Articles by "IT News"
18+ Only Activator Adobe Flash Player Android Android Applications Android Games Android Root Tools Android နှင့် မြန်မာFont Apk Anti Porn Antivirus Article Auto News Bluestacks Root Browser Burning CCleaner Comedy Converter များ crack Crime Crime News CWM Dictionary Download Drama Driver DVD Ebook Entertainment Facebook fonts Foreign News Game Review Games Games News Global News GPK Hacking Hide Folder How to HTML Internet Download Manager IOS IP Hide ISO App IT Ebook IT KNOWLEDGES IT News jailbreak 7.0.4 jailbreak 7.0.6 jailbreak Tools Journal Latest News Linux Local News Magazine Medical Medical Applications Medical Ebook Microsoft Office များ Mobile News Mobile Review Money Making Tips Movie Movie Review Musical Nero Burning Network News Notepad Partition Manager PDF Photo Editor Photoshop software Playboy players plugin Premium Proxy Printer Racing Recovery root Serial Keys Skin Pack Skype Slide Show Movie Maker Slider Show Software Sport System Cleaner Thriller Toolkit Trojan Remover Uninstaller USB Security Useful Applications Viber Video Converter Video Editing Webcam Website Designer WiFi WiFi Hack Live CD Windows Windows Manager WinRAR စာအုပ်များ နည်းလမ်းများ ဗဟုသုတ ပြက္ခဒိန် မြန်မာ့ စစ်တုရင် မြန်မာစာတန်းထိုးဇာတ်လမ်းများ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ရုပ်ရှင် သတင်းစုံ ဆော့ဝဲလ်များ
အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra
အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။
မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။
Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။
Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=B8Wd831gUt4
Credit – Digital Life Journal
iPhone 6 နှစ်မျိုးကို ဇွန်လတွင် တွေ့မြင်ရဖွယ်ရှိ
Apple ၏  iPone 6 သည် အရွယ်ကြီးမားသော Screen နှစ်မျိုးဖြင့် ထွက်ရှိလာဖွယ်ရှိပြီး ၎င်းကို ဇွန်လတွင် မိတ်ဆက်ပြသသွားဖွယ်ရှိကြောင်း တရုတ်နိုင်ငံမှ လေ့လာဆန်းစစ်သူ Sun Changxu ၏ ဖော်ပြချက်ကို Apple insider က ပြန်လည် ဖော်ပြချက်အရ သိရသည်။
iphone6 color
ChangXu ၏ ပြောကြားချက်အရ iPhone 6 ကို ၄.၇ လက်မအရွယ်ရှိ 1,136 pixel x 640 pixel display ဖြင့် စတင် ထုတ်လုပ်သွားဖွယ်ရှိပြီး နောက်ပိုင်းတွင် resolution မြင့်မားသည့် ၅.၇ လက်မ display ဖြင့် ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရသည်။
iphone beautiful design
သတင်းများအရ Apple သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ကို ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ Developer များ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြသသွားဖွယ် ရှိနေသည်။ အခြား သတင်းရင်းမြစ်များကလည်း Apple ၏ အသစ်ထွက်ရှိလာမည့် iPhone သည် ကြီးမားသော အရွယ်အစား ရှိကြောင်း ခန့်မှန်းထားကြပြီး screen အရွယ် ၅.၇ လက်မမှ ၆ လက်မအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။
Ref: CNET
Internet Journal
Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်
=========
Intel သည် လူသုံးကုန် အီလက်ထရောနစ် ထုတ်ကုန်ပြပွဲ (CES) တွင် Windows နှင့် Android အသုံးပြု ထားသော ကွန်ပျူတာသစ် တစ်မျိုးကို ပြသဖွယ်ရှိကြောင်း သိရသည်။
Intel သည် ၎င်းကွန်ပျူတာကို နည်းပညာပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် PC ထုတ်လုပ်သူများနှင့် စမ်းသပ် လုပ်ကိုင်နေသော အခြားထုတ်ကုန် အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက The Verge ထံပြောကြားခဲ့သည်။
Dual OS ဟုခေါ်သည့် Intel ၏ စိတ်ကူးအကြံအစည်သည် virtualization နည်းပညာကို အသုံးပြုပြီး Windows အတွင်း Android အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ၎င်းသည် စက်ကို reboot ပြုလုပ်စရာမလိုဘဲ Android app နှင့် Windows app များကို ယှဉ်လျက် အသုံးပြုနိုင်မည်ဖြစ်သည်။
Intel သည် ၎င်းတို့၏ x86 ပရိုဆက်ဆာ တပ်ဆင်ထားသော Android စမတ်ဖုန်းတစ်လုံး ပြုလုပ်နေသလို Bay Trail tablet chip ကိုလည်း OS တစ်ခုခုနှင့် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်နေကြောင်း သိရသည်။ Intel အနေဖြင့် Windows အတွင်း Android app များအဆင်ပြေစွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးနိုင်ခဲ့ပါက PC ထုတ်လုပ်သူများ အနေဖြင့် သုံးစွဲသူများကို Platform နှစ်ခုပါဝင်သော tablet တစ်လုံး တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ Intel အနေဖြင့်လည်း ထိုနည်းပညာ ထောက်ပံ့နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း Microsoft နှင့် Google သည် ၎င်းကိစ္စကို လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါ ကိစ္စနှင့် ပက်သက်လျှင် ၎င်းတို့တွင် ဆတ်ဆတ်ထိမခံမှုများ ရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားသွားခဲ့သည်။
Ref: TheVerge ( INTERNET JOURNAL)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းလ် ဖုန်းများကို လစဉ်ချထားပေးချက်ရှိသော်လည်း နောက်ပိုင်းကာလများတွင် မိုဘိုင်းဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ကြီးမြင့်၍ ၀ယ်ယူရသည့်အပြင် ယခု အခါတွင် မိုဘိုင်းလ်ဖုန်းဆိုင်အများစု အနေဖြင့် အတိအလင်းရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက် အတွင်းမှ ကြားသိရသည်။
“ စီးပွားရေးလုပ်တာကို နားလည်ပေမယ့် အခုဆိုရင် SimCard တစ်ခုကို အဆမတန်ပေးဝယ်နေရတော့ မြန်မာနိုင်ငံအတွင်းမှာပဲ ဘယ်လိုလုပ်ပြီး မိုဘိုင်းလ်သုံးစွဲသူရာခိုင်နှုန်း တိုးလာမှာလဲ။ တစ်ချို့ မိုဘိုင်းလ်ဆိုင်တွေ ဆိုရင် အရစ်ကျစနစ်နဲ့ SimCard ရောင်းတဲ့စနစ်တို့၊ SimCard ၀ယ်ရင်ဟန်းဆက်ပေးမယ်ဆိုတဲ့ စနစ်တို့နဲ့ တွဲဖက်ပြီး အထူးဈေးရောင်းပွဲအစီအစဉ်တွေကိုတောင် ပြုလုပ်လေ့ရှိပါတယ်” ဟု လသာမြို့နယ်နေ ကိုအောင်မြင့်မြတ် ကပြောကြားခဲ့သည်။
ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် ၂၀၀၁ ခုနှစ်မှ အစပြု၍ှSiemens ကုမ္ပဏီမှ စက်ပစ္စည်းများ အသုံးပြု၍အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း SimCard ဈေးနှုန်းများမှာ ငွေကျပ်(၄၈)သိန်း အထိ ဈေးနှုန်းအဆမတန်ရောင်းချခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိအခါတွင် ငွေကျပ်(၁၅၀၀) တန် SimCard ဟူ၍ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အလိုက် ရောင်းချပေးခဲ့သည်။ သို့သော် အဆိုပါ တန်ဖိုးနည်း SimCardများ၏ဈေးနှုန်းမှာ နံပါတ် (အလှ) ပေါ်မူတည်၍ ငွေကျပ်(၃)သိန်းဝန်းကျင်အထိ ဈေးနှုန်းကြီးမြင့်ခဲ့သည်။“ အစိုးရကတော့ အခြေခံလူတန်းစားတွေအတွက် စီစဉ်ပြီး တန်ဖိုးနည်းဖုန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေမယ့် အခုဆိုရင် SimCard များမရတဲ့သူတွေနဲ့ မဲမပေါက်တဲ့သူတွေကတော့ အပြင်မှာဝယ်နိုင်ရယ်ဝယ်၊ မ၀ယ်နိုင်ရင်မသုံးရဆိုတဲ့ ပုံစံဖြစ်နေလို့ စိတ်မကောင်းပါဘူး”” ဟုရွှေပြည်သာမြို့နယ်နေ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
လက်ရှိတန်ဖိုးနည်းငွေကျပ် (၁၅၀၀) တန်SimCardများ၏ ပြင်ပပေါက်ဈေးမှာ CDMA 800MHz SimCardကိုငွေကျပ် (၆၅,၀၀၀)မှ (၈၅,၀၀၀)အထိလည်းကောင်း GSM SimCard နှင့် WCDMA SimCard များကိုငွေကျပ် (၁၂၀,၀၀၀) ၀န်းကျင်မှ (၁၃၅,၀၀၀)အထိလည်းကောင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် လိုင်စင်စောင့်မျှော်လျက်ရှိသော နော်ဝေးနိုင်ငံအခြေစိုက် Telenor Group ၏ CEO Mr.Jon Fredrik Baksaas က ““ မိုဘိုင်းလ်ဖုန်းဆို တာ လူကုန်ထန်အသိုက်အ၀န်းနဲ့ လူချမ်းသာတွေအတွက်ပဲ မဖြစ် စေချင်ပါဘူး။ ဒါ့အပြင်မိုဘိုင်းလ်ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်သလို အမှန်တကယ်ဆိုရင် မိုဘိုင်းလ်ဖုန်းဆိုတာ လူတိုင်းအတွက်ဖြစ်သင့်ပါ တယ်”ဟုပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းဆက်သွယ် ရေးကဏ္ဍ အတွက် မိုဘိုင်းလ်သုံးစွဲသူပမာဏကို ၂၀၁၃-၂၀၁၄ ဘဏ္ဍ ရေးနှစ်တွင် ၂၂.၈% ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင် ၅၀% နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်တွင် ၇၅% မှ ၈၀% အထိရောက်ရှိ လာရန်မျှော်မှန်းထားရှိသည်။၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ ချထားပေးသော မိုဘိုင်းလ်ဖုန်းလိုင်းစာရင်းဇယားများ အရ နိုင်ငံလူဦးရေသန်း (၆၀) အတွက်မိုဘိုင်းလ်ဖုန်းအရေအတွက် (၆.၆၄) သန်းကိုငှားရမ်းသုံးစွဲခွင့် ပြုထားပြီဖြစ်သည်။
အောင်ရဲကျော် (Myanmar Digital Life Journal )
Viber က Windows 8 App ပြုလုပ်ပေး
==========================================
မကြာမီက Viber က နိုင်ငံတကာဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှု ကို စတင်ခဲ့ပြီး Skype နဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ အခုတစ်ခါ Viber က Windows 8 App ကို ပြုလုပ်ပေးလိုက်ပါတယ်။ Viber က အစ ပထမ မှာ မိုဘိုင်း ၀န်ဆောင်မှု ပဲပြုလုပ်ပေးတာဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လက က Desktop Version ကို ပြုလုပ်ပေးလိုက်ပါတယ်။
အခုပြုလုပ်ပေးလိုက်တဲ့ Windows 8 App ဟာ Start Screen မှာ Pin လုပ်ထားနိုင်ပြီး Live Tile အဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ Lock Screen Notification တွေလည်း ရရှိမှာပါ။ Windows 8 Search ကနေ Contacts တွေကို ရှာဖွေနိုင်ပါတယ်။Viber Version အားလုံးမှာ Activity တွေကို Sync လုပ်ပေးမှာဖြစ်ပါတယ်။ PC Language နဲ့ မတူတဲ့ တစ်ခြား Language ကို Viber မှာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
၂၀၁၃ ခုနှစ်ဟာ Messaging Apps တွေရဲ့တိုးတက်လာမှုလို့ပြောလို့ရလာပါတယ်။ Line , Kakao Talk တို့ဟာလည်း Desktop Clients တွေကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Desktop Client မရှိတဲ့ Messaging App တွေနဲ့ Desktop Client ပြုလုပ်ပေးထားတဲ့ Messaging App တို့ရဲ့ အဓိက ကွာခြားချက်ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Viber ဟာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး Stickers ရောင်းချခြင်း၊ နိုင်ငံတကာ ဖုန်းဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် ၀င်ငွေရရှိနေပါတယ်။
မကြာသေးမီက ကျင်းပခဲ့သော USB တီထွင်သူများ ဆွေးနွေးပွဲတွင် USB 3.1 သည် connector အသစ်ဖြင့် ထွက်ပေါ်လာဖွယ်ရှိပြီး ၎င်းကိုမည်သည့် ကိရိယာမျိုးတွင်မဆို ချိတ်ဆက်နိုင်ကာ အနာဂတ်နည်း ပညာများဖြစ်သော USB Power Delivery အပြင် အချက်အလက်များ မြန်နှုန်းမြင့် ပြောင်းရွှေ့နိုင်ခြင်းနှင့် video-over-USB တို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။
အဆိုပါ USB ကိုဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Micro-Bconnector နှင့်အရွယ်အစား တူညီမည်ဖြစ်ကာ USB 3.1, USB 3.0, USB 2 များဖြင့်လည်း အသုံးပြုနိုင်ကြောင်း USB-IF မှဖော်ပြသွားခဲ့သည်။ Micro-B connector သည် 6.85x1.80 မီလီမီတာခန့်ရှိပြီး Apple TV များတွင် အသုံးပြုခဲ့ကြောင်း သိရသည်။
သုံးစွဲသူများသည် တစ်ဖက်တည်းသာ တပ်ဆင်အသုံးပြု၍ရသော USB connector များကို စိတ်ပျက်လျက်ရှိသောကြောင့် နှစ်ဖက်စလုံး တပ်ဆင်အသုံးပြုနိုင်သည့် USB Type-C ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Apple ၏ နှစ်ဖက်အသုံးပြုနိုင်သည့် Lightning connector ကို iPhone 5 တွင် စတင်အသုံးပြုခဲ့ပြီး သုံးစွဲရလွယ်ကူသောကြောင့် ချီးကျူးမှုများရရှိခဲ့သည်။
USB တီထွင်သူ Intel အင်ဂျင်နီယာ Ajay Bhatt က ၎င်း၏ရည်ရွယ်ချက်မှာ နှစ်ဖက်အသုံးပြုနိုင်သော USB connector တီထွင်သွားရန်ဖြစ်ကြောင်း The Economist သို့ပြောကြားခဲ့သည်။
USB Type-C connector သည် USB 3.1 Power Delivery feature ကိုထောက်ပံ့ပေးနိုင်ပြီး ချိတ်ဆက်ထားသော device များကို 5 amps နှင့် 100 watts ပေးနိုင်ပြီး port ဖြင့်အမျိုးမျိုးသော item များကို တိုးချဲ့၍စွမ်းအင် ပေးနိုင်သည်။ USB 3.0 ကမူ 1.5 amps နှင့် 10 watts သာထောက်ပံ့ပေးနိုင်သည်။
USB Power Devlivery သည် စွမ်းအင်ကို ချိန်ညှိပေးပြီး အီလက်ထရောနစ် ပစ္စည်းငယ်များကို ကန့်သတ်ထားခြင်း မရှိပေ။ USB 3.1 သည် 10Gbps အထိအချက်အလက် လွှဲပြောင်းပေးနိုင်ပြီး USB PD စနစ်သည် Apple နှင့် Intel တို့၏ Thunderbolt စနစ်ကိုယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ Thunderbolt 2 သည် အချက်အလက် 20 Gbps အထိလွှဲပြောင်းပြီး Thunderbolt cable သည် ချိတ်ဆက်ထားသော device များသို့ 10 watts သာထောက်ပံ့ ပေးနိုင်သော်လည်း အရွယ်အစားမှာ USB Type-C plug ထက်နှစ်ဆကြီးမားသည်။
အဆိုပါ မျိုးဆက်သစ် USB connector ကို ၂၀၁၄ နှစ်လယ်ပိုင်းတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌
စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
Drupal ဆိုသည်မှာ PHP ပေါ်တွင် ခြေပြုတည်ဆောက်ထားသော Content
Management System/ Content Management Framework ဖြစ်ပါသည်။ Drupal သည်
ရူပ်ထွေးသော Requirement များကို ကိုင်တွယ်နိင်ခြင်း အသုံးပြုသူများစွာ၊
Level ပေါင်းများစွာကို ကိုင်တွယ်နိင်ခြင်း၊
လုံခြုံစိတ်ချမူရှိခြင်းများကြောင့် အထူးပင်ကျော်ကြားသော
စနစ်တစ်ခုဖြစ်ပါသည်။ Drupal အား အထူးသဖြင့် အစိုးရဆိုင်ရာများ ၊
Cooperation အကြီးစားများနှင့် Web application
များအဖြစ်အသုံးပြုကြပါသည်။ Drupal သည်ပြည်ပတွင်သာမက ပြည်တွင်းတွင်ပါ
အစိုးရ၀က်ဘ်ဆိုက်များ၊ Portal များတွင် အားလုံးနီးပါးတွင် အသုံးပြုနေသော
စနစ်လည်းဖြစ်ပါသည်။ နိင်ငံတကာတွင်လည်း အမေရိကန်သမ္မတ
အိမ်ဖြူတော်ဝက်ဘ်ဆိုက် ၊ Sony Music ၊Singapore Management University
အစရှိသည်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးရုံပင်မက နာမည်ကြီး java.net
ဝက်ဘ်ဆိုက်သည်လည်း Drupal ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။
နိင်ငံတကာတွင်လည်း Drupal Developer များသည်ဝင်ငွေကောင်းသော
စာရင်းဝင်သူများ ဖြစ်ပါသည်။ ပြည်ပတွင်သာမက ပြည်တွင်းတွင်လည်း
အမှန်တကယ်တတ်ကျွမ်းသော Drupal Developer များသည်
လစာကောင်းသောသူများဖြစ်ကြပါသည်။ အထူးသဖြင့်
တိုင်းပြည်သည်ပြောင်းလဲနေသောကာလဖြစ်သဖြင့် Drupal ဖြင့်ရေးသားသော
ဝက်ဘ်ဆိုက်များ/စနစ်များသည်များစွာ လိုအပ်လျှက်ရှိပါသည်။
သင်တန်းအားမြန်မာပြည်၏ အထင်ကရ Drupal Developer တစ်ဦးဖြစ်သော
ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။ ကိုဝိန်းသည်
အမေရိကန်နိင်ငံ၊ နယ်သာလန်နိုင်ငံနင့် စင်္ကာပူနိုင်ငံတို့မှ Drupal Project
မြောက်များစွာကို ရေးသားခဲ့ သူလည်းဖြစ်ပါသည်။
(သင်တန်းတက်ရောက်လိုသူများသည် ၀င်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပါသည်)
မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ၏ အဓိကခဲခြစ်နေရာကို ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ်အတုများကို မြင်တွေ့ခဲ့ရကြောင်း မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်တစ်ခုဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်ချမ်းဖြိုးက ပြောသည်။
ငွေဖြည့်ကတ်အတုများသည် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများထံမှ လာရောက်ခဲ့ခြင်းမဟုတ်ဘဲ အ သုံးပြုသူများထံမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က ဂျီအက်စ်အမ် ၁ သောင်းကတ် လာဝယ်တယ်။ ပြီးတော့ မဟုတ်ဘူး ၅ ထောင်တန်နှစ်ကတ်ပေးပါဆိုပြီး လာပြန်လဲသွားတယ်။ လာ လဲသွားတဲ့ကတ်က အတုကြီး” ဟု ၎င်းကပြောသည်။
ပြန်လည်လဲလှယ်ခဲ့သည့် ငွေ ဖြည့်ကတ်ကို မိမိ၏မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းအသုံးပြုသော်လည်း အသုံးပြုနိုင်ခဲ့ခြင်းမရှိသည့်အတွက် ငွေဖြည့်ရာ၌ပါဝင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။ “အဲဒီကတ်က အသုံးပြုပြီးသားကတ်ဖြစ်နေတယ်။ သူတို့က ခဲခြစ်နေရာမှာ အသစ်ပြန်ပြီး ခဲနဲ့ အုပ်ထားတာ။ သေချာစစ်ကြည့်တော့ ခဲခြစ်ပေါ်မှာ MPT ဆိုတဲ့ စာတမ်းလေးတွေ မပါဘူး” ဟု ၎င်းကဆိုသည်။
“ကျွန်မတို့အနေနဲ့ကတော့ ငွေဖြည့်ကတ်အတုဆိုတာ တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒါမျိုးကို ပြန်ပြီးလာလဲတာလည်း မရှိသေးဘူး။ ကုမ္ပဏီအနေနဲ့ကတော့ ခဲခြစ်မရတဲ့ ပြဿနာမျိုးဆိုရင် စိစစ်ပြီးလဲပေး တယ်။ ဒါကလည်း နည်းပါတယ်” ဟု ငွေဖြည့်ကတ်များကို ကိုယ်တိုင်ရိုက်နှိပ်ဖြန့်ချိလျှက်ရှိသည့် Global Telephone ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။
ငွေဖြည့်ကတ်များကို ရိုက်နှိပ်ထုတ်ဝေနေသည့် ကုမ္ပဏီများအနေဖြင့် အတုအစစ်ပြဿနာအတွက် အသုံးပြုသူ များထံ အသိပေးလုပ်ဆောင်ချက်များ မရှိခဲ့ကြောင်း ငွေဖြည့်ကတ်ဖြန့်ချိရေး လုပ်ကိုင်နေသူများက ဆိုသည်။ “အဓိက ကတော့ ခဲလိုင်းပေါ်မှာ စာမပါတာအဓိကပဲ။ ကျွန်တော်တို့က မသင်္ကာလို့ လာလဲထားတဲ့ကတ်တွေကို စစ်လိုက်တာ အဲဒီလိုမျိုး စီဒီအမ်အေကတ်အတုတစ်ခုကို ထပ်တွေ့ရတယ်။ အခုဆိုရင် မြို့သစ်ဘက်က ကျွန်တော့် သူငယ်ချင်းတွေလည်း အဲဒီလိုကတ် အတုတွေကို ကြုံနေရပြီလိုပြောကြ တယ်” ဟု ကိုအောင်ချမ်းဖြိုးက ဆိုသည်။
ငွေဖြည့်ကတ်များသည် အတု အစစ်ပြဿနာများသာမက ငွေအပြည့်မဝင်ခြင်းနှင့် အခြားသော ပြဿနာများလည်းရှိကြောင်း နေ့စဉ်မိုဘိုင်းဖုန်းငွေဖြည့်ကတ် ရောင်းချနေသူတို့ ကဆိုသည်။ “အခုနောက်ပိုင်း ငွေဖြည့်ကတ်ရောင်းရတာက အမြတ်နည်းနေပါတယ်ဆိုမှ ပြဿနာတွေကလည်း အများကြီးရှိတယ်။ အဲဒါကြောင့် ငွေဖြည့်ကတ်ပြဿနာများကို ဆိုင်မှတာဝန်မယူပါဆိုပြီး စာရေးချိတ်ထားလိုက်တယ်” ဟု ကမာရွတ်မြို့နယ်မှ ငွေဖြည့်ကတ်လက်လီ ရောင်းချသူတစ်ဦးက ပြောသည်။
“၁၅၀၀ ကျပ်တန်ဖုန်းလိုင်းထဲကို ၅ ထောင်ကျပ်တန်ငွေဖြည့်ကတ် ထည့်လိုက်တာ ၃၅၀၀ ပဲဝင်တယ်။ အဲဒါကိုယ်တိုင်ကြုံခဲ့ရတာ။ ကိုယ်ကလည်း ဆိုင်ထဲမှာတင် ကိုယ်တိုင်ထည့်လိုက်တာ။ သူတို့ကိုလည်း ဘာမှပြောမရဘူး။ ဒါနဲ့ ဒီတိုင်းပဲ နေလိုက်ရတယ်” ဟု မိုဘိုင်းဖုန်းငွေ ဖြည့်သွင်းစဉ် ဖြည့်သွင်းငွေအပြည့်အဝ မရရှိခဲ့သည့် မသန္တာကဆိုသည်။
မြင့်ကျော်လှိုင်
ကိုလတ်(ကျွဲဆင်း)
ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။ ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့ ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက် Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။ ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ၎င်းကဆက်လက်ပြော သည်။
တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံးဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။
တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။
မြင့်ကျော်လှိုင်
Bill Gates , Zuckerberg တို့ရဲ့ Coding Tutorials တွေကို သင်ယူနိုင်မယ့် Hour of Code
==========================================
လာမယ့် တနင်္လာနေ့မှာ ကျရောက်တဲ့ Computer Science Education Week အထိမ်းအမှတ် အနေနဲ့ Code.org က နာမည်ကြီး တွေရဲ့ Coding Tutorials တွေကို သင်ကြားနိုင်မယ့် Hour of Code ဆိုတဲ့ အစီအစဉ် ကိုပြုလုပ်ပေးလိုက်ပါတယ်။ Code တွေ စတင် သင်ကြားဖို့ အချိန်တစ်နာရီ လောက်သာ ပေးရမှာပါ။
နာမည်ကြီး Language တွေကို သင်ကြားပေးမှာဖြစ်ပြီး Mark Zuckerberg နဲ့ Angry Birds သင်ခန်းစာ၊ Khan Academy ရဲ့ JavaScript ၊ Grok Learning ရဲ့ Python Basic ၊ တစ်နာရီအတွင်းမှာ Mobile App ပြုလုပ်နည်း အပြင် အခြား Coding Tutorial များစွာပါရှိပါတယ်။ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ် တိတိ သင်ကြားပေးမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Programming လေ့လာချင်သူ တွေကို တစ်ပတ်အတွင်းမှာ လေ့လာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Bill Gates , Zuckerberg နဲ့ Amazon, Microsoft, LinkedIn, Dropbox, Apple ,Yahoo စတဲ့ နည်းပညာ Company တွေက ဒီ အစီအစဉ်မှာ ပံ့ပိုးပေးကြမှာဖြစ်ပါတယ်။ အမေရိကန် ကျောင်းအများစုမှာ သင်ကြားမှု မရှိတဲ့ Coding Tutorial အသစ်အဆန်းတွေကို သင်ကြားပေးမယ်လို့သိရပါတယ်။
အောက်က လင့် ကနေ Code.org ရဲ့ Hour of Code အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။
MYANMAR DIGITAL LIFE JOURNAL
 Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်
================================================
Samsung က Galaxy Note 3 ,Galaxy Note 2, Galaxy S3, Galaxy S4 ဖုန်းများကို Android 4.4 KitKat ကို ၂၀၁၄ ဇန်န၀ါရီလတွင် Update ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးပါပြီ။ Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမှာဖြစ်တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ သတင်းအရ Galaxy S4 mini, Galaxy S3 mini, Galaxy S Advance, Galaxy Core, Galaxy Fame, Galaxy Ace 2, Galaxy Fresh တို့ကို KitKat Update ပေးမယ်လို့သိရပါတယ်။ KitKat ကို အသုံးပြုဖို့ လိုအပ်တဲ့ RAM ပမာဏမှာ 512MB ဖြစ်ပါတယ်။ Samsung က အဆိုပါ တန်ဖိုးနည်းဖုန်းများကို Update ပေးဖို့ တရားဝင်ပြောကြားခြင်းမရှိသေးဘဲ စဉ်းစားနေဆဲဖြစ်ပါတယ်။
 Ref to Digital Life Journal
ကိုလတ်(ကျွဲဆင်း)
Google က Android OS သုံး Nexus TV ကိုထုတ်မည်
==========================================
Google က Android OS သုံး Nexus TV ကို တီထွင်နေကြောင်း Google ရဲ့ ၀န်ထမ်းတစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Netflix, Hulu , YouTube စတဲ့ အွန်လိုင်း မီဒီယာ တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Video Game ကစားလို့ရပါမယ်။ Google က Nexus TV ကို ၂၀၁၄ ခုနှစ် မတ်လမတိုင်မီမှာ ရောင်းချမယ်လို့သိရပါတယ်။ Nexus TV ဟာ Apple TV , Roku တို့ကိုယှဉ်ပြိုင်မှာဖြစ်သလို၊ Ouya, Microsoft, Sony , Nintendo တို့ရဲ့ ဂိမ်းစက်တွေကိုလည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒါဟာ Nexus TV နဲ့ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ သတင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီ က Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ Google က Apple TV , Roku တို့ကို ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ Google မှ Andy Rubin က Android OS, Hangouts တို့ပါရှိမယ့် နမူနာ TV ပုံစံ ကို International Consumer Electronics Show 2013 မှာ သရုပ်ပြမိတ်ဆက်ခဲ့ဖူးပါတယ်။ TV မှာ Motion Sensor ပါရှိပါမယ်။ YouTube , Google Play Store, Netflix , Pandora တို့မှ မီဒီယာ တွေကို ကြည့်ရှုနိုင်ပါမယ်။
အခြား သတင်းတွေအရ Google က TV အစီအစဉ် တွေကို အင်တာနက် က ထုတ်လွှင့်ပေးနိုင်မယ့် Internet TV ၀န်ဆောင်မှု ကို ပြုလုပ်ဖို့အတွက် Media Company တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
REF TO DIGITAL lIFE JOURNAL
ကိုလတ်(ကျွဲဆင်း)
အားလုံးပဲ မင်္ဂလာပါ ခဗျာ..
မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြန်မာ ဘာသာ စကား ထောက်ပံ့ ပေးတဲ့ File Hosting Website - File Bullet ဟာ Beta Version နဲ့ ထုတ်လွှင့်ထားရာ ကနေ အခု Share4MM.com အဖြစ် ပြောင်းလဲ ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ် ခဗျာ..
Share4MM File Sharing Website ကို အသုံးပြုရလွယ်ကူအောင် မြန်မာစာ စနစ်ထောက်ပံ့ ပေးထားပြီး Free User သော်လည်းကောင်း အသုံးပြုနိုင်ပြီး Premium User အဖြစ်လည်း Upgrade ပြုလုပ်နိုင်ပါတယ်။ Share4MM- File Sharing Website နဲ့ ပတ်သက်လို့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ် ခဗျာ...
What is Share4MM ?
- Share4MM ဆိုတာ Miloboy Inc., ကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြန်မာဘာသာစကား ထောက်ပံ့ပေးထားတဲ့ File Sharing Website ဖြစ်ပါတယ်။ အရင်က File Bullet အဖြစ် Beta Version ထုတ်လွင့်ထားပြီး အခု Share4mm.com အဖြစ် ပြောင်းလဲ သတ်မှတ်ထားလိုက်ပါပြီ။
Why We Should Choose Share4MM ?
-Share 4 MM ကို ဘာကြောင့် ရွေးသင့်သလဲ ဆိုရင် Share4MM မှာ File Sharing ပြုလုပ်မည့်သူတွေ အတွက် လိုအပ်မဲ့ အရာ အားလုံးကို ထောက်ပံ့ ပေးထားလို့ ပါပဲ။ Remote URL Upload, Protect By Password, Send Uploaded Files to My Email, View Statistics, HTML code စသည်ဖြင့် လိုအပ်မဲ့ အရာတွေ အားလုံးကို ထည့်သွင်းပေးထားပါတယ်။
ထို့ အပြင် Premium Member များ အတွက်လဲ Direct Download, No Waiting Time, No Advertisement, No Download Limit Feature များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် အလန်းဆုံး Feature ကတော့ Premium Member တွေ အားလုံးကို Torrent ကနေ မိမိ လိုအပ်တာကို ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ Service ပါ ရရှိနိုင်မှာဖြစ်ပါတယ်။
ထို့ အပြင် Server ရဲ့ Location ဟာ Copyright တွေ ကင်းလွှတ်တဲ့ နေရာမှာ ထားထားတာ ဖြစ်တဲ့ အတွက် ကြောင့် သင် ဘာပဲ တင်တင် စိတ်ပူစရာ မလိုအပ်ပါဘူး။
File Server ဟာ လက်ရှိအချိန်မှာ 100MB Port ကို အသုံးပြုထားတာ ဖြစ်တဲ့ အတွက် သင့် အနေနဲ့ Download Speed 12MB/s အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်ကောင်းမွန်တဲ့ Download Speed ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိ ရဲ့ Download Speed ကနေ မိမိရဲ့ Location နဲ့ မိမိရဲ့ ISP ပေါ်မှာပဲ မူတည်ပါသေးတယ်။
နောက်ပြီး Premium Feature ကို အသုံးပြုထားမယ်ဆိုရင် Torrent ကနေ Download လုပ်မဲ့ Download Link များကို မိမိနှစ်သက်ရာ File Host ကနေ Request ပြုလုပ်နိုင်ပါသေးတယ်။
အကောင်းဆုံး Feature ကတော့ မိမိနှစ်သက်ရာကို စိတ်ကြိုက် Request ပို့ပြီး တောင်ဆို နိုင်ခြင်းပါပဲ။ ဒါကလဲ ဘယ်မှာ မှ မရနိုင်တဲ့ Support ပါပဲ။ အားလုံးကို ပွင့်ပွင့် လင်းလင်း တောင်းဆိုနိုင်တယ်။
Share4MM မှာ ရရှိနိုင်သော Feature များ
Free User များ အတွက်
Upload Limit                       = 100 MB
Remote Urls Upload             = "Support" 5 Urls Per Upload
Waiting time to Download    = !! No Need !! Direct Download Link !!
Download Speed                 = Up to 2 MB/s [S2S Transfer] [May be differ from your location]
Torrent Request                  = Yes, But Limited to 1.5 GB [Delete After Download]
Inactive File Delete              = After 25 Days
File Storage Limit                = Unlimited
Password Protect                = Support
Sent email after upload       = Support
Sharing Codes                    = Support
View statistics Support        = Yes
Resume Support                = Yes
Support Tickets, requests    = Available
Premium user များ အတွက်
Upload Limit                       = 2.5 GB
Remote Urls Upload             = "Support" 50 Urls Per Upload
Waiting time to Download     = !! No Need !! Direct Download Link !!
Download Speed                  = "Unlimited" *Fast Download Even Server Busy*
Torrent Request                   = Yes, !! Unlimited File Size !!
Inactive File Delete               = After 60 Days
File Storage Limit                 = Unlimited
Password Protect                 = Support
Sent email after upload        = Support
Sharing Codes                     = Support
View statistics Support         = Yes
Resume Support                  = Yes
Support Tickets, requests     = Available
**Share4MM ၏ အခြား FileHosting Site များနှင့် မတူသော Best Feature များ**
- Direct Download Access to all users
- Resume Support for all
- Torrent Access Via Message
- Share within a minute
- Low Price For Premium Upgrades
အသုံးပြုသူအားလုံး အတွက် သင့်တင့်သော ဈေးနှုန်း
မှန်ပါတယ်။ သင့်တင့်သောထက် အလွန်ချိုသာသောလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ 30 Days Premium Account အတွက် မြန်မာငွေ 3000 ကျပ် သာ ကျသင့်မှာ ဖြစ်ပါတယ်။ ၄င်း ဈေးနှုန်းဟာ ၂ရက်စာ မုန့်ဖိုး၊
တစ်ရက်စာ ဘီယာဖိုးလောက်သာ ရှိပါတယ်။
Payment များကို တော့ မြန်မာနိုင်ငံကနေ ဆိုရင် MyanPay ကနေ တစ်ဆင့် ပေးချေနိုင်ပြီးတော့
Foreign ကနေ ဆိုရင်တော့ PayPal ကနေတစ်ဆင့် ငွေပေးချေနိုင်ပါတယ်။  PayPal ကိုသုံးပြီး တစ်ဆင့် Upgrade လုပ်မယ်ဆိုရင်တော့ FullPremiumNowFree@gmail.com ကို အကြောင်းကြားပေးစေချင်ပါတယ်။ ငွေလွဲရမဲ့ လိပ်စာနှင့် တကွ အကြောင်းကြားပေးဖို့လိုပါတယ်။
PayPal ကို အသုံးပြုတယ်ဆိုရင်တော့ တစ်လကို $3 ကျသင့်မှာ ဖြစ်ပါတယ်။
MyanPay ကနေ ငွေပေးချေ ချင်ရင်တော့ ဒီလင့်မှာ သွားရောက်ပြီး အောက်ပါပုံလေးက Buy Now ဆိုတာလေးကို နှိပ်ပေလိုက်ရုံပါပဲ။ MyanPay ကယူတဲ့ Extra Service ခ အနည်းငယ်တော့ ရှိပါလိမ့်မယ်။ PayPal နဲ့ ဆိုရင်တော့ ငွေ သက်သာပါ့မယ်။
http://www.share4mm.com/files/30days%20Premium.png
ဈေးနှုန်းကလည်း ချိုသလို မိမိလိုအပ်မဲ့ Service အားလုံးကိုလဲ ထည့်သွင်းပေးထားတဲ့ အတွက် File Sharing ပြုလုပ်မဲ့ သူတွေ အတွက် အရမ်းကို သင့်တော် ကောင်းမွန်ပါတယ်။ အားလုံးပဲ အခုပဲသွားပြီး
အခုပဲ သွားပြီး အကောင့် လုပ်လိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ရပါတယ်။
အထူးလက်ဆောင် အနေနဲ့ Free User များ အတွက်လည်း Torrent Request များကို လက်ခံ ပေးနေပါပြီခဗျာ..
အကူအညီတောင်းချင်တဲ့ သူများ အတွက် Username + Seeder ရှိသော Torrent File သို့ မဟုတ် Magnet Link ကို FullPremiumNowFree@gmail.com ကို mail ပို့ပေးရပါမယ်...
ထို့နောက် ကျွနှုပ်တို့ထံ Mail ရောက်ရှိသည် နှင့် ကျွနှုပ်တို့ ပြန်လည်းပြီး Share4mm ကနေ ဒေါင်လုပ်လင့် ချ ပေးမှာဖြစ်ပါတယ်။
အားလုံးပဲ အကောင့် မလုပ်ရသေးသူများ http://www.share4mm.com မှာ အကောင့်လုပ်ပြီး စတင် အသုံးပြုနိုင်ပါတယ်..
အကယ်လို့ Share4mm.com နှင့် ပတ်သက်သည်များကို အသေးစိတ် မေးမြန်းချင်ပါက၊ အကူအညီများ ရယူချင်ပါက
Mail      : FullPremiumNowFree@gmail.com
Phone   : +95-9-402580827
တို့ကို ဆက်သွယ်ပြီး အကူအညီလိုအပ်သည်များ၊ မေးမြန်းပြောဆိုနိုင်ပါတယ် ခဗျာ..
လေးစားစွာဖြင့်
Miloboy Inc,.
Ubuntu 13.10 Beta
September 26 ရက် နေ့မှာ Ubuntu 13.10 Beta ထွက်ရှိလာခဲ့ပါတယ်။ အခုတော့ ကျွန်တော့် မိတ်ဆွေများကို Download လုပ်ချင်တဲ့ သူတွေ အတွက် ဒေါင်းလို့ရအောင်ရယ်၊ Screenshot ကြည့်ချင်တဲ့ သူတေါ အတွက်လည်း ကြည့်လို့ရအောင် Screenshot Tour လေးတွေ လုပ်ပြီးတင်ပေး လိုက်ပါတယ်။
Dubbed Saucy Salamander လို့ အမည်ရတဲ့ Ubuntu 13.10 Beta ဟာ Ubuntu Linux kernel 3.11.0-8.15 ကို အသုံးပြုထားပြီး Linux kernel 3.11.1 ကို အခြေခံတည်ဆောက်ထားပါတယ်။ ၄င်း Ubuntu အသစ်ထွက် Version 13.10 Beta မှာ Upstart 1.10, CUPS 1.6.2, cups-filters 1.0.34 နဲ့ Python 3.3 တို့ ထည့်သွင်းထားပါတယ်။
Ubuntu 13.10 Beta ကို Live DVD ISO images အနေနဲ့ ဖြန့်ဝေထားပြီး 32-bit ရော 64-bit ရော တွက် ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ Beta ကို ဒေါင်းလုပ်ပြုလုပ်ချင်တယ် ဆိုရင် အောက်ပါလင့်မှာ Download ပြုလုပ်နိုင်ပါတယ်။
From Softpedia US Server
Download hosted on external servers
Download hosted on external servers
Download hosted on external servers
Caution ! 
ယခု ထုတ်ပေးခဲ့တဲ့ Ubuntu 13.10 ဟာ Beta Version ပဲဖြစ်သေးတဲ့ အတွက်သင့်အနေနဲ့ Production Machine ပ်ါမှာ install မလုပ်သင့်သေးပါဘူး ။ အရင် Virtual Machine မှာပဲ ထည့်သွင်း စမ်းသပ်တာကိုပဲ ပြုလုပ် စေချင်ပါတယ်။
Screenshot Tour
Ubuntu 13.10 Beta  
Ubuntu 13.10 Beta 
Ubuntu 13.10 Beta  
Ubuntu 13.10 Beta 
Ubuntu 13.10 Beta 
Ubuntu 13.10 Beta 
Ubuntu 13.10 Beta  
Ubuntu 13.10 Beta 
Ubuntu 13.10 Beta  
Photo Credit : Softpedia
Post Credit : http://www.techmilo.tk/2013/09/ubuntu-1310-beta-download-and.html
Writer : Steel Jelly [Miloboy Inc. Tech Milo : Online Magazine ]
Note : စာရေးသူရဲ့ အချိန်နဲ့ စေတနာ ဟာ သင် စာဖတ်သူအတွက် အကျိုးရှိမယ်ဆိုရင် စာရေးသူ ကျေနပ်ပါတယ်။
 https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/1234187_467944486638203_1539467052_n.jpg
Microsoft အနေနဲ့ New York မှာ September 23 ရောက်ရင် 2nd Generation Surface Tablet ကို ပွဲထုတ်ပြသမှာ ဖြစ်ပြီး Windows RT နဲ့ Pro model တွေ အတွက်လဲ Update တွေ ပါရှိဦးမယ်လို့ သိရပါတယ်။
အားလုံးပဲ သိကျ တဲ့ အတိုင်း ကုမ္ပဏီ အများစုဟာ ပစ္စည်းသစ်တစ်ခုကို ပွဲထုတ်မယ်ဆိုရင် သူတို့ ကြော်ငြာတဲ့ နေ့ရောက်မှပဲ ပစ္စည်းအကြောင်းကို သိရပါတယ်။ ဒါပေမဲ့ Microsoft မှာတော့ အဲ့လို မဟုတ်ပါဘူး။ ပစ္စည်း တစ်ခု ထုတ်မယ်လို့ ကြားရင် Official မဟုတ်သေးပဲ ပစ္စည်း အကြောင်းက အရင် ပြန့်နှံ့နေပါတယ်။ အခုလဲ မနက်ဖြန်မှ ထွက်မဲ့ Microsoft ရဲ့ 2nd Generation Surface Tablet ဟာ သူ့ ရဲ့ Data တွေ အားလုံး Internet ပေါ်မှာ ပြန်နှံ့နေပါပြီ။ ကဲ အားလုံးပဲ အသေးစိတ် လေ့လာလိုက်ကြ ရအောင်။
Surface 2 RT ၏ Specification များ
Microsoft ထုတ်ကုန်များကို စောင့်ကြည့် ဖော်ပြလေ့ ရှိသည့် WinSuperSite.com ကတော့ အသစ်ထုတ်လာမဲ့ RT tablet ကို Surface 2 လို ခေါ်ဆိုမှာ ဖြစ်ပြီး Tegra 4 processor ကို အသုံးပြုထားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ နောက်ပြီး Battery ကြာရှည်စွာ အသုံးခံအောင်နှင့် Performance များကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲထားတယ်လို့ ပြောဆိုထားပါသေးတယ်။
ထို့အပြင် ယခုလက်ရှိ Surface Pro Tablet မှာသာ အသုံးပြုထားတဲ့ 1920x1080 resolution ကို Surface 2 မှာ အသုံးပြုထားတဲ့အပြင် ClearType full HD display နဲ့လည်း တည်ဆောက်ထားတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၄င်းရဲ့ အလျားဟာ ၁၀.၆ လက်မ ရှိပါလိမ့်မယ်။
အသေးစိတ် ပြောရရင် Battery အနေနဲ့ 8 နာရီထိ ခံပါလိမ့်မယ်။ အထူအနေနဲ့ ၀.၃၇ လက်မ (9.3 mm) ရှိမှာ ဖြစ်ပြီး 1.5 ပေါင် (680 grams) အလေးချိန် ရှိမယ်လို့ သိရှိရပါတယ်။
အခုထွက်မဲ့ Surface RT အနေနဲ့ 32GB နဲ့ 64GB နှစ်မျိုး စလုံး ရနိုင်မှာဖြစ်ပါတယ်။
Feature အသစ်အနေနဲ့ Postition ကို landscape mode နဲ့ portrait mode  အနေနဲ့ ထားနိုင်မယ်လို့ သိရပါတယ်။
 အခြားသော feature အနေနဲ့ကတော့ Vapor Magnesium case, front- and rear-facing cameras, Bluetooth 4.0, WiFi, USB 3.0, microSD card support, HD video-out port တို့ အပြင် windows RT 8.1 ကို အသုံးပြု မှာဖြစ်ပြီး Office Home နဲ့ Student 2013 RT ကို ကြိုတင်ထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။
Surface 2 ကို အဖြူရောင် ထုပ်ဦးမယ်လို့ သိရတဲ့ အပြင် ဈေးနှုန်းကို နဂို လက်ဟောင်း Surface အတိုင်း 32Gb အတွက် $499 (€369) နဲ့ 64GB အတွက် $599 (€442) ကျသင့်မယ်လို့ သိရပါတယ်။
အကယ်လို့ Microsoft ဟာ အရင်လို Discount ချပေးခဲ့မယ် ဆိုရင် Surface 2 ဟာ $349.99 (€260) လို့လဲ ဆိုထားပါတယ်။
ကဲ Microsoft 2nd Generation Surface RT Tablet ကို spec sheet အနေနဲ့ ကြည့်မယ်ဆိုရင်-
Chipset: Nvidia Tegra 4
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 8 hours
Weight: 1.5 pounds (680 grams)
Thickness: 0.37 inches (9.3 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear
Colors: black, white
Storage: 32GB and 64GB
OS: Windows RT 8.1
Software: Office Home & Student 2013 RT, Outlook RT, Bing apps
Pricing: $499 (€369) for the 32GB model and $599 (€442) for the 64GB version
 ပဲဖြစ်ပါတယ်။
Surface 2 Pro ၏ Specification များ
Surface Pro အသစ်ကို Surface Pro 2 ကို ခေါ်ဆိုသွားမှာဖြစ်ပြီး fourth-generation Intel Core i5 processor ကို အသုံးပြုမယ်လို့ သိရပါတယ်။ အလျားကတော့ ၁၀.၆ လက်မပဲ ဖြစ်ပါလိမ့်မယ်တဲ့။
ClearType full HD 1920x1080 resolution ကို ပဲ အသုံးပြုမှာဖြစ်ပြီး Battery ဟာ ၇နာရီ၊ ၈နာရီအထိခံမယ်လို့ ပြောဆိုထားပါတယ်။
သူ့မှာထူးခြားချက်က RAM ကို မိမိ နှစ်သက်တဲ့ အထိ တိုးနိုင်မှာ ဖြစ်ပြီ 8GB အထိ တိုးမြင့်နိုင်မယ်လို့လဲ သိရပါတယ်။
 Surface Pro ကို လဲ landscape mode နဲ့ portrait mode Position နှစ်မျိုးထားသုံး နိုင်မှာဖြစ်ပြီး front- and rear-facing 720p cameras, Wi-Fi, USB 3.0, microSD card support, HD video-out port နဲ့ a digital Pro Pen အပိုပါဝင်ပါလိမ့်မယ်။
Microsoft က Surface Pro အသစ်ကိုတော့ Version ၂ မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး Storage ပမာဏ 256 GB နဲ့ 512 GB နှစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
Surface Pro 2 ကို spec list အနေနဲ့ ကြည့်ရင် အောက်ပါအတိုင်း တွေ့ ရမှာ ဖြစ်ပါတယ်..
Chipset: Intel Core i5
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 7 or 8 hours
Weight: 2 pounds (907 grams)
Thickness: 0.53 inches (13.4 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear, 720p support
Colors: black, white
Storage: 64GB, 128GB, 256GB, 512GB
OS: Windows 8.1 Pro
Software: Bing apps, no Office version included
Pricing: $899 (€665) – 64GB, $999 (€740) – 128GB, $1,299 (€960) – 256GB, $1,699 (€1255) – 512GB
Availability
Microsoft ဟာ မနက်ဖြန် 23 မှ ပွဲထုတ်မှာ ဖြစ်တဲ့ အတွက် Generation အသစ် Tablet တွေကို ဘယ်မှာ ရောင်းမယ် ဆိုတာ တော့ မသိရသေးပါဘူး။ Generation အသစ် Tablet တွေဟာ windows 8.1 ပါဝင်တာ ဖြစ်တဲ့ အတွက် windows 8.1 ကို ရောင်းချ ပြီးရင်တော့ 8.1 ကို ဂုတ်ပြုတဲ့ အနေနဲ့ New Generation လေးတွေကို ပွဲထုတ် ရောင်းချမယ်လို့ ခန့်မန်းရပါတယ်။
ဒီတော့ windows 8.1 ပွဲ ထက်ရက် October 22 ပြီး နောက်လေးရက် လောက်ဆိုရင် တော့ စတင်ရောင်းချ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
နောက်ပြီး တော့ Microsoft အနေနဲ့ iPad Mini နဲ့ Nexus 7 ကို ယှဉ်ပြိုင် ဖို့ နောက်ထပ် အသစ် Surface Mini tablet ကို ပြင်ဆင်နေပြီလို့လဲ သိရပါတယ်။ အဲ့ကောင်လေးကတော့ နှစ်ကုန်ပိုင်း လောက်မှာ ထွက်မယ်လို့ သိရှိရပါတယ်။
အရင် Version Device တွေနဲ့ စာရင် Microsoft အနေနဲ့ ပိုမို အောင်အောင် မြင်မြင် ရောင်းချ ရဖို့   Online ကနေရော ၊ကမ္ဘာ တ၀မ်း မှာ ရှိတဲ့ တဆင့် ပြန်ရောင်းချမဲ့ ဆိုင်တွေ ရော ကို သေချာပြင် ဆင်နေတယ်လို့ သိရပါတယ်။
Accessories
Accessories တွေ အနေနဲ့ ကတော့ မျက်နှာပြင် အတွက်ရော Keyboard အတွက် ရော ရှိနိုင်ဖို့ Microsoft က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသစ်ပါဝင်လာတဲ့ docking station လေးဟာ Surface 2 , Surface 2 Pro အပြင် Surface Pro နဲ့ ပါ အလုပ် လုပ်ပေမဲ့ လက်ရှိ Surface RT လေးနဲ့ အလုပ် လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
နောက်ပြီး အလုပ်နှစ်ခု လုပ်နိုင်တဲ့ Power Cover Redmond လေးလဲ Accessories အနေနဲ့ ထုတ်လုပ်ရောင်းချ ပါလိမ့်မယ်။ ၄င်းဟာ Keyboard အနေနဲ့လဲ လုပ်ဆောင်မှာဖြစ်ပြီး Portable Battery အနေနဲ့လဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အကယ်လို့ မီးပျက်သွားရင် သော်လည်းကောင်း ၊ Battery အားကုန်သွားရင် သော လည်းကောင်း Redmond လေးက ဆက်လက် ထောက်ပံ့ ပေးပါလိမ့်မယ်တဲ့။
https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn2/1231226_467947609971224_2095297434_n.jpg
အဲ့ဒီ Power Cover Redmond လေးကို တော့ ဈေးနှုန်းမသိရသေးပေမဲ့ Surface RT ကလွဲ ပြီး ကျန်တဲ့ Device တွေမှာ အလုပ် လုပ်လိမ့်မယ် မျှော်လင့်ရပါတယ်။
Source : WinSuperSite & Softpedia
http://www.techmilo.tk/2013/09/september-23-microsoft-surface-2-tablet.html
Steel Jelly [Miloboy Inc.]
Fitness Tracker နဲ့ GPS Device တွေထုတ်လုပ်ရာမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ Germin က Fitness နာရီနှစ်မျိုးကို ထပ် ပြီးမိတ်ဆက်လိုက်ပါပြီ။ Forerunner 620 နဲ့ Forerunner 220 အမည်ရတဲ့ ဒီနာရီနှစ်မျိုးက အားကစားသမားတွေနဲ့ လိုက် ဖက်အောင် အရောင်တောက်တောက်တွေနဲ့ ဒီဇိုင်းဆင်ထားတယ်၊ အပြေးလေ့ကျင့်ချိန်မှာ မြန်နှုန်းအတက်အကျ (Cadence) ကို ထောက်လှမ်းပေးနိုင်ပြီး မြေပြင်နဲ့ ခြေထောက် ထိချိန်၊ ခြေကြွချိန်တွေကိုတောင် အာရုံခံမှတ်သားပေးနိုင် တယ်။ နှလုံးခုန်နှုန်းတိုင်းပေးနိုင်တဲ့ ဂတ်ဂျက်နဲ့ တွဲလိုက်ရင် အားကစားလုပ်နေတုန်းမှာရှိတဲ့ အမြင့်ဆုံး အောက်စီဂျင်လို အပ်ချက် (VO2 max) ကို ခန့်မှန်းပေးနိုင်ပြီး ဒီအတွက် လိုအပ်တဲ့ စွမ်းအားဖြည့်အချိန်ပိုင်း (Recovery Time) ကို နာရီမှာ ပါတဲ့ လက်တံကနေတစ်ဆင့် ဖော်ပြပေးနိုင်တယ်။ ပြောချင်တာက ဘယ်လောက်ပြေးပြီးတဲ့အခါ ဘယ်လောက်အချိန်အ တိုင်းအတာအထိ နားသင့်သလဲ၊ အပြေးလေ့ကျင့်မှု Session တစ်ခုနဲ့တစ်ခုကြား ဘယ်လောက်ကြာကြာနားသင့်သလဲဆို တာကို စနစ်တကျ တွက်ချက်အကြံပေးနိုင်တာ ဖြစ်ပါတယ်။
နာရီနှစ်မျိုးစလုံးက စမတ်ဖုန်းတွေနဲ့ Pair လုပ်နိုင်တယ်။ 620 က Function ပိုများတဲ့အတွက် အားသာချက်လည်း ပိုများတယ်။ သူက Germin ရဲ့ HRM-Run Recovery Advisor ဆားဗစ်နဲ့လည်း ချိတ်ဆက်နိုင်ပြီး အပြေးလေ့ကျင့်နေ ချိန်မှာ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးနိုင်တယ်။ ဒါ့အပြင် WiFi ကနေတစ်ဆင့် Germin Connect Workout Log ကို လှမ်းချိတ်ဆက်ပြီး လေ့ကျင့်ခန်းတွေကို မှတ်တမ်းတင်ပေးနိုင်တယ်။ နောက်အားသာချက်တစ်ခုက Touchscreen ကို သုံး ထားပြီး လက်အိတ်တွေနဲ့ သုံးရင်တောင် အဆင်ပြေတယ်။ ဈေးနှုန်းထက်ဝင်လောက်ကွာတဲ့ 220 ကတော့ Touchscreen မရပါဘူး၊ ခလုတ်တွေနဲ့ပဲ အသုံးပြုရမှာပါ။
ဈေးနှုန်းတွေအနေနဲ့ကတော့ 660 က USD400 (HR Belt ပါရင် USD 450) နဲ့ 220 က USD 250 (HR Belt USD 300) လောက်ရှိပါတယ်။ ဒါက UK က ဈေးနှုန်းဖြစ်ပြီး အသုံးပြုချင်လို့ နိုင်ငံခြားကို လှမ်းမှာရင် ဒီ့ထက်ပိုကုန်နိုင်ပါတယ်။ ထုတ်ပေးမယ့်ရက်က သူတို့ဆီက မိုးရာသီမှာပါတဲ့။ နောက်ဆုံးပြောဖို့ကျန်တာတစ်ခုက ဒီနာရီနှစ်မျိုးစလုံးကို လက်မှာ မပတ်ဘဲ ခါးပတ်၊ ကျောပိုးအိတ်လက်သိုင်းကွင်း လိုမျိုးတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်ပြီး ရေအတက် ၅၀ မီတာအထိ Waterproof ဖြစ်ပါသတဲ့။
Source: http://www.stuff.tv/
Ref:Stuff Myanmar Magazine
Microsoft ရဲ့ မှုပိုင် Xbox Music ကို Apple ရဲ့iOS ပေါ်မှာအသုံးပြုနိုင်အောင် Application ထွက်ရှိပြီးသိပ်မကြာခင်မှာတော့ အခုလိုAndroid အတွက်ထုတ်လုပ်ပေး လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Android ပေါ်က Xbox Music နဲ့ iOS ပေါ်က Xbox Music ကွာခြားမှုတွေရှိတယ်လို့သိရပါတယ်။ iOS ပေါ်က Xbox Music ကတော့ အကောင်းဆုံးထုတ်လုပ်ပေးထားတယ်လို့သိရပြီး Android မှာတော့အနည်းငယ်ချူချာနေဆဲပါ။ Android အတွက်နောက်ဆုံး မှပြုလုပ်ပေးခြင်းဖြစ်တာကြောင့်အ နည်းငယ်ချို့ယွင်းချက်တွေရှိနေမှာဖြစ်တယ်လို့ Application ရေးဆွဲတဲ့အဖွဲ့ကပြောဆိုခဲ့ပါတယ်။
Xbox Musicနဲ့ အလားတူ Application တွေကတော့ Spotify နဲ့ Slacker Radio တို့ဖြစ်ပါတယ်။ Xbox Misuc မှာတော့အလားတူ App တွေလို ကိုယ်ပိုင် Frequency ချိန်ညှိပြီးလိုင်းရှာနိုင်တဲ့ စနစ်တွေမပါဝင်ပါဘူး။ ဒါပေမယ့် Xbox Music ကတော့ ရှင်းလင်းသပ်ရပ်တဲ့ အသွင်အပြင်နဲ့ Function တွေကိုထည့်သွင်းပေး ထားတာကြောင့် ကောင်းကောင်းသုံး နိုင်တဲ့ App တစ်ခုဖြစ်တယ်လို့အသုံးပြုသူတစ်ဦးကပြောကြားခဲ့ပါတယ်။ Music တွေကို Streaming လုပ်နားထောင်ရမှာဖြစ်လို့ Connection ကောင်းကောင်းတော့ လိုအပ်ပါတယ်။
သီချင်းရှာဖွေရတာအဆင်ပြေတဲ့ App တစ်ခုဖြစ်တဲ့အတွက်လူကြိုက် များလျက်ရှိတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ Musical Genre ကိုလိုက်ပြီးသီချင်းတွေကို ရွေးချယ်သောတဆင်နိုင်တဲ့အပြင် အကောင်းဆုံးအသံထွက်ကိုလည်းထောက်ပံ့ပေးထားပါတယ်။ Up to Date သီချင်းတွေကိုနေ့စဉ်နဲ့အမျှ နားဆင်နိုင်အောင် Xbox Music ကပြုလုပ်ပေးမှာဖြစ်ပါတယ်။ Xbox Music ကတော့ Microsoft ရဲ့ Office 365 နောက်ပိုင်း တခြား OS အတွက်ထုတ်ပေးခဲ့တဲ့ App တစ်ခုဖြစ်ကြောင်းသိရပါ တယ်။
Ref: Cnet & Smart Pro Journal
ယနေ့အချိန်မှာ လူသားတွေအတွက် မရှိမဖြစ် အရာတစ်ခုကို ပြပါဆိုရင် အင်တာနက်ကို ပြရပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကွန်ယက်တွေနဲ့ အင်တာနက်ကို ချိတ်ဆက်ထားတဲ့ ခေတ်ကြီးမှာ ဈေးနှုန်းချိုသာပြီး မြန်ဆန်သွက်လက်တဲ့ အင်တာနက် ချိတ်ဆက်မှုမျိုး မရရှိနိုင်တဲ့ ဒေသရှိတွေလဲ ရှိနေပါသေးတယ်။ ဝေးလံခေါင်ပါးတဲ့ ဒေသတွေ၊ သစ်တောတွေ၊ တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြတဲ့ လူအများအနေနဲ့ (မြန်မာနိုင်ငံမှ ပြည်သူအများ အပါအဝင်) ဒီပြဿနာကို ရင်ဆိုင်နေရစဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို Google က တီထွင်လိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ အင်ဂျင်နီယာတွေကို အရူးတွေလို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်က လက်တွေ့မှာ အလုပ်ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။ ဒီပရောဂျက်ရဲ့ အမည်ကတော့ Project Loon ဖြစ်ပါတယ်။ ပြုလုပ်မယ့် အစီအစဉ်ကတော့ ကမ္ဘာ့လေထုထဲမှာ ဝဲပျံသွားလာနေတဲ့ မိုးပျံပူဖောင်းကြီးများကနေ အင်တာနက် ထုတ်လွှင့်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
Google ရဲ့ အဆိုအရတော့ ဒီအစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မခက်ခဲကြောင်း၊ ဤမိုးပျံပူဖောင်းကြီးများသည် ကမ္ဘာ့လေထုတွင်း လွတ်လပ်စွာ ပျံသန်းနေမှာဖြစ်ကြောင်း၊ လေတိုက်နှုန်း၊ လေတိုက်ရာအရပ်နှင့် နေရောင်ခြည် စွမ်းအင်တို့အား အသုံးပြုပြီး လမ်းကြောင်းကို ထိန်းချုပ်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရသည်။
ပူဖောင်းများကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိုးပျံပူဖောင်းများသည် လေယာဉ်များထက် အမြင့် ၂ ဆခန့်ကို လွယ်ကူစွာ ရောက်ရှိနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ပိုမိုကြီးများကျယ်ပြန့်သည့် ဧရိယာပမာဏကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ ထိုနည်းတူ မြေပြင်ပေါ်၌ ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦများ တည်ဆောက်ခြင်းထက် ကုန်ကျစရိတ် များစွာသက်သာကြောင်း သိရှိရသည်။
ဤပူဖောင်းများမှ ထုတ်လွှင့်ပေးသည့် အင်တာနက်ကွန်ယက်နှင့် ချိတ်ဆက်ရန် အထူးပြုလုပ်ထားသည့် အင်တာနာတိုင်များကို အသုံးပြုရမည်ဖြစ်ပြီး ယင်းမှတဆင့် အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ပြည်သူများထံ ထပ်ဆင့်ထုတ်လွှင့်ပေးမည်ဟု သိရှိရသည်။
Google အနေဖြင့် ပြီးခဲ့သည့် သတင်းပတ်အတွင်းက ဤပရော်ဂျက်၏ ပထမဆုံး စမ်းသပ်မှုအစီအစဉ်အဖြစ် နူးဇီလန်နိုင်ငံတွင် မိုးပျံပူဖောင်ကြီးပေါင်း ၃၀ အား လွှင့်တင်ခဲ့ပြီး စမ်းသပ်သူပေါင်း ၅၀ ခန့်က အင်တာနက်နှင့် ချိတ်ဆက်မှုအား စမ်းသပ်ခဲ့ကြသည်။ ယင်းစမ်းသပ်မှုများမှ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်ပြီး နည်းပညာမြှင့်တင်မှုများနှင့် မိုးပျံပူဖောင်း၏ ပုံစံဒီဇိုင်းအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမည်ဟု သိရှိရသည်။
ထို့အပြင် Google အနေဖြင့် Project Loom အား အခြားနိုင်ငံများတွင် စမ်းသပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ref: Myanmat Consumer Guide
Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ 
ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။ 
Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။ 
ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ 
အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။ 
Specifications
• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide
Ref : Myanmar Consumer Guide
Photo: Sweden Bahnhof ISP ပာာ Wikileaks ရဲ့  Dell Server တစ်လုံး ကို USD$ 3.3K နဲ့ EBay က နေ ရောင်းချခဲ့ 
=================
Wikikeaks ပာာ 2010 မှာ အီရတ် နဲ့ အာဖဂန်မှာ ဖြစ်ပွားခဲ့ တဲ့ စစ် အကြောင်း နဲ့ ပတ်သက်တဲ့  လျှို့ ဝှက်သတင်း တွေ ကို ဖော်ထုတ် ရင်းနဲ့ ကြီးပြင်းလာတဲ့ အဖွဲ့ အစည်းတစ်ခုပါ။ Wikileaks ပာာ သူ့ Data တွေ သိမ်းဆည်းထားတဲ့  Dell Server တစ်လုံးကို ကန်ဒေါ်လာ ၃၃၀၀၀နဲ့ ရောင်းချခံခဲ့ ရပါတယ်။ 
Wikileaks ပာာ သူ့  Server တွေကို Sweden မှာ ရှိတဲ့  Sweden မှာရှိတဲ့  Bahnhof Internet Service Provider မှာ 2010 မှာ ကစပြီး Hosting လုပ်ထားခဲ့ ပါတယ်။ အခုရောင်းထုတ်ခဲ့ တဲ့  Server ကိုလဲ Bahnhof က Ebay က နေ တဆင့်  ရောင်းချခဲ့ တာ ဖြစ်ပါတယ်။ 
Bahnhof ရဲ့ CEO က Server ထဲမှာ ရှိတဲ့ Data တွေကို Maximum security 35 pass sanitize နည်းနဲ့  ဖျက်ထားပါတယ်လို့ ပြောပါတယ်။ အဲဒီနည်း ပာာ Hardware သို့ မပာုတ် Software ကိုသုံးပြီးData တွေကို ပြန်ပြီး Recover ပြန်လုပ်လို့ ရမှာ မပာုတ်ပါဘူး ပြောပါတယ်။ ဘယ်သူက ၀ယ်တယ်ဆိုတာတော့  ပြောမသွားခဲ့ပါဘူး။ 
ကျွန်တော်တို့ ပာာ ၀ယ်သူ ကို ဒီ Server ပာာ Wkieaks ရဲ့ Server အစစ်ဖြစ်ကြောင်းကိုလဲ Wkilieaks ရဲ့ Founder ဖြစ်တဲ့ Julian Assange ရဲ့  ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ လတ်မှတ်ကိုလဲ ပြနိုင်ပါတယ်။ ရောင်းလို့ ရတဲ့ ပိုက်ဆံထဲက တ၀က်ကို အွန်လိုင်း Privacy အရေးလှုပ်ရှားမှုအဖွဲ့ အစည်းဖြစ်တဲ့ 5th of July Foundation နဲ့ RSF အဖွဲ့  တစ်တို့ ကို တ၀က်စီ လှူ သွားမယ်လို့ ပြောပါတယ်။ RSF ဆိုတာ Reporters without boders ဆိုတဲ့ အဖွဲ့ ပါ။ မြန်မာလို ပြန်ရင်တော့ နယ်နိမိတ် မရှိ နိုင်ငံဖြတ်ကျော်သတင်းအဖွဲ့ ပါ။ သူတို့ တွေ ပာာ အင်တာနက် လွတ်လပ်မှုနဲ့ လှုပ်ရှားတဲ့ အဖွဲ့ တွေပါ။ 
အော်...ဒါနဲ့ အဲဒီစစ်သတင်းတွေကို Wikileaks ကိုပေးတဲ့  အမေရိကန် စစ်သည်တော် Chelsea Manning ပာာ အရင်လကပဲ ထောင်ဒဏ် ၃၅ ချခံလိုက်ရပါတယ်။ 
Aug 15, 2013
Ref : RT News
Pls support us by giving a LIKE or SHARE if you like our posts. Thanks.
- U C Thu
Aug 15, 2013
Wikikeaks ပာာ 2010 မှာ အီရတ် နဲ့ အာဖဂန်မှာ ဖြစ်ပွားခဲ့ တဲ့ စစ် အကြောင်း နဲ့ ပတ်သက်တဲ့  လျှို့ ဝှက်သတင်း တွေ ကို ဖော်ထုတ် ရင်းနဲ့ ကြီးပြင်းလာတဲ့ အဖွဲ့ အစည်းတစ်ခုပါ။ Wikileaks ပာာ သူ့ Data တွေ သိမ်းဆည်းထားတဲ့  Dell Server တစ်လုံးကို ကန်ဒေါ်လာ ၃၃၀၀၀နဲ့ ရောင်းချခံခဲ့ ရပါတယ်။
Wikileaks ပာာ သူ့  Server တွေကို Sweden မှာ ရှိတဲ့  Sweden မှာရှိတဲ့  Bahnhof Internet Service Provider မှာ 2010 မှာ ကစပြီး Hosting လုပ်ထားခဲ့ ပါတယ်။ အခုရောင်းထုတ်ခဲ့ တဲ့  Server ကိုလဲ Bahnhof က Ebay က နေ တဆင့်  ရောင်းချခဲ့ တာ ဖြစ်ပါတယ်။
Bahnhof ရဲ့ CEO က Server ထဲမှာ ရှိတဲ့ Data တွေကို Maximum security 35 pass sanitize နည်းနဲ့  ဖျက်ထားပါတယ်လို့ ပြောပါတယ်။ အဲဒီနည်း ပာာ Hardware သို့ မပာုတ် Software ကိုသုံးပြီးData တွေကို ပြန်ပြီး Recover ပြန်လုပ်လို့ ရမှာ မပာုတ်ပါဘူး ပြောပါတယ်။ ဘယ်သူက ၀ယ်တယ်ဆိုတာတော့  ပြောမသွားခဲ့ပါဘူး။
ကျွန်တော်တို့ ပာာ ၀ယ်သူ ကို ဒီ Server ပာာ Wkieaks ရဲ့ Server အစစ်ဖြစ်ကြောင်းကိုလဲ Wkilieaks ရဲ့ Founder ဖြစ်တဲ့ Julian Assange ရဲ့  ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ လတ်မှတ်ကိုလဲ ပြနိုင်ပါတယ်။ ရောင်းလို့ ရတဲ့ ပိုက်ဆံထဲက တ၀က်ကို အွန်လိုင်း Privacy အရေးလှုပ်ရှားမှုအဖွဲ့ အစည်းဖြစ်တဲ့ 5th of July Foundation နဲ့ RSF အဖွဲ့  တစ်တို့ ကို တ၀က်စီ လှူ သွားမယ်လို့ ပြောပါတယ်။ RSF ဆိုတာ Reporters without boders ဆိုတဲ့ အဖွဲ့ ပါ။ မြန်မာလို ပြန်ရင်တော့ နယ်နိမိတ် မရှိ နိုင်ငံဖြတ်ကျော်သတင်းအဖွဲ့ ပါ။ သူတို့ တွေ ပာာ အင်တာနက် လွတ်လပ်မှုနဲ့ လှုပ်ရှားတဲ့ အဖွဲ့ တွေပါ။
ဒီရောင်းချမှုနဲ့ ပတ်သတ်ပြီး Bahnhof ပာာ Wikileaks ရဲ့ ခွင့် ပြုချက် မတောင်းခဲ့ပါဘူး လို့ Wikileaks က Twitter မှာ ပြောထားပါတယ်။ Bahnhof က Wikileaks ရဲ့ အဓိကဖြစ်တဲ့ Web Server ကို ရောင်းလိုက်တာလို့ ပြောကြားထားပေမဲ့  Wkileaks ပာာ မပာုတ်ပါဘူးလို့ ငြင်းထားပြီးတော့  Bahnhof လိုပဲSweden ISP တစ်ခုဖြစ်တဲ့ PRQ နဲ့ တစ်ခြားနိုင်ငံကISP တွေကိုလဲ သုံးတယ်လို့ ပြောထားပါတယ်။ Bahnhof ကို Wikileaks ရဲ့ Cablegate အနေနဲ့ သုံးခဲ့ တာမပာုတ်ပါဘူး။ အီရတ်စစ်ပွဲရဲ့  အကြောင်းအရာတွေကို သိမ်းဖို့  သက်သက်ပါ။ ကျွန်တော်တို့ ပာာ RSF လို အဖွဲ့ အစည်းကို ကူညီပါတယ်။ သို့ ပေမဲ့ Bahnhof လို သူ့ ဈေးကွက်မှာ နာမည်ရဖို့ ဒီလို လုပ်တာကိုတော့ ကျွန်တော်တို့ မကြိုက်ပါဘူး လို့ Wikileaks က ပြောကြားသွားပါတယ်။
အော်...ဒါနဲ့ အဲဒီစစ်သတင်းတွေကို Wikileaks ကိုပေးတဲ့  အမေရိကန် စစ်သည်တော် Chelsea Manning ပာာ အရင်လကပဲ ထောင်ဒဏ် ၃၅ ချခံလိုက်ရပါတယ်။
Ref : RT News
Pls support us by giving a LIKE or SHARE if you like our posts. Thanks.
- U C Thu
Credit Link: https://www.facebook.com/photo.php?fbid=427447307375203&set=a.416028538517080.1073741826.414611495325451&type=1&relevant_count=1
MKRdezign
Author Name
Contact Form
Name
Email *
Message *
Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget