Articles by "Mobile News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

https://fbcdn-photos-g-a.akamaihd.net/hphotos-ak-xfp1/10448232_588350864597564_763963907172119522_n.jpg

မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှဝင်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင် ဆောင်လာနိုင်သည့်အခါ နောက် ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အလွယ်တကူဖွင့်ပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ မှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

"နိုင်ငံတကာမိုဘိုင်းဖုန်းဆက် သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ 4G အဆင့်စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G ကွန်ရက်ကိုထောက်ပံ့ပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေရှိနေဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှဝင် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင် လာနိုင်တဲ့အခါကြရင် ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့် မြှင့်ပေးလိုက်ရုံပါပဲ" ဟု ဒေါ်သီရိ ကြာညိုကဆိုသည်။

လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ် လီနောသည် 2G နှင့် 3G ကွန် ရက်မိုဘိုင်းဖုန်းလိုင်းများကို ချ ထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်း တို့ကုမ္ပဏီနှစ်ခုသည် နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အဆင့်သင့်ပြင်ဆင်ထား သော်လည်း မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့်စတင်အသုံးပြုခွင့် ပေးသည့်အခါ အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။

"4G LTE စနစ်ကို ထောက်ပံ့ ပေးတဲ့ဟန်းဆက်တွေက ဈေး ကွက်ထဲမှာရောင်းအားနည်းသေး တယ်။ 4G ရဲ့အဓိက အားသာ ချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ အကြမ်းဖျင်းပြော လို့ရတယ်။ ဈေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်း ဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsung ရဲ့ Note 3 ဆိုရင်လည်း 3G နဲ့ 4G ဆိုပြီး နှစ်မျိုး ဈေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် ဈေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4G ကို သုံးလို့မရ တော့ ဈေးကြီးမသုံးကြတော့ဘူး" ဟု ACE ဟန်းဆက်အရောင်းဆိုင် မှ ဦးသန်းထိုက်ကပြောသည်။

အော်ရီဒူးမြန်မာသည် ၄င်းတို့ ၏ ဆင်းမ်ကတ်များကို လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ လက်ကိုင်ဖုန်းများသည် 3G ကွန် ရက်ကိုထောက်ပံ့ပေးနိုင်သည့် လက်ကိုင်ဖုန်းများဖြစ်ပြီး ဈေးနှုန်း ကို အများပြည်သူအသုံးပြုနိုင် သည့်ဈေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုက် ပြန်ခဲ့သည်။ အလားတူ တယ်လီ နောသည်လည်း ၄င်းတို့၏ ဆမ်း ကတ်များကို မိုဘိုင်းဟန်းဆက် များနှင့် တွဲဖက်ရောင်းချပေးသွား မည်ဟုသိရသည်။

Credit & Ref: http://www.myanmarinternetjournal.com/content/13065


မိုဘိုင်းလ်ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံ အခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး စခန်းပေါင်း ၈၀၀၀ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။ 


လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန် မလိုကြောင်းသိရှိ ရသည်။ “Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စား ဖွယ် အရောင်းမြှင့်တင်မှု အစီအစဉ်များလည်း ပါဝင်ပါတယ်။ Sim Card ရောင်းချရာမှာ အသက်အရွယ် ကန့် သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိတဲ့သူတိုင်း လိုသလောက် ၀ယ်ယူနိုင်မှာပါ။ ဒါ့အပြင် Sim Card ကို ၀ယ်ယူလိုက်တာနဲ့ အဲ့ဒီ Sim Card ကို သင်ပိုင်ဆိုင်မှာပါ”” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ 

လက်ရှိကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက် သွယ်ရေးမှ ရောင်းချထားရှိသော Sim Card များ၏ စာချုပ်အရ မိုဘိုင်းလ်အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသား ထားရှိသည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေး စခန်း(၁၀၀၀) ကို တည်ဆောက် ပြီးနောက်ပိုင်းကာလများတွင် တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွား မည်ဖြစ်ပြီး ပထမဆုံး ဆက်သွယ်ရေးစခန်း ၁၀၀၀ ကိုတည်ဆောက်ခြင်းမှာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်
From: Myanmar Digital Life Journal

ဖုန်းကတ်ဒ် ပျက်/ပျောက် လျှောက်ထားခြင်း နေရာမှား လျှောက်ထားသူ များလာ
 
 
မိုဘိုင်းဖုန်းကတ်ပျောက် ကတ်ပျက်လျှောက်ထားရာ၌ သတ်မှတ်နေရာများ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း နေရာမှား လျှောက်ထားခြင်း များလာကြောင်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး အနီးရှိ မိုဘိုင်းဖုန်း အကျိုးဆောင်များထံမှ မေးမြန်းသိရှိရသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဆက်သွယ်ရေး ရုံးအသီးသီးက ဆောင်ရွက်ပေးသော်လည်း ဖုန်းအမျိုးအစားအပေါ် မူတည်၍ နေရာ ကွဲပြားကြောင်း သိရသည်။
 
 "ကတ်ပျက် လျှောက်ထားဖို့ နေရာမှားလာကြတာ တစ်နေ့ကို ဆယ်ဦးထက်မနည်းဘူး ရှိတယ်" ဟု အကျိုးဆောင် တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ တစ်သောင်းကျပ် ဝန်းကျင် ယူကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ၁၅၀၀ တန်ဖုန်းများ ကတ်ပျောက် ကတ်ပျက် အတွက် ရန်ကုန်စာတိုက်ကြီးတွင် လျှောက်ထားရခြင်းဖြစ်ပြီး ၇၃၊ ၄၃ စသည့် ဖုန်းများအတွက် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။
 
 ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
 
 ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက..
 
GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆ 
 
CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ 
 
CDMA 800 (MEC Tel)မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ 
 
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။

 
 
 

မိုဘိုင်းလ် ဘဏ်စနစ် (Mobile Banking)
စတင်အသုံးပြုနိုင်ပြီဖြစ်သော မိုဘိုင်းဘဏ်စနစ် (Mobile Banking) မှတ်ပုံတင်ရန်အတွက် သုံးလအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရသည်။
 
 “လက်ရှိလာရောက်မှတ်ပုံတင်ပြီးအသုံးပြုမယ်ဆိုရင်တော့ ငွေလွှဲရင် ငွေလွှဲခပေးရမှာမဟုတ်တဲ့အတွက်
ငွေလွှဲခသက်သာမယ်။ ပြီးတော့ မှတ်ပုံတင်ကြေးသုံးထောင် သက်သာမှာဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ မေးမြန်း သိရှိရသည်။ ငွေလွှဲနှုန်းထားများအနေဖြင့် မြို့တွင်းဆိုပါက တစ်ကြိမ်လွှဲခြင်းအတွက် ၅၀၀ ကျပ် သတ်မှတ်ထားပြီး နယ်ဆိုပါက တစ်ရာလျှင် ၁၅ ပြားနှုန်းဖြစ်ကြောင်း မေးမြန်းသိရှိရသည်။
 
 မိုဘိုင်းဘဏ်စနစ် အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ သုံးထောင်ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် ပေးဆောင်ရန် လိုအပ်မည် မဟုတ်ပေ။ ငွေကြေး တစ်ကြိမ်လွှဲပို့ပါက ငါးသိန်းကျပ် လွှဲပို့နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဆယ်သိန်းကျပ်အများဆုံး လွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်အသုံးပြုလိုသူများအနေဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်ရှိရမည်ဖြစ်ပြီး သမဝါယမဘဏ်တွင် Saving အကောင့် (သို့မဟုတ်) Current အကောင့်ရှိရမည်ဖြစ်သည်။ မိမိဖုန်းဖြင့် ငွေလွှဲပါက အလွှဲခံရသူတွင် မိုဘိုင်းဘဏ်စနစ်ရှိရန်မလိုအပ်ဘဲ သမဝါယမဘဏ်တွင် အကောင့်တစ်ခုခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းရှိရုံဖြင့် အဆိုပါ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့ကို ယူဆောင်ကာ နီးစပ်ရာသမဝါယမဘဏ်ခွဲတွင် သွားရောက်မှတ်ပုံတင်ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုများအနေဖြင့် မိုဘိုင်းဖုန်းအတွင်း Application များ ထည့်သွင်းကာ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများကို Mobile Web Browser မှ တစ်ဆင့် မိမိဖုန်းဖြင့်သုံးစွဲခြင်း၊ အကောင့် အချက်အလက်များကို SMS Command များသုံးကာ ကြည့်ရှုစစ်ဆေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 မိုဘိုင်းဘဏ်စနစ် လာရောက် ဆောင်ရွက်သူများအနေဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန် မလိုအပ်ဘဲ လစဉ်ကြေး၊ နှစ်စဉ်ကြေးများလည်း ပေးဆောင်ရန်မလိုအပ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် သမဝါယမဘဏ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ နီးစပ်ရာ သမဝါယမ ဘဏ်ခွဲများတွင် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစနစ် ထည့်သွင်းခြင်းကို နေ့ချင်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေးမြန်းသိရှိရသည်။

 ထွန်းထွန်း
Ref :  myanmarinternetjournal

Talking Phone

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။

၁ မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေးမယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ်ကိုလည်း အစိုးရက လက်ရှိကာလမှာ မဲဖောက်ပေးနေတဲ့ ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

 အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ပြည်ပနိုင်ငံ တွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါ ဖိတ်ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ တယ်လီနော် နဲ့ အော်ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက တင်ဒါအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကုမ္ပဏီကြီးတွေအနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် မရရှိသေးပါဘူး။

 ဒါကြောင့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ ဆက်သွယ်ရေးလုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ကြောင်း တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်မွန်မြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ပြောထားတာက ၁၅၀၀ ထက်မများတဲ့ ဈေးနှုန်းနဲ့ ဆင်းကတ်တွေ ရောင်းချပေး မယ်ဆိုပြီး ထည့်ထားပါတယ်။ တကယ်တမ်းဈေးနှုန်းကတော့ လည်ပတ်တဲ့အချိန်ကျမှပဲ သိရပါမယ်။ အခုက ထုတ်ဖော်ပြလို့ မရသေးတဲ့အတွက်ပါ။ ဘယ်အချိန်စမလဲဆိုတော့ တရားဝင် ဆက်သွယ်ရေးလိုင်စင်ရပြီးတော့ ၈ လအတွင်းမှာ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာ ဆက်သွယ်ရေးလိုင်စင်အတွက် နောက်ဆုံး ဆွေးနွေးနေဆဲ ဖြစ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပေမယ့် နည်းဥပဒေပေါ်ထွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဒါကို စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းနဲ့ ဒီနည်းဥပဒေ ထွက်ပေါ်လာမှပဲ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ကို ရရှိမှာ ဖြစ်ကြောင်း သူက ဆက်လက် ပြောပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရင်က အစိုးရတဦးတည်းက ချုပ်ကိုင်ခဲ့တာ ဖြစ်လို့ သုံးစွဲတဲ့သူတွေအနေနဲ့ ရွေးချယ်စရာ မရရှိခဲ့တဲ့အပြင် နည်းပညာ ပိုင်းဆိုင်ရာမှာလည်း နောက်ကျမှုတွေ ရှိခဲ့ပါတယ်။

 ဒါကြောင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအနေနဲ့ အခုလို ၀င်ရောက်လာတာက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိစေမယ်လို့ မျှော်လင့်တဲ့ အကြောင်း လူကြီးမင်း လက်ကိုင်ဖုန်းရောင်းဝယ်ရေးစင်တာက ဒါရိုက်တာ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။

“အရင်က မြန်မာဆက်သွယ်ရေး တခုတည်းရှိတော့ တချို့ဟာတွေ အဆင်ပြေတယ်၊ တချို့ဟာတွေ အဆင်မပြေဘူး။ အခု တခြားအော်ပရေတာတွေလည်း ၀င်လာတော့ အပြိုင်အဆိုင်လုပ်မယ်။ ကိုယ့်ဘက်မှာလည်း မြန်မာပြည်က အော်ပရေတာတွေက သူ့လိုပဲ အပြိုင်အဆိုင် လိုက်လုပ်ကြမယ်ဆိုရင် အသုံးပြုသူတွေအတွက်လည်း ပိုကောင်းလာမယ်၊ ဆက်သွယ်ရေးကဏ္ဍလည်း ပိုပြီးဖွံ့ဖြိုးလာမယ်။ ဖွံ့ဖြိုးမှုနှုန်းတောင် ပိုပြီး မြန်လာမယ်ထင်တယ်။”

မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ ဆက်သွယ်ရေးကွန်ရက် စနစ်ဖြစ်လာဖို့ HSPA နဲ့ LTE –ready နည်းပညာတွေကို အသုံးပြုပြီးတော့ အကောင်းမွန်ဆုံး မိုဘိုင်းကွန်ရက်စနစ်ကို တည်ထောင်သွားမယ်လို့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

 ကုမ္ပဏီအနေနဲ့ ၅ နှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံးကို ကွန်ရက်ဖြန့်ကျက်နိုင်ဖို့အတွက် စီစဉ်ထားရှိပြီး အသံနဲ့ ဒေတာအပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို မြန်မာပြည်သူတွေ အသုံးပြုနိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ကြောင်း တယ်လီနော်ဆက်သွယ်ရေးကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့စ် ၂ ခုသာ ဆက်သွယ်ရေးလိုင်စင် ရရှိထားတာ ဖြစ်ပါတယ်။
 
DVB

texting

ပြည်တွင်း၌ မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် SMS နှင့် အင်တာနက် လျှောက်ထားနိုင် သည့် နောက်ပိုင်း ၆ လအတွင်း အရေအတွက် ၂ ဆ တိုးတက်လာသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

ယခင်က မိုဘိုင်းအင်တာနက် စနစ်အသုံးပြုသူအရေအတွက် ၁ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုအခါ၌ မိုဘိုင်းအင်တာနက်စနစ် အသုံးပြုသူအရေအတွက်သည် ၁ သန်း ၉ သိန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် GSM, WCDMA နှင့် CDMA ဖုန်းလိုင်းများ အပါအ၀င် လိုင်းအရေအတွက် ၇ သန်းကျော်ရှိပြီး GSM မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၆ သန်း ၈ သိန်းခန့်ရှိသည်ဟု သိရသည်။ ထို့အပြင် WCDMA မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် ၅ သိန်း ကျော်ရှိပြီး ကျန်ရှိသောဖုန်းလိုင်းများမှာ CDMA ဖုန်းလိုင်းများဖြစ်သည်ဟု သိရသည်။

“အရင်တုန်းက အင်တာနက်လိုင်းလျှောက်တာကို ပိတ်တာတို့ ပွင့်တာတို့လုပ်ခဲ့သေးတယ်။ အခု SMS နဲ့ အင်တာနက်စနစ်ကို ခွင့်ပြုလိုက်တော့ အရေအတွက် အရမ်းကိုများတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအင်တာနက်စနစ် အသုံးပြုခြင်း မြင့်တက်လာသည့်အလျောက် မိုဘိုင်းဖုန်းအင်တာနက်စနစ်၏ အမြန်နှုန်းများလည်း ကျဆင်းလာကြောင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် အသုံးပြုသူများက ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အသုံးပြုမှု များပြားလာခြင်းကြောင့် အမြန်နှုန်း ကျဆင်းလာသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ် ပြန်လည်ကောင်းမွန်ရန် စက်ပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် ယခင်က ဆက်သွယ်ရေးရုံးသို့ သွားရောက်လျှောက်ထားရသော်လည်း ယခုအခါ မိုဘိုင်းဖုန်း ဘီလ်အတွင်း ငွေကျပ် ၁ သောင်း ဖြည့်သွင်း၍ SMS နှင့် ပေးပို့ လျှောက်ထားနိုင်ခဲ့သည်။ မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် အခြားသော အင်တာနက်လိုင်းများ ကောင်းမွန်မှုနည်းပါးသည့် နယ်ဒေသများအနေဖြင့် ပိုမိုအားကိုး၍ အသုံးပြုနေရကြောင်း သိရသည်။
 
 မြင့်ကျော်လှိုင်
Internet Journal

MPT SIM Card

တယ်လီဖုန်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အများစုအား ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်၍ ရသော်လည်း တယ်လီဖုန်းအမည်ပြောင်းခြင်း၊ ပုဂ္ဂလိက ဖုန်းအမည်ပြောင်းခြင်းအတွက် ကိုယ်တိုင်ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

“အဓိကကတော့ အင်တာနက် လျှောက်တာတို့၊ ဖုန်းကတ်ပျောက်၊ ကတ်ပျက်လျှောက်တာတို့ကိုပဲ အများဆုံး ဆောင်ရွက်ပေးပါတယ်။ တယ်လီဖုန်း အမည်ပြောင်း လျှောက်တာတို့လို ကိစ္စတွေကိုတော့ ကိုယ်တိုင်ဆောင်ရွက်ဖို့ သတ်မှတ်ထားတယ်” ဟု ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းအနီးရှိ ဖုန်းအကျိုးဆောင်တစ်ဦးထံမှ မေးမြန်းသိရှိရသည်။ တယ်လီဖုန်း အမည်ပြောင်းခြင်း၊ ပုဂ္ဂလိကဖုန်း၊ ကုမ္ပဏီ ဖုန်းများ အမည်ပြောင်းခြင်းအတွက် သတ်မှတ်ပုံစံ၊ ကတိဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေပြီး အထောက်အထားများ စိစစ်၍ ပြည့်စုံပါက ကျသင့်သည့် ၀န်ဆောင်ခအား ပေးသွင်းစေကာ တယ်လီဖုန်း စာချုပ်ချုပ်ဆို၍ စာချုပ်တစ်စောင်ကို အမည်ပြောင်းသူအား ချက်ချင်းထုတ်ပေးသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုများကို eYangon ၀က်ဘ်ပေါ်တယ်မှတစ်ဆင့် ထုတ်ပြန်ထား ချက်အရ သိရသည်။

အမည်ပြောင်း လုပ်ငန်းမိန့်များကို သက်ဆိုင်ရာအိတ်ချိန်းများနှင့် ငွေစာရင်းသို့ပေးပို့ကြောင်း၊ ပုဂ္ဂလိကဖုန်း အမည်ပြောင်းခြင်းတွင် ကတိခံဝန်ချက်၌ ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အမည်ပြောင်းရာတွင် ပုဂ္ဂလိကဖုန်း အမည်ပြောင်းအတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စု စာရင်းမူရင်း၊ မိတ္တူ၊ တယ်လီဖုန်း အခွန်ဆောင်စာအုပ်၊ တယ်လီဖုန်း စာချုပ်နှင့် စာရွက်စာတမ်းများ မူရင်း၊ မိတ္တူ၊ အိမ်ဝယ်ပါ ဖုန်းဖြစ်ပါက အိမ်ဝယ်စာချုပ် မူရင်း၊ မိတ္တူ၊ ပတ်စပို့ ဓာတ်ပုံနှစ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ဌာနဆိုင်ရာဖုန်းမှ ဌာနဆိုင်ရာ အမည်ပြောင်းခြင်းအတွက် ရုံးမှ အမည်ပြောင်း ခွင့်ပြုသည့် စာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအမည်သို့ ပြောင်းခြင်းအတွက် ကုမ္ပဏီအထောက်အထား စာရွက်စာတမ်းမူရင်း၊ မိတ္တူ၊ တယ်လီဖုန်း အခွန်ဆောင်စာအုပ်၊ တယ်လီဖုန်းစာချုပ်နှင့် စာရွက်စာတမ်းများ မူရင်း၊ မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ဌာနဆိုင်ရာဖုန်းမှ ကိုယ်ပိုင်ဖုန်း အမည်ပြောင်းခြင်းအတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊ တယ်လီဖုန်းကြွေးကျန် ကင်းရှင်းကြောင်းစာ လိုအပ်မည် ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်များအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတ်မှတ်ဌာနများတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထွန်းထွန်း
From Internet Journal

iPhone 6 နှစ်မျိုးကို ဇွန်လတွင် တွေ့မြင်ရဖွယ်ရှိ

Apple ၏  iPone 6 သည် အရွယ်ကြီးမားသော Screen နှစ်မျိုးဖြင့် ထွက်ရှိလာဖွယ်ရှိပြီး ၎င်းကို ဇွန်လတွင် မိတ်ဆက်ပြသသွားဖွယ်ရှိကြောင်း တရုတ်နိုင်ငံမှ လေ့လာဆန်းစစ်သူ Sun Changxu ၏ ဖော်ပြချက်ကို Apple insider က ပြန်လည် ဖော်ပြချက်အရ သိရသည်။


iphone6 color


ChangXu ၏ ပြောကြားချက်အရ iPhone 6 ကို ၄.၇ လက်မအရွယ်ရှိ 1,136 pixel x 640 pixel display ဖြင့် စတင် ထုတ်လုပ်သွားဖွယ်ရှိပြီး နောက်ပိုင်းတွင် resolution မြင့်မားသည့် ၅.၇ လက်မ display ဖြင့် ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရသည်။


iphone beautiful design

သတင်းများအရ Apple သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ကို ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ Developer များ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြသသွားဖွယ် ရှိနေသည်။ အခြား သတင်းရင်းမြစ်များကလည်း Apple ၏ အသစ်ထွက်ရှိလာမည့် iPhone သည် ကြီးမားသော အရွယ်အစား ရှိကြောင်း ခန့်မှန်းထားကြပြီး screen အရွယ် ၅.၇ လက်မမှ ၆ လက်မအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

Ref: CNET
Internet Journal

HTC One max

အားလုံး ကောလဟာလ ကြားနေခဲ့တဲ့ အတိုင်းပဲ HTC ကနေပြီးတော့မှ HTC One Max ကို တရားဝင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာမီရက် အနည်းငယ် အတွင်းမှာ UK မှာ စတင်ရောင်းချတော့မယ်လို့ လဲ သိရပါတယ်။

HTC One Max ဟာ Qualcomm Snapdragon 800 chipset နဲ့ မလာခဲ့ ပေမဲ့ နောက်ဆုံးထွက် Android Jelly Bean 4.3 ကို အသုံးပြုထားပြီး HTC Sense 5.5 UI နဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။

ဒါ့အပြင် Fingerprint Scanner ကို နောက်ဖက်ကင်မရာရဲ့ အောက်ဘက်မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ အောက်ကပုံလေးမှာ လဲ ကြည့်ရှုနိုင်ပါတယ်။

HTC One max

၎င်း HTC One Max Phablet ဟာ နောက်ဖက်ကင်မရာကို 4.0 Ultrapixel, F/2.0, 28mm lens, autofocus, LED flash တိုနဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ Video Recording အနေနဲ့ full HD အကြည် (1080p@30fps သို့မဟုတ် 720p@60fps) ကို Record လုပ်နိုင်တယ်လို့ သိရပါတယ်။
ရှေ့ဖက်မှာတော 2.0 Megapixel ရှိတဲ့ ကင်မရာကိုအသုံးပြုထားပါတယ်။

ဖုန်းရဲ့ အရွယ်အစားဟာ ၅.၉ လက်မ ရှိပြီး ကျစ်လစ်တဲ့ Super LCD3 Touch Screen Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Full HD (1920 x 1080 pixels) resolution ကို ရရှိမှာဖြစ်ပြီး Pixel သိပ်သည်းစ 373ppi ရှိတယ်လို့လဲ သိရပါတယ်။ အောက်က ပုံမှာ တစ်ချက်ကြည့်ရှု နိုင်ပါတယ်။

HTC One max

၎င်း HTC One Max ဟာ 2GB RAM, Adreno 330 Graphics ယူနစ် , ကိုအသုံးပြုထားပြီးမောင်းနှင် အင်ဂျင်ဟာ 1.7GHz ရှိတဲ့ quad-core Qualcomm Snapdragon 600 processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

HTC One Max ကို 16GB နဲ့ 32 GB ဆိုပြီး နှစ် မျိုး ထွက်ရှိမယ်လို့ သိရပါတယ်။ ၂ မျိုးလုံးမှာ  microSD card slot ပါဝင်မှာ ဖြစ်ပြီး 64GB အထိ နောက်ထပ် ထပ်မံသိုလှောင်နိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး One Max ၀ယ်ယူသူများ အနေနဲ့ Google Drive ကနေပြီးတော့မှ Storage 50GB ကို Free ရနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

၎င်း One Max ဟာ အတိုင်းအတာအားဖြင့် 164.5 x 82.5 x 10.29mm ရှိပြီး Battery အပါအ၀င် 217 ဂရမ် အလေးချိန်ရှိတယ်လို့လဲ သိရပါတယ်။ One Max ဟာ Aluminum Body ကို အသုံးပြုပြီး ဖြုတ်လဲ တပ်ဆင်နိုင်တဲ့ နောက်ကျော အဖုံးနဲ့ လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

HTC One Max ဟာ ဆိုရင် Taiwanese handset maker က နေထုတ်လုပ်လိုက်တဲ့ ပထမ အရေး အပါဆုံး Smart Phone ဖြစ်နေသယောင် ရှိပါတယ်။
One Max မှာ Beat Audio မပါဝင်တော့ ပေမဲ့ ၄င်းတို့ ကိုယ်ပိုင် ဖြစ်တဲ့ BoomSound လို့ ခေါ်တဲ့ အသံနည်းပညာ ထည့်သွင်းထားတယ်လို့ လဲ သိရပါတယ်။

အသေးစိတ် စတင် ထုတ်ဝေမဲ့ ရက် နဲ့ ဈေးနှုန်း ဘယ်လောက် ရှိတယ် ဆိုတာတော့ မသိရသေးပါဘူး။ မကြာခင် Specification အတိအကျ ကြေငြာချက် ထုတ်ပြန်ပေးသွားပါ့မယ်။

HTC One Max ဟာ 3,300 mAh Li-Ion battery ကို အသုံးပြုထားတာကြောင့် standby အနေနဲ့ထားရင် 585 နာရီ အထိ ထားနိုင်ပြီး စကားပြောမယ်ဆိုရင်တော့ 28 နာရီ အထိ ပြောလို့ ရတယ်လို့သိရပါတယ်။
ဒါပေမဲ့ Battery ဟာ ဖြုတ်လဲလို့ ရ၏ မရ၏ ဆိုတာကို တော့ အခုထိ ဘယ်သူမှ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။

Source : Softpedianews
Writer : SteelJelly
Credit link : http://www.share4mm.com/2013/10/fingerprint-scanner-59-inch-display-htc.html

S4-Android-4.3-SM-EDIT

Sam Mobile ကနေ ပြီးတော့ လွန်ခဲ့ တဲ့ ၂ ပတ်လောက်က Europe Region အတွက် Android 4.3 Test Firmware ကျု ဒေါင်းလော့ လင့် ချပေးခဲ့ပါသေးတယ်။ အခုလဲ Asia Region အတွက် ချပေးလိုက်ပါပြီ။ ယခု အကြိမ် ဟာ Test Firmware ထုတ်ပေးခြင်း ရဲ့ နောက်ဆုံး တစ်ခု ဖြစ်သလို နောက်ထပ်လဲ SGS4 အတွက် Android 4.3 ကို ထပ်ထုတ်ပေးမှာမဟုတ်တော့ ပါဘူး။ Bugs တွေ ပြင်တာလောက် ပဲ ရှိတော့ မှာပါ။ အခု Test Firmware လာပြီးလို့ ၁ ပတ် ၂ပတ် အတွင်းမှာတော့ Galaxy S4 (GT-I9505 / GT-I9500) တို့အတွက် Samsung က နေပြီးတော့မှ Official ထုတ်ပေးတော့ မယ်လို့ တော့ ထင်ရပါတယ်။

အောက်မှာ Galaxy S4 (GT-I9505) Android 4.3 test firmware Video Review ကြည့်နိုင်ပါတယ်။


ဒါကတော့ Info တွေပါ။

Model: GT-I9505
Country: Open Asia
Version: Android 4.3
Changelist: 1840064
Build date: Tue, 8 Oct 2013 23:29:05 +0000
Product Code: OLB
PDA: I9505XXUEMJ3
CSC: I9505OLBEMJ2
MODEM: I9505XXUEMJ3


အကယ်လို့ Galaxy S4 (GT-I9505) Asia Region အတွက် Android 4.3 Test Firmware ကို ဒေါင်းလုပ်ရယူချင်တယ် ဆိုရင်တော့ အောက်မှာ Download ရယူ နိုင်ပါတယ်။
Download Portion:


[Download Link သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် ကလစ် ကြည့်ပေးစေလိုပါတယ်။ New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး Download Now Button ကို နှိပ်ပြီး အောက်က ကြိုက်နှစ်သက်ရာမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]
Script Developer - Ko Thi Ha
 


Download: I9505XXUEMJ3_I9505OLBEMJ2_OLB.zip
NOTE
- This firmware will WIPE your device (Perform a backup before flashing)
- This test firmware will NOT increase your binary counter NOR void your warranty.
- This test firmware will NOT trigger your KNOX Warranty Counter (If it’s 0×0 before flashing, it will remain 0×0 after flashing and vice versa).
- This test firmware is a pre-release firmware and not official from Samsung.
- We have fully tested this firmware and this firmware works perfectly as any other official firmware.

INSTRUCTIONS
- Extract (unzip) the firmware file
- Download Odin3 v3.09 (From here or here)
- Extract Odin .ZIP file
- Open Odin3 v3.09
- Restart phone in download mode (Press and hold Home + Power + Volume down buttons)
- Connect phone and wait until you get a blue sign in Odin
- Add AP_I9505XXUEMJ3_1840064_REV06_user_low_ship_MULTI_CERT.tar.md5 to AP
- Add BL_I9505XXUEMJ3_1840064_REV06_user_low_ship_MULTI_CERT.tar.md5 to BL
- Add CP_I9505XXUEMJ3_1840064_REV06_user_low_ship_MULTI_CERT.tar.md5 to CP
- Add CSC_OLB_I9505OLBEMJ2_1765174_REV06_user_low_ship_MULTI_CERT.tar.md5 to CSC
- Make sure re-partition is NOT ticked
- Click start button, sit back and wait a few minutes.
- If you encounter any issues with the firmware (Any FC, Bootloop etc)
- Boot into recovery mode (Home+power+vol up)
- Choose to wipe/factory reset. (THIS WILL ERASE ALL OF YOUR DATA INCLUDING YOUR INTERNAL SD CARD!)
- Then choose reboot and you should be good to go!

Screenshots

 http://www.sammobile.com/wp-content/uploads/2013/10/Screenshot_2013-01-01-01-54-59.jpg http://www.sammobile.com/wp-content/uploads/2013/10/Screenshot_2013-09-30-20-46-36.jpg http://www.sammobile.com/wp-content/uploads/2013/10/Screenshot_2013-09-30-20-51-03.jpg

ဖတ်ပေးပါရန်

သူငယ်ချင်း မိတ်ဆွေများ နေ့တိုင်းလာရောက်ပြီး ကြော်ငြာများ ကို ကလစ်ပေးကြ ပါဦးလို့ အကူအညီတောင်းလိုက်ရပါတယ်....
Zbigz.com လို Torrent ကနေ IDM ကနေ Direct Link နဲ့ ဒေါင်းနိုင်အောင် လုပ်ပေးဖို့ Host ကောင်းကောင်းလိုအပ်နေလို့ပဲ ဖြစ်ပါတယ်....
ဒီတစ်လ ကျွန်တော့် ကျူရှင်လခထဲက ကျူရှင် မတက်ပဲ စိုက်ပေးထားနိုင်ပေမဲ့ ကျွန်တော် အမြဲတမ်း မတတ်နိုင်လို့ပါ...
အားလုံးကို အမြဲတမ်း Speed ကောင်းကောင်းနဲ့ Free ဒေါင်းလို့ ရအောင် ကူညီပေးချင်ပါတယ်.....
အဆင်ပြေရင် အောက်က ကြော်ငြာလေးများ၊ ဘေးက ကြော်ငြာလေးများ ကလစ် ပေးစေချင်ပါတယ်။ အဲ့ဒါမှ Host ကောင်းကောင်းဝယ်နိုင်မှာမို့လို့ ပါ...
Dedicated Host က တစ်လကို $100 နီးပါး ကုန်ကျပါတယ်...
4GB Ram, Storage 2TB , 20TB Bandwidth နဲ့ 100MB Port Netherlands Server ပါ။
ကျွန်တော့် အနေနဲ့ လုပ်ပေးနိုင်တဲ့ အစွမ်းအစ ရှိပေမဲ့ ငွေအမြဲ မနိုင်လို့ပါ။
အားလုံး အမြဲတမ်း လိုင်းကောင်းကောင်းနဲ့ Free ဒေါင်းလို့ရအောင် ၀ိုင်းဝန်း ကူညီပေးစေချင်ပါတယ် ခဗျာ....
မိတ်ဆွေတို့ ငွေ ကုန်ကျ မှာ မဟုတ်ပါဘူး။ ကြော်ငြာလေး လာဖြစ်တိုင်း ကလစ်ပေးရုံပါပဲ ....
အားလုံး အဆင်ပြေတယ်ဆိုရင် ကူညီပေးစေချင်ပါတယ်......
အကယ်လို့ မိမိ တတ်နိုင်သလောက် ပါဝင်ချင်တယ် ဆိုရင်လဲ ကျွန်တော်တို့ အနေနဲ့ ဖတ်ခေါ်အပ်ပါတယ် ခဗျာ.. Sponsor အဖြစ် ထားရှိပေးပါ့မယ်..
Miloboy Inc.,



Hi Everybody, I have made Zbigz Clone like Zbigz.com, website that change torrent to Download Link that can be downloaded with IDM [Internet Download Manager] . But, It gives downloads link which is slow and available only 1 GB for Free Users. So, If you have trouble in Downloading From Such Websites, we can help you Beginning from Today ! :)

As I have problem with Our Website, we can't access user interface right now. Sorry for that.
But, it is really OK for you ! You can get Download Link Or sometimes Direct Download Link which is Available to download with IDM Or whatever download manager you want !

I will give instruction how to get Full High Speed Download Link ! Continue Read...

1) Search torrents files from torrent websites and Get Magnet Links !
2) Send an request email to FullPremiumNowFree@gmail.com  with you Torrent Magnet Link and ask for which host you want to download from.
But, Your request host that I have to upload must have Remote Upload Feature and must Permit the file size for free. Otherwise, I have to upload from Other Host !

When I got your email , I will take your magnet link and Upload the file give us to download to our Server  !
Then, I will remotely upload to the file hosts for you !
Then, I will email to you with Downloads Links Or sometimes Direct Download Link and some instructions.

I limit your file size not big up to  3GB Or 4 GB. But if the file is very very important to you, I can give 20GB Only. Sorry for that space !

Because, I am a poor student, but I am interested Technology especially in Web. So, I learn and make my own to get !
As I said, being not a rich guy, I had to bought a VPS server which only cost $18 USD.
$20 USD is what my monthly income form my parents !
So, I have to save it for a month without using !
My VPS server has 35GB Disk Space, 1GB Ram and Only 3TB Bandwidth.
So, although I want to share for all, My server is Problem.
I can share One By One Only and I can't give direct link For All. I am sorry for that !
I want a big dedicated server for all that can be downloaded with Direct Links !
It could cost at least $100 USD per month ! Although, I wanna buy and share for all I can't!
So, I request you to be a Dedicated Server Sponsor if you can.
Or if you can't effort or don't want to pay, you can download free and I can share as much as I can.
But, don't forget to come and click my Website Ads everyday. This is the only reason I can stand and to support you again ! I think all of my visitors will understand ! :(

I will use The Ads' Money to buy a big dedicated and try to give all of you with direct download links! This is my dream also..

So, please send to my email, FullPremiumNowFree@gmail.com to get Download Links!
Please don't forget to click below Ads ! I need monthly income to buy a dedicated server and I am really needing also to pay for my little VPS server !
I really thanks to all..
Now it is Time start request by commending this post or sending email to me !

Bye ... !


Jelly Bean 4.3 Test Firmware ဆိုလို့ Custom Rom တွေလို့ မထင်လိုက်ပါနဲ့။ SAMMobile ကနေ တရားဝင်ထုတ်ပေးခဲ့တဲ့ Firmware တွေပဲဖြစ်ပါတယ်။
၎င်း Jelly Bean 4.3 တွေကို Snapdragon 600-clad သုံးထားတဲ့ I9505 နဲ့ Note II အတွက်ထွက်ရှိခဲ့ပါတယ်။
Galaxy S4 (GT-I9505) အတွက် တရားဝင် Odin နှင့် Flash လုပ်ရတဲ့ JB 4.3  Firmware ကို Sam Mobile က October တစ်ရက်နေ့က ဖြန့်ဝေပေးခဲ့တာပဲဖြစ်ပါတယ်။
Galaxy Note II (GT-N7100) အတွက် Jelly Bean 4.3 Test Firmware ကိုတော့ October ၂ရက် နေ့က ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အသစ်ထွက် JB 4.3 Test Firmware များ အနေဖြင့် JB 2.2 ထက် ပိုမိုမြန်ဆန်ပြီး Samsung Knox နဲ့ Samsung Wallet တွေကို အသစ်ထပ်တိုးထည့်ထားပေးတယ်လို့ သိရပါတယ်။ကျန်တဲ့ Feature တွေလဲ ထပ်ထည့်ပေးထားတယ်လို့ ပြောထားပါသေးတယ်။

အကယ်လို့ Download ရယူချင်တယ်ဆိုရင် အောက်ပါလင့်မှာ Download ရယူနိုင်ပါတယ်။ S4 အတွက် Preview Video ကိုလဲ တင်ပေးလိုက်ပါတယ်။ အောက်က S4 JB 4.3 Preview ပါ။

Video




Download Portion:


[Download Link သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် ကလစ် ကြည့်ပေးစေလိုပါတယ်။ New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး အောက်က လင့်မှာ ကြိုက်နှစ်သက်ရာမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]
Developer - Ko Thi Ha
 


<< Click Here To Read Info & Download >> Leaked Android 4.3 test firmware for Galaxy S4 (GT-I9505) | I9505XXUEMI8


Model: GT-I9505
Country: Open Europe
Version: Android 4.3
Changelist: 1715731
Build date: Fri, 20 Sep 2013 18:48:24 +0000
Product Code: OXA
PDA: I9505XXUEMI8
CSC: I9505OXAEMI8
MODEM: I9505XXUEMI8
Download: I9505XXUEMI8_I9505OXAEMI8_I9505XXUEMI8_OXA.zip
NOTE
- This test firmware will NOT increase your binary counter NOR void your warranty.
- This test firmware is a pre-release firmware and not official from Samsung.
- We have fully tested this firmware and this firmware works perfectly as any other official firmware.
INSTRUCTIONS
- Extract (unzip) the firmware file
- Download Odin3 v3.09 (From here or here)
- Extract Odin .ZIP file
- Open Odin3 v3.09
- Restart phone in download mode (Press and hold Home + Power + Volume down buttons)
- Connect phone and wait until you get a blue sign in Odin
- Add AP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_CERT.tar.md5 to AP
- Add BL_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_CERT.tar to BL
- Add CP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_CERT.tar.md5 to CP
- Add CSC_OXA_I9505OXAEMI8_1715731_REV06_user_low_ship_MULTI_CERT.tar.md5 to CSC
- Make sure re-partition is NOT ticked
- Click start button, sit back and wait a few minutes.
- If you encounter any issues with the firmware (Any FC, Bootloop etc)
- Boot into recovery mode (Home+power+vol up)
- Choose to wipe/factory reset. (THIS WILL ERASE ALL OF YOUR DATA INCLUDING YOUR INTERNAL SD CARD!)
- Then choose reboot and you should be good to go!


Screenshot
Screenshot_2013-09-30-20-54-36 Screenshot_2013-09-30-20-54-30 Screenshot_2013-09-30-20-46-36 Screenshot_2013-09-30-21-00-30

Download Portion:


[Download Link သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် ကလစ် ကြည့်ပေးစေလိုပါတယ်။ New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး အောက်က ကြိုက်နှစ်သက်ရာလင့်မှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]
Developer - Ko Thi Ha
 


<<Click Here To Read Info & Download>> Leaked Android 4.3 test firmware for Galaxy Note II (GT-N7100) | N7100XXUEMI6


Model: GT-N7100
Country: Open Europe
Version: Android 4.3
Changelist: 1750609
Build date: Fri, 25 Sep 2013 18:06:49 +0000
Product Code: OXA
PDA: N7100XXUEMI6
CSC: N7100OXAEMI6
MODEM: N7100XXUEMI6
Download: AP_N7100XXUEM16_CP_N7100XXEM16_CSC_N7100XAEM16_BY_WVAZ_DINK.zip (Password: wagnervaz)
Mirror Download Link:
4shared
Google
Google Drive
Mega by edwinpang
Torrent File Link: Download From Share4mm Own Server
(Password: wagnervaz)

NOTE
- This test firmware will NOT increase your binary counter NOR void your warranty.
- This test firmware is a pre-release firmware and not official from Samsung.

INSTRUCTIONS
- Extract (unzip) the firmware file
- Download Odin3 v3.09 (From here or here)
- Extract Odin .ZIP file
- Open Odin3 v3.09
- Restart phone in download mode (Press and hold Home + Power + Volume down buttons)
- Connect phone and wait until you get a blue sign in Odin
- Add AP_N7100XXUEM16_CP_N7100XXEM16_CSC_N7100XAEM16_BY_WVAZ_DINK.tar to AP
- Make sure re-partition is NOT ticked
- Click start button, sit back and wait a few minutes.
- If you encounter any issues with the firmware (Any FC, Bootloop etc)
- Boot into recovery mode (Home+power+vol up)
- Choose to wipe/factory reset. (THIS WILL ERASE ALL OF YOUR DATA INCLUDING YOUR INTERNAL SD CARD!)
- Then choose reboot and you should be good to go!

SCREENSHOTS

 http://www.sammobile.com/wp-content/uploads/2013/10/Screenshot_2013-10-02-07-39-50_zps6901ffa7.png http://www.sammobile.com/wp-content/uploads/2013/10/Screenshot_2013-10-02-07-40-25_zpsc1d1c7a4.png Screenshot_2013-10-02-07-39-41_zpsb62844a5 Screenshot_2013-10-02-07-40-08_zpse75bf407


Written By Steel Jelly [Miloboy Inc.] , Tech Milo : Online Magazine
Credit Link : http://www.share4mm.com/2013/10/JB-4.3-test-firmwares-for-S4-note2.html
Source :  SAMMOBILE

http://i1-news.softpedia-static.com/images/news2/Nokia-World-2013-Confirmed-for-October-22-in-Abu-Dhabi-385790-2.jpg?1380029089

Finnish company ဟာ အကြီးကျယ်ဆုံး Nokia Event 2013 မှာ အဆင့်အမြင့်ဆုံး Device တွေကို ပြသဖို့ရှိတယ်လို့ ကြေငြာချက် အရ သိရပါတယ်။ ဒီ 2013 နှစ်ကုန်မှာပဲ ပြုလုပ်လိမ့်မည်ဟုလဲ အတိအလင်း ကြေငြာထားပါတယ်။

Nokia အနေနဲ့ ကုမ္ပဏီရဲ့ ပစ္စည်းထုတ်လုပ်မှု အပိုင်းနဲ့ Service အပိုင်းကို ပိုမို Microsoft ကို ရောင်းချခဲ့ ပြီးပြီဆိုပေမဲ့ သူရဲ့ ရည်မှန်းချက်ကို မဖျောက်ဖျက်ပဲ ပြပွဲတွေကို အကြီး အကျယ်လုပ်ပြီး ရှေ့ဆက် လျှောက်လှမ်းလာတာကို တွေ့မြင်ရမှာပါ။

Nokia World ပြပွဲအတွက်လည်း တက်ေ၇ာက်မည့်သူအားလုံးကို Abu Dhabi မြို့ ကိုဖတ်ကြားပြီးပြီလို့သိရပါတယ်။ Nokia World ပြပွဲ 2013 ဟာဆိုရင် 1 ရက်ကြာမြင့်မှာဖြစ်ပြီး October လ 22 ရက်နေမှာကျင်းပြမှာဖြစ်ပါတယ်။

Company အနေနဲ့ ကတော့ ဖိတ်ခေါ်သူတွေကို ဘာအကြောင်းမိတ်ဆက်မယ်လို့ အနေစိတ် ပြောကြားထားခြင်း မရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ ပြောကြတာကတော့ Nokia အနေနဲ့ အနည်းဆုံး Device နှစ်ခုဖြစ်တဲ့ Lumia 1520 ဖက်ဘလက်နဲ့ Lumia 2520 တက်ဘလက်ကို မိတ်ဆက်မှာဖြစ်ပြီး Windows 8.1 နဲ့ လာလိမ့်မယ်လို့ သိရပါတယ်။

ကဲဗျာ ကျွန်တော်တို့ အားလုံး အဲ့ဒီနေ့ရက် ကို တစ်ချက်လောက်စောင့် ကြည့်ရအောင်ဗျာ..


Source : Softpedia News
Credit : http://www.techmilo.tk/2013/09/october-22-abu-dhabi-nokia-world-2013.html
Writer : Steel Jelly [Miloboy Inc.]

iPhone 5S with a bullet wound
iPhone 5s ကို ပထမတစ်ချက် Bullet Test စမ်းပြီးစဉ်

လူအများစုကတော့ မိမိဖုန်းဝယ်ယူပြီးရင် အပွန်းအပဲ့ မခံအောင် နူးနူးညံ့ညံ့လေး ကိုင်ကြတယ်နော်...
ဒါပေမဲ့ တစ်ချို့ကျတော့ အဲ့လို မဟုတ်ဘူးဗျ။ ကိုယ်ရဲ့ဖုန်းကို ဂရုမစိုက်ပဲ ကြောက်စရာကောင်းလောက်အောင် စမ်းသပ်မှု တွေ ပြုလုပ်ကြတယ်ဗျ။ အဲလိုစမ်းသပ်မှု ထဲမှာ အများစုကတော့ Drop Test, Water Test ပဲ လုပ်ပြီးပဲ ဖုန်းကို နှိပ်စက်ကြပေမဲ့ကြပေမဲ့ Bullet test လုပ်တာတော့ မကြုံဖူးကြဖူးထင်ပါတယ်နော်။

အခုတော့ Apple ရဲ့ iPhone 5s လေးကို Bullet Test လုပ်တဲ့ သူ ပေါ်လာပါပြီဗျာ။ RatedRR ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကပါ။ iPhone 5s ကို Water Test လုပ်ပြသွားသလို Barrett M82A1 ရိုင်ဖယ်နဲ့ 50-caliber အမျိုးအစားကြည်ဆန်တောင့် ထည့်သွင်းပြီး Test လုပ်ပြသွားပါသေးတယ်။ ကဲ အားလုံးပဲ RateedRR တို့ရဲ့ Report လုပ်ခဲ့တဲ့ iPhone 5s Bullet Test Video ကို ကြည့်ကြည့်ရအောင်လားဗျာ။




ကဲ Bullet Test လေးကို သဘောကျရဲ့လားဗျာ။ ကျွန်တော်ကတော့ နှမြောတယ်။ ကျွန်တော့ကို အလကားပေးလိုက်ရင် ပြီးရောကိုနှော။ :D
ကဲပါ။ Bullet Test အပြီး မှာ Android Authority ကနေပြီးတော့ iPhone 5s နဲ့ 5c Drop Test စမ်းတာလေးကို တင်ပေးလိုက်ပါတယ်။ ကဲ သေချာလေးကြည့်ကြည့်ကြပါဦး။ iPhone 5c ဘာဖြစ်သွားလဲဆိုတာ။




အဲ့ဒါပြီးတော့ လာပြန်ပါပြီ ItsAllonFilm ပါ။ ကစားကွင်းထဲမှာ 5s ကို အမျိုးမျိုး ညင်းပမ်းနှိပ်စက်ထားတဲ့ Report လေးပါ။ Video ကို အောက်မှာ ကြည့်ကြည့်ပါဦးဗျ။




ကဲအဲ့ဒါတွေပြီးတော့  နောက်ဆုံး Video File က Jeremiah Warren ရဲ့ 120fps မှာထားပြီးတော့ Slow Motion iPhone 5s ကို နှိပ်စက်ထားတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ Buttelest Test ကပဲ အကောင်းဆုံးလို့ထင်နေရင် ဒီ Videoလေးကို ကြည့်ကြည့်ပါဦး။ ဖုန်းညှင်းပန်းနှိပ်စက်မှု တွေထဲမှာ ဒီကောင်လေးက အလှအပဆုံးလို့ Comment ရထားတာပါ။ ကဲကြည့်ကြည့်ပါဦးနော်။



အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေ၊ ....

Writer : Steel Jelly [Miloboy Inc.]
Credit : http://www.techmilo.tk/2013/09/iphone-5s-bullet-test-and-more-tests.html
Source : cNet

ကျွနှုပ်ရဲ့ စေတနာ, အချိန် နှင့် အပင်ပန်းခံမှု ဟာ သင့် အတွက် တစ်စုံတစ်ရာကျန်ခဲ့မယ်ဆို ကျွနှုပ်ပျော်ရွှင်ပါတယ်။


http://cdn.asia.cnet.com/story_media/62222450/sc001.jpg

အောင်မြင်ကျော်ကြားခဲ့တဲ့ Galaxy Note 2 ကို ထပ်မံအရည်အသွေးတိုးမြင့်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခု အချိန်မှာ ဆိုရင် ဈေးကွက်မှာ ကိုရောက်ရှိလာခဲ့ပါပြီ။

Samsung Galaxy Note 3 ဟာဆိုရင် ဘာလင် IFA ကုန်စည်ပြပွဲမှာ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး Note 2 ထက် ပိုမိုဆန်းသစ် တဲ့ Design နဲ့ လှပ သပ်ရပ်တဲ့ ပလက်စတစ်သားရေနောက်ဖုံးလေး တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ၄င်း Galaxy Note 3 ဟာဆိုရင်ဖြင့် အားကောင်းလှသော မောင်းနှင် အင်ဂျင် နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး နိုင်ငံတကာ LTE အတွက် Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီးတော့ GSM အတွက် Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Note 3 မှာ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Jelly Bean 4.3 ကို သုံးပြုထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Galaxy Note 3 ရဲ့ Designတွေ, Featuresတွေနဲ့ Performance တွေ  ကို အသေးစိတ်လေ့လာကြည့်ရအောင်လားဗျာ။


Design

ကျွန်တော်တို့ အနေနဲ့ Samsung Galaxy S4 နဲ့ Note 3 ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နှစ်ခုဟာ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ Samsung Galaxy Note 3 က ပိုမိုကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။ S4 လိုပဲ Note 3 မှာလဲ သတ္တုစပ် ဘောင်နဲ့ ကာထားတာ တွေ့ရမှာ ဖြစ်ပေမဲ့ ကျောဘက်မှာတော့ တောက်ပြောင်ချောမွေ့တဲ့ ပုံစံ မဟုတ်တော့ပါဘူး၊ ဖောက်ပလပ်စတစ်သားရေ ကိုအသုံးပြုထားတဲ့ Design ကိုတွေ့မြင်ရမှာပါ။

အဲ့ဒီလို Note 3 မှာ ဖောက်ပလပ်စတစ်သားရေကို အသုံးပြုလိုက်တာက Samsung အတွက် တော်တော် ကံကောင်းစေတယ်ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျောဖက်က ကာဗာလေးကြောင့် လက်ကို အဆီတအားမထွက်စေတော့ပါဘူး။ ကိုင်ရတာ ကြီးတာတစ်မျိုး၊ Note 2, S4 တို့လို ပလပ်စတစ်ပြောင်ချောချောကြီးဆို ကျွန်တော်တို့ ကို စိတ်ညစ်စေမှာ အမှန်ပါ။ အခုတော့ Note 3 ရဲ့ နောက် သားရေကာဗာ က ကျွန်တော်တို့ကို အဆင်ပြေစေတဲ့ အပြင် လူအထင်ကြီးစေဦးမှာ ဖြစ်ပါတယ်။
ဒါနဲ့ တစ်ဆက်ထဲ ကျွန်တော်တို့ Note 3 အတွက်ထုတ်ထားတဲ့ S View Cover အကြောင်းပါ လေ့လာကြည့်လိုက်ရအောင်။

Note 3 ၏ ကျောဖက်
(Credit: Josh Miller/CNET)

S View Cover ဟာ ဖောက်သားရေ ကာဗာ နေရာမှာ အစားထိုးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ ၈၈ ဒေါ်လာ ရှိပြီး PVC လို ပစ္စည်းမျိုးကို အသုံးပြုထားပါတယ်။ S View Cover လေးဟာ ကြိုးမဲ့ အားသွင်းခြင်းကို စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး Cover လေးကို ပိတ်လိုက်ရင်လဲ S View Window လေးကို Active ဖြစ်စေမှာ ဖြစ်ပါတယ်။ LG အမျိုးအစား G2 ဖုန်းရဲ့  Quick Window နဲ့ ဆင်တူပြီး S View Window လေးကနေ ကင်မရာကို လျှင်မြန်စွာဖွင့်ခြင်း၊ Memo app ကို လျှင်မြန်စွာ ဖွင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Message ပို့ခြင်း၊ဖတ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် S View Window လေးဟာ တစ်ကယ်အသုံးဝင်တယ်လို့ ဆိုလို့ရပါတယ်။

Note 3 ၏ S View Cover
(Credit: Josh Miller/CNET)

အပြင် Feature ကို ဆက်လက်ကြည့်ရှု မယ်ဆိုရင်တော့ Samsung ဖုန်းအားလုံးမှာ ပါသလိုပဲ Note 3 မှာလဲ သိသာတဲ့ Home Button ခလုတ်လေး မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာတော့ Touch နဲ့ အာရုံခံသွားမဲ့ ခလုတ် ၂ခု ပါဝင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Back key Arrow လေးကို ညာဖက်မှာ ထားထားတာ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်ဖက်လက်နဲ့ ကိုင်ရင် တောင် လက်မလေး အလွယ်ဆွဲဆန့်ပြီး အသာဖိလိုက်ရုံပါပဲ။


Samsung ဟာ Apple ထက်အရင် Plastic နဲ့ထုတ်တာဖြစ်တဲ့ အတွက်ကြောင့် Note 3 ကို လဲ Plastic နဲ့မြင်တွေ့ရတာပါ။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့ Plastic ကြောင့် ဈေးနှုန်းလဲ သက်သာ သတ္တုကို ကိုင်နေရတာလဲ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။


နောက်တစ်ချက် အနေနဲ့ Note 3 ဟာ Display ၅.၇လက်မ ရှိတာကြောင့် ၅.၅လက်မ ရှိတဲ့ Note 2 ထက် အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ဒါကြောင့် Note 3 က ပိုကြီးပါတယ်လို့ ပြောဖို့ထက် မဆိုသလောက် ကြီးပါတယ်လို့ ပြောရမှာပါ။ နောက်ပြီးတော့ Super AMOLED 388 ppi နဲ့ 1920 x 1080 pixels ကို ပြောင်းထားတာကြောင့် HD ကနေ Full HD အဖြစ်ကို မြင်တွေ့ရမှာပါ။

Note 3 ရဲ့ အထူဟာ ၈.၃မီလီမီတာသာ ရှိတာကြောင့် Note 2 ၉.၄မီလီမီတာ နဲ့ ယှဉ်ရင် အနည်းငယ်ပါးသလို အလေးချိန်ကျပြန်တော့လဲ Note 3 က ၁၆၈ဂရမ် သာရှိတာကြောင့် ၁၈၃ဂရမ်ရှိတဲ့ Note 2 ထက် ပိုပေါ့ပါတယ်။

Note 2 နှင့် Note 3တို့ အရွယ်အားဖြင့် တူညီလုနီးပါးရှိသည်။
(Credit: Josh Miller/CNET)

Samsung Galaxy Note 3 မှာ ညာဖက်အောက်ခြေထောင့်မှာ S Pen လို့ခေါ်လေ့ရှိတဲ့ Stylus Pen လေးပါဝင်ပါသေးတယ်။ အဲ့ကောင်လေးကို  မတော်တဆ ထွက်ကျတဲ့ ဒဏ်က ဝေးအောင် ဆွဲထုတ်ရကျပ်အောင် ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ Design ကို အသေးစိတ် လိုက်ကြည့်ရင် နောက်ဆုံး တစ်ခုကတော့ USB 3.0 Port ကို အသုံးပြုထားတာကိ တွေ့ရပြီး ဒေတာတွေ လျှင်လျှင် မြန်မြန် ကူးယူနိုင်ဖို့နဲ့ အားသွင်းမြန်ဖို့ အတွက် ကူညီပေးမှာဖြစ်ပြီး အရင် micro-USB ကြိုးတွေနဲ့ ပဲ အလုပ်လုပ်လို့ရအောင် Design ထုတ်ထားတာ တွေ့ရမှာပါ။

ညာဖက်ထောင့်အောက်နာရှိ S Pen
(Credit: Josh Miller/CNET)

Features

Android နောက်ဆုံး Version 4.3 ကို အသုံးပြုထားတဲ့ Galaxy Note 3 ဟာဆိုရင် LTE Version အတွက်
Qualcommရဲ့ Snapdragon 800 quad-core processor ကို အသုံးပြုထားပြီး 2.3 GHz ရှိတဲ့ Speed နဲ့ RAM 3GB ကိုထည့်သွင်းထားပါတယ်။ GSM အတွက်က Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးသုံးထားပါတယ်။ ကျွန်တော့် အထင်တော့ Samsung ဟာ Note 3 ကို Multitasking ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် ပဲ ဖြစ်ပါလိမ့်မယ်။

အရင်ထွက်ခဲ့တဲ့ Note Device တွေမှာ လိုမျိုးပဲ Note 3 မှာလဲ S Pen ပါဝင်ပါတယ်။ Note 3 မှာ ထပ်တိုးလာတာလေးကတော့ S Pen ဆွဲထုတ်လိုက်တာနဲ့ တန်းပေါ်လာမဲ့ Air Command လေးပါပဲ။ အဲ့ကောင်လေးက ကျွန်တော်တို့ကို Action Memo, Scrapbooker, Screen Write, S Finder နဲ့ Pen Window တွေကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာပါ။

Action Memo လေးက app တွေကို လက်နဲ့ရေးပြီး ခေါ်ဖို့ပါ။ အဲဒါလေးနဲ့ ဖုန်းခေါ်၊ Contact အသစ်ထည့်လဲ လုပ်လို့ရပါသေးတယ်။
Scrapbooker ကတော့ အဓိက ကတော့ သင် ကြည့်နေတာကို High Light လုပ်ပေးတာဖြစ်ပြီး နောက်တစ်ချိန်ကျရင် ပြန်လည် ခေါ်လို့ရအောင်လည်း URL စသည်ကို သိမ်းထားပေးပါတယ်။
Screen Write ကတော့ နာမည် အတိုင်းပဲ သင် Screen ပေါ်မှာ Comment ပေးလိုက်တာနဲ့ သူက အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
S Finder လေးကတော့ ဖုန်းထဲကဟာ တစ်စစီ မွှေနှောက် ရှာမလား၊ Online ပေါ်တက်ရှာ မလား အားလုံးလုပ်ပေးပါလိမ့်မယ်။
Pen Window ကတော့ သင့် App တစ်ခုပေါ်ကို နောက် Application တစ်ခု Pop Up လုပ်ပြီး အသုံးပြုစေမှာပါ။

Air Command မြင်ရပုံ
(Credit: Josh Miller/CNET)
Pen Window Feature ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
Multitasking ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
နောက်ထပ်မိုက်တဲ့ Feature လေးကတော့ One-Hand View လေးပါပဲ။ Shake လိုက်ခြင်းအားဖြင့် Screen အရွယ်အစားကို 4.3 လက်မလောက်အထိသေးအောင် လုပ်ပစ်လိုက်ပြီး Screen ပေါ်မှာ touch button လေးတွေပါလာတာပါပဲ။ အဲ့ဒါလေးက သင်လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ ရှိလာတဲ့ အချိန်မှာ အသုံးဝင်စေမှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 13 megapixel ရှိတာကြောင့် သင့်ကို ရုပ်ထွက်ပိုကောင်းစေမှာပါ။ Screen အပြည့် နဲ့ ရိုက်လို့ ရပါတယ်။ ဒါပေမဲ့ အနည်းငယ် ချို့ယွင်းချက် ရှိတယ်လို့ မြင်ပါတယ်။ Autofocus က Auto မချိန်တာ၊ နောက်ပြီး ပုံတစ်ခါ ရိုက်ပြီးတိုင်း ပြန်လည် ကြည်အောင်စောင့်နေရတာ တွေ့မြင်ရပါတယ်။

နောက်ပြီး Shooting Option မပါဝင်တာကို တွေ့မြင်ရပါသေးတယ်။ အဲဒါက ညအမှောင်၊ မြင်းကွင်းကျယ် ရိုက်ခြင်း၊အနီးကပ်ရိုက်ခြင်း စတာရွေးစရာ မပါဝင်တာကြောင့် ပုံဟာ တစ်မျိုးထဲကိုပဲ အချို့တစ်လေ အဆင်မပြေတာ တွေ့ရပါတယ်။

Outdoor test shot
Macro test

Indoor test shot
Indoor low-light test shot with stabilization
Indoor low-light test shot without stabilization
Indoor test shot with flash


နောက်ဆုံး Feature အနေနဲ့ Video ကို 4K အရည်အသွေးနဲ့ ရိုက်နိုင်တာ တွေ့ရပါတယ်။

Performance

Galaxy Note 3 ဟာ quad-core Qualcomm Snapdragon 800 2.3GHz processor ကိုအသုံးပြုထားတာဖြစ်လို့ အခြား Qualcomm သုံးတဲ့ အရည်အသေးမြင် Device တွေထက်သာနေတာကို တွေ့မြင်ရမှာပါ။ Note 3 ဟာဆိုရင် 3DMark IceStorm Unlimited test မှာ Score 15,366 ထိရရှိထားတာကို တွေ့မြင်ရပါတယ်။
Samsung Phablet Note 3 မှာ ဖြုတ်လဲလို့ ရတဲ့ Battery 3,200mAh ပမာဏ က အရင် Note တွေထက် Battery အားပိုများပြီး သင့်ကို ခရီးထွက်တဲ့ အခါမှာ တောင် စိတ်ချလက်ရ ယူသွားလို့ ရပါတယ်။
ဒါ့အပြင် အသက်ထွက်အားလဲ ကောင်းပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်ထားလျှင်တောင်မှ ဖုန်းရဲ့ Speaker က အသံကို ကြားနိုင်ပါတယ်။


Specs Sheet အနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့

First released:
     September 25, 2013

Type :

    Capacitive touchscreen smartphone

Form factor:

    Slate, phablet

Dimensions:

     151.2 mm (5.95 in) H
     79.2 mm (3.12 in) W
     8.3 mm (0.33 in) D


Weight:

     168 g (5.9 oz)

Operating system:

     Android 4.3

System on chip:

     Samsung Exynos 5 Octa 5420 (GSM version)
     Qualcomm Snapdragon 800 (LTE version)
 

CPU:
    Octa-core 1.9 GHz Cortex-A15 and 1.3 GHz Cortex-A7 (GSM version)
     2.3 GHz quad-core Krait 400 (LTE version)

GPU:

     ARM Mali T628MP6 GPU (GSM version)
     Adreno 330 (LTE version)


Memory:

     3 GB LPDDR3

Storage:

     32/64 GB flash memory

Removable storage:

     microSDXC up to 64 GB

Battery:

     3,200 mAh [User replaceable]

Display:

     5.680 in (144.3 mm) Super AMOLED 388 ppi 
     (1920×1080) (PenTile matrix) (16:9 aspect ratio)

Rear camera:

     13-megapixel, camera with autofocus, BSI, 1080p and 4K video recording

Connectivity:        

    Wi-Fi :802.11 a/b/g/n/ac (2.4/5 GHz)
    Wi-Fi Direct
    Wi-Fi hotspot
    DLNA
    Miracast
    GPS/GLONASS
    NFC
    Bluetooth 4.0
    Infrared
    USB 3.0 (Micro-B port, USB charging)
    USB OTG 1.3
    MHL 2.0
    HDMI (TV-out, via MHL A\V link)
    3.5 millimetres (0.14 in) headphone jack

Other:

     Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermomete

ပဲ ဖြစ်ပါတယ်..



Conclusion


(Credit: Josh Miller/CNET)

နိဂုံးချုပ် အနေနဲ့ တော့  Samsung က ထုတ်တဲ့ Note တွေဟာ အခြားစမတ်ဖုန်းတွေနဲ့ Screen အရွယ်အစားကြီးမားခြင်း၊  S Pen ပါရှိခြင်းတွေနဲ့ ပတ်သက်ပြီး ပြိုင်စံရှားပါပဲ။ Battery လဲ ကြာရှည်ခံတာ တွေ့ရသလို Multitasking တွေအတွက် Precessor လဲ ကောင်းမွန်တာ တွေ့ရပါတယ်။ ပြောစရာကတော့ Camera လေးပါပဲ။ ဒါပေမဲ့ Camera ကို Software Update မှာ ပြန်ပြင်သွားလိမ့်မယ်လို့ ထင်ပါတယ်။


စင်ကာပူစတိုးတွေမှာတော့ 32GB Version အတွက် စင်ကာပူဒေါ်လာ $1,048 နဲ့ September 28 မှာ စရောင်းမယ်လို့သိရပါတယ်။မိတ်တွေအနေနဲ့ ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာပဲ ဈေးနှုန်းတစ်ချက် စုံစမ်းကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ်။

Ref : cNetAsia
Writer : Steel Jelly
Credit Link: http://www.techmilo.tk/2013/09/samsung-galaxy-note-3.html

ကျွနှုပ်ရဲ့ အချိန်နဲ့ စေတနာဟာ သင့်အတွက် အကျိုးရှိမယ်ဆိုရင် ကျွနှုပ်ကျေနပ်ပါတယ်။

The new Surface 2 is lighter and faster than its predecessor

Microsoft 2nd Generation Surface RT Tablet spec sheet

Chipset: Nvidia Tegra 4
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 10 hours
Weight: 1.5 pounds (680 grams)
Thickness: 0.37 inches (9.3 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear
Colors: black, white
Storage: 32GB and 64GB
OS: Windows RT 8.1
Software: Office Home & Student 2013 RT, Outlook RT, Bing apps
Pricing: $499 (€369) for the 32GB model and $599 (€442) for the 64GB version



Microsoft Surface 2

Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2
Microsoft Surface 2 

Photo credit : Microsoft

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget