2013-04-28
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ

(4.5.2013, Saturday)
မန္တလေးမြို့(၃၅)လမ်းနှင့်(၇၃)x(၇၄)လမ်းကြားတွင် မေ(၂၀၁၃)ခုနှစ်၊မေလ
(၂)ရက်နေ့ညနေပိုင်းတွင် ဆူပူအော်ဟစ်ခဲ့သောလူနှစ်ဦးကြောင့်မိဘ
ပြည်သူများစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီးလမ်းသွားလမ်းလာများအထိတ
တလန့်ဖြစ်စေခဲ့မှုဖြင့် ဆူပူအော်ဟစ်ခဲ့သူများအားရဲတပ်ဖွဲ့ကရပ်မိရပ်ဖများ၏
ပူးပေါင်းကူညီဆောင်ရွက်မှုနှင့် သိုးခြံလေးဗလီရှေ့တွင် အော်ဟစ်ခဲ့သူ
မြင့်ဦးနှင့်ခင်မောင်လွင်တို့နှစ်ဦးကိုရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့
ပါကြောင်း၊သို့သော် မြင့်ဦးအသက်(၅၆)နှစ်၊ကြံရည်ရောင်းသူအားဖမ်းဆီးမိ
ခဲ့သော်လည်းခင်မောင်လွင်အသက်(၆၁)နှစ်၊နဝရတ်စာစီစာရိုက်လုပ်ငန်းလုပ်
ကိုင်သူကိုရှာဖွေစုံစမ်းလျှက်ရှိကြောင်းသိရသည်။၎င်းတို့နှစ်ဦးကိုအမှတ်(၉)
ရဲစခန်းမှ ပုဒ်မ(၅၀၅)(ခ)ဖြင့် မှုဖွင့်အရေးယူထားကြောင်းသိပြီးလူ(၃)ဦးက
ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးနိုင်ငံတော်သီချင်းကိုသီဆိုကာလူစုလူဝေးဖြစ်
လာအောင်လှုံ့ဆော်ကြသည့်အတွက်ရဲတပ်ဖွဲ့မှ အောင်မျိုးကျော်(ခ)
မျောက်ကြီး၊ဖြိုးကိုကိုနှင့်ရဲဝင်းအောင်တို့ကိုဖမ်းဆီးပြီးအမှတ်(၈)ရဲစခန်း
ကပုဒ်မ(၅၀၅)(ခ)နှင့် မြို့နယ်အုပ် ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီးတရား
စွဲဆိုအရေးယူထားကြောင်းသိရသည်။ထိုကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာ
များ၏မေးမြန်းမှုကိုမန္တလေးတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူးရုံးရဲမှူးဦးစိုးငြိမ်း
က(၂၀၁၃)ခုနှစ်၊မေလ(၃)ရက်နေ့မွန်းလွဲ(၂)နာရီတွင် လက်ခံတွေ့ဆုံပြီး
ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

From- Skynet TV Browser

ကွန်းချမ်း | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း SSA က မဇ္ဈိမကို ပြောသည်။

SSA-SSPP“မနေ့က ညနေ ၅ နာရီကနေ ဒီနေ့ မနက် ၉ နာရီထိ တိုက်ပွဲဖြစ်တယ်။ လွယ်စေး တောင်ကြော တလျှောက် ကျနော်တို့ တပ်တွေ ရှိတယ်။ သူတို့က အဲဒါကို သိမ်းချင်တယ်လေ။ အဲလို သဘောပါ” ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ်
ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက် ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေး အတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည်
သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း
ဖြစ်သည်ဟု SSA က ဆိုသည်။

တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း
ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။

ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။

“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီ
ပေးနေသည့် ကိုစိုင်းလူ က ပြောသည်။

SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။


Copy From သတင်းပေါင်းစုံ
Original
>> မဇ္ဈိမ



မြန်မာနိုင်ငံရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ငွေစက္ကူထုတ်လုပ်မှုအရ ၅ဝဝဝတန် တစ်သောင်းတန် စတဲ့ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ ပေါ်ထွက် လာပြီးတဲ့နောက်မှာ ၅ဝဝဝတန် အတု တစ်သောင်းတန် အတု တွေလည်း ဟိုနေရာ ဒီနေရာက ပေါ်ထွက်လာတဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ ဒီ ခုနောက်ပိုင်းမှာ ဖမ်းမိတဲ့ ငွေစက္ကူတော်တော်များများဟာ ကချင်ပြည်နယ်တစ်ဝိုက်မှာ ပိုများလာတာကိုလည်း သတိထားမိ ရပါတယ်။ ငွေစက္ကူ အတုတွေ ဘယ်က ထုတ်သလဲ ဘာ ရည်ရွယ်ချက်တွေနဲ့ ထုတ်တာလဲ ဆိုတာကိုလည်း စိတ်ဝင်စားလာမိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်နယ်စပ် ခရီးတစ်ခုမှာ သိလာရတဲ့ အချက်အလက်တစ်ချို့ကို အခြေခံပြီး ငွေစက္ကူအတုကို ဘယ်သူတွေက ဘာကြောင့် ထုတ်နေတယ်ဆိုတာ လေ့လာမိသလောက် ရေးချင်ပါတယ်။

ငွေစက္ကူအတုတွေကို အဓိက ထွက်လာရာ လမ်းကြောင်းက တရုတ်ပြည် နယ်စပ် တစ်လျှောက်မှာပါ။ တရုတ်ကုန်သည်တွေဟာ မြန်မာပြည်ကနေ ကျောက်စိမ်းကဲ့သို့သော တန်ဖိုးကြီး ကျောက်မျက် ရတနာတွေ၊ မြန်မာပြည်ထွက် ရွှေတွေကို ဝယ်ယူကြရာမှာ ထိုက်သင့်တဲ့ တန်ဖိုးကို လျော့နည်းပြီး ပေးနိုင်ဖို့အတွက် ငွေစက္ကူအစစ်နဲ့ အတုတွေရောပြီး ပေးကြပါတယ်။ ဒါကြောင့် မြန်မာပြည်က အဖိုးတန် ကျောက်မျက် ရတနာနဲ့ ရွှေတွေကို အလကား ပဲတင်းနီးပါးနဲ့ ဝယ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ မြန်မာငွေစက္ကူ အတုတွေ ထုတ်လုပ်ပါတယ်။ အဲဒီအတုတွေကို တရုတ်ကုန်သည် ( အချို့က) သုံးစွဲကြပါတယ်။ မသိတဲ့ မြန်မာပြည်သားတွေကတော့ တရုတ်တွေ ပေးတဲ့ ငွေအတုတွေကို ပြည်တွင်းထဲမှာ လည်ပတ် သုံးစွဲကြပြန် ပါတယ်။

နောက်တစ်နေရာကတော့ တစ်နေ့တစ်နေ့ကို ကားကြီးပေါင်း ရာနဲ့ချီအောင် တရုတ်ပြည်ထဲကို ခိုးသွင်းနေတဲ့ မြန်မာ့တန်ဖိုးကြီး အဖိုးတန် သစ်လုံးများပါ။



ဥရောပတွင် တွေ့ရသမျှသော မြို့များတွင် သက်တမ်းအရင့်ဆုံး ရှေးအကျဆုံးမြို့ကို ဘူဂေးရီးယား အရှေ့ဘက်တွင် ရှေးဟောင်းသုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဘီစီ ၄၇၀၀ နှင့် ၄၂၀၀ ကြားကာလအတွင်းကဟု ယူဆရသည့် ရှေးဟောင်းနှစ်ထပ်အိမ်တစ်လုံး၏ အကြွင်းအကျန်များကို ဘူ ဂေးရီးယား၏မြို့တွင် တူးဖော်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ဘူဂေးရီးယား ရှေးဟောင်း သုတေသန သိပ္ပံမှ သုတေသနပညာရှင် ဗာဆေးနီကိုလော့နှင့်အဖွဲ့သည် ပင်လယ်နက် အပန်းဖြေစခန်းမြို့ Varna အနီးရှိ Provadia-Solnitsal နယ်မြေတွင် ၂၀၀၅ ခုနှစ်ကတည်း က တူးဖော်ရှာဖွေခဲ့ကြသည်။ သုတေသနပညာရှင်များသည် ရှေးဟောင်း သင်္ချိုင်းတစ်ခု



Android Application မှာပါတဲ့ Google Ads တွေကို ဖယ်ထုတ်မယ်--
--------------------------------------------------------------------------

ကဲ အားလုံး Android Application မှာပါတဲ့ Google ရဲ့ Ads တွေကို မြင်ဖူးကြမယ် ထင်တယ်နော်--သူတို့ တွေက ဟိုကန့်လန့် ဒီကန့်လန့်နဲ့ ဖြစ်ကြပါတယ်။ သူတို့ကို ရှင်းချင်ရင်တော့ Android Application တစ်မျိုးဖြစ်တဲ့ Luckly Pitcher သုံးပြီး ရှင်းလို့လဲ ရပါတယ်--
Adaway ကိုသုံးပြီး ရှင်းလို့လဲ ရပါတယ်-- Adaway Application ကို ဒေါင်းချင်ရင်တော့ ဒီမှာနှိပ် ပြီး ဒေါင်းလို့ရပါတယ်--

ဒါပေမဲ့ အခုပြောမှာကတော့ App မသုံးပဲ Pro နည်းလမ်းကိုပြောမှာပါ---
အရင်ဆုံး အောက်ကကောင်လေးတွေကို ဒေါင်းရပါမယ်-- အကယ်လို့ မိမိမှာ ရှိပြီးသားဆိုရင် တော့ ဒေါင်းစရာ မလိုတော့ပါဘူး။


Friday, May 03, 2013
၂-၅-၂ဝ၁၃ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/ သူ(၄၇၆)ဦး၊ ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ် အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလသတင်းကြောင့် သင်တန်းသား/ သူများ၏ မိဘဆွေမျိုးများမှစိုးရိမ်ပြီး ယူမာကျေးရွာဘုန်းကြီးကျောင်းသို့ ကျောင်းသားမိဘ(၇ဝ)ဦးခန့် တုတ်/ဓါးများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များ ယူမာကျေးရွာဘုန်းကြီးကျောင်းသို့သွားရောက်ပြီး ရောက်ရှိနေသည့် သင်တန်းသား/ သူများ၏ မိဘများအား စိုးရိမ်သောက မဖြစ်ရန်နှင့် ဥပဒေနှင့်မညီသောတုန့်ပြန်ဆောင်ရွက်မှုများမပြုလုပ်ရန် ရှင်းလင်းပြောကြားခဲ့သဖြင့် ၁၄၃ဝ အချိန် ပြန်လည်ထွက်ခွာ သွားခဲ့သည်။



အားလုံးပဲ ဖုန်းရဲ့ Screen သေးပါတယ်ဆိုမှ Apk ထဲမှာ Google Ads ကြော်ငြာ တွေ ရှုပ်နေတာ စိတ်ညစ်ဖူးမယ်ထင်ပါတယ်။ အခုတော့ အဲ့ဒီပြဿနာတွေ ဖြေရှင်းဖို့ Apkaway လာပါပြီခဗျာ--
ဒေါင်းချင်တဲ့ ကိုကိုများ အောက်မှာ ဒေါင်းနိုင်ပါပြီ--

To download From Box link >> Click Here !

ကဲ ဒီကောင်လေးပြီးသွားရင် ၃ရက်၊၅လ၊၂၀၁၃ မနက် ၉း၃၀ အချိန်မှာ How To Remove Google Ads that contain in Apk ကို Pro Developer နည်းလမ်းကျကျ ဘယ်လို ဖြုတ်ထုတ် မလဲဆိုတာ တင်ပေးမှာပါ-- စောင့် မျှော်ကြည့်ရှုပါဦးလို အဲ့ အတွက်လင့်ကိုတော့ ကြိုတင် ပေးထားခဲ့ပါ့မယ်-- ဒါပေမဲ့ 9:30 မှာ လင့်က Activate ဖြစ်ပါမယ်ဆိုတာ ကြိုတင်ပြောကြားပါရစေ ခဗျာ--

http://www.fullpremiumnowfree.com/2013/05/how-to-remove-google-ads-that-contain.html


Myanmar Mac Changer
-----------------------------
ဒီကောင်လေးက Mac Address Filtering WiFi ကို Android က နေ Hack ရာ မှာ မရှိ မဖြစ်လိုအပ်တဲ့ အသုံးဝင် Tool လေးပါ--
အခုတော့ Hacking ၀ါသနာ ပါတဲ့ ကိုကို တွေ မမတွေ အတွက်။ Network ကို ၀ါသနာ ပါတဲ့ ကိုကို မမတွေ အတွက် လိုအပ်မယ့် Tool လေးပါ--
အသုံးပြုပုံအသေးစိတ်ကို About ထဲမှာ ရေးပေးထားပါတယ်--

File Size ကလည်း သိပ်မကြီးပါဘူး ဒါပေမဲ့ တော်တော် ကို WiFi Hack တဲ့ နေရာမှာ အသုံးဝင်တာ တွေ့ရပါလိမ့် မယ် :)

ဒေါင်းချင်သော ကိုကို မမ များအတွက်

Box ကနေ ဒေါင်းရန် ဒီမှာ နှိပ်ပါ--


ningtunaung: ကိုပေါက်ရေ ... ကျွန်တော်ကို wifi password ပြန်ကြည့်နည်းလေးသိရင်ပြောပြစေချင်ပါတယ်။ ဖြစ်ပုံက ကျွန်တော်သူငယ်ချင်းကသူ hangset ထဲမှာသူများရိုက်ပေးထားတဲ့ wifi password ရှိတယ် အဲဒါမကြည့်တတ်လို့။

ningtunaung မေးလို့ ကျွန်တော် လိုက်လေ့လာကြည့်တော့ App သုံးပြီးကြည့်လို့ရတယ်..
သုံးရမယ့် App ကို အောက်ကလင့်မှာ တင်ပေးထားပါတယ်...  တစ်မျိုးသုံးရင် ရပါပြီ...

Root Browser Lite ကိုသုံးပြီးကြည့်ခြင်း



1. ပေးထားတဲ့လင့်က Root Browser Lite ကို ဒေါင်းပြီး Install လုပ်လိုက်ပါ...

Solidfiles      Mediafire

2. ပြီးရင် Root Browser Lite Icon ကိုနှိပ်ပြီးဖွင့်လိုက်ပါ...


3. Data/misc/wifi folder ရောက်အောင်နှိပ်ပါ..
4. Data/misc/wifi folder အောက်မှာ wpa_supplicant.conf ဖိုင်ကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ...

5. RB Text Editor ကိုနှိပ်လိုက်ရင် Notepad နဲ့ ကျလာပါမယ်...

6. SSID = ရဲ့ဘေးကဟာက နာမည်
   psk  = ရဲ့ ဘေးကဟာက Password ပါ....



Root Explorer ကိုသုံးပြီးကြည့်ခြင်း

1. ပေးထားတဲ့လင့်က Root Explorer ကို ဒေါင်းပြီး Install လုပ်လိုက်ပါ...

Android custom ROM တွေရဲ့အခန်းကဏ္ဍ အကြောင်းကို အမြဲတမ်းသိချင်နေခဲ့တာလား ?

market ရဲ့နောက်ကွယ် က သင့်ဖုန်းကို custom upgrade လုပ်ခြင်းအကြောင်း ဆိုတာဘာလဲ?
ဘယ်သူတွေလိုတာလဲ? ဘာအတွက်လိုတာလဲ? စိတ်ချရရဲ့လား?
ဟုတ်ကဲ့။ ကျွန်တော်တို့ အဲ့ဒါတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။


ROM ဆိုတာက Read Only Memory ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ROM ဆိုတာက သင့်ဖုန်းရဲ့ ROM Area မှာ ထည့်သွင်းထားတဲ့၊ စိတ်တိုင်းကျပြုပြင်ထားတဲ့ OS Image ကိုဆိုလိုတာဖြစ်ပါတယ်။ Stock ROM ဆိုတာကတော့ ဖုန်းဝယ်လိုက်တဲ့အခါမှာ ဖုန်းနဲ့အတူ ပါလာတဲ့ ဖုန်းရဲ့ OS Version ဖြစ်ပါတယ်။

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget