Health >> လေထုညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း များက နှလုံးရောဂါ ရစေနိုင်

Photo: Health Updates Journal
Vol.2, No.21
လေထုညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း များက နှလုံးရောဂါ ရစေနိုင်

နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အချက်တွေထဲမှာ လေထုညစ်ညမ်းခြင်းနဲ့ အသံညစ် ညမ်းခြင်းတွေလဲ ပါဝင်နေတယ်လို့သိ ရပါတယ်။ ဂျာမနီနိုင်ငံ၊ ပတ်ဝန်းကျင် ဆိုင်ရာဆေးပညာရှင်များရဲ့ လေ့လာ 

မှုကြောင့် အခုလိုနှလုံးရောဂါဖြစ်ပွား စေနိုင်မှုတွေကို သိရှိခဲ့ရတာဖြစ်ပါ တယ်။  ဒီလိုပဲနှလုံးရောဂါကို ဖြစ်စေ နိုင်တဲ့ လေထုညစ်ညမ်းခြင်းမှာ ၂.၅ မိုက်ခရို မီတာရှိတဲ့ လေထု အမှုန် တွေကို နေ့စဉ်ရှူရှိုက်နေရခြင်းဖြစ်ပြီး 

အသံ ညစ်ညမ်းမှုဆိုရာမှာတော့ နေ့စဉ် ကား ပိတ်ဆို့မှု၊ ကားဟွန်းတီးမှု တွေက ထွက်ပေါ်လာတဲ့အသံတွေ ကို နေ့စဉ် နားထောင်နေရမှုတွေပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုမှာ ပျမ်းမျှ အသက်၆၀ ရှိ တဲ့ ဂျာမန်လူမျိုး၄၂၃၈ဦးကို လေ့ လာခဲ့တာဖြစ်ပါတယ်။ လေထုညစ် ညမ်းမှုကို ဥရောပလေထုညစ်ညမ်းမှု စံညွှန်းနဲ့တိုင်းတာခဲ့ပြီး အသံညစ် ညမ်းမှုကိုတော့ EU ရဲ့အိမ်ပြင်ပယာဉ် 

ဆူညံမှု ကိန်းညွှန်းနဲ့ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။
	ဒီအချက်နှစ်ချက်နဲ့ နှလုံးရောဂါ ဆက်စပ်နေမှုကိုလေ့လာဖို့ရာ သုတေ သီတွေဟာ နှလုံးသွေး ကြောကျဉ်း ရောဂါကို တိုင်းတာမှုတစ်ခုဖြစ်တဲ့ ရင်ခေါင်းသွေးကြောမကြီးပျက်စီးမှု (Thoracic Aortic 

Calcification, TAC) ကို ညစ်ညမ်းမှုဒဏ်တွေ ခံနေရသူတွေမှာ သုတေသနပြုခဲ့ပါ တယ်။ TAC ကို စီတီစကင်ရိုက်ပြီး တိုင်းတာခဲ့ပါတယ်။
	ရလဒ်များအရတော့ ပါဝင်သူ များရဲ့ ၂၀%မှာ ရင်ခေါင်းသွေး ကြောမကြီး ပျက်စီးမှုကို ကြုံတွေ့နေရ တယ်လို့ အဖြေထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လေ့လာမှုမှာပါဝင်သူတွေ ဟာ ညအိပ်စဉ်မှာ လေထုနဲ့အသံ 

ညစ်ညမ်းမှုတွေကို တွေ့ကြုံခံစား နေရတဲ့ မြို့ပြနေပြည်သူလူထုပဲဖြစ် ပါတယ်။
	လေ့လာမှုမှာ ကျား/မ၊အလုပ် အကိုင်၊ ဆေးလိပ်သောက်ခြင်း၊ ယမ ကာမှီဝဲခြင်း၊ ကိုယ်အလေးချိန်စတဲ့ အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားခဲ့ပါတယ်။
	ဒီလေ့လာမှုကို Journal of IUF Leibniz Research မှာ ဖော်ပြ ထားတာဖြစ်ပါတယ်။

ငြိမ်းအေး
ref;ANI

Health Updates Journal
Vol.2, No.21

For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget