Articles by "News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

Photo of Mercedes-Benz S-Class

၂၀၁၄ မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ ဂျာမနီရဲ့  မာစီဒီး S Class ကားသစ်ကို တရားဝင် ထုတ်ဖော်ပြသ ခဲ့ပပြီး ဖြစ်ပါတယ်။ 2014 Mercedes-Benz S63 AMG လို့ အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက E-Class အသစ်ကို နိုင်ငံတကာနဲ့ အချိန်မခြား မြန်မာပြည် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနဲ့ Test Drive ပွဲ ၂ ခုစလုံးကို E-Class အသစ် အတွက် ပြုလုပ်ခဲ့ပါတယ်။ ယခု အသစ်ထွက်တဲ့ S-Class ကိုလည်း အရှေ့ တောင်အာရှမှာ မြန်မာပြည်ကို အရင်လာရောက် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ S Class ဖြစ်တဲ့အတွက် E-Class ထပ် ဈေးကြီးလားဆိုတာ မေးစရာ မလိုတဲ့ မေးခွန်းတစ်ခုပါပဲ။ ကားရဲ့  Estimated Price ကို အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်း သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း သိန်း ၁၆၀၀ ကျော်ပါ။ သို့ပေမယ့် အခွန်ဆောင်ပြီး အပြီးအစီး မြန်မာပြည်မှာ သိန်း ၅ထောင် ဝန်းကျင် ပေါက်ဈေး ရှိသွားမယ့်ကားပါ။

ကယ်။ ဘယ်သူ ဝယ်ပါအုံးမလဲ။ ဝယ်မယ့်သူတွေ ရှိမှာပါ။ မြန်မာပြည်မှာ မာစီဒီး ခရေဇီတွေ မနည်းပါဘူး။ သူ့ရဲ့  Elegant ဖြစ်တဲ့ ဒီဇိုင်းသားသားနားနားကို ယနေ့တိုင်စွဲလမ်းပြီး စီးနေတာ S Class မော်ဒယ်အဟောင်းများက သက်သေပါပဲ။ ယခု မော်ဒယ်အသစ်ကိုလည်း မြန်မာပြည်က Customer တွေ ဝယ်အုံးမှာပါ။

အင်ဂျင်အရွယ် ၅.၅ လီတာ ဆလင်ဒါ ၈ လုံးပူး တာဘို ၂ လုံးပူး အမျိုးအစားကို အသုံးပြု ထားပါတယ်။ ဂီယာ ၇ ချက်ထိုး၊ အော်တိုအမျိုးအစားကား ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၅၇၇ hp ရှိပါတယ်။ E Class ထပ်နောက်ထပ်သာတဲ့အချက်တစ်ခုက ကားရဲ့ စွမ်းဆောင်ရည်ပါ။ Acceleration က ၃.၉ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းကို အမြန်တင်နိုင် ပါတယ်။

ဇိမ်ခံကား ဖြစ်တဲ့အတွက် top speed ကို ကန့်သတ်ထား ပါတယ်။ တစ်နာရီ ၁၅၅ မိုင်ထပ် ပိုတင်လို့တော့ မရ ပါဘူး။ ဒရိုင်ဘာ အပါအဝင် ၅ ယောက်ဆံ့မယ့် ဇိမ်ခံကား ဖြစ်ပါတယ်။ လေးဘီးမောင်း အမျိုးအစားလည်း ဖြစ်သည့် အားလျော်စွာ အတွင်းက အဲယားကွန်းနဲ့ အခြား စနစ်များကြောင့် ဆီလည်း အတော်စားမယ့်ကားမျိုး ဖြစ်ပါတယ်။ ကားရဲ့ တန်မပါ အလေးချိန်က ပေါင် ၄၄၀၀ ရှိပါတယ်။
S-Class လို့အမည်ပေးထားခြင်းက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ Luxury Feature အများဆုံးတွေ့ရမယ့် မာစီဒီးရဲ့  ဆလွန်း ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာ အသုံးပြုမှု၊ အာရုံခံစနစ်ပါဝင်မှု၊ ကင်မရာ၊ LCD တီဗီ၊ Entertainment system ပြောမကုန်အောင် အတော်များများ ပါဝင်လာအုံးမှာပါ။ တစ်ခုခုပျက်လို့ ပြင်ဆင် နိုင်ဖို့ အတွက်လည်း ရန်ကုန်မှာ မာစီဒီး ဆားဗစ်စင်တာ ရှိနေပါပြီ။

ဝယ်စီးသင့် မစီးသင့်ကတော့ ကာယကံရှင် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဂျပန်ကားတွေ စီးတာထပ်၊ ဥရောပ ဂျာမနီ မာစီဒီး ကားသစ်ကို စီးတယ်ဆိုတာ ဘာပဲ ဖြစ်ဖြစ် Style က အစ ကွာသွားပြီ။ အကုန်ကျ တတ်နိုင်သူ တစ်ယောက် အတွက် S Class ရွေးချယ်မှုက မမှားနိုင်ပါဘူး။ ၂၀၁၄ မော်ဒယ် Mercedes-Benz S63 AMG ကိုမကြာမီ အော်ဒါမှာလို့ ရနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အကယ် ၍ S Class စီချင်းတယ်။ ဈေးများများလည်း မတတ်နိုင်ဘူးဆိုရင် ရွေးစရာ နောက် တစ်နည်း ရှိပါတယ်။ S Class တစ်ပတ်ရစ်ကားများ ဝယ်စီးရုံပဲ ဖြစ်ပါတယ်။ တစ်ပတ်ရစ်ဆိုပေမယ့် သေချာ ရှာတတ်ရင် အကောင်းတွေ တွေ့နိုင်ပါတယ်။ ဥပမာ http://www.motors.com.mm/cars/mercedes-benz/ တို့လိုနေရာမှာ ဈေးသက်သာတဲ့ S Class ကို တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။ S Class ကား များ ဟာ ရန်ကုန်သူဌေးတွေကြား ခေတ်စားလာမယ့် ကားတစ်စီး ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။

.
Written By


 Photo of မာစီဒီး ၆ ဘီး SUV G63 AMG

မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်း သာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ အင်ဂျင်အရွယ် ၅.၅ လီိတာ တာဘို ၂ လုံးပူး ဆလင်ဒါ ၈ လုံးတွဲ အင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့်မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၉၀ ဝန်းကျင် ရှိပါတ်။ ဂီယာ ၆ ချက်ထိုးပါ။ ၇.၄ စက္ကန့် အတွင်း တစ်နာရိ မိုင် ၆၀ တင်နိုင် မယ် လို့ ဆိုပါတယ်။ ကားကတော့ လေး ဘီးမောင်း စနစ်ကိုပဲ အသုံးပြု မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ၆ ဘီးကား ပါ။ ခရီးကြမ်းအတွက် ရည်ရွယ် ထားခြင်း ဖြစ်ပေ မယ့် မြို့ ထဲ မှာလည်း စတိုင်ကျ ကျ စီးနိုင်ကြောင်း ဆိုပါတယ်။

Top Speed ကို တစ်နာရီ မိုင် ၁၀၀ အထိပဲ ကန့်သတ် ထားပါတယ်။ အပြင်အဆင် အနေ နဲ့ ကာဘွန်ဖိုက်ဘာ ဘော်ဒီသားသုံး ကိုယ်ထည်၊ LED မီးလုံး၊ Xenon မီးလုံး အသုံးပြုမှု၊ အနက်၊အနီ Leather သား၊ အတွင်းခန်း ဇိမ်ကျကျ ပစ္စည်းနဲ့ ပြင်ဆင်မှု အစရှိ သဖြင့် စုံလင်ပါတယ်။ Frankfurt မော်တော်ယာဉ် ပြပွဲ မှာ ပြသလျက် ခဲ့တဲ့ကား ပါ။ မာစီဒီး G Wagon က ၆ ဘီးမှ မဟုတ်ပါဘူး။ ၄ ဘီးကားလည်း ဈေးကြီးပါတယ်။ တစ်ပတ်ရစ် လေးဘီးတောင် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော် ရှိနေတာကို www.motors.com.mm/cars/mercedes-benz မှာ ဝင်ရောက် လေ့လာ တွေ့ရှိ နိုင်ပါတယ်။

အကယ်၍ ၆ ဘီး ကားကို စိတ်ဝင်စား ဝယ်ယူချင်တယ် ဆိုရင်တောင် သိန်း ၅၀၀၀ အထက်မှာ ရှိနိုင်ကြောင်း သိရ ပါတယ်။ Mercedes Benz G63 AMG 6x6 ဘီးကားကို ၂၀၁၄ မှာစတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Written By
For More >> Visit Automobile News

ဖုန်းကတ်ဒ် ပျက်/ပျောက် လျှောက်ထားခြင်း နေရာမှား လျှောက်ထားသူ များလာ
 
 
မိုဘိုင်းဖုန်းကတ်ပျောက် ကတ်ပျက်လျှောက်ထားရာ၌ သတ်မှတ်နေရာများ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း နေရာမှား လျှောက်ထားခြင်း များလာကြောင်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး အနီးရှိ မိုဘိုင်းဖုန်း အကျိုးဆောင်များထံမှ မေးမြန်းသိရှိရသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဆက်သွယ်ရေး ရုံးအသီးသီးက ဆောင်ရွက်ပေးသော်လည်း ဖုန်းအမျိုးအစားအပေါ် မူတည်၍ နေရာ ကွဲပြားကြောင်း သိရသည်။
 
 "ကတ်ပျက် လျှောက်ထားဖို့ နေရာမှားလာကြတာ တစ်နေ့ကို ဆယ်ဦးထက်မနည်းဘူး ရှိတယ်" ဟု အကျိုးဆောင် တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ တစ်သောင်းကျပ် ဝန်းကျင် ယူကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ၁၅၀၀ တန်ဖုန်းများ ကတ်ပျောက် ကတ်ပျက် အတွက် ရန်ကုန်စာတိုက်ကြီးတွင် လျှောက်ထားရခြင်းဖြစ်ပြီး ၇၃၊ ၄၃ စသည့် ဖုန်းများအတွက် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။
 
 ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
 
 ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက..
 
GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆ 
 
CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ 
 
CDMA 800 (MEC Tel)မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ 
 
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။

 
 
 

မိုဘိုင်းလ် ဘဏ်စနစ် (Mobile Banking)
စတင်အသုံးပြုနိုင်ပြီဖြစ်သော မိုဘိုင်းဘဏ်စနစ် (Mobile Banking) မှတ်ပုံတင်ရန်အတွက် သုံးလအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရသည်။
 
 “လက်ရှိလာရောက်မှတ်ပုံတင်ပြီးအသုံးပြုမယ်ဆိုရင်တော့ ငွေလွှဲရင် ငွေလွှဲခပေးရမှာမဟုတ်တဲ့အတွက်
ငွေလွှဲခသက်သာမယ်။ ပြီးတော့ မှတ်ပုံတင်ကြေးသုံးထောင် သက်သာမှာဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ မေးမြန်း သိရှိရသည်။ ငွေလွှဲနှုန်းထားများအနေဖြင့် မြို့တွင်းဆိုပါက တစ်ကြိမ်လွှဲခြင်းအတွက် ၅၀၀ ကျပ် သတ်မှတ်ထားပြီး နယ်ဆိုပါက တစ်ရာလျှင် ၁၅ ပြားနှုန်းဖြစ်ကြောင်း မေးမြန်းသိရှိရသည်။
 
 မိုဘိုင်းဘဏ်စနစ် အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ သုံးထောင်ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် ပေးဆောင်ရန် လိုအပ်မည် မဟုတ်ပေ။ ငွေကြေး တစ်ကြိမ်လွှဲပို့ပါက ငါးသိန်းကျပ် လွှဲပို့နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဆယ်သိန်းကျပ်အများဆုံး လွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်အသုံးပြုလိုသူများအနေဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်ရှိရမည်ဖြစ်ပြီး သမဝါယမဘဏ်တွင် Saving အကောင့် (သို့မဟုတ်) Current အကောင့်ရှိရမည်ဖြစ်သည်။ မိမိဖုန်းဖြင့် ငွေလွှဲပါက အလွှဲခံရသူတွင် မိုဘိုင်းဘဏ်စနစ်ရှိရန်မလိုအပ်ဘဲ သမဝါယမဘဏ်တွင် အကောင့်တစ်ခုခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းရှိရုံဖြင့် အဆိုပါ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့ကို ယူဆောင်ကာ နီးစပ်ရာသမဝါယမဘဏ်ခွဲတွင် သွားရောက်မှတ်ပုံတင်ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုများအနေဖြင့် မိုဘိုင်းဖုန်းအတွင်း Application များ ထည့်သွင်းကာ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများကို Mobile Web Browser မှ တစ်ဆင့် မိမိဖုန်းဖြင့်သုံးစွဲခြင်း၊ အကောင့် အချက်အလက်များကို SMS Command များသုံးကာ ကြည့်ရှုစစ်ဆေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 မိုဘိုင်းဘဏ်စနစ် လာရောက် ဆောင်ရွက်သူများအနေဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန် မလိုအပ်ဘဲ လစဉ်ကြေး၊ နှစ်စဉ်ကြေးများလည်း ပေးဆောင်ရန်မလိုအပ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် သမဝါယမဘဏ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ နီးစပ်ရာ သမဝါယမ ဘဏ်ခွဲများတွင် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစနစ် ထည့်သွင်းခြင်းကို နေ့ချင်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေးမြန်းသိရှိရသည်။

 ထွန်းထွန်း
Ref :  myanmarinternetjournal

Talking Phone

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။

၁ မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေးမယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ်ကိုလည်း အစိုးရက လက်ရှိကာလမှာ မဲဖောက်ပေးနေတဲ့ ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

 အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ပြည်ပနိုင်ငံ တွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါ ဖိတ်ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ တယ်လီနော် နဲ့ အော်ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက တင်ဒါအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကုမ္ပဏီကြီးတွေအနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် မရရှိသေးပါဘူး။

 ဒါကြောင့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ ဆက်သွယ်ရေးလုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ကြောင်း တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်မွန်မြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ပြောထားတာက ၁၅၀၀ ထက်မများတဲ့ ဈေးနှုန်းနဲ့ ဆင်းကတ်တွေ ရောင်းချပေး မယ်ဆိုပြီး ထည့်ထားပါတယ်။ တကယ်တမ်းဈေးနှုန်းကတော့ လည်ပတ်တဲ့အချိန်ကျမှပဲ သိရပါမယ်။ အခုက ထုတ်ဖော်ပြလို့ မရသေးတဲ့အတွက်ပါ။ ဘယ်အချိန်စမလဲဆိုတော့ တရားဝင် ဆက်သွယ်ရေးလိုင်စင်ရပြီးတော့ ၈ လအတွင်းမှာ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာ ဆက်သွယ်ရေးလိုင်စင်အတွက် နောက်ဆုံး ဆွေးနွေးနေဆဲ ဖြစ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပေမယ့် နည်းဥပဒေပေါ်ထွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဒါကို စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းနဲ့ ဒီနည်းဥပဒေ ထွက်ပေါ်လာမှပဲ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ကို ရရှိမှာ ဖြစ်ကြောင်း သူက ဆက်လက် ပြောပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရင်က အစိုးရတဦးတည်းက ချုပ်ကိုင်ခဲ့တာ ဖြစ်လို့ သုံးစွဲတဲ့သူတွေအနေနဲ့ ရွေးချယ်စရာ မရရှိခဲ့တဲ့အပြင် နည်းပညာ ပိုင်းဆိုင်ရာမှာလည်း နောက်ကျမှုတွေ ရှိခဲ့ပါတယ်။

 ဒါကြောင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအနေနဲ့ အခုလို ၀င်ရောက်လာတာက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိစေမယ်လို့ မျှော်လင့်တဲ့ အကြောင်း လူကြီးမင်း လက်ကိုင်ဖုန်းရောင်းဝယ်ရေးစင်တာက ဒါရိုက်တာ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။

