ကမ္ဘာပေါ်တွင် ခါးနာသည့် ဝေဒနာမခံစားဘူးသူ အတော် ရှား ပေလိမ့်မည်။ အများစုမှာ ခါးနာသည့် ဝေဒနာအား အနည်းဆုံး တစ်ကြိမ်ခန့် ခံထားဖူးကြလေသည်။ ခါးနာသည့် ဝေဒနာတွင် အချို့က ရက်ပိုင်းနှင့် သက်သာသွားလေ့ ရှိသော်လည်း အချို့မှာ နာတာရှည်ခံစားရကာ ဝေဒနာသက်သာရန် ကာယကုထုံး များ ၊ ဆေးဝါးအကူအ ညီများသာမက လိုအပ်ပါက ခွဲစိတ်မှုများပင် လုပ်ရ ပေသည်။ Mayo clinic ၏ စစ်တမ်းအရ အမေရိကန် လူဦးရေ၏ ၈၀%ခန့်မှာ ခါးနာဝေဒနာရှိကြပြီး အများစုမှာ နာတာရှည် ခံစားနေ ရကြောင်း သိရသည်။ ထို့ကြောင့် တောင်ပိုင်းဒိန်းမတ် တက္ကသိုလ်နှင့်ဘာမင်ဂမ်တက္ကသိုလ်တို့မှ ခါးရိုး သုတေသီများက လေ့လာမှုလုပ်ခဲ့ရာ နာတာရှည်ခါးနာမှုများ၏ ၄၀% ခန့်သည်ဝက်ခြံဖြစ်စေသော ဘက်တီး ရီးယားဖြစ်သည့် Propioni bac-terium Acnes နှင့်ဆက်စပ်နေ ကြောင်းတွေ့ခဲ့သည်။ ထို့နောက် လေ့လာသူများက ဆက်လက်၍ ၆ လအထက် နာတာရှည်ခါး အောက် ပိုင်း နာနေသူများအား amoxicillin နှင့် clavulanate ပဋိဇီဝဆေးအရော အားရက် ၁၀ဝ တိုက်ကျွေး၍ ရလဒ် ကို ကြည့်လိုက်ရာ ပါဝင်စမ်းသပ် ခံသူများ၏ ၈၀% ခန့်တွင် သက်သာ စွာပျောက်ကင်း ကြောင်းသိရသည်။ ထို့ကြောင့် ခါးဆစ်ရိုးကြား၊အရိုးနုပြား ချော်ထွက် ရောင်ရမ်းသောခါးနာ ခြင်းများမျိုးများနှင့် အချို့ခါးနာမှု များတွင် ပဋိဇီဝဆေးအား ကုထုံးတစ် ခုအနေဖြင့် သုံးသင့်ကြောင်း အကြံပြု ခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့်အာရုံ ကြောပညာရှင်များက ယင်းတွေ့မှု ကို နိုဘယ်ဆုရနိုင်သည်ဟု ထင်ကြေး ပေးလျက်ရှိသည်။
ဖိုးသောကြာ
ref:MNT
Health Update Journal
For More Health >> http://www.fullpremiumnowfree.com/search/label/Medical