ဘာလဲဟ ....Custom ROM ? (ကိုအောင်ကိုမင်း)
Mobile တလုံးရဲ့မူလဘူတ အခြေခံကျတဲ့ ROM အကြောင်း ပြောကြည့်မလားလို့ ဘာတွေလဲ
ဆို တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ မသိတဲ့ သူဖတ်ပေါ့
ကဲ ဒီတော့ ပထမဆုံး ROM အကြောင်းပြောမယ်ဆိုတော့ ROM ဆိုတာ ဘာလဲ သိဖို့
လိုတယ်ပေါ့ ROM ဆိုတာ ကျွန်တော်တို့ ရင်းနှီးပြီးသားစကားလုံးပါပဲ တကယ်လဲ
သိတာပဲလေ Read Only Memory ပါပဲ ကွန်ပျူတာ အခြေခံလောက်တက်ထားတဲ့ သူတွေ
တောင် သိကြမှာပါ ဒါပေမယ့် အခုပြောမှာက Mobile ဆိုတော့ နဲနဲတော့ကွာသွားပါတယ်
ဘာကွာသွားလဲဆိုရင် mobile မှာ အင်း Android ကို မူတည်ပြီးပြောမယ်နော်
လူသုံးများတာမို့ပါ Android မှာဆိုရင် ROM ဆိုတာ ဖုန်းတစ်လုံးချင်းအတွက်
စီမံထားတဲ့ Android OS ကို ဆိုလိုတာ Android ဆိုတာ Google ရဲ့
ထုတ်ကုန်တစ်ခုဆိုတာ လူတိုင်းသိပါတယ် ဒါပေမယ့် ဖုန်းတစ်လုံးစီမှာ တော့
Android တွေဟာ နဲနဲလေးစီတော့ ကွဲလွဲနေတတ်ပါတယ် ဥပမာ အပြင်အဆင်လေးတွေပေါ့ဗျာ
ဒီလိုကွာပါတယ် ဒါကလဲ ဖုန်းထုတ်လုပ်သူတွေက google ကပေးထားတဲ့
အတိုင်းမထုတ်ပဲ တမူထူးတာလေး ကို ပြင်ဆင် ထုတ်လုပ်လာကြတော့ နဲနဲစီတော့
ကွဲသွားတာပေါ့ ကိုယ့်ဖုန်းမှာ သုံးမယ့် ပရီကေးရှင်းတွေနဲ့
လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားတာ ညှိယူထားတာတွေ ရှိလာတယ်ပေါ့ ဒီလို
ပြုလုပ်ထားတဲ့ Android ကို ROM လို့ခေါ်တယ်ပေါ့ဗျာ