Full Premium Now Free မှ အားလုံး သိရှိရန် ပန်ကြားခြင်း


ကျွန်တော် အစကတော့ ဒါကို မတင်တော့ဘူးလုပ်ထားတာပါ--
ဒါပေမဲ့ ကျွန်တော့် စေတနာကို အတုလား အစစ်လား ခွဲခြားတာ မခံနိုင်သလို ၊ စေတနာ စော်ကားတာလဲ မခံနိုင်ပါဘူး

Sharing Site ထောင်တဲ့ သူတွေတော်တော်များများဟာ စေတနာ ကိုယ်စီနဲ့ လုပ်ကြတာပါ---
ဘယ်သူက မှ ဘယ်လို ဖြုတ်ခုတ်မယ် ဘာဖြစ်အောင်လုပ်မယ် လာဘ်ရှာမယ် နာမည်ကြီးအောင်လုပ်မယ် ငွေ ရှာမယ် ဆိုပြီး လုပ်နေတာ မဟုတ်ပါဘူး


တချို့တော့ ရှိကောင်း ရှိနိုင်ပေမဲ့ စေတနာကို အတုလား အစစ်လား ခွဲခြားသိစေချင်တယ်--

ရေးထားတာကို ခြုံဖတ်လိုက်တာနဲ့ေ၇းတဲ့သူက ဘာကို ဆိုလိုတယ် ဘယ်လိုပြောချင်တယ် ဘာကို ရည်ရွယ်တယ်ဆိုတာ သဘောပေါက်တတ်ရပါမယ်ေ၇းတဲ့သူကလဲ နားလည်လွယ်အောင်ရေးတတ်ရပါတယ်--
အထူးအဖြင့်တော့ Media သမားတွေပေါ့ မဟုတ်ရင် စေတနာ ပါသော်ငြားလဲ အဆဲခံရပါတယ် အကောခံ၇ပါမယ် ပညာသားပါပါရေးတတ်ရပါမယ်--
မဟုတ်ရင် Eleven Media Group ရေးခဲ့မိသ လို ဆူပူအကြမ်းဖက်မှုကို အားပေးသော သမ္မတကြီး ဦး သိန်းစိန် ဖြစ်လာပါလိမ့မယ်<< သဘောပြောပြတာပါ--

EMG ကတော့ စေတနာနဲ့ သိစေချင်လို့ရေးတာပဲ မပြောတတ်တော့ ကြွပါတယ်--
အဲ့လိုပဲ ကိုယ်လဲ ကိုယ်တွေ့ ပဲ အခုတော့ အပြောခံရပါတယ် --

ဘာလို့လဲ ဆိုတော့ ကျွန်တော့ Download link တွေကို Adf.ly ခံထားပါတယ်
အားလုံးက စေတနာနဲ့ လုပ်တာပါ--
"Adf.ly ခံတာများ စေတနာတဲ့ လား မသာရဲ့" ဆိုပြီး မေးစရာ ရှိပါတယ်--

ဖြေရှင်းချက်ကတော့ ဒီလိုပါ-- Adf.ly လင့်က ပြန်ပြီး Edit လုပ်လို့ရပါတယ် URL ကို မဟုတ်ပါဘူး Redirection ကို ပြန်ပြီး စိတ်ကြိုက်လုပ်လို့ရပါတယ်--
အဲ့ဒါကြောင့်မို့ပါ---
ဥပမာ-- Adf.ly ကလင့်တစ်ခုက Mediafire က ကောင်ကို သွားတယ်ဆိုပါစို့ ဒါပေမဲ့ Mediafire ကကောင်က Copyright နဲ့ငြိပြီး အဖျက်ခံရရင် လင့်က သေသွားပါမယ်-- အဲ့အချိန်ကျရင် လင့်က သေနေပြီး Bro လို့လာပြောရင် ကျွန်တော်က Dropbox ကပြန်တင်ပြီး စောစောက Adf.ly လင့်ကို Dropbox ကို ပြန်ပြီး Redirect လုပ်ပေးလိုက်ပါတယ်-- ဒီတော့ ဒေါင်းတဲ့ ဘက်က ခုနက လင့်နဲ့ပဲ အဆင်ပြေသွားပါတယ်--

ကျွန်တော်လုပ်တာကို Bro တစ်ယောက်က အောက်က ပုံမှာကို Comment လာရေးပါတယ် ဘာကို ရေးတာလဲ တော့ အစက နည်းမလည်ပါဘူး ကျေးဇူးတင်တယ် ဆိုလို့ သဘောကျနေတာပါ-- ဒါပေမဲ့ ဖတ်ရင်းရင်နဲ့ ဘယ်လို မှ သဘောမကျလို့ ဖြေရှင်းချက်ပေးရတာပါ--
သူ စာရေးရင်မှားတာလဲ ဖြစ်မှာပါ ---

သူက Adf.ly ကနေ ပိုက်ဆံရှာနေတာကိုများ စေတနာလေးဘာလေး ပြောနေသေးတယ် ဆိုပြီး တွေးနေတယ်လို့ ကျွန်တော်ထင်မိတဲ့ အခုလိုပြန်ဖြေရှင်းပေး ရတာပါ--
စေတနာ အစစ်ကို တန်ဖိုးလျော့အောင် ရေလာရောတာ မကြိုက်သလို၊ အစစ်ကို အတုလို့လဲ အထင်မခံနိုင်ပါဘူး--

စေတနာ အစစ်ကို အတုနဲ့လဲ ဘယ်လိုမှ နှိုင်းလို့မရပါဘူး-- အတုက အစစ်လောက် အပင်ပန်မခံနိုင်ပါဘူး

အစစ်ဟုတ်မဟုတ်၊ တကယ်လုပ် မလုပ်ဆိုတာ သူလျှောက်နေတဲ့ ခြေလှမ်း သွားနေတဲ့ ပုံစံကို ကြည့်ပြီး သိနိုင်ပါတယ်-- ဒါပေမဲ့ တစ်ခုထဲ ကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး
လုပ်နေတာ တစ်ခုချင်းစီကြည့်ပြီးတော့ပဲ ဆုံးဖြစ်မှရတာပါ-

ကျွန်တော့်လင့်တွေက ပိုက်ဆံရှာတာ မဟုတ်ပါဘူး ကတိမပျက်ချင်လို့ပါ---- အားလုံးကို အဆင်ပြေစေချင်လို့ပါ--

Adf.ly မသုံးပဲ နဲ့ ရိုးရိုးလင့် အတိုင်းရှယ်ရင် လင့်က သေသွားရင် ဘာမှ လုပ်လို့ မရတော့ပါဘူး

Adf.ly ခံထားတာက Redirection ကို ကြိုက်သလို ကိုယ့်ဖက်က ပြန်ပြောင်းနိုင်ပါတယ်--

ကျွန်တော် ပြောချင်တာက Adf.ly ကနေ Mediafire ကို လွှဲပါတယ်--
ဒါပေမဲ့ Mediafire က Copyright နဲ့ ညှိလို့ လင့်သေသွားရင်
Dropbox က ပြန်တင်ပြီး Adf.ly ကို Dropbox ကို redirect လုပ်ပေးလိုက်ပါတယ်--

ကျွန်တော်က အဲ့လို စိတ်ကူးတာ ပါ--

Adf.ly ကရတဲ့ ပိုက်ဆံက တစ်နှစ်နေလို့ မှ $20 မရပါဘူး

IP တစ်ခု ကလစ်မှ $ 0.000160 တို့ပဲ ရတာပါ-- နောက်ပြီး ဒီ IP က နောက်ထပ် တစ်ရက်ထဲ နောက်တစ်ခု ထပ်ဒေါင်းရင် မပေးတော့ပါဘူး

ကြည့်တော့ကျ 160 ကြီးတောင်ပဲ လို့ထင်ရပါတယ်
သေချာကြည့်ပါ 0. နောက်က 000 ပါပါသေးတယ်

အယောက် ၁သောင်း ဒေါင်းမှ 1$လေးရမယ့် ကိစ္စပါ
တောင်းစားရင်တောင် ၅ယောက်လောက်လှူရင် 1$ ပြည့်ပါတယ်--
ကျွန်တော့် Site မှ အယောက် ၁သောင်း မပြောနဲ့ ၁၀၀ တောင် ပြည့်အောင် မလာပါဘူး

ဒါပေမဲ့ ပြန်ပြီးလဲ Edit လုပ်လို့လဲရတော့ အဆင်ပြေတယ် ဆိုပြီး သုံးနေတာပါ goo.gl ကပြန်ပြီး Edit လုပ်လို့မရပါဘူး ဒါကြောင့်မသုံးတာပါ--

နောက်ပြီး ကျွန်တော်ရှယ်နေတာက တန်ဖိုးရှိတဲ့ ဟာကိုပဲ Share တာပါ ဗဟုသုတ တစ်မျိုးထဲ မဟုတ်ပါဘူး၊ ပိုက်ဆံပေးရတဲ့ ကောင်တွေကို အလကား ပြန်ချပေးရတာ ဖြစ်တာမို့
Copyright က တစ်နည်းမဟုတ် တစ်နည်းနဲ့ ငြိနေပါတယ်--
ဒါပေမဲ့ မတတ်နိုင်ပါဘူး မ၀ယ်နိုင်တဲ့ သူတွေအတွက် ဒါက တော့ တန်ဖိုးရှိပါတယ်--

ဒါကြောင့် Adf.ly က ကုသိုလ်လဲရ ၀မ်းလဲဝ တဲ့သဘောမှာရှိပါတယ်--

ပြီးတော့ ကျွန်တော်တင်ပေး သမျှ လင့်တွေ အားလုံး မှာ ကိုယ့်ဖာသာ ထွင်ပြီး ပေးထားတဲ့ 1 touch auto download link တွေ များပါတယ်
သူက Temporary သာရနိုင်ပေမဲ့ အသင့်ခူးပြီးသား ခပ်ပြီးသားလိုချင်တဲ့ သူတွေ အတွက် တော်တော် အဆင်ပြေပါတယ်
အဲ့ဒါက
တော်တော့်ကို စေတနာ ထားပြီး ထွင်ပြီး လုပ်ပေးထားတာပါ-- ကြိုက်တဲ့ ဆိုဒ်သွားကြည့်ပါ-- အဲ့လိုမျိုး ရှိလားဆိုတာ သွားကြည့်လို့ရပါတယ်--
တွေ့ရင် ကျွန်တော့်ကို Copy ဆိုပြီး ပြောနိုင်ပါတယ်--

အခုနောက်ပိုင်းမှ မတင်တော့တာက Dropbox ကို နေ 1 touch auto link ကို FB မှာ တင်မရလို့ပါ-- Mediafire ကိုသုံးတုန်းက ရပေမဲ့
Dropbox ကို 1 touch link လုပ်လိုက်ရင် တင်မရတော့ပါဘူး ဒါကြောင့် Site ပေါ်မှာပဲ 1 touch link တင်ပေးရခြင်းပါ--

FB ပေါ်တင်တိုင်း Adf.ly ခံရတာက ကြိုပြောထားသလိုပဲ လင့်က FB ပေါ်ရောက်သွားတဲ့ Link ကို ပြန်ပြင်လို့ မကောင်းတော့ဘူး အကယ်လို့သေသွားရင် ကိုယ်ပဲ အဆဲခံရမှာ ဒါကြောင့် မကြိုက်သော်လည်း အောင့်စားမှ ဖြစ်မှာမို့ လုပ်ရခြင်းပါ--

ဒီလောက်ဆို ကျွန်တော် ပြောတာ သဘောပေါက်လောက်ပါပြီထင်ပါတယ်--

အကယ်လို့သာ ကျွန်တော် ပိုက်ဆံလိုချင် ရင်လဲ Online ပေါ်မှာ Developer လုပ် Application ရောင်းပြီး ရှာတာပဲ ဖြစ်ဖြစ်၊ တခြား Service နဲ့ပဲ ဖြစ်ဖြစ် သိက္ခာရှိရှိ ရှာ မှာပါ-- ဒါကြောင့် FPNF ရဲ့ စေတနာကို တော့ အပျက်မခံစေချင်ပါ--

ကျွန်တော့်ကို ရူးတယ်ပဲ ပြောပြော ကျွန်တော် ဒီ Website အတွက် အခုသုံးနေတာ ဒီအတွက် သုံးနေတာ $100 ကျော်ပြီ $150 ပြည့်တော့မှာပါ တစ်လပြည့်လို့ နှစ်လထဲမှာပဲ ရှိပါသေးတယ်

ပိုက်ဆံတွေကလည်း ကိုယ့်ဖာသာ ပိုတဲ့ မုန့်ဖိုးကို စုပြီး တော့ လုပ်ထားတာပါ--
တစ်လ မှ ၂ သောင်းကျော်လောက် ပိုတာကို စုပြီး လုပ်ထားတာပါ--
၅လ ကျော်ကျော် စုပြီးမှ ဒီ ဆိုဒ်ကို စထောင်လို့ရတာပါ--
စထောင်တုန်းက Mediafire Pro နဲ့ ထောင်ပေးတာပါ--

ဒါပေမဲ့ ကျွန်တော်က နားမလည်တော့ စေတနာနဲ့ ပိုက်ဆံနဲ့ ၀ယ်ရတာတွေကို ဒီတိုင်းတင်ပေးတော့ Copyright တွေနဲ့ ငြိပြီး
အကောင့် အဖျက်ခံရပါတယ်--
$ 50 က တစ်လတောင် မခံပဲ သဲထဲ ရေသွန် ဖြစ်သွားလို့ စိတ်ညစ်နေတာပါ--

ဒါပေမဲ့ ကျွန်တော် စိတ်ဝင်စားတာ Pro အကောင့်များ လာချပေးရင် ကောင်းမှာပဲ အတွေးနဲ့ Donate Buttom ထည့်ထားတာပါ--
ကျွန်တော်က အချိန်ပြည့် ပိုက်ဆံ တတ် နိုင်မယ် မဟုတ်ပါ--
အဲ့ အချိန်ကျရင် Dropbox ကလဲ ကြွသွားမှာကြောက်လို့
ဒါကြောင့် ကယ်တင်ရှယ် ရှိကောင်းရဲ့ဆိုပြီး ထည့်ထားမိတာပါ
ဒါပေမဲ့ ဖြုတ်ထားလိုက်တာ ၂ ရက်ကျော်ပါပြီ။


လူတွေ အကြောင်း က တော့ သိတဲ့ အတိုင်းပါပဲ
လူဆိုတာ ရယူဖို့ပဲလေ ပေးဆပ်မဲ့သူက ရှားပါတယ်--
ရယူတာတောင်မှ လက်တို့ပေး ပါးစပ်ထဲ ခွံ့ပြီးတော့မှ အကျွေး ခံချင်ကြပါသေးတယ်

ကျွန်တော် ဘယ်သူ့ကို မှ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး
ကျွန်တော့် စေတနာ သန့်သန့် နဲ့ လုပ်ထားတယ် ဆိုတာကို ပဲ ပြောတာပါ--

ဒါပေမဲ့ Ad တွေ ကို လက်ခံပြီး Pro အကောင့် တစ်နှစ်နေလို့ တစ်လ စာပဲ ထွက်ထွက် ဆိုပြီး ကြေညာထည့်ဖို့ လျှောက်သော်လည်း မည်သူမျှ စိတ်မ၀င်စားလို့ ဒီတိုင်းထားတာ ကြာပါပြီ--
နောက်ပြီး ကျွန်တော် တခြားမြန်မာ ဆိုဒ်တွေကို သွားလည်ရင် လည်း
ထောင်တဲ့သူ အဆင်ပြေပါစေဦးတော့ဆိုပြီး Ads လေးတွေကို နှိပ်ပေးတတ်ပါတယ် :)

ဆက်ပြီး ကျွန်တော် တတ်နိုင်သလောက် လုပ်သွားမှာပါ--
မတတ်နိုင်ရင်တော့ ကိုယ်မှ မတတ်နိုင်တာပဲ လက်လျော့ ရတော့မှာပေါ့ဗျာ--
ဒါပေမဲ့ သင်ခန်းစာ ကောင်းလေးတွေတော့ ကျန်နေခဲ့မှာပါ--

:)

FPNF မှာ ကျွန်တော် သိတာတွေထဲက ကောင်းတာကို ကို ပြန်ရှယ်ပါတယ်
တန်ဖိုးရှိတာကို ရှယ်ပါတယ်-- ကောင်းမယ်ထင်တဲ့ ဗဟုသုတ မှန်သမျှ ရှယ်ပါတယ်
ဘယ်သူ့ဆီကမှ Clone မထုတ်ပါဘူး
သူများဆီက ယူရင် Credit ပါမှ လုပ်ပါတယ် ခွင့်ပြုချက်ပါမှ လုပ်ပါတယ်-- ဒါကို တော့ သိစေချင်ပါတယ်--
တစ်ခါတစ်လေ Member တွေ ပျင်းမှာစိုးလို့ Funny Pic လေးတွေ ပြန်ရှယ်ပေးပါတယ်--

အားလုံးကို စေတနာ ရှေ့ထားပြီးတော့ပဲလုပ်ပါတယ်--
ပြီးတော့ ကိုယ်စေတနာ ဘယ်လောက်ရှိကြောင်းလဲ လူသိအောင်ပြောပါတယ်-- ထုံအအ လူ မဟုတ်ပါဘူး
ကိုမှားရင် ၀န်ခံတယ် တောင်းပန်တယ်-- ပြင်တယ်--
ကိုယ်လုပ်သလောက် ခရီးပေါက်အောင် လုပ်ပါတယ်--
ကိုလုပ်တာကို လုပ်ကြောင်းသိအောင်တော့ပြောပါတယ်--
ဒါပေမဲ့ ယားပြီး ငါကွ ငါကွ ကောင်တော့ မဟုတ်ပါ---

ကိုယ်ဝါသနာပါတာ လုပ်ရလို့လဲ ပျော်ပါတယ်----
ဆက်ပြီးတော့ အားသမျှ ဒီထဲသာ စိတ်နှစ်သွားမည်ဟု ပြောကြားရင်း

:)

Steel Jelly
Chief Editor Of Full Premium Now Free
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget