Android Application မှာပါတဲ့ Google Ads တွေကို ဖယ်ထုတ်မယ်--
--------------------------------------------------------------------------
ကဲ အားလုံး Android Application မှာပါတဲ့ Google ရဲ့ Ads တွေကို မြင်ဖူးကြမယ် ထင်တယ်နော်--သူတို့ တွေက ဟိုကန့်လန့် ဒီကန့်လန့်နဲ့ ဖြစ်ကြပါတယ်။ သူတို့ကို ရှင်းချင်ရင်တော့ Android Application တစ်မျိုးဖြစ်တဲ့ Luckly Pitcher သုံးပြီး ရှင်းလို့လဲ ရပါတယ်--
Adaway ကိုသုံးပြီး ရှင်းလို့လဲ ရပါတယ်-- Adaway Application ကို ဒေါင်းချင်ရင်တော့ ဒီမှာနှိပ် ပြီး ဒေါင်းလို့ရပါတယ်--
ဒါပေမဲ့ အခုပြောမှာကတော့ App မသုံးပဲ Pro နည်းလမ်းကိုပြောမှာပါ---
အရင်ဆုံး အောက်ကကောင်လေးတွေကို ဒေါင်းရပါမယ်-- အကယ်လို့ မိမိမှာ ရှိပြီးသားဆိုရင် တော့ ဒေါင်းစရာ မလိုတော့ပါဘူး။
APK Multi-Tool (Official APK MULTI-TOOL(5MB) {Site ကို သွားကာ Adf.ly ခံထားသော Main Download ဆိုတာကိုဆက်နှိပ်ပေးပါ DIrect link ပဲ ဖြစ်ပါတယ်} နဲ့ Frameworks (18MB) {Site မှာသွားကာ Adf.ly ခံထားသော Main Download ဆိုတာကိုဆက်နှိပ်ပေးပါ DIrect link ပဲ ဖြစ်ပါတယ်}ကို download ပြုလုပ်ရပါမယ်)
Notepad++ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)
Java (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ)
လိုအပ်တာတွေကို Download ပြုလုပ်ပြီးပြီဆိုရင်တော့ APK MULTI-TOOL နဲ့ Frameworks ဖိုင်နှစ်ဖိုင်ပေါ်မှာ right click နှိပ်ပြီး Extract here ပေါ်မှာ Click ပါ ။ APK-Multi-Tool Folder နဲ့ framework files အများကြီးကိုတွေ့ရပါလိမ့်မယ်။
framework files တွေထဲကမှ framework-res_api16.apk ဖိုင်ကိုရှာပါ။ framework-res_api16.apk ကို copy ကူးပြီး APK-Multi-Tool Folder ထဲမှ other Folder ကိုထပ်သွားပါ။ other Folder ထဲမှာ Paste လုပ်ပါ။ framework-res.apk ဆိုပြီး rename ပြောင်းပေးပါ ။
APK-Multi-Tool Folder ကိုပြန်သွားပါ။ APK-Multi-Tool Folder ထဲမှ Setup.bat ကို run ပါ။ cmd ထဲမှာ 2 ဆိုတာကိုရိုက်ပြီး Enter ခေါက်ပါ။
framework-res.apk ကို install ပြုလုပ်ဖို့အတွက် Type 1 ကိုရွေးပေးရပါမယ်။ 1 ကိုရိုက်ပြီး enter ခေါက်ပါ။ box တစ်ခုထပ်ပေါ်လာပြီး framework ကို intall ပြုလုပ်နေပါလိမ့်မယ်။ ပြီးသွားရင် auto ပိတ်သွားပါလိမ့်မယ်။ Setup.bat ကို ခဏပိတ်လိုက်ပါ။
ပြီးရင် Setup.bat ဖိုင်ကို ပြန် run ပါ။ 3 ကိုရိုက်ပြီး enter ခေါက်ပါ။ ပြီးပြီဆိုရင်တော့ APK-Multi-Tool Folder ထဲမှာ Folder အသစ်တွေ ထပ်တွေ့ရမှာပါ ။
တစ်ဝက်နီးပါတော့ ပြီးသွားပါပြီ။ မြန်မာမှုပြုချင်တဲ့ apk ကို place-apk-here-for-modding Folder ထဲကို copy ကူးထည့်ပါ ။ Script.bat ကို run ပါ။ ( ဒီနေရာမှာ စာဖတ်သူစက်ထဲကို Java မသွင်းထားဘူးဆိုရင်တော့ အလုပ်ဆက်လုပ်မှာမဟုတ်ပါဘူး )
Script.bat ဖိုင်ပေါ်လာပြီး options တွေမြင်တွေ့ရပါလိမ့်မယ်။ မြန်မာမှုပြုလုပ်မယ့် apk ဖိုင်ရဲ့ လမ်းကြောင်းကိုသွားဖို့အတွက် 24 ကိုရိုက်လိုက်ပါ။ ခုနက place-apk-here-for-modding Folder ထဲမှာထည့်ထားတဲ့ apk ကိုမြင်တွေ့ရမှာပါ။ ကျွန်တော်က place-apk-here-for-modding Folder ထဲမှာ apk တစ်ခုပဲထည့်ထားတဲ့အတွက်ကြောင့် apk list မှာ 1 ပဲရှိပါတယ်။ (apk တွေသုံး၊လေးခုထည့်ထားမယ်ဆိုရင် 1,2,3,4 ဆိုပြီးရှိနေမှာပါ) 1 ကိုရိုက်ပြီး enter ခေါက်ပါ။
Apk ကို Decompile လုပ်ဖို့အတွက် 9 ကိုရိုက်ပြီး enter ခေါက်ပါ။ apk ရဲ့ဖိုင်ဆိုဒ်ကြီးရင်ကြီးသလို နည်းနည်းကြာပါမယ်။ Decompile လုပ်လို့ ပြီးသွားပြီဆိုရင် APK-Multi-Tool Folder ထဲမှ projects Folder ထဲကိုဝင်ပါ။ projects Folder ထဲမှာ မိမိ Ads ထုတ်လို့ရမဲ့ Folder တွေ ရှိနေပါပြီ။
Projects Folder ထဲကို သွားမဲ့ အဆင်ထိရောက်ပြီ ဆိုရင် Ads ထုတ်မဲ့ Apk folder နာမည်ကို ကလစ်လိုက်ပါ--ပြီးတော့ အောက်က ဥပမာ အတိုင်း Folder တစ်ခုချင်းဆီ နောက်ဆုံး ads ဆိုတဲ့ folder ရောက်တဲ့ အထိဖွင့်ရပါ မယ်။
ဥပမာ- FullPremiumNowFree.apk(exampleapk.apk)>>smali>>com>>google>>ads
အဲ့ဒီ ads ဆိုတဲ့ folder ရောက်ရင် ads ဆိုတဲ့ folder ကို ဖျက်ပစ်လိုက်ပါ-- အဲ့လို Delete လုပ်လိုက်လို့ App ကို ထိခိုက်မည် မဟုတ်ပါ-- အခု အချိန်က စပြီး လူကြီးမင်း ဟာ Ads ကို ဖြုတ်ထုတ်လိုက်ပါပြီ--
အားလုံးလုပ် ပြီးသွားပြီဆိုရင်တော့ Script.bat ကိုပြန် run ပါ။ စာဖတ်သူ မြန်မာမှုပြုထားတဲ့ apk ဟာ System apk ဆိုရင် 11 ကိုရိုက်ပြီး enter ခေါက်ပါ။ System apk မဟုတ်ရင်တော့ 12 ကိုရိုက်ပြီး enter ခေါက်ပါ။ Type 1-4 ရွေးခိုင်းသေးတယ်ဆိုရင် 2 ကိုရိုက်ပြီး enter ခေါက်ပါ။ မြန်မာမှုပြုထားတာကို သေချာအောင် sign လုပ်ဖို့အတွက် 13 ကိုရိုက်ပြီး enter ထပ်ခေါက်ပါ။ (Non-System apk အတွက်သာ)
ဒါဆိုရင်တော့ မြန်မာမှုပြုလုပ်တဲ့ လုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပါပြီ။ စာဖတ်သူမြန်မာမှုပြုလုပ်ထားတဲ့ apk ကို put-apk-here-for-modding Folder မှာ singedexample.apk ဆိုပြီးမြင်တွေ့ရပါလိမ့်မယ်။
ကဲ မိမိဖုန်းထဲ ထည့်ပြီး Google Ads မပါတဲ့ Apk ကို ပြန်လည် အသုံးပြုနိုင်ပါပြီ--
ကို မိုးလုံးပြည့်လျှံက Apk ကို မြန်မာမှု ပြုနည်း ပြောသွားပါတယ်--
ကျွန်တော်က သူရဲ့ Apk မြန်မာမှု ပြု နည်း စမ်းရင်း နဲ့ နောက်ထပ် ကိုယ့် အာသီသ ၀ါသနာ အရ စမ်းသပ်ထားရင်းနဲ့ တွေ့တာပါ--
ဒါကြောင့် ကို မိုးလုံးပြည့်လျှံ ရဲ့ မူရင်းအတိုင်းပြန်ယူ ပေးထားပါတယ်။
နောက်ထပ်များမှာ Application ကို ဘယ်လို ကိုယ်တိုင် Develop လုပ်မလဲ ဆိုတာကို ခံစားရင်း စောင့်ကြည့်ကြပါလို့ တောင်းဆိုရင် နိဂုံးချုပ်အပ်ပါတယ်--
Steel Jelly
Chief Editor Of Full Premium Now Free