“အရင်က မြန်မာဆက်သွယ်ရေး တခုတည်းရှိတော့ တချို့ဟာတွေ အဆင်ပြေတယ်၊ တချို့ဟာတွေ အဆင်မပြေဘူး။ အခု တခြားအော်ပရေတာတွေလည်း ၀င်လာတော့ အပြိုင်အဆိုင်လုပ်မယ်။ ကိုယ့်ဘက်မှာလည်း မြန်မာပြည်က အော်ပရေတာတွေက သူ့လိုပဲ အပြိုင်အဆိုင် လိုက်လုပ်ကြမယ်ဆိုရင် အသုံးပြုသူတွေအတွက်လည်း ပိုကောင်းလာမယ်၊ ဆက်သွယ်ရေးကဏ္ဍလည်း ပိုပြီးဖွံ့ဖြိုးလာမယ်။ ဖွံ့ဖြိုးမှုနှုန်းတောင် ပိုပြီး မြန်လာမယ်ထင်တယ်။”

မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ ဆက်သွယ်ရေးကွန်ရက် စနစ်ဖြစ်လာဖို့ HSPA နဲ့ LTE –ready နည်းပညာတွေကို အသုံးပြုပြီးတော့ အကောင်းမွန်ဆုံး မိုဘိုင်းကွန်ရက်စနစ်ကို တည်ထောင်သွားမယ်လို့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

 ကုမ္ပဏီအနေနဲ့ ၅ နှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံးကို ကွန်ရက်ဖြန့်ကျက်နိုင်ဖို့အတွက် စီစဉ်ထားရှိပြီး အသံနဲ့ ဒေတာအပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို မြန်မာပြည်သူတွေ အသုံးပြုနိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ကြောင်း တယ်လီနော်ဆက်သွယ်ရေးကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့စ် ၂ ခုသာ ဆက်သွယ်ရေးလိုင်စင် ရရှိထားတာ ဖြစ်ပါတယ်။
 
DVB

texting

ပြည်တွင်း၌ မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် SMS နှင့် အင်တာနက် လျှောက်ထားနိုင် သည့် နောက်ပိုင်း ၆ လအတွင်း အရေအတွက် ၂ ဆ တိုးတက်လာသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

ယခင်က မိုဘိုင်းအင်တာနက် စနစ်အသုံးပြုသူအရေအတွက် ၁ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုအခါ၌ မိုဘိုင်းအင်တာနက်စနစ် အသုံးပြုသူအရေအတွက်သည် ၁ သန်း ၉ သိန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် GSM, WCDMA နှင့် CDMA ဖုန်းလိုင်းများ အပါအ၀င် လိုင်းအရေအတွက် ၇ သန်းကျော်ရှိပြီး GSM မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၆ သန်း ၈ သိန်းခန့်ရှိသည်ဟု သိရသည်။ ထို့အပြင် WCDMA မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် ၅ သိန်း ကျော်ရှိပြီး ကျန်ရှိသောဖုန်းလိုင်းများမှာ CDMA ဖုန်းလိုင်းများဖြစ်သည်ဟု သိရသည်။

“အရင်တုန်းက အင်တာနက်လိုင်းလျှောက်တာကို ပိတ်တာတို့ ပွင့်တာတို့လုပ်ခဲ့သေးတယ်။ အခု SMS နဲ့ အင်တာနက်စနစ်ကို ခွင့်ပြုလိုက်တော့ အရေအတွက် အရမ်းကိုများတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအင်တာနက်စနစ် အသုံးပြုခြင်း မြင့်တက်လာသည့်အလျောက် မိုဘိုင်းဖုန်းအင်တာနက်စနစ်၏ အမြန်နှုန်းများလည်း ကျဆင်းလာကြောင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် အသုံးပြုသူများက ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အသုံးပြုမှု များပြားလာခြင်းကြောင့် အမြန်နှုန်း ကျဆင်းလာသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ် ပြန်လည်ကောင်းမွန်ရန် စက်ပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် ယခင်က ဆက်သွယ်ရေးရုံးသို့ သွားရောက်လျှောက်ထားရသော်လည်း ယခုအခါ မိုဘိုင်းဖုန်း ဘီလ်အတွင်း ငွေကျပ် ၁ သောင်း ဖြည့်သွင်း၍ SMS နှင့် ပေးပို့ လျှောက်ထားနိုင်ခဲ့သည်။ မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် အခြားသော အင်တာနက်လိုင်းများ ကောင်းမွန်မှုနည်းပါးသည့် နယ်ဒေသများအနေဖြင့် ပိုမိုအားကိုး၍ အသုံးပြုနေရကြောင်း သိရသည်။
 
 မြင့်ကျော်လှိုင်
Internet Journal



အားလုံးပဲ မင်္ဂလာပါ ခဗျာ..
မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြန်မာ ဘာသာ စကား ထောက်ပံ့ ပေးတဲ့ File Hosting Website - File Bullet ဟာ Beta Version နဲ့ ထုတ်လွှင့်ထားရာ ကနေ အခု Share4MM.com အဖြစ် ပြောင်းလဲ ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ် ခဗျာ..
Share4MM File Sharing Website ကို အသုံးပြုရလွယ်ကူအောင် မြန်မာစာ စနစ်ထောက်ပံ့ ပေးထားပြီး Free User သော်လည်းကောင်း အသုံးပြုနိုင်ပြီး Premium User အဖြစ်လည်း Upgrade ပြုလုပ်နိုင်ပါတယ်။ Share4MM- File Sharing Website နဲ့ ပတ်သက်လို့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ် ခဗျာ...


What is Share4MM ?
- Share4MM ဆိုတာ Miloboy Inc., ကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြန်မာဘာသာစကား ထောက်ပံ့ပေးထားတဲ့ File Sharing Website ဖြစ်ပါတယ်။ အရင်က File Bullet အဖြစ် Beta Version ထုတ်လွင့်ထားပြီး အခု Share4mm.com အဖြစ် ပြောင်းလဲ သတ်မှတ်ထားလိုက်ပါပြီ။

Why We Should Choose Share4MM ?

-Share 4 MM ကို ဘာကြောင့် ရွေးသင့်သလဲ ဆိုရင် Share4MM မှာ File Sharing ပြုလုပ်မည့်သူတွေ အတွက် လိုအပ်မဲ့ အရာ အားလုံးကို ထောက်ပံ့ ပေးထားလို့ ပါပဲ။ Remote URL Upload, Protect By Password, Send Uploaded Files to My Email, View Statistics, HTML code စသည်ဖြင့် လိုအပ်မဲ့ အရာတွေ အားလုံးကို ထည့်သွင်းပေးထားပါတယ်။
ထို့ အပြင် Premium Member များ အတွက်လဲ Direct Download, No Waiting Time, No Advertisement, No Download Limit Feature များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် အလန်းဆုံး Feature ကတော့ Premium Member တွေ အားလုံးကို Torrent ကနေ မိမိ လိုအပ်တာကို ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ Service ပါ ရရှိနိုင်မှာဖြစ်ပါတယ်။

ထို့ အပြင် Server ရဲ့ Location ဟာ Copyright တွေ ကင်းလွှတ်တဲ့ နေရာမှာ ထားထားတာ ဖြစ်တဲ့ အတွက် ကြောင့် သင် ဘာပဲ တင်တင် စိတ်ပူစရာ မလိုအပ်ပါဘူး။
File Server ဟာ လက်ရှိအချိန်မှာ 100MB Port ကို အသုံးပြုထားတာ ဖြစ်တဲ့ အတွက် သင့် အနေနဲ့ Download Speed 12MB/s အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်ကောင်းမွန်တဲ့ Download Speed ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိ ရဲ့ Download Speed ကနေ မိမိရဲ့ Location နဲ့ မိမိရဲ့ ISP ပေါ်မှာပဲ မူတည်ပါသေးတယ်။

နောက်ပြီး Premium Feature ကို အသုံးပြုထားမယ်ဆိုရင် Torrent ကနေ Download လုပ်မဲ့ Download Link များကို မိမိနှစ်သက်ရာ File Host ကနေ Request ပြုလုပ်နိုင်ပါသေးတယ်။

အကောင်းဆုံး Feature ကတော့ မိမိနှစ်သက်ရာကို စိတ်ကြိုက် Request ပို့ပြီး တောင်ဆို နိုင်ခြင်းပါပဲ။ ဒါကလဲ ဘယ်မှာ မှ မရနိုင်တဲ့ Support ပါပဲ။ အားလုံးကို ပွင့်ပွင့် လင်းလင်း တောင်းဆိုနိုင်တယ်။


Share4MM မှာ ရရှိနိုင်သော Feature များ

Free User များ အတွက်

Upload Limit                       = 100 MB
Remote Urls Upload             = "Support" 5 Urls Per Upload
Waiting time to Download    = !! No Need !! Direct Download Link !!
Download Speed                 = Up to 2 MB/s [S2S Transfer] [May be differ from your location]
Torrent Request                  = Yes, But Limited to 1.5 GB [Delete After Download]
Inactive File Delete              = After 25 Days
File Storage Limit                = Unlimited
Password Protect                = Support
Sent email after upload       = Support
Sharing Codes                    = Support
View statistics Support        = Yes
Resume Support                = Yes
Support Tickets, requests    = Available


Premium user များ အတွက်

Upload Limit                       = 2.5 GB
Remote Urls Upload             = "Support" 50 Urls Per Upload
Waiting time to Download     = !! No Need !! Direct Download Link !!
Download Speed                  = "Unlimited" *Fast Download Even Server Busy*
Torrent Request                   = Yes, !! Unlimited File Size !!
Inactive File Delete               = After 60 Days
File Storage Limit                 = Unlimited
Password Protect                 = Support
Sent email after upload        = Support
Sharing Codes                     = Support
View statistics Support         = Yes
Resume Support                  = Yes
Support Tickets, requests     = Available


**Share4MM ၏ အခြား FileHosting Site များနှင့် မတူသော Best Feature များ**

- Direct Download Access to all users
- Resume Support for all
- Torrent Access Via Message
- Share within a minute
- Low Price For Premium Upgrades

အသုံးပြုသူအားလုံး အတွက် သင့်တင့်သော ဈေးနှုန်း

မှန်ပါတယ်။ သင့်တင့်သောထက် အလွန်ချိုသာသောလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ 30 Days Premium Account အတွက် မြန်မာငွေ 3000 ကျပ် သာ ကျသင့်မှာ ဖြစ်ပါတယ်။ ၄င်း ဈေးနှုန်းဟာ ၂ရက်စာ မုန့်ဖိုး၊
တစ်ရက်စာ ဘီယာဖိုးလောက်သာ ရှိပါတယ်။
Payment များကို တော့ မြန်မာနိုင်ငံကနေ ဆိုရင် MyanPay ကနေ တစ်ဆင့် ပေးချေနိုင်ပြီးတော့
Foreign ကနေ ဆိုရင်တော့ PayPal ကနေတစ်ဆင့် ငွေပေးချေနိုင်ပါတယ်။  PayPal ကိုသုံးပြီး တစ်ဆင့် Upgrade လုပ်မယ်ဆိုရင်တော့ FullPremiumNowFree@gmail.com ကို အကြောင်းကြားပေးစေချင်ပါတယ်။ ငွေလွဲရမဲ့ လိပ်စာနှင့် တကွ အကြောင်းကြားပေးဖို့လိုပါတယ်။
PayPal ကို အသုံးပြုတယ်ဆိုရင်တော့ တစ်လကို $3 ကျသင့်မှာ ဖြစ်ပါတယ်။

MyanPay ကနေ ငွေပေးချေ ချင်ရင်တော့ ဒီလင့်မှာ သွားရောက်ပြီး အောက်ပါပုံလေးက Buy Now ဆိုတာလေးကို နှိပ်ပေလိုက်ရုံပါပဲ။ MyanPay ကယူတဲ့ Extra Service ခ အနည်းငယ်တော့ ရှိပါလိမ့်မယ်။ PayPal နဲ့ ဆိုရင်တော့ ငွေ သက်သာပါ့မယ်။

http://www.share4mm.com/files/30days%20Premium.png

ဈေးနှုန်းကလည်း ချိုသလို မိမိလိုအပ်မဲ့ Service အားလုံးကိုလဲ ထည့်သွင်းပေးထားတဲ့ အတွက် File Sharing ပြုလုပ်မဲ့ သူတွေ အတွက် အရမ်းကို သင့်တော် ကောင်းမွန်ပါတယ်။ အားလုံးပဲ အခုပဲသွားပြီး
အခုပဲ သွားပြီး အကောင့် လုပ်လိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ရပါတယ်။



အထူးလက်ဆောင် အနေနဲ့ Free User များ အတွက်လည်း Torrent Request များကို လက်ခံ ပေးနေပါပြီခဗျာ..
အကူအညီတောင်းချင်တဲ့ သူများ အတွက် Username + Seeder ရှိသော Torrent File သို့ မဟုတ် Magnet Link ကို FullPremiumNowFree@gmail.com ကို mail ပို့ပေးရပါမယ်...
ထို့နောက် ကျွနှုပ်တို့ထံ Mail ရောက်ရှိသည် နှင့် ကျွနှုပ်တို့ ပြန်လည်းပြီး Share4mm ကနေ ဒေါင်လုပ်လင့် ချ ပေးမှာဖြစ်ပါတယ်။


အားလုံးပဲ အကောင့် မလုပ်ရသေးသူများ http://www.share4mm.com မှာ အကောင့်လုပ်ပြီး စတင် အသုံးပြုနိုင်ပါတယ်..


အကယ်လို့ Share4mm.com နှင့် ပတ်သက်သည်များကို အသေးစိတ် မေးမြန်းချင်ပါက၊ အကူအညီများ ရယူချင်ပါက

Mail      : FullPremiumNowFree@gmail.com
Phone   : +95-9-402580827

တို့ကို ဆက်သွယ်ပြီး အကူအညီလိုအပ်သည်များ၊ မေးမြန်းပြောဆိုနိုင်ပါတယ် ခဗျာ..


လေးစားစွာဖြင့်
Miloboy Inc,.

သူတောင်းစားမစ္စတာ အိုင်ယင်က
ဘုရားကျောင်းသို့ နောက်ထက်ဘတ်
၁ သန်းထက်လှူခဲ့

21 September, 2013
ထိုင်းနိုင်ငံနခုန်ပထုန်မြို့ တွင်အထူး
နည်မည်ကြီးနေသောသူတောင်းစား
ကြီးမစ္စာအိုင်းယင်၊သူသည်သူတောင်း
စားဖြစ်နေသော်လည်းထိုင်းနိုင်ငံတွင်
လူသိများခဲ့ပြီးသတင်းစာများတွင်
တောင်ပထမစာမျက်နှာများတွင်နေရာ
ယူခဲ့သည်။အဘယ်ကြောင့်ဆိုသိုသူ
ဟာသူတောင်းသမျှပိုက်ဆံတွေကို
သံတ္တောလေးနဲ့ ထည့်ထား၍များလာ
သောအခါတန်ခိုးကြီးဘုရားကျောင်း
များသို့ လှူဒါန်းခဲ့သည်။အရင်တစ်
ခေါက်ကလည်း ဘတ် ၁ သန်းတိတိ
လှူဒါန်းခဲ့ပြီးယခုနှစ် April လတွင်
လည်းထပ်မံ၍ဘတ် ၁ သန်းထက်မံ
လှူဒါန်းခဲ့ကြောင်းဘန်ကောက်ပို့ သ
တင်စာတွင်တွေ့ ရှိရသည်။သူသည်
လက်ရှိအသက်(64)နှစ်ရှိပြီးယခု
တိုင်အသက်ရှင်နေထိုင်တောင်းစား
လျက်ရှိကြောင်းတင်ပြအပါသည်။

အထူးလေးစားလျှက်

လမင်းမြတ်(TCK)


ဆေးလက်တွေ့ သက်သေပြမှု များကို ကမ္ဘာ့ပထမဆုံး ပြုလုပ်နိုင်ခဲ့ သော တိုက်ဖွိုက်ရောဂါ ကာကွယ် ဆေးကို Bharat Biotech ကုမ္ပဏီမှ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရပြီး အသက် ခြောက်လအရွယ်မှ အရွယ်ရောက် ပြီးသူများကို ကာကွယ်ပေးနိုင်မည် ဟု သိရသည်။ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Krish na Ella က ကာကွယ်ဆေးသစ်သည် လူသားသန်းပေါင်းများစွာကို Salmo-nell typhi ဘက်တီးရီးယားကြောင့် ဖြစ်ရသော အူရောင်ငန်းဖျားရောဂါ ဟု လူသိများသည့် တိုက်ဖွိုက်ရောဂါ ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင် မည်ဟု ပြောဆိုလိုက်သည်။
အခုကာကွယ်ဆေးသည် စတုတ္တမျိုးဆက် ကာကွယ်ဆေးဖြစ်ပြီး ကလေးငယ်များတွင် အသုံးပြုနိုင် ကြောင်းကို စမ်းသပ်မှုများစွာ ပြုလုပ် ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။ ''ဒီကာ ကွယ်ဆေးဟာ ဒီရောဂါကြောင့် ကလေးငယ်တွေ အထူးသဖြင့် နိုစို့ ကလေးငယ်တွေကို တိုက်ဖွိုက်ရောဂါ ကြောင့် သေဆုံးရမှုကို ကာကွယ်ပေး နိုင်မှာပါ။ ဈေးနှုန်းကိုတော့ အတည် မပြုရသေးပါဘူး။ ဒါပေမယ့် အစိုး ရဈေးနှုန်းနဲ့ ပုဂ္ဂလိကဈေးနှုန်းနှစ်မျိုး တော့ ခွဲခြားသွားမှာပါ''ဟု Krishna Ella က ရှင်းပြထားသည်။
ယခုကာကွယ်ဆေးကို တစ်နှစ် လျှင် အလုံးရေ (၁၀)သန်းခန့် ထုတ် လုပ်ရန် ရည်မှန်းထားပြီး ထုတ်လုပ် မည့် Bharat Biotech သည် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ အူရောင်ငန်းဖျား ရောဂါကြောင့် ကမ္ဘာ့တစ်ဝန်းလူဦး ရေ သန်း၂၀ခန့် ဖျားနာနေကြရပြီး လူဦးရေ နှစ်သိန်းခွဲမှ ခြောက်သိန်းထိ နှစ်စဉ်သေဆုံးနေရကြောင်း အများစု မှာကျောင်းနေအရွယ် ကလေးငယ် များဖြစ်ကြောင်းသိရှိရသည်။ သေဆုံး သူများ၏ ၉၀%မှာ အာရှတိုက်မှဖြစ် သည်။ ကုသမှုမှာ ပဋိဇီဝဆေးဝါးများ ဖြင့်ကုသပျောက်ကင်းနိုင်သော်လည်းဆေးယဉ်ပါးမှုများဖြင့် မြင့်တက်လာ သဖြင့်ကာကွယ်ခြင်းမှာ အရေးပါ သော လုပ်ငန်းစဉ်ဖြစ်လာသည်ဟု WHO က ထုတ်ပြန်ထားသည်။

For More >> http://goo.gl/qlPZd0

သန့်စင်
Ref: PTI

Health Updates Journal
Vol.2, No.36



ပြင်သစ်နိုင်ငံမှာ မောင်းသူမဲ့ ကားထုတ်လုပ်မှုအတွက် သမ္မတ ကိုယ်တိုင် အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။

အနောက်တိုင်းနဲ့ အခြားဥရောပနိုင်ငံများရဲ့  မော်တော်ယာဉ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ ပြင်သစ်ကလည်း လိုက်လံပြုပြင်ပြောင်း လဲခြင်း ဖြစ်ပါတယ်။ ပြင်သစ် Renault နဲ့ ဂျပန် Nissan တို့ ပူးပေါင်း လို့လည်း နည်းပညာသစ် ကားများ ဖန်တီးလျက် ရှိပါတယ်။ Pegueot မှလည်း မောင်းသူမဲ့ကားများ ဖန်တီးနေပါတယ်။ မောင်းသူမဲ့ရယ်လို့မဟုတ်ပဲ Robot များမောင်းနှင်တဲ့ကားလို့ အမည်ပေးထားခြင်းပါ။ ထုတ်လုပ်မှု အတွက်လည်း လုပ်သား အင်အားလျော့ချပြီး စက်ရုပ်များကို အစား ထိုးစေမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းက Car Industry တစ်ခုလုံးကို Auto စနစ်သို့ ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ကုန်ကျစရိတ်တော့ အင်မတန် များမယ့် စီမံကိန်းပါ။ သို့ပေမယ့် ဒီအတွက် ပြင်သစ် အစိုးရ ကိုယ်တိုင် ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပြင်သစ်ဟာ ကမ္ဘာ့ အဆန်းသစ်ဆုံး နည်းပညာမြင့်ကားများ ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile


(ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်း မြင်ကွင်းအား စက်တင်ဘာလအတွင်းက တွေ့ရစဉ်
) (ဓာတ်ပုံ-အောင်မျိုးသန့်)

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်းများ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။


မှတ်ချက်-Eleven Media Group ၏ သတင်းတစ်ပုဒ်ကို ဖော်ပြပေးထားသည်။



၂၀၁၂ တက္ကသိုလ် ၀င်တန်း အောင်စာရင်းအတွက် အွန်လိုင်းတွင် ကြည့်ရှုနိုင် ကြောင်း သိရပါတယ်--

အောက်ပါလင့်ကနေ သွားရောက် ပြီး တက္ကသိုလ် ၀င်တန်း အောင်စာရင်းကို မျှော်နေတဲ့ ညီလေး ၊ညီမလေးများ သွားရောက် ကြည့်ရှုနိုင် ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်နော်--

http://moemyanmar.net

~~ သွားခြင်းကောင်း ပြီး ပြန်ခြင်း ချမ်းမြေ့ ကြပါစေ ~~

Steel Jelly
Chief Editor Of www.fullpremiumnowfree.com

ဇွန် ၄ ရက်က မြန်မာ့အသံတွင် မလေးရှား အစိုးရအား သတိထောက်လွှာ ပေးအပ်ကြောင်း ကြေညာခဲ့ပြီးနောက် ယနေ့ ဇွန် ၅ ရက်၊ မလေးစံတော်ချိန် ၁၀ နာရီအချိန်မှ စတင်ကာ မြန်မာအများစု နေထိုင်နေသည့် အမ်ပန်း၊ ချရတ်၊ ဆလာရန်း အစရှိသည့် နေရာများတွင် မလေးရဲများက အင်အားသုံး၍ မြန်မာအလုပ်သမားများအား လိုက်လံဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။
ထိုသို့ ဖမ်းဆီးခဲ့ခြင်းအပေါ် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းမင်းက "မလေး အစိုးရအနေနဲ့ တရားနည်းလမ်းတကျ မလုပ်ဘဲ အခုလိုလုပ်တာက မြန်မာအလုပ်သမားတွေကို သက်သက်ညစ်ပတ် လိုက်တာပဲ။ သူတို့က ကာကွယ်တာ မဟုတ်ဘဲနဲ့ အပူကိုအပူနဲ့ ငြှိမ်းနေသလိုပဲ" ဟု ပြောကြားခဲ့သည်။
မလေးရှားတွင် နေထိုင်နေသည့် ကိုမောင်မောင်ကလည်း "ဟုတ်ကဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ၊ ကေအယ်...ကို တာယာရာ မြန်မာဆိုင် တစ်ဝိုက်မှာ အဖမ်းအဆီး အရမ်းများပါတယ်။ မြန်မာမှန်ရင် ပါမစ်ရှိရှိ၊ မရှိရှိ ဖမ်းပါတယ်။ တချို့ မြန်မာဆိုင်တွေကို ဆိုင်ထဲအထိဝင်ပြီး အလုပ်သမားတွေကိုပါ ဖမ်းတယ်လို့လည်း ကြားရပါတယ်" ဟု အတည်ပြု ပြောကြားခဲ့သည်။
ထို့နောက် ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးက "ဒီနေ့ မနက်ပိုင်းလောက်မှာ မြန်မာဆိုင်တန်းတွေ ရှိတဲ့နေရာမှာ အော်ပရာစီနဲ့ လူတော်တော်များများ အဖမ်းခံရတယ်။ အရင်ကဆိုရင် လမ်းမှာ တွေ့တဲ့လူလောက်ပဲ ဖမ်းပေမယ့် ဒီနေ့ကတော့ ဆိုင်တွေထဲအထိပါ ၀င်ဖမ်းတာ၊ စားသောက်ဆိုင်မှာ စားသောက်နေသူ တွေကိုလည်း ဖမ်းတယ်၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေ သူတွေကိုလည်း ဖမ်းတယ်၊ ပတ်စပို့ရှိတဲ့ လူရော၊ မရှိတဲ့လူတွေရော အားလုံးကို ဖမ်းတယ်။ ဆေးရုံမှာရှိနေတဲ့ မြန်မာတွေကိုလည်း အတင်းဆင်းခိုင်းတယ်လို့ ကြားတယ်။ မလေးရှား အစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ခပ်ကြမ်းကြမ်း ပြုမှုဆက်ဆံနေတာကို မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ယူဖြေရှင်း ပေးစေချင်တယ်" ဟုပြောကြားသည်။
မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး တစ်ဦးကလည်း "ကေအယ်မှာ မြန်မာဆိုင်တန်းဆိုတာ မြန်မာတွေ အများအပြား နေကြတာလေ။ အဲဒီ့မှာ ဆိုင်တွေထဲအထိ ၀င်ပြီး မြန်မာလား၊ မြန်မာလားမေးပြီး မြန်မာဆို ဖမ်းတယ်၊ တရားဝင်နေတာ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖမ်းတယ်။ ကျွန်မတို့က စက်ရုံပြန်ပြီး စက်ရုံမှာနေတယ်။ ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည်" ဟု ဆိုသည်။
"မလေးရဲတွေ အခုလုပ်ပုံက ဘောင်ထဲက ညစ်တာပါ။ သူတို့အပြောက အားလုံးကို စစ်ဆေးတာ ဆိုပေမယ့် သူတို့အဓိက မဲတာ မြန်မာအလုပ်သမားတွေ ကိုပါ။ ကျွန်တော်တို့ အတွက်တော့ သူတို့လုပ်တာတွေကို မြင်ရကြားရပါများတော့ သိနေပြီ။ ကျန်တာမပြောနဲ့ မလေးရှားမှာ မြန်မာဘောလုံးအသင်း လာကစားပြီး မလေးရှားကိုနိုင်ရင် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာအလုပ်သမားတွေကို ဒုက္ခပေးဖို့ လုပ်နေကြပါ။ ကျွန်တော်တို့ မြန်မာအလုပ်သမား အများစုကလည်း Over Stay တွေ များတယ်ဆိုတာ သူတို့သိတယ်။ သူတို့ စိတ်ကူးတည့်တဲ့အချိန် ငွေညှစ်တာလောက်ပဲ လုပ်တာ။ အခုဟာကတော့ သက်သက်လုပ်တာ ပေါ်လွင်တယ်။ အားနည်းချက် ရှိတဲ့သူတွေ ခံရမှာပါ။ ဒါမျိုးတွေကြားရတာ စိတ်မကောင်းဘူး" ဟု ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။
ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည် . . . . .
မေ ၃၀ ရက်မှ စတင်၍ ဆလာရန်းမြို့တွင်  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မွတ်စလင်များက အကြမ်းဖက်ခြင်းကြောင့် ယနေ့အထိ မြန်မာနိုင်ငံသားလေးဦး သေဆုံးသွားပြီဟု မလေးရှား မီဒီယာများက ဖော်ပြသည်။ အစောပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငြင်းဆိုခဲ့သော်လည်း ဇွန် ၄ ရက်က မြန်မာအစိုးရက မလေးရှား အစိုးရထံ  မြန်မာလူမျိုးများ အကြမ်းဖက်ခံရမှုအပေါ် ဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေရန် သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။ မလေးရှားရောက် မြန်မာအများစုက ယနေ့ ဇွန် ၅ ရက်မှစတင်ပြီး မြန်မာများအား မလေးရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေပြီဟု အင်တာနက် လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံတွင် မြန်မာနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ရှိသူများအား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံတမန်နည်းအရ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေပြည်တော်တွင် ဇွန် ၅ ရက်က ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားတွင် Eleven Media Group ၏ မေးမြန်းချက်အား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ သံအမတ်ကြီးကိုလည်း အချက်သုံးချက်ကို ခေါ်ယူသတိပေး ပြောကြားထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြား ထားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေး အင်အားတိုးမြှင့်ပြီး စောင့်ရှောက်ပေးဖို့ အကြောင်းကြားထားပါတယ်" ဟု ဇွန် ၅ ရက် ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။
Eleven Media Group
FPNF thanks to Eleven Media Group 4 this post ! :)

6.2.12
၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲပေးရန်အတွက် စိစစ်နေသည်ကို တွေ့ရစဉ်


ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခြင်းမှာ ဥပဒေအရ မညီညွတ်ဘဲ ၂၀၁၅ တွင် ၎င်းတို့အား မဲပေးခွင့်ပြုခြင်းကို စိစစ်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
ယင်းဝှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေ ငါးသိန်းကျော်ရှိကြောင်း သိရသည်။
အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု ဆိုသည်။
ဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ နိုင်ငံသားအဖြစ် တရားဝင်မှု မရှိကြောင်းနှင့် မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများဘက်မှ စာဖြင့်ရေးသား တိုင်တန်းမှုများ ရှိသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေသည်။

နိုင်ငံသားဖြစ်ခွင့် မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့ အခါကျရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီ ထောင်ခွင့်တို့ ပေးခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ် . . .


လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပြုရန် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားရန်ရှိကြောင်း ဦးအေး သာအောင်က ပြောကြားသည်။
''အဓိကအနေနဲ့ နိုင်ငံသားဖြစ်မှု ဥပဒေကို ကိုးကားပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တင်ပြသွားမယ်'' ဟု ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ဆိုသည်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေတွင် မရှိကြောင်း၊ နိုင်ငံသား အခွင့်အရေး ချပေးထားခြင်းများကို နိုင်ငံသား ဥပဒေတွင်ပါသော စည်းကမ်းချက်များနှင့်ညီ၊ မညီကို စစ်ဆေးရမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ဥပဒေကြောင်းအရ တင်ပြသွားမည်ဟု ပြောကြားသည်။
''နိုင်ငံသားဖြစ်ခွင့် မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့အခါကျရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို သုံးသပ်ဖို့လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီထောင်ခွင့်တို့ ပေးခဲ့ရင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုလည်း ထိခိုက်စေတယ် ဆိုတာကို ကျိုးကြောင်းဆီလျော်စွာ တင်ပြသွားဖို့ရှိတယ်'' ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါသော ယာယီသက်သေခံကတ် ဆိုသည်ကို ဥပဒေကြောင်းအရ ခိုင်လုံခြင်းရှိ၊ မရှိကို မေးခွန်းထုတ်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော်ဥပဒေများအရ အဆိုပါ အသုံးအနှုန်းအား ဥပဒေကြောင်းအရ ပေးထားသည်ကို ပယ်ဖျက်ပေးရန် ကြိုးစားသွားမည်ဟုလည်း ဒေါက်တာအေးမောင်က ပြောကြားသည်။
အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး အမြင့်ဆုံးစံ နမူနာပြသည့် နိုင်ငံမျိုးတွင်ပင် အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မရှိဘဲ မြန်မာနိုင်ငံတွင် ၀ှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုထားသည့် အချက်မှာ ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
''၀ှိုက်ကတ်ဆိုတာ Green Card ကတ်ထက်တောင် နိမ့်သေးတယ်။ တကယ်တော့ ၀ှိုက်ကတ်ဆိုတာ ဒီမှာရောက်နေတယ် ဆိုတာကို မှတ်ပုံတင်ထားတာ။ ဘယ်က ရောက်လာသလဲ မသိဘူး။ ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေကို စိစစ်ပြီး နိုင်ငံသားပေးလို့ ရမလား၊ မရဘူးလား စိစစ်ရမယ်။ အခုက ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေက မဲပေးခွင့်ရနေတော့ နိုင်ငံသား ဟုတ်တာတွေ၊ မဟုတ်တာတွေ ရောနေတာပေါ့'' ဟု ဦးဇော်အေးမောင်က ဆိုသည်။
ယင်းအချက်များနှင့် ပတ်သက်၍ ၀ှိုက်ကတ်နှင့် သုံးခေါက်ချိုးကတ် ကိုင်ဆောင်ထားသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စိစစ်ပေးသွားရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ဦးဇော်အေးမောင်က ပြောကြားသည်။

FPNF{စွယ်စုံဆိုဒ်} Thanks To Eleven Meidia Group for its Grate Work !




Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့ ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။

ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ ဖန်တီးလိုက် တာကတော့ အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့အတွက် အသုံးဝင် တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေ ရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။

ဆရာတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ Breast Cancer ဖြစ်နိုင်ချေ ရှိတာကို ယခင်ကထက် အလွယ်တကူ ပိုမို မြန်ဆန်စွာ သိရှိနိုင်ပြီး တားဆီးကာကွယ်ဖို့အတွက် အချန်မှီ ကုသနိုင် ပါတယ်။ ယင်း အတွက် လိုအပ်တဲ့ Application ကို Brittany က တီထွင် ဖန်တီးခဲ့တာပါ။

သူမဟာ အမေရိကန်ပြည်ထောင်စုက အထက်တန်း စီနီယာ ကျောင်းသူ တစ်ဦးသာ ဖြစ်ပြီး neural network ဘာသာရပ်ကို လေ့လာ သင်ကြား နေပါတယ်။ အသက် ၁၃ နှစ်အရွယ်ကတည်းက Code ရေးသား ခင်းကို ကိုယ်တိုင် စာအုပ်ဖတ် လေ့ကျင့်လာသူ ဖြစ်ပြီး ယနေ့မှာ ယခုကဲ့သို့ ဖန်တီးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
-
Ref: mashable


FPNF Thanks To
Aung Kham (TSJ team)


တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်းအတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက်နက် နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူ ခဲ့ကြောင်း သိရပါတယ်။

ယင်းလုပ်ရပ်အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆို တာတော့ မသိရ သေးပါဘူး။ အမေရိကန်က ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့် အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှု မှတ်းတမ်းနဲ့ နည်းပညာတွေလည်း ပါသွားပါတယ်။

အမေရိကန် စစ်တပ်တောင် ကောင်းကောင်း အသုံးမပြုရသေးတဲ့ ဦးဦးဖျားဖျား နည်းပညာ တွေပါ ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။ ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်က ဒေါကန်နေပါတယ်။ တရုတ်ဘက်က Cyber Attack အမြဲ ရှိနေ ပေမယ့် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။ ကြိုတင်လည်း ပြင်ဆင် မထားခဲ့ပါဘူး။ ဒါကြောင့် တရုတ် ဟက်ကာများရဲ့  ဖောက်ထွင်းမှုကို ခံလိုက်ရတာပါ။

တရုတ်ပြည်မှာ ဆိုင်ဘာ စစ်သား (ဟက်ကာ) များရဲ့  စစ်ဆင်ရေး ဟာ ၂၀၀၅ နောက်ပိုင်းကတည်းက သိသိသာသာ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမေရိကန်မှ တရားဝင် တားမြစ်မှုတွေ ရှိခဲ့ပါသေးတယ်။ သို့ပေမယ့် နည်းပညာအားနည်းချက်အပေါ် ဖောက်ထွင်းသွားမှု အတွက် အမေရိကန်လည်း ဘာမှမတတ်နိုင်ပါဘူး။ ယခုတော့ အချက်အလက်တွေကို ပိုမို လုံခြုံအောင် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။ အမေရိကန် ပင်တဂွန်မှ ဟက်ကာ စစ်သားများလည်း တရုတ် နိုင်ငံရဲ့  စစ်ဌာနချုပ်ကို ပြန်လည် တိုက်ခိုက်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
-
Ref: ushack
Aung Kham (TSJ team)

Photo: တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့

ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။ 

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီး ဦးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက်ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။ 

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။ 

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။ 

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀

ကျေးဇူးဖြင့် 
Shwe Kyar War
ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီး ဦးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက်ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀

ကျေးဇူးဖြင့်
Shwe Kyar War

Photo: HTC One ကို Google Edition အဖြစ်ထုတ်လုပ်ဦးမည်
===============================

နိုင်ငံတကာဈေးကွက်တွင် Galaxy S4 နှင့်အပြိုင်ဈေးကွက်ချဲ့ထွင်နေသော HTC One ဟန်းဆက်ကို Stock Android OS ထည့်သွင်းထားသော Google Edition အဖြစ်ဆက်လက်ထုတ်လုပ်ဦးမည်ဟု သိရသည်။
4 Megapixels သာပါရှိသော်လည်း ရုပ်ထွက်အရည်အသွေးတွင် iPhone 5 ကိုပင်ယှဉ်နိုင်စွမ်းရှိသော Ultrapixel ကင်မရာနည်းပညာသစ်ပါရှိသည့် HTC One သည် အလွန်အကျူးပြုပြင်ထားသည်ဟု ပညာရှင်အများစုက ယူဆနေသော Sense UI ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် လူကြိုက်နည်းနေခြင်းကို ကာမိစေရန် ဤသို့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ 
ထုတ်လုပ်သူများကပြုပြင်မထားသော ပင်ကိုယ် Android OS ကိုသုံးစွဲရသည့်ခံစားချက်ကို ပေးစွမ်းနိုင်မည့် Stock Android သုံး ဟန်းဆက်များကို Google က HTC, Samsung, LG အစရှိသော ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ Nexus ဟန်းဆက်စီးရီးအဖြစ်ထုတ်လုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ Google I/O ညီလာခံတွင် Nexus အသစ်ကို မကြေညာခဲ့ဘဲ Stock Android OS သုံး Galaxy S4 ကိုသာကြေညာသွားခဲ့ကြောင်း သိရသည်။ Galaxy S4 မှာ လက်ရှိတွင် Feature အစုံလင်ဆုံး Android ဖုန်းဖြစ်လျက်ရှိသော်လည်း ၄င်း၏ သွင်ပြင်အများစုမှာ ပြုပြင်ထားသော TouchWiz UI ကြောင့်ဖြစ်ရာ Stock Android 4.2.2 ဖြင့်ထွက်ရှိမည့် Galaxy S4 Google Edition သည် အားသာချက်မရှိလှကြောင်း၊ ကင်မရာပိုင်းကောင်းမွန်၍ အကောင်းစား ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် HTC One ကအားသာနိုင်ချေရှိကြောင်း သုံးသပ်သူများက ဆိုသည်။
Galaxy S4 Google Edition ကို လက်ရှိတွင် ဒေါ်လာ ၆၅၀ ဖြင့်အမေရိကန်ပြည်ထောင်စုတွင်ရောင်းချလျက်ရှိသည်။

--
မင်းညီညီချမ်း
DL Tech Club
--
 

နိုင်ငံတကာဈေးကွက်တွင် Galaxy S4 နှင့်အပြိုင်ဈေးကွက်ချဲ့ထွင်နေသော HTC One ဟန်းဆက်ကို Stock Android OS ထည့်သွင်းထားသော Google Edition အဖြစ်ဆက်လက်ထုတ်လုပ်ဦးမည်ဟု သိရသည်။
4 Megapixels သာပါရှိသော်လည်း ရုပ်ထွက်အရည်အသွေးတွင် iPhone 5 ကိုပင်ယှဉ်နိုင်စွမ်းရှိသော Ultrapixel ကင်မရာနည်းပညာသစ်ပါရှိသည့် HTC One သည် အလွန်အကျူးပြုပြင်ထားသည်ဟု ပညာရှင်အများစုက ယူဆနေသော Sense UI ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် လူကြိုက်နည်းနေခြင်းကို ကာမိစေရန် ဤသို့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
ထုတ်လုပ်သူများကပြုပြင်မထားသော ပင်ကိုယ် Android OS ကိုသုံးစွဲရသည့်ခံစားချက်ကို ပေးစွမ်းနိုင်မည့် Stock Android သုံး ဟန်းဆက်များကို Google က HTC, Samsung, LG အစရှိသော ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ Nexus ဟန်းဆက်စီးရီးအဖြစ်ထုတ်လုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ Google I/O ညီလာခံတွင် Nexus အသစ်ကို မကြေညာခဲ့ဘဲ Stock Android OS သုံး Galaxy S4 ကိုသာကြေညာသွားခဲ့ကြောင်း သိရသည်။ Galaxy S4 မှာ လက်ရှိတွင် Feature အစုံလင်ဆုံး Android ဖုန်းဖြစ်လျက်ရှိသော်လည်း ၄င်း၏ သွင်ပြင်အများစုမှာ ပြုပြင်ထားသော TouchWiz UI ကြောင့်ဖြစ်ရာ Stock Android 4.2.2 ဖြင့်ထွက်ရှိမည့် Galaxy S4 Google Edition သည် အားသာချက်မရှိလှကြောင်း၊ ကင်မရာပိုင်းကောင်းမွန်၍ အကောင်းစား ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် HTC One ကအားသာနိုင်ချေရှိကြောင်း သုံးသပ်သူများက ဆိုသည်။
Galaxy S4 Google Edition ကို လက်ရှိတွင် ဒေါ်လာ ၆၅၀ ဖြင့်အမေရိကန်ပြည်ထောင်စုတွင်ရောင်းချလျက်ရှိသည်။

--
မင်းညီညီချမ်း
DL Tech Club
--


Photo: Android 4.3 Jelly Bean ထွက်ရှိမည်ဟု သတင်းပေါက်ကြား
=================================

ကမ္ဘာ့လူသုံးအများဆုံးမိုဘိုင်းလ် OS ဖြစ်သော Android OS ၏နောက်ဆုံးထွက်ဗားရှင်းဖြစ်သည့် Android 4.3 ကို လာမည့်ဇွန်လ ၁၀ ရက်နေ့ဝန်းကျင်တွင်ထုတ်ပြန်သွားမည်ဟု Android Developer အသိုင်းအ၀ိုင်းဆီမှ သတင်းရရှိသည်။
Android OS သည် version အဆင့်ဆင့်မြှင့်တင်လာခဲ့ရာ Version 2.3 မှ 4.0 သို့အတက်တွင် ထူးခြားမှုများစွာရှိခဲ့သော်လည်း 4.0 နောက်ပိုင်းတွင်မူ အနည်းငယ်သာ အချောကိုင်ထားသော Incremental Update များအဖြစ် Version 4.1, 4.2 တို့ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဓိကကျသော Update ထုတ်တိုင်း Nexus ဟန်းဆက်များကို မိတ်ဆက်လေ့ရှိသော Google သည် ယခုနှစ် Google I/O ညီလာခံတွင် Nexus ဟန်းဆက်ရော တက်ဘလက်ပါ ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ဘဲ ရေငုံနှုတ်ပိတ်နေရာ အများမျှော်လင့်နေကြသော Android 5.0 သို့မဟုတ် Key Lime Pie ကို ယခုနှစ်အတွင်းထုတ်ပြန်ရန်မရှိဟု အချို့ကယူဆနေကြသည်။ အဆိုပါအချက်ကို သေချာစေခဲ့သော အထောက်အထားတစ်ရပ်ကို ထိုင်းနိုင်ငံရှိ မိုဘိုင်းလ်ပြပွဲတစ်ခုတွင်တွေ့ခဲ့ရပြီး Android 4.3 တင်ထားသော Nexus 4 ဟန်းဆက်ကို ပြသခဲ့သသည်ဟု သိရသည်။
ယခင်ကလည်း Android 4.3 သုံးဟန်းဆက်ပုံများ သတင်းပေါက်ကြားခဲ့သေးသော်လည်း Build Number မှာ JWR23B မှ JWR39B အထိသာရှိခဲ့သော်လည်း ယခု Nexus 4 မှာမူ JWR45B တင်ထားသည်ကို တွေ့ရသဖြင့် အပြီးသတ်ထွက်ရှိရေးနီးစပ်လာပြီဖြစ်ကြောင်း၊ Android 4.3 ကို နာမည်မပြောင်းဘဲ Jelly Bean ဟုသာဆက်လက်ခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
Android 4.3 ကို Google နှင့်နီးနီးကပ်ကပ်ဆောင်ရွက်နေသော Developer များသာ Nexus 4 ဟန်းဆက်များနှင့်တွဲဖက်၍ သုံးစွဲခွင့်ရထားကြောင်း သိရသည်။

--
မင်းညီညီချမ်း
DL Tech Club
--

ကမ္ဘာ့လူသုံးအများဆုံးမိုဘိုင်းလ် OS ဖြစ်သော Android OS ၏နောက်ဆုံးထွက်ဗားရှင်းဖြစ်သည့် Android 4.3 ကို လာမည့်ဇွန်လ ၁၀ ရက်နေ့ဝန်းကျင်တွင်ထုတ်ပြန်သွားမည်ဟု Android Developer အသိုင်းအ၀ိုင်းဆီမှ သတင်းရရှိသည်။
Android OS သည် version အဆင့်ဆင့်မြှင့်တင်လာခဲ့ရာ Version 2.3 မှ 4.0 သို့အတက်တွင် ထူးခြားမှုများစွာရှိခဲ့သော်လည်း 4.0 နောက်ပိုင်းတွင်မူ အနည်းငယ်သာ အချောကိုင်ထားသော Incremental Update များအဖြစ် Version 4.1, 4.2 တို့ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဓိကကျသော Update ထုတ်တိုင်း Nexus ဟန်းဆက်များကို မိတ်ဆက်လေ့ရှိသော Google သည် ယခုနှစ် Google I/O ညီလာခံတွင် Nexus ဟန်းဆက်ရော တက်ဘလက်ပါ ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ဘဲ ရေငုံနှုတ်ပိတ်နေရာ အများမျှော်လင့်နေကြသော Android 5.0 သို့မဟုတ် Key Lime Pie ကို ယခုနှစ်အတွင်းထုတ်ပြန်ရန်မရှိဟု အချို့ကယူဆနေကြသည်။ အဆိုပါအချက်ကို သေချာစေခဲ့သော အထောက်အထားတစ်ရပ်ကို ထိုင်းနိုင်ငံရှိ မိုဘိုင်းလ်ပြပွဲတစ်ခုတွင်တွေ့ခဲ့ရပြီး Android 4.3 တင်ထားသော Nexus 4 ဟန်းဆက်ကို ပြသခဲ့သသည်ဟု သိရသည်။
ယခင်ကလည်း Android 4.3 သုံးဟန်းဆက်ပုံများ သတင်းပေါက်ကြားခဲ့သေးသော်လည်း Build Number မှာ JWR23B မှ JWR39B အထိသာရှိခဲ့သော်လည်း ယခု Nexus 4 မှာမူ JWR45B တင်ထားသည်ကို တွေ့ရသဖြင့် အပြီးသတ်ထွက်ရှိရေးနီးစပ်လာပြီဖြစ်ကြောင်း၊ Android 4.3 ကို နာမည်မပြောင်းဘဲ Jelly Bean ဟုသာဆက်လက်ခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
Android 4.3 ကို Google နှင့်နီးနီးကပ်ကပ်ဆောင်ရွက်နေသော Developer များသာ Nexus 4 ဟန်းဆက်များနှင့်တွဲဖက်၍ သုံးစွဲခွင့်ရထားကြောင်း သိရသည်။

--
မင်းညီညီချမ်း
DL Tech Club
--

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget