မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍သတင်းစာရှင်းလင်း ပွဲပြုလုပ်....

(4.5.2013, Saturday)
မန္တလေးမြို့(၃၅)လမ်းနှင့်(၇၃)x(၇၄)လမ်းကြားတွင် မေ(၂၀၁၃)ခုနှစ်၊မေလ
(၂)ရက်နေ့ညနေပိုင်းတွင် ဆူပူအော်ဟစ်ခဲ့သောလူနှစ်ဦးကြောင့်မိဘ
ပြည်သူများစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီးလမ်းသွားလမ်းလာများအထိတ
တလန့်ဖြစ်စေခဲ့မှုဖြင့် ဆူပူအော်ဟစ်ခဲ့သူများအားရဲတပ်ဖွဲ့ကရပ်မိရပ်ဖများ၏
ပူးပေါင်းကူညီဆောင်ရွက်မှုနှင့် သိုးခြံလေးဗလီရှေ့တွင် အော်ဟစ်ခဲ့သူ
မြင့်ဦးနှင့်ခင်မောင်လွင်တို့နှစ်ဦးကိုရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့
ပါကြောင်း၊သို့သော် မြင့်ဦးအသက်(၅၆)နှစ်၊ကြံရည်ရောင်းသူအားဖမ်းဆီးမိ
ခဲ့သော်လည်းခင်မောင်လွင်အသက်(၆၁)နှစ်၊နဝရတ်စာစီစာရိုက်လုပ်ငန်းလုပ်
ကိုင်သူကိုရှာဖွေစုံစမ်းလျှက်ရှိကြောင်းသိရသည်။၎င်းတို့နှစ်ဦးကိုအမှတ်(၉)
ရဲစခန်းမှ ပုဒ်မ(၅၀၅)(ခ)ဖြင့် မှုဖွင့်အရေးယူထားကြောင်းသိပြီးလူ(၃)ဦးက
ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးနိုင်ငံတော်သီချင်းကိုသီဆိုကာလူစုလူဝေးဖြစ်
လာအောင်လှုံ့ဆော်ကြသည့်အတွက်ရဲတပ်ဖွဲ့မှ အောင်မျိုးကျော်(ခ)
မျောက်ကြီး၊ဖြိုးကိုကိုနှင့်ရဲဝင်းအောင်တို့ကိုဖမ်းဆီးပြီးအမှတ်(၈)ရဲစခန်း
ကပုဒ်မ(၅၀၅)(ခ)နှင့် မြို့နယ်အုပ် ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီးတရား
စွဲဆိုအရေးယူထားကြောင်းသိရသည်။ထိုကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာ
များ၏မေးမြန်းမှုကိုမန္တလေးတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူးရုံးရဲမှူးဦးစိုးငြိမ်း
က(၂၀၁၃)ခုနှစ်၊မေလ(၃)ရက်နေ့မွန်းလွဲ(၂)နာရီတွင် လက်ခံတွေ့ဆုံပြီး
ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

From- Skynet TV Browser
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget