Articles by "Global News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

Photo: ဂြိုဟ်တုဖျက်နည်းပညာဖော်ဆောင်နေသည်ဟု တရုတ်ကို အမေရိကန်စွပ်စွဲ
==========================================
တရုတ်နိုင်ငံက ယခုရက်သတ္တပတ်အတွင်းလွှတ်တင်ခဲ့သော ဒုံးပျံမှာ ကမ္ဘာပတ်လမ်းအတွင်းရှိဂြိုဟ်တုများကို ဖျက်ချနိုင်သည့် နည်းပညာစမ်းသပ်မှုတစ်ခုဟု မိမိတို့ယုံကြည်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သော တနင်္လာနေ့က လွှတ်တင်ခဲ့သော ဒုံးပျံသည် မည်သည့်အရာကိုမှ အာကာသအတွင်းတင်ပို့ခဲ့ခြင်းမရှိဘဲ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ပြန်လည် သက်ဆင်းခဲ့ကြောင်း အမေရိကန်တို့၏ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ "ဒုံးပျံသွားရာလမ်းတစ်လျှောက် ကျွန်မတို့သေချာလိုက်ကြည့်ပါတယ်။ ဒါပေမဲ့ အာကာသအတွင်းမှာ ဘယ်လိုအရာဝတ္ထုကိုမှ ချန်မထားခဲ့တာတွေ့ရတယ်" ဟု ဒုဗိုလ်မှူးကြီး မော်နီကာမတုရှ်က ပြောခဲ့သည်။ အဆိုပါတရုတ်ဒုံးပျံသည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၀၀၀၀ (မိုင် ၆၂၅၀) အထိရောက်ရှိခဲ့ပြီး ကမ္ဘာပတ်လမ်းအောက်ဒုံးပျံလွှတ်တင်မှုများအနက် ၁၉၇၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ဟားဗတ်-စမစ်ဆိုနီယမ် အာကာသရူပဗေဒဌာနမှ ဂျွန်နသန်မက်ဒေါ်ဝယ်က ဆိုသည်။
ယခုလိုလမ်းကြောင်းသို့လွှတ်တင်နိုင်သော မြေပြင်အခြေစိုက်ဒုံးပျံများသည် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများကို ဖျက်ချနိုင်သည့် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်တစ်ခုခုအား သယ်ဆောင်သွားနိုင်စွမ်းရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ၄င်းတို့၏ ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၀၀၇ ခုနှစ်ကလည်း တရုတ်တို့သည် ကမ္ဘာပတ်လမ်းအတွင်းရှိ ၄င်းတို့ပိုင် သက်တမ်းကုန်ဂြိုဟ်တုတစ်လုံးကို ဒုံးပျံဖြင့်ပစ်ချဖူးသောကြောင့် အမေရိကန်တို့နှင့် ကြယ်တာရာစစ်ပွဲဆင်နွှဲတော့မည်လောဟု အထင်ခံရဖူးသည်။
တရုတ်တို့ကမူ ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သော အဆိုပါဒုံးပျံသည် ကမ္ဘာ့သံလိုက်စက်ကွင်းကိုလေ့လာသည့် သိပ္ပံပစ္စည်းကိုသာတင်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာငြင်းဆိုထားသည်။

--
မင်းညီညီချမ်း
DL Tech Club
--
ဂြိုဟ်တုဖျက်နည်းပညာဖော်ဆောင်နေသည်ဟု တရုတ်ကို အမေရိကန်စွပ်စွဲ

23

FaceBook ပေါ်ကနေ FreeCall ခေါ်မယ်

Facebook အသုံးပြုသူတိုင်းအတွက် FreeCall ခေါ်ဆိုနိုင်တဲ့ Application လေးပါ ..Application လေးရဲ့အမည်ကတော့ SANTYA Facebook Caller လေးပါ
ဒီကောင်လေးကတော့ Android and IOS Device တွေအပါအ၀င် Window OS and MAC OS တွေပေါ်မှာပါတင်ပြီး အသုံးပြုနိုင်ပါတယ်
Phone <=> Phone
Phone <=> PC
PC     <=> PC  ….. ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်
အခြားသော VoIP Application တွေထက်ပိုပြီးသာလွန်ကောင်းမွန်တာကိုခံစားရမှာဖြစ်ပါတယ် ငိငိ :)
Viber တို့ Tango တို့လို့ Code ပြန်မရမှာလဲပူစရာမလိုတော့ဘူးလေနော့
FaceBook Account တခုရှိထားရုံ. ဒီ Application လေးသွင်းထားရုံနဲ့ အချင်းချင်း FreeCall ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်
အသံကြည်လင်ပြတ်သားမူ့လဲကောင်းလှပါတယ် :D

Androidအသုံးပြုသူများအနေနှင့် Play Store မှာ SANTYA လို့ရိုက်ရှာလိုက်ပါ Free ရယူနိုင်ပါတယ်
IOS အသုံးပြုသူများအနေနှင့်လဲ Apple Store မှာ Free ရယူနိုင်ပါတယ်
Window and MAC အတွက်ကတော့ ဒီလင့်ခ်မှာလဲ ဒေါင်းယူနိုင်ပါတယ် => မူရင်းလင့်ခ်
SATYA
တကယ်လို့ Downရတာအဆင်မပြေသူများအနေနဲ့ ကတော့ —
For Android => SANTYA APK
For IOS      => SANTYA IPA
For Window => SANTYA ExE

အားလုံးပဲအဆင်ပြေကြပါစေနော်
နောင်နောင်(Innocent Love)
Credit >> myanmarmobileapp.com

ဆော်ဒီ အာရေးဗီးယားမှ လက်နက် ၃၅ တန် ဆီးရီးယား အတိုက်အခံများ ရရှိ

ဒမတ်စကပ် မေ ၂၄
ဆော်ဒီအာရေးဗီးယား နိုင်ငံမှ လက်နက်မျိုးစုံ ၃၅ တန် တင်ဆောင်လာသည့် သင်္ဘော တစ်စင်းအား ဆီးရီးယား အတိုက်အခံများက လက်ခံ ရရှိခဲ့ကြောင်းနှင့် ထိုကဲ့သို့ ရရှိခဲ့မှုကြောင့် ဆီးရီးယား စစ်တပ်အား
တွန်းလှန် တိုက်ခိုက်ရာတွင် အကူအညီများ ရရှိစေမည် ဖြစ်ကြောင်း လွတ်လပ်သော ဆီးရီးယား တပ်မတော်မှ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် စလင်းအိုင်းဒရစ်က ပြောကြားခဲ့သည်။ သို့သော် အဆိုပါ လက်နက်များသည် ဆီးရီးယား စစ်တပ်အား တိုက်ခိုက်ရန် အတွက် လုံလောက်မှု မရှိသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ လက်နက်များသည် အယ်ကူဆာမြို့ရှိ စွမ်းအားမြင့် တင့်ကားများ နှင့် လေယာဉ်များအား ဖျက်ဆီးနိုင်စွမ်း မရှိကြောင်းသိရသည်။
ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင်များ အနေဖြင့် မြေပြင်တွင် အင်အား နည်းနေပြီ ဖြစ်သော်လည်း ယခု အချိန်တွင် ဆီးရီးယား အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက်  လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ ထို့အပြင် အိုင်းဒရစ် အနေဖြင့် လာမည့်လမှ စ၍ လက်နက်တန်ချိန် ၇ဝဝ အား ပို့ဆောင်ပေးရန် အမေရိကန် အစိုးရကို ပြောကြားထားကြောင်း သိရ သည်။

မြ၀တီ

code တွေကတော့အများကြီးပဲ။ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
Code အများစုကိုတော့ Call ခလုတ်နဲ့ ဖုန်းခေါ်သလိုမျိုး သုံးရမှာပါ။

*#06# - It is use to show IMEI of any phone means it will work on any Smartphone or mobile of any brand.
 
*#21# - It gives information about the configuration of forwarding (calls, voice and data.)
*#30# - Its functions is to report you either you enable / disabled status of calling line presentation.
*#33# - This secret of iPhone will give you a list with multiple configurations like (call, sms, data, fax, sms, etc) and show whether they are enabled or not.
*#43# - usually use to verify status of call waiting like sms, data, sync data, etc. in your iPhone.

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး

မန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်မှုကို ရဲတပ်ဖွဲ့က အမြစ်ဖြတ် စုံစမ်း ဖော်ထုတ်လျက် ရှိရာ ယခုအခါတွင် အကြမ်းဖက်သမား ခုနစ်ဦးကို အသေ ဖမ်းဆီး နိုင်ခဲ့ပြီး အခြား ၁၃ ဦးကို အရှင်ဖမ်းဆီး ရမိထားပြီဟု ရဲတပ်ဖွဲ့က မေ ၉ ရက်တွင် ကြေညာခဲ့ရာ အကြမ်းဖက် သမားများ၏  နိဂုံးသည် မကြာမီ ချုပ်ငြိမ်းဖွယ် ရှိသည်ကို  တွေ့ရသည်။

ရဲတပ်ဖွဲ့သည် နိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ် ကီဘူမန် မြို့ရှိ နေအိမ် တစ်အိမ်ကို မေ ၈ ရက်က ညလုံးပေါက် ဝန်းရံခဲ့ပြီး နောက်တစ်နေ့ အစောပိုင်းတွင် အကြမ်းဖက် သမားများအား လက်နက်ချ အဖမ်း ခံရန် တောင်း ဆိုခဲ့သော်လည်း အကြမ်းဖက် သမားများက လက်မခံဘဲ ရဲတပ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခတ် ခြင်း၊  လက်လုပ်ဗုံး များဖြင့် တိုက်ခိုက်ခြင်း တို့ကို  ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ခုခံပစ်ခတ် ခဲ့ရာမှ နောက်ဆုံးတွင်  အကြမ်းဖက်သမား သုံးဦးအား အသေဖမ်းဆီး နိုင်ခဲ့ပြီး အခြား အကြမ်းဖက်သမား လေးဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့သည်။
ယခု ဖမ်းဆီးရမိ ခဲ့သည့် အကြမ်းဖက် သမားများသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီးခံခဲ့ ရသော အကြမ်းဖက် သမားများနှင့် ဆက်စပ်မှုရှိ၊ မရှိကို ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍  ဆက်လက်စုံစမ်း ဖော်ထုတ် သွားမည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအေမာက ပြောကြားထားသည်။ အင်ဒို ရဲတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက် နှိမ်နင်းရေးကို  နိုင်ငံအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိရာ အနောက် ဂျာဗားရှိ  စီပါဆင်း ကျေးရွာမှ လက်နက် ပြုလုပ်သူ တစ်ဦးအား မေ ၇ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ ရရှိသော သတင်းများ အရ နေရာဒေသ အနှံ့အပြားရှိ  အကြမ်းဖက် သမားများ၏ ပုန်းအောင်းရာ နေရာများကို ဝင်ရောက်စီးနင်း နိုင်ခဲ့ သည်။

ဆီးရီးယား နိုင်ငံသို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များ ရောင်းချပေး မှုအား ရပ်တန့်ရေး အနောက် အုပ်စုက ရုရှားနိုင်ငံ အပေါ် ဖိအားပေး ပြောကြားလျက်ရှိ

ဆီးရီးယား နိုင်ငံသို့ ခေတ်မီ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များ ရောင်းချ ပေးမှုအား ရပ်တန့်ရေး အနောက် အုပ်စုက ရုရှားနိုင်ငံ အပေါ် ဖိအားပေး ပြောကြားလျက် ရှိသော်လည်း ရုရှား နိုင်ငံသည် အဆိုပါ ဒုံးပျံစနစ် များအား ဆီးရီးယား နိုင်ငံသို့ ရောင်းချ ပေးသွားရန် စီစဉ်နေကြောင်း မကြာသေးမီ ရက်များ အတွင်း၌ အစ္စရေး နိုင်ငံက အမေရိကန် နိုင်ငံသို့ သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန် တာဝန် ရှိသူများ အနေဖြင့်မူ အစ္စရေး နိုင်ငံ၏ သတိပေး ပြောကြားမှု သတင်းအပေါ် ဆန်းစစ် သုံးသပ်လျက် ရှိပြီး ရုရှားနိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံစနစ် များအား ဆီးရီးယား နိုင်ငံသို့ ရောင်းချနိုင်ခြေ ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်၍ ပြောကြားဖွယ် မရှိကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် ရုရှားနိုင်ငံမှ လေယာဉ်နှင့် ပဲ့ထိန်း ဒုံးပျံများကို ကြားဖြတ် တိုက်ခိုက် နိုင်စွမ်းရှိသော ခေတ်မှီ-၃ဝဝ ဒုံးပျံများ ဝယ်ယူရန် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ ဒုံးခွင်းဒုံး များကို ရောင်းချခြင်းသည်

Photo: တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက်ရ

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက် ရကြောင်းနှင့် ၎င်းတို့သည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် မြင့်တက်လျက်ရှိသော တင်းမာမှုများ အား အဖြေရှာရာတွင် အောင်မြင်မှု မရနိုင်ကြောင်း တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ကင်ဟန်ဂီ က မေလ ၈ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတော် ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် အတွက် အစောပိုင်းက တောင်းဆို ထားမှုကို ရည်ညွှန်း၍ မိမိတို့ပါတီ အနေဖြင့် ကိုရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှု ပြန်လည် ထိန်းသိမ်း နိုင်ရန်အတွက် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း ကင်က ပြောကြားခဲ့ပါသည်။ ပတ်ဂွမ်ဟေး အစိုးရ အနေဖြင့် ယခင် လီမြောင်ဘတ် အစိုးရ၏ အောင်မြင်မှု မရှိသော မူဝါဒများအား ပြန်လည် အသုံးမပြုရန် မိမိက မျှော်လင့် ထားကြောင်း ကင်က ထပ်မံ ပြောကြားခဲ့ပါသည်။

http://bit.ly/12gjwZN
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက်ရ

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အကြား ပြုလုပ်သော ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ စိတ်ပျက် ရကြောင်းနှင့် ၎င်းတို့သည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် မြင့်တက်လျက်ရှိသော တင်းမာမှုများ အား အဖြေရှာရာတွင် အောင်မြင်မှု မရနိုင်ကြောင်း တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ကင်ဟန်ဂီ က မေလ ၈ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတော် ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် အတွက် အစောပိုင်းက တောင်းဆို ထားမှုကို ရည်ညွှန်း၍ မိမိတို့ပါတီ အနေဖြင့် ကိုရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှု ပြန်လည် ထိန်းသိမ်း နိုင်ရန်အတွက် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း ကင်က ပြောကြားခဲ့ပါသည်။ ပတ်ဂွမ်ဟေး အစိုးရ အနေဖြင့် ယခင် လီမြောင်ဘတ် အစိုးရ၏ အောင်မြင်မှု မရှိသော မူဝါဒများအား ပြန်လည် အသုံးမပြုရန် မိမိက မျှော်လင့် ထားကြောင်း ကင်က ထပ်မံ ပြောကြားခဲ့ပါသည်။

မြ၀တီ

အင်တာနက် ပွင့်လင်းမှုရဲ့ နောက်ကွယ်က အန္တရာယ် Google ဥက္ကဌ စိုးရိမ်

ကမ္ဘာ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာအချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ Google ကုမ္ပဏီက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့လကလာရောက်ခဲ့တဲ့ မစ္စတာ Eric Schmidt က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့အချက်တွေရှိသလို၊စိုးရိမ်စရာတွေလည်းရှိနေကြောင်း Google စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အဲဒီထဲက အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာရှိနေခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေဟာ အင်တာနက်ပေါ်ရောက်ရှိ ဖုံးလွှမ်းသွားပြီး၊ နောက်ထပ်ဖိနှိပ်မှု ခေတ်သစ်တစ်ခုဆီ ဦးတည်သွားမှာကို အထူးစိုးရိမ်မိတယ်လို့ ရေးသားခဲ့ပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုတွေ တားဆီးမှုတွေ ဖယ်ရှားလိုက်တာနဲ့အမျှ နဂိုမူလကရှိနေတဲ့ ဘာသာရေးတင်းမာမှုတွေဟာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့အတူ ထကြွလာလို့ အစိုးရအနေနဲ့ စစ်တပ်ကို အသုံးပြုရတဲ့အခါ မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာလည်း အန္တရာယ်ကာလအပိုင်းအခြားထဲ ရောက်ရှိသွားတော့မှာဖြစ်ပါတယ်လို့ မစ္စတာ Schmidt က ဆိုပါတယ်။

ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကြောင့် အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိပါးနိုင်တဲ့ဘေးက ကယ်တင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာရှိကြောင်း၊ ပဋိပက္ခအခြေအနေတွေ အေးချမ်းလာရေးမှာ မြန်မာနိုင်ငံသားတွေရဲ့ ပင်ကိုယ်စိတ်နှလုံး သဘောထား ကောင်းမွန်တာကလည်း အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က ရေးသားခဲ့ပါတယ်။

From Kyawmin Khaing

Photo: ဂျာကာတာ မြန်မာသံရုံးဗုံးဖောက်ရန်ကြံစည်မှုနဲ့ ဖမ်းဆီးထားသူတချို့ ပြန်လွှတ်ပေး
****************************
ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးဖောက်ရန်ကြံစည်သူများအဖြစ် သံသယရှိသူ ၅ ဦးကို အမှုအတွက် သက်သေတွေအဖြစ်သာ လက်ခံယူဆလိုက်ပြီး သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ 

ဗုံးဖောက်ရန်ကြံစည်မှုအတွက် သံသယရှိသူ ဆီဂစ်အင်ဒရာဂျစ်ရဲ့ မိသားစုဝင်ဖြစ်တဲ့ ဇနီး၊ မိခင်၊ မောင်နှမတော်သူတသီးနဲ့ ယောက်ဖတို့ကို
ပြန်လွှတ်ပေးလိုက်သလို သံသယရှိသူ နောက်တဦးရဲ့ ဇနီးကိုလည်း လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြောပါတယ်။ 

သံသယရှိသူ အသက် ၂၃ နှစ်ရှိ ဆီဂစ်အင်ဒရာဂျစ်ကတော့ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ပါတယ်။
နောက် သံသယရှိသူ၂ ဦးဖြစ်တဲ့ အသက် ၂၂ နှစ် စီရှိကြတဲ့ ဆေဖာနှင့် အာမက်တော်ဖစ်တို့ကိုတော့ ကြာသပတေးနေ့က ဂျာကာတာတောင်ပိုင်း လူစည်ကားရာနေရာမှာ ဆိုင်ကယ်နဲ့ သွားနေစဉ်မှာ ဖမ်းမိခဲ့တာပါ။ သူတို့နဲ့အတူ ဆင်ပြီးသား ဗုံး ၅လုံးကို သိမ်းဆည်းရမိပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအတွက် လက်တုန့်ပြန်တာလို့ ဆိုပါတယ်။ 

ထွက်ပြေးလွတ်မြောက်နေဆဲ ဆီဂစ်အင်ဒရာဂျစ်ရဲ့ လှုပ်ရှားမှုကို ရဲထောက်လှမ်းရေးတွေက နဂိုကတည်းက စောင့်ကြည့်နေခဲ့လို့ ဗုံးဖောက်ခွဲမယ့် အစီအစဉ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ အခု ဗုံးဖောက်ဖို့ ကြံစည်သူတွေဟာ ငယ်ရွယ်သူတွေ ဖြစ်တာကြောင့် ဒါဟာ အကြမ်းဖက်အဖွဲ့က လူသစ် စုဆောင်းနေတဲ့ လုပ်ရပ် ဆက်လက်ဖြစ်ပေါ်နေတယ် ဆိုတာကို 
ပြလိုက်တာဖြစ်ပြီး အာဏာပိုင်တွေက ဒီဖြစ်ရပ်ကို ပိတ်ပင်တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ဝေဖန်ကြပါတယ်။
ဒီအတွက်လည်း အလွန်တုန်လှုပ်မိကြောင်း People's Consultative Assembly ဂေါလ်ကာပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Hajriyanto Thohari က ပြောပါတယ်။ 

နိုင်ငံတော် အကြမ်းဖက်သမား တုန့်ပြန်ရေးရဲတပ်ဖွဲ့ Densus 88 ဟာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးနှိမ်နှင်းရာမှာအောင်မြင်ပေမဲ့ အကြမ်းဖက်သမား မျိုးဆက်သစ်တွေ ပေါ်ထွက်မလာရေး ဟန့်တားရာမှာတော့ အောင်မြင်မှု မရှိဘူးလို့ သူက ဝေဖန်လိုက်ပါတယ်။ ကြိုတင်ကာကွယ်ရေး စီစဉ်ရာမှာ ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အကြမ်းဖက်သမား ဆန့်ကျင်ရေး လှုပ်ရှားသူများကိုလည်း ပူးပေါင်း ပါဝင်လုပ်ကိုင်စေသင့်တယ်လို့ Hajriyanto Thohari က အကြံပေးလိုက်ပါတယ်။ 

မြန်မာသံရုံးကို ပြီးခဲ့သည့် သောကြာနေ့က ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တာ
ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မြန်မာသံရုံးကို အထူးလုံခြုံရေး ချမှတ်ထားခြင်း မရှိတော့ကြောင်း ဂျာကာတာရဲတပ်ဖွဲ့
ပြောခွင့်ရသူက ပြောပါတယ်။ 

ခင်မေဇော် (Burma-Newselite)

Photo: မြောက်ကိုရီးယားပင်လယ်ကမ်းရိုးတန်းရှိ ဒုံးလက်နက်များဖယ်ရှားလိုက်...

********************************************
(7.5.2013, Tuesday)

မြောက်ကိုရီးယားကပင်လယ်ကမ်းရိုးတန်းတွင် တပ်ဆင်ထားသော
ရွှေ့ပြောင်းနိုင်သည့် ဒုံးလက်နက်နှစ်ခုကို မေလ(၆)ရက်တွင် ဖယ်ရှား
လိုက်ပြီဖြစ်ကြောင်း သိရသည်။ပြီးခဲ့သောရက်အနည်းငယ်အတွင်း နိုင်ငံ
အရှေ့ဘက်ကမ်းရိုးတန်းဝန်ဆန်မြို့အနီးတွင် တပ်ဆင်ထားသော လက်နက်
များအား ပြန် လည်ရုတ်သိမ်းခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှု
များသည် လေသံလျော့လာသည့်လက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း ဂျပန်နှင့်
အမေရိ ကန်သတင်းရင်းမြစ်များမှ သိရသည်။အမေရိကန်နိုင်ငံတွင် ဂြိုဟ်တု
မှတစ်ဆင့်ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး မြောက်ကိုရီးယား၏
လုပ်ဆောင်မှုသည် တိုးတက်လာသောလက္ခဏာတစ်ရပ်ဟု အသေအချာ
ပြောရန်စောနေသေးကြောင်း အိမ်ဖြူတော်ထိပ်တန်းအရာရှိတစ်ဦးမှ
ပြောကြားခဲ့ကြောင်း NHKသတင်းဌာနမှသိရသည်။
မြောက်ကိုရီးယားပင်လယ်ကမ်းရိုးတန်းရှိ ဒုံးလက်နက်များ

Photo: ပါရှန်ပင်လယ် ကွေ့တွင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ စစ်ရေး လေ့ကျင့်မှု စတင်

အမေရိကန် ပြည်ထောင်စုနှင့် ၄င်း၏ မဟာမိတ် နိုင်ငံများသည် ပါရှန်ပင်လယ် ကွေ့တွင် ကိုးရက်ကြာ စစ်ရေး လေ့ကျင့်မှုကို ဧပြီ ၂၈ ရက်တွင် စတင် လုပ်ဆောင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဇီဝဓာတုဆိုင်ရာ ထိခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ အရေးပေါ် တုံ့ပြန်မှုများကို လုပ်ဆောင်နိုင်ရန် အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများမှ တပ်ဖွဲ့ဝင် ၂ဝဝဝ ခန့်သည် ကာတာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ဘာရိန်း နိုင်ငံများရှိ စစ်ရေး လေ့ကျင့်မည့် နေရာများသို့ ဧပြီ ၂၆ ရက်က ရောက်ရှိ လာခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှု၌ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များလည်း ပါဝင်မည် ဖြစ်သည်။ ၄င်းစစ်ရေး လေ့ကျင့်မှုသည် ပင်လယ် ဓားပြစီးနင်း ဝင်ရောက်တိုက်ခိုက်မှု၊ အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်း ယိုစိမ့်မှုနှင့် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုများ အပါအဝင် အရေးပေါ် အခြေအနေ အမျိုးမျိုး ကို ကိုင်တွယ် ဖြေ ရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် အတိုက်အခံ အဖွဲ့များကို တိုက်ခိုက် ချေမှုန်းရာတွင် ဓာတု လက်နက်များ အသုံးပြုနိုင်ဖွယ် ရှိသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေသည့် ကြားမှ အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၄င်းစစ်ရေး လေ့ကျင့်မှုကို လွန်ခဲ့သော တစ်နှစ်ခွဲခန့်က စီစဉ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသရှိ ၄င်းတို့၏ မဟာမိတ် နိုင်ငံများ အပေါ် စစ်ရေး အရ အကူအညီ ပေးသွားမည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ကတိကဝတ်ကို ထင်ဟပ် ပေါ်လွင်စေရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဗဟို စစ်ဌာန ချုပ်က ပြောကြားခဲ့သည်။

http://bit.ly/105SEvv
ပါရှန်ပင်လယ် ကွေ့တွင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ စစ်ရေး လေ့ကျင့်မှု စတင်

From-မြ၀တီ

This Site Link >>
http://www.fullpremiumnowfree.com/2013/05/globalnews5613.html

Photo: အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင်လက်ခံ ခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင်သွားရန် စီစဉ်လျက် ရှိသည်။

ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ်က ပြောကြားသည်။

အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက် မဲခွဲ၍ ပထမဆုံး အခြေချ နေထိုင်သူ များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြားနားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။ 

http://bit.ly/10duUlh
အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

From- မြ၀တီ

This Site Link >>

http://www.fullpremiumnowfree.com/2013/05/600.html

Photo: အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

မေလ ၆ ရက် ၂၀၁၃

မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုတွင် ဇိမ်ခံကားကြီးတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ အသစ်စက်စက် သတို့သမီး အပါအဝင် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ မော်တော်ကားကြီးသည် ဆန်ဖရန်စ္စကို၏ နယ်နိမိတ်အတွင်း တံတားကြီးတစ်ခုကို ဖြတ်သန်းစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

သေဆုံးသွားသည့် သတို့သမီး၏ အမည်ကို ရဲက မကြေညာခဲ့ဘဲ သူမသည် ပူပူနွေးနွေး လက်ထပ်ပွဲ ဆင်နွှဲထားပြီး သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပပြီးနောက် သေဆုံးသွားခြင်းဟု သူမ၏ ညီမဖြစ်သူက ပြောဆိုသွားသည်။ အဆိုပါ သတို့သမီးသည် ဇွန်လအတွင်း သူမ၏ ဇာတိနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ပြန်သွားကာ နောက်ထပ် မင်္ဂလာပွဲတစ်ပွဲ ဆင်နွှဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာ ဇိမ်ခံကားကြီးအတွင်း အမျိုးသမီး (၉)ဦး လိုက်ပါ စီးနင်းလာကာ ယာဉ်မောင်းမှာမူ အမျိုးသား ဖြစ်သည်။ စနေနေ့က ဖြစ်ရပ်တွင် မီးစတင် လောင်ကျွမ်းပြီးနောက် ကူးစက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်ဟု ခန့်မှန်းရကြောင်း မီးသတ်များက ဆိုသည်။ မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရသေးဟု အဝေးပြေးလမ်းမ လုံခြုံရေး အရာရှိ အာ့တ် မွန်တီရဲလ်က ပြောကြားခဲ့သည်။

"ဇိမ်ခံကားကြီးကို ကြည့်ရတာ ယာဉ်တိုက်မှုလို ဖြစ်ထားတဲ့ အရိပ်အခြေလည်း မတွေ့ရဘူး။ လောလောဆယ်တော့ ဒီကားကပဲ မီးစလောင်တယ်လို့ ယူဆထားပါတယ်"ဟု မွန်တီရဲလ်က ဆိုသည်။ "ယာဉ်မောင်းက ကားအပြင်ကို ထွက်လာနိုင်ခဲ့တယ်။ တချို့ ဖြတ်သွားဖြတ်လာတွေက ကားရပ်ပြီး အထဲမှာ ပိတ်မိနေသူတွေကို ကူညီ ဆွဲထုတ်ခဲ့ကြတယ်။ ခုထိတော့ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ မတွေးတတ်သေးဘူး။ လောလောဆယ်တော့ အားလုံးက စုံစမ်းစစ်ဆေးဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်"ဟုလည်း မှုခင်းဘက်ဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြုသွားခဲ့သည်။ 

Source: ABC News

Planet
အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

Photo: တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ
05 May 2013

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော
အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ များက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။ တောင်ကိုရီးယား နိုင်ငံသည် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ ဝယ်ယူ ခွင့်ကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အဆိုပြု ထားခဲ့သော်လည်း အမေရိကန် လွှတ်တော်၏ အတည်ပြုမှု မရရှိခဲ့ခြင်း ကြောင့် နှောင့်နှေး ခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဝမ် ၄၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ဝ၈ သန်း)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် လေးစင်းကို ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားရန် ကနဦး ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ အင်ဂျင် တစ်လုံးတပ် Global Hawk မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ကီလိုမီတာ အမြင့်မှ ပျံသန်းနိုင်စွမ်း ရှိပြီး နာရီပေါင်း ၃၆ နာရီကြာ အကွာအဝေး အားဖြင့် ၃ဝဝဝ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်း နိုင်သောကြောင့် ၎င်း အကွာအဝေးသည် မြောက်ကို ရီးယား တစ်နိုင်ငံလုံး အပြင် တရုတ်နှင့် အခြား အိမ်နီးချင်း နိုင်ငံများကိုလည်း ရောက်ရှိ ပျံသန်းနိုင်ကြောင်း သိရသည်။

From Myawaddy News

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget