာပတ်ကုံး ပြောတတ်ပြီး ထင်ရှားသူများ စပ်စုတတ်သူများ ဖြစ်သည်။ လိမ္မော်ရောင်က ဦးနှောက် နှင့်စိတ်ဓာတ်ကို အင်အားပြည့်စေ သောအရောင်များ ဖြစ်သည်။
အဝါရောင်ကြိုက်သူများသည် လူမှု ရေးအသိရှိသူများဖြစ်ပြီး Óဏ် ကောင်းကြသည်။ စီးပွားရေးလုပ်ငန်း များတွင် ဦးဆောင်ဦးရွက်လုပ်ရသူ များဖြစ်သည်။
အစိမ်းရောင် ငြိမ်းချမ်းခြင်းနှင့်မျှော် လင့်ခြင်းရှိသူများဖြစ်သည်။ နူးညံ့ သောစိတ်ရှိပြီး ပွင့်လင်းရိုးသားကြ သည်။ သီးသန့်နေရသည်ကို ကြိုက် ပြီး သူတစ်ပါးကို ကူညီတတ်ကြ သည်။ အေးချမ်းသောအရောင်ဖြစ် ပြီး မျက်စေ့ပြန်အားရှိစေရန်အတွက် အထောက်အကူဖြစ်သည်။
အပြာရောင် ကြိုက်သူများက စာနာ ရိုင်းပင်းတတ်ပြီး စိတ်ရှည်သူများ ဖြစ်သည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင် သူများ ဖြစ်သည်။ Óဏ်အမြော်အမြင် ရှိကြသော်လည်း ဝင့်ဝါလွန်းတတ် သည့် အခါလည်းရှိသည်။
ခရမ်းရောင် နှစ်သက်သူများသည် သုခုမဆန်ပြီး ခနဲ့တတ်ကြ၍ စိတ် ဆတ်သူများ ဖြစ်သည်။
အညိုရောင် သည် စိတ်ရှည်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ အားကိုးနိုင် လောက် ခြင်းတို့ကို ပိုင်ဆိုင်ကြသည်။ အစီအစဉ်ကို ဆွဲပြီးမှ ပြောင်းလဲ သွားသော အခြေအနေမျိုးကို လိုက်လျောတတ် ခြင်းမရှိကြချေ။
မီးခိုးရောင် ကြိုက်သူများက စီးပွား ရေးလုပ်ကွက် ကျွမ်းကျင်သူများ ဖြစ်ပြီး ဘဝကို အလှည့်အပြောင်း နှင့်နေလိုသူများဖြစ်သည်။ မေတ္တာ ရေးနှင့်ပတ်သက်ပြီး အလျော့ပေး တတ်သူများ ဖြစ်သည်။
အနက်ရောင် ကို နှစ်ခြိုက်သူများ သည် သူတစ်ပါးကို ပဟေဠိဆန်ဆန် နေလိုပြီး မိမိတို့၏ခံစားချက်ကို ဖုံး ကွယ်ထားတတ်သူများဖြစ်သည်။
 For More >> http://goo.gl/qlPZd0



ထူး
Health Updates Journal
Vol.2, No.35

Photo: Health Updates Journal
Vol.2, No.36
လုပ်ငန်းခွင် စိတ်ဖိစီးမှုများခြင်းက
အရွယ်မတိုင်မီ သေဆုံးစေနိုင်
လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများ ကို နေ့စဉ်ရင်ဆိုင်နေရခြင်းဟာ လူ လတ်ပိုင်းအရွယ် လုပ်သားများကို မရွယ်မတိုင်မီ သေဆုံးစေနိုင်တယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါ တယ်။
ယခင်က လုပ်ငန်းခွင် စိတ်ဖိစီး မှုများခြင်းဟာ သက်ကြီးရွယ်အိုများ ကိုသာ ထိခိုက်တယ်လို့ ယူဆခဲ့ကြပေ မယ့် ဖင်လန်နိုင်ငံ၊ Universityof Jyvaskyla မှ သုတေသီများဟာ ၂၈နှစ်ကြာ ပြည်သူ့ဝန်ထမ်းနဲ့ ပုဂ္ဂလိ ကဝန်ထမ်း ၆၀ဝ၀ကျော်ကို လေ့လာ မှုပြုခဲ့ပြီး အခုလိုဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သုတေသီခေါင်းဆောင် Dr. Mikaela von Bonsdorff် က လူလတ်ပိုင်း လုပ်သားတွေဟာ လုပ် ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ ခံစားရတဲ့ အတွက် အိုမင်းတဲ့အချိန် မရောက်မီ မှာပဲ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ပိုခံစားလာရပြီး နောက်ဆက်တွဲ ကိုယ်ခန္ဓာချို့ယွင်းမှုတွေကိုပါ ကြုံ တွေ့လာရတယ်လို့ ဆိုထားပါတယ်။သက်လတ်ပိုင်းအရွယ်တွေမှာ စိတ် ပိုင်း၊ ကိုယ်ပိုင်းထိခိုက်မှုဟာ ဆေးရုံ တက်ရောက်ကုသမှုများကို ကြုံတွေ့ ရပြီး အရွယ်မတိုင်မီ သေဆုံးမှု (premature mortality)ကို မြင့် တက်စေတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။
အခုလေ့လာမှုကို Journal of occupational health  မှာဖော်ပြ ထားပါတယ်။
သက်နှင်း
ref;ANI

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများ ကို နေ့စဉ်ရင်ဆိုင်နေရခြင်းဟာ လူ လတ်ပိုင်းအရွယ် လုပ်သားများကို မရွယ်မတိုင်မီ သေဆုံးစေနိုင်တယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါ တယ်။
ယခင်က လုပ်ငန်းခွင် စိတ်ဖိစီး မှုများခြင်းဟာ သက်ကြီးရွယ်အိုများ ကိုသာ ထိခိုက်တယ်လို့ ယူဆခဲ့ကြပေ မယ့် ဖင်လန်နိုင်ငံ၊ Universityof Jyvaskyla မှ သုတေသီများဟာ ၂၈နှစ်ကြာ ပြည်သူ့ဝန်ထမ်းနဲ့ ပုဂ္ဂလိ ကဝန်ထမ်း ၆၀ဝ၀ကျော်ကို လေ့လာ မှုပြုခဲ့ပြီး အခုလိုဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သုတေသီခေါင်းဆောင် Dr. Mikaela von Bonsdorff် က လူလတ်ပိုင်း လုပ်သားတွေဟာ လုပ် ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ ခံစားရတဲ့ အတွက် အိုမင်းတဲ့အချိန် မရောက်မီ မှာပဲ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ပိုခံစားလာရပြီး နောက်ဆက်တွဲ ကိုယ်ခန္ဓာချို့ယွင်းမှုတွေကိုပါ ကြုံ တွေ့လာရတယ်လို့ ဆိုထားပါတယ်။သက်လတ်ပိုင်းအရွယ်တွေမှာ စိတ် ပိုင်း၊ ကိုယ်ပိုင်းထိခိုက်မှုဟာ ဆေးရုံ တက်ရောက်ကုသမှုများကို ကြုံတွေ့ ရပြီး အရွယ်မတိုင်မီ သေဆုံးမှု (premature mortality)ကို မြင့် တက်စေတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။
အခုလေ့လာမှုကို Journal of occupational health မှာဖော်ပြ ထားပါတယ်။
 For More >> http://goo.gl/qlPZd0



သက်နှင်း
ref;ANI

Health Updates Journal
Vol.2, No.36

 


မီးဖွားခြင်းနောက်ပိုင်း ကိုယ် အလေးချိန်တက်ခြင်းဟာ အမျိုးသမီး များအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါပေမယ့်အဖြေရှိနေပါတယ်။ ယောဂ ကျင့်စဉ်ပါပဲ။ ဒီလေ့လာမှုမှာ ကိုယ် အလေးချိန်အတွက် နည်းလမ်းကောင်း ဖြစ်တဲ့ ယောဂကျင့်စဉ်တွေကို တင်ပြ သွားပါမယ်။
လင်းယုန်ငှက်ပုံစံ - ဒီလေ့ကျင့်ခန်းမှာ တော့ ပခုံးနဲ့နောက်ကျောအထက်ပိုင်း က တင်းအားတွေကို လျော့ကျစေပါ တယ်။မျိုးပွားအင်္ဂါရပ်တွေကို သန့်စင် တဲ့အောက်ဆီဂျင်ပါတဲ့ သွေးတွေကို ပို့ဆောင်ပေးပြီး ခြေထောက်၊ ခြေဖ နောင့်နဲ့ နောက်ကျောတွေကို သန်မာ စေပါတယ်။
လိပ်ပုံစံ - ဒီပုံစံကတော့ ပြန်လည်နုပျို စေပြီး စိတ်ကို မနူထေ ဖြစ်စေတဲ့ ပုံစံ ဖြစ်ပါတယ်။ အိပ်ရေးပျက်ပြီး စိတ် ကျနေတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ဦးခေါင်းပိုင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သိုင်းရွိုက်ရောဂါရှိနေသူတွေ ကျင့် ပေးသင့်ပါတယ်။ ပေါင်နဲ့တင်ပါးက ကြွက်သားတွေကို သန်မာစေတဲ့အ တွက် မီးဖွားရာတွင် ပိုမိုအခက်အခဲ နည်းပါးစေပါတယ်။
မြွေဟောက်ပုံစံ- နောက်ကျော အောက်ပိုင်းကို သန်မာစေပြီး ကိုယ် ခန္ဓာရဲ့ ဟန်ချက်ညီမှုကို တိုးတက်စေ ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ကို သွေးလှည့်ပတ်မှုကို တွန်းအားပေး နိုင်ပြီး ခါးပိုင်း၊ လက်မောင်းနဲ့ ခြေ ထောက်တွေ သန်မာစေပါတယ်။
ခါးပိုင်းဆိုင်ရာ ယောဂ - ဒီလေ့ကျင့် ခန်းမှာတော့ ခါးပိုင်းနဲ့ ဝမ်းဗိုက်ကြွက် သားတွေကို သန်မာစေပြီး တင်ပဆုံ ရိုးကွင်းကိုလည်း ပိုမိုစွမ်းအင်မြှင့်တင် ပေးပြီး ခိုင်မာစေပါတယ်။ နောက် ကျောတင်ပါးနဲ့လည်ပင်းက ဖိအား တွေကိုလည်း လျော့ပါးစေတဲ့အပြင် အစာခြေခြင်းကိုလည်းတိုးတက်စေ ပါတယ်။
Kapalabhati ယောဂ - အသက်ရှူ ရခြင်းကို ဦးစားပေးထားပြီး စိတ်ကို ပြန်လည်လန်းဆန်းစေပါတယ်။ ဝမ်း တွင်းအင်္ဂါတွေကို အောက်ဆီဂျင် ပိုရစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ အာရုံကြော စနစ်အတွက်လည်း အထူးသင့်တော် ပါတယ်။
 For More >>



ငြိမ်းအေး
ref: IANS

Health Updates Journal

Vol.2, No.36


(၁) ပီကေဝါးပါ
သစ်ကြံပိုးခေါက် (cinnamon) ပါဝင်သည့် ပီကေ သည် ပါးစပ်အတွင်းရှိဘက်တီးရီးယားများကို သေစေ သည်။ cinnamic aldehyde ဓါတ်သည် သစ်ပင်မှရသည့် အဆီ ဖြစ်ပြီးသွားပိုးစားစေသည့် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။


(၂)သွားကိုတိုက်ချွတ်သန့်စင်နိုင် သည့်အစာများစားပါ
ကြွပ်ဆတ်သည့်အစာများသည် သွားကိုတိုက်ချွတ်သန့်စင်ပေးနိုင်သည်။ ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံ၊ ပြောင်းဖူးပေါက်ပေါက်စသည့် အစားအစာများသည် လည်း သွားကိုသန့်စင်ပေးနိုင်သည်။


(၃) လက်ဖက်ရည်သောက်ပါ
လက်ဖက်ရည်တွင်ပါဝင်သည့် flavanoid ဓါတ်များ သည် သွားတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်သည်။ သွားများကို ခိုင်မာစေသည့် fluoride ဓါတ်များသည် လက်ဖက်ရည်တွင် ပေါများစွာပါဝင်သည်။


(၄) ရေသောက်ပါ
တစ်နာရီတစ်ကြိမ်ခန့် ရေသောက်ပါ။ မကြာခဏ ရေအနည်းငယ်စီ သောက်ခြင်းကြောင့် ခံတွင်းရောဂါပိုး များ နည်းပါးစေပြီး သွားပေါက်ခြင်း၊ ပိုးစားခြင်း၊ သွားဖုံး ရောဂါများနှင့် ခံတွင်းနံ့ဆိုးခြင်းတို့ကို ကာကွယ်နိုင်သည်။
 For More >> http://goo.gl/qlPZd0



သီဟ
Source:RD

Health Updates Journal
Vol.2, No.36


ဟင်းသီးဟင်းရွက်များနှင့် သစ် သီးများကို ပိုမို စားသုံးပေးခြင်းသည် အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာ (bladder cancer)ဖြစ်ပွားမှုကိုလျော့ ကျစေသည်ဟု သုတေသနတစ်ရပ် တွင် ဖော်ပြထားသည်။ ယခုလေ့လာ မှုကို ၁၉၉၃ခုနှစ်မှစတင်ခဲ့ပြီးနေ့စဉ်စားသုံးသော အစားအစာဘဝနေ ထိုင်မှုပုံစံနှင့် ကင်ဆာဖြစ်ပွားမှုများ ကို လေ့လာဆန်းစစ်နိုင်ခဲ့ခြင်းဖြစ် သည်။
သုတေသနအဖွဲ့သည် အရွယ် ရောက်ပြီးသူ ၁၈၅၈၈၅ ဦးထံမှရရှိ သော အချက်အလက်များကို သုံး သပ်ခဲ့ရာတွင် ပါဝင်သူများအနက် ၅၈၁ဦးသည် ဆီးအိမ်ကင်ဆာဖြစ်ပွား နေကြောင်းတွေ့ရှိခဲ့သည်။ ကင်ဆာ ဖြစ်ပွားသူများနှင့် ဖြစ်ပွားမှုမရှိသူများ ကို ခွဲခြားလေ့လာခဲ့ရာ ဟင်းသီးဟင်း ရွက်များနှင့် သစ်သီးများကို စားသုံး ပေးသူများတွင် ဆီးကျိတ်ကင်ဆာဖြစ် ပွားမှုနှုန်း အနည်းဆုံးဖြစ်ကြောင်း သိရှိရသည်။
အဝါရောင်ရှိသော ဟင်းသီး ဟင်းရွက်များကို စားသုံးပေးသူ အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၅၂%လျော့ကျကြောင်း ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ တွေ့ ရှိမှုသည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော ဗီတာမင်အေ၊ စီနှင့် အီး တို့က အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် အမျိုးသားများတွင် အဆိုပါ အာနိသင်ကို မတွေ့ရှိခဲ့ရကြောင်း ယခုလေ့လာမှုတွင် ဖော်ပြထား သည်။
ယခုတွေ့ရှိမှုကို Journal of Nutrition တွင်ဖော်ပြထားခြင်းဖြစ် သည်။
 For More >> http://goo.gl/qlPZd0



သန့်စင်
ref: ANI

Health Updates Journal
Vol.2, No.36


ဆုံဆို့နာ (diptheria)
ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ဆုံဆို့နာဟာ အသက်ရှူလမ်း ကြောင်းကိုပိတ်ဆို့ပြီး အသက်အန္တ ရာယ်ဖြစ်စေနိုင်သလို ပိုးဆိပ်ကြောင့် လည်း သွက်ချာပါဒနှင့် နှလုံးရောဂါများဖြစ်ပွားစေတတ်ပါတယ်။ ဆုံဆို့ နာကာကွယ်ဆေးကို ၁၉၄၀ ခုနှစ်ကစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အ သက်တစ်နှစ်အောက် ကလေးများ ကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ဆုံဆို့နာရောဂါကို ကာကွယ်နိုင်ပြီဖြစ် ပါတယ်။

ဝက်သက် (measles)
ဝက်သက်ဗိုင်းရပ်စ်ပိုးကို ထိ တွေ့ခြင်း၊ ရှူမိခြင်းဖြင့် ကူးစက်လေ့ ရှိပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနီကွက်များထွက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။ ၁၉၆၃ ခုနှစ်ကတည်း က ဝက်သက်ကာကွယ်ဆေး ထိုးနေ ပေမယ့် ယခုအချိန်အထိ ကြိုကြားကြို ကြားတွေ့ရဆဲဖြစ်ပါတယ်။
ပိုလီယို (polio)
တံတွေးနှင့် ဝမ်းမှကူးစက်တတ် ပြီး အောက်ပိုင်းသေခြင်း၊ ခြေလက် လေးချောင်းစလုံးသေခြင်း တို့အထိ ဖြစ်ပေါ်စေပါတယ်။ ၁၉၅၅ ခုနှစ် ကတည်းက ပိုလီယိုကာကွယ်ဆေး တိုက်လာခဲ့တာကြောင့် ယခုအခါ ပိုလီယိုရောဂါ ပျောက်ကွယ်လုနီးဖြစ် လျက်ရှိပါတယ်။

မေးခိုင် (tetanus)
ကြွက်သားတွေအလွန်အမင်း တောင့်တင်းကာ အသက်ရှူကြွက် သားများပါလှုပ်ရှားမရတော့တဲ့အထိ အန္တရာယ်ပေးတတ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ မေးခိုင်ကာကွယ်ဆေးစထိုးခဲ့တာဖြစ်ပြီး ကာကွယ်ဆေးထိုး ထားမယ်ဆိုလျှင် မေးခိုင်ရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်။
 For More >> http://goo.gl/qlPZd0



သီဟ
Source:RD

Health Updates Journal
Vol.2, No.36




-ပါဝင်သော Fibre ကြောင့် ဝမ်းကို မှန်စေပါသည်။ Cholesterol ကို လဲကျစေပါသည်။
ပါဝင်သော vitamin C (anti-oxidant) သည် ဓာတ်တိုးပစ္စည်း Free redical များ၏အာနိသင်ကို တိုက်ဖျက်ပေး၍ အရွယ်တင်နုပျို စေပါသည်။ ကိုယ်ခံစွမ်းအားကိုလဲ တက်စေပါသည်။
-ပါဝင်သော Vit K မှသွေးထွက် ခြင်းကို တိတ်စေရန် ကူညီပေးပါ သည်။
-ပါဝင်သော Potassium မှ လေ ဖြတ်ခြင်း Stroke နှင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ irregular heart beat တို့ကို ကုသရာတွင် ကူညီပေးသည်။ သွေးပေါင်ကိုလဲကျစေပါသည်။
-ကီဝီသီးသည် ကယ်လိုရီအလွန် နည်းသဖြင့် ၄င်းကို weight ချရာ တွင် အသုံးပြုနိုင်ပါသည်။
 


ကံ့ကော်
Health Updates Journal
Vol.2, No.36


ကြက်ဥကို စားသုံးခြင်းဖြင့် ကိုလက်စထရောတက်သည်မှာ မှန် သော်လည်း အရက်နှင့်အခြား အကြောင်းများကြောင့် ဝိတ်တက် ခြင်းက ပို၍အရေးကြီးသည်။ ယခု ခေတ်မူ အစားအသောက်နှင့် ဝိတ် ချသူများအဖို့ Cardiovascular ကျန်းမာရေးအတွက် ကောင်းစွာ ထိန်းသိမ်းထားနိုင်ပြီး သွေးကြော အတွင်း အဆီဓာတ် Level ကိုလည်း ထိန်းသိမ်းထားရန်လိုကြောင်း သိရှိ နားလည်လာကြသည်။ ကြက်ဥ အချို့စားသုံး၍ ကိုလက်စထရော Level တက်ပြီး သွေးအတွင်း မပျော်ဝင်ဆီများဖြစ်ပေါ်ခြင်း နည်း ပါး၏။ ကြက်ဥ တစ်ဥတွင် (၁.၂) ဂရမ်မျှလောက်သော မပျော်ဝင်ဆီ ပါဝင်ပြီး အလွန်အကျွံ မဟုတ်သော ပမာဏမျှသာ ပါဝင်သည်။
မည်သို့ပင်ဖြစ်စေ cardio vascular style အတွက် ဖြစ်နိုင်ချေ ရှိသောအကျိုးဆက်များကြောင့် ကြက်ဥများစွာစားသုံးဖို့ ရှောင်ကြဉ် သင့်သည်။ မိမိ၏ခန္ဓာကိုယ်ဝိတ် အခြေအနေကိုကြည့်ပြီး အတိုင်း အချင့်နှင့် စားသင့်သည်။ ဝက်ပေါင် ခြောက်၊ အနီရောင်အသားများ၊ ထောပတ်နှင့် အခြားမပျော်ဝင်ဆီ မြင့်မားစွာပါဝင်သည့် အစားအစာ များစားသုံးတတ်သူဖြစ်ပါက ပို၍ ထိန်းသိမ်းစားသုံးသင့်သည်။
ကြက်ဥတွင် ပရိုတိန်း၊ ဗီတာမင်D၊ ဗီတာမင် A ၊ ဗီတာမင် B2 နှင့် အိုင်အိုဒင်းတို့ပါဝင်ပြီး တစ်နေ့လျှင် အနည်းငယ်စားပါက အကျိုးဖြစ်စေ သည်။ သို့သော် သွေးတွင်း ကိုလက် စထရော များသူတို့တွင် hyper- cholesterolemia ကို ဖြစ်စေတတ် သည်။ အကယ်၍ ကိုလက်စထရော အတွက် ပူပင်ပါက ကြက်ဥအကာကို စားသုံးနိုင်သည်။
 For More >> http://goo.gl/qlPZd0


 ထူး
Health Updates Journal
Vol.2, No.36

 

(၁)လည်တိုင်တွင် အစက်အပြောက် များရှိနေပါက ဆေးဖက်ဝင်အသား အရေသစ်ဆေးဖြင့် (၁)ပတ် (၁) ကြိမ် ပုံမှန်ဆေးပေးရပါမည်။
(၂)လည်တုံ၊ဘယက်၊ ဆွဲကြိုးကဲ့သို့ လည်တိုင်အလှဆင် လက်ဝတ်ရတနာ တို့သည် လည်ပင်းမည်းနေသည့် နေရာကို ဖုံးလွှမ်းစေပါသည်။ သို့သော် စိုထိုင်းဆများသောနေ့များတွင် မဝတ်ဖို့ အထူးဂရုစိုက်ရမည်။ အကယ်၍ ဝတ်မှြ ဖစ်မည့်အနေအထားမျိုးဆိုလျှင် ကြွေ၊ ပုလဲတို့ကို ရွှေ၊ ငွေ၊ နစ်ကယ်နှင့် ခတ်ထားသော အဆင်တန်ဆာများ ကို ရွေးချယ်သင့်သည်။
(၃)မျက်နှာတွင် မိတ်ကပ်ကို လိမ်း သော်လည်း လည်တိုင်ကိုမူ Foun-dation သာ မေးရိုးအထိ လိမ်းပါ။ မျက်နှာနှင့်လည်ပင်းအရောင် သိသိ သာသာကွဲလွဲမှု မဖြစ်စေရန် မျက်နှာ အသားအရောင်နှင့် ဆင်သည့်Foun-dation ကို ရွေးချယ် သုံးပါ။
(၄)လည်တိုင်တွင် ရေမွှေးသုံးခြင်း သည် နေရောင်ထဲ ထွက်သည့်အခါ တွင် ယားယံစူးရှသလို ခံစားရစေပြီး မိမိအရေပြား၏ Type ပေါ်မူတည် ၍ အစက်အပြောက်များ ဖြစ်စေ တတ်သည်။ သို့ဖြစ်၍ နေရောင်မကျ နိုင်သောနေရာများ ဥပမာ သွေးခုန် တတ်သည့် လက်ကောက်ဝတ်၊တံ တောင်ဆစ်အတွင်းပိုင်း၊ ဒူးနောက် နှင့် အတွင်းခံအဝတ်အတွင်းသို့ ဂွမ်း စကလေးဖြင့် ဆွတ်၍ လိမ်းပေးပါ။
(၅)ရေသောက်နှုန်းနည်းလျှင် လည် တိုင်အသားအရေကို ခြောက်သွေ့၊ ကြမ်းတမ်းစေပြီး လည်တိုင်များ တွန့် ခြင်းကို ဖြစ်စေသည်။ သို့ဖြစ်၍ ရေ ဓာတ်ကို အလုံအလောက်ဖြည့်ဆည်း နိုင်ရန် တစ်နေ့လျှင် အနည်းဆုံးရေ(၈)ခွက်သောက်ပါ။
(၆)အရွယ်မတိုင်မီ အိုမင်းမှုကို ဟန့် တားနိုင်စေရန် မိမိအသားအရေအတွက် 'အင်တီအောက်ဆီးဒင့်'ပါဝင်သည့် ဗီတာမင်များကို မှီဝဲရပါမည်။ သို့မှ သာ Free radical ကြောင့် ဖြစ်ပေါ် စေသောအရေပြားပျက်စီးမှုကို ကာ ကွယ်နိုင်မည်။
 For More >> http://goo.gl/qlPZd0



ဒေါန
Health Updates Journal
Vol.2, No.3

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget