Twitter Facebook 27th SEA Games ပိတ်ပွဲ MP4 760MB 11:21 PM သတင်းစုံ ဆီးဂိမ်း ပိတ်ပွဲ အစအဆုံးပြန်ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် http://www.youtube.com/watch?v=c2AligO04sU မှာ ကြည့်နိုင်ပါတယ် ဒေါင်းချင်ပြီးကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် davvas (or)AFileZ (or)tusfiles (or)billionuploads (or)madevid (or)d-h.st(or)pc.cd
Twitter Facebook နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ 1:56 PM သတင်းစုံ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ★ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်းများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာပဲဖြစ်ပါတယ်။ အသံ၊မီး၊နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူးထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။ ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများသုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာကြည့်စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ Ye Htut China-made fireworks light up London Olympics |Industries |chinadaily.com.cn http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm London Olympic Games made in China Anne McClain http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/ China-made fireworks to light up London Olympics http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html