ပြည်တွင်း၌ မိုဘိုင်း အင်တာနက်သုံးသူ ခြောက်လအတွင်း နှစ်ဆ တိုးလာ

texting

ပြည်တွင်း၌ မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် SMS နှင့် အင်တာနက် လျှောက်ထားနိုင် သည့် နောက်ပိုင်း ၆ လအတွင်း အရေအတွက် ၂ ဆ တိုးတက်လာသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

ယခင်က မိုဘိုင်းအင်တာနက် စနစ်အသုံးပြုသူအရေအတွက် ၁ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုအခါ၌ မိုဘိုင်းအင်တာနက်စနစ် အသုံးပြုသူအရေအတွက်သည် ၁ သန်း ၉ သိန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် GSM, WCDMA နှင့် CDMA ဖုန်းလိုင်းများ အပါအ၀င် လိုင်းအရေအတွက် ၇ သန်းကျော်ရှိပြီး GSM မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၆ သန်း ၈ သိန်းခန့်ရှိသည်ဟု သိရသည်။ ထို့အပြင် WCDMA မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် ၅ သိန်း ကျော်ရှိပြီး ကျန်ရှိသောဖုန်းလိုင်းများမှာ CDMA ဖုန်းလိုင်းများဖြစ်သည်ဟု သိရသည်။

“အရင်တုန်းက အင်တာနက်လိုင်းလျှောက်တာကို ပိတ်တာတို့ ပွင့်တာတို့လုပ်ခဲ့သေးတယ်။ အခု SMS နဲ့ အင်တာနက်စနစ်ကို ခွင့်ပြုလိုက်တော့ အရေအတွက် အရမ်းကိုများတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအင်တာနက်စနစ် အသုံးပြုခြင်း မြင့်တက်လာသည့်အလျောက် မိုဘိုင်းဖုန်းအင်တာနက်စနစ်၏ အမြန်နှုန်းများလည်း ကျဆင်းလာကြောင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် အသုံးပြုသူများက ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အသုံးပြုမှု များပြားလာခြင်းကြောင့် အမြန်နှုန်း ကျဆင်းလာသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ် ပြန်လည်ကောင်းမွန်ရန် စက်ပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် ယခင်က ဆက်သွယ်ရေးရုံးသို့ သွားရောက်လျှောက်ထားရသော်လည်း ယခုအခါ မိုဘိုင်းဖုန်း ဘီလ်အတွင်း ငွေကျပ် ၁ သောင်း ဖြည့်သွင်း၍ SMS နှင့် ပေးပို့ လျှောက်ထားနိုင်ခဲ့သည်။ မိုဘိုင်းဖုန်း အင်တာနက်စနစ်သည် အခြားသော အင်တာနက်လိုင်းများ ကောင်းမွန်မှုနည်းပါးသည့် နယ်ဒေသများအနေဖြင့် ပိုမိုအားကိုး၍ အသုံးပြုနေရကြောင်း သိရသည်။
 
 မြင့်ကျော်လှိုင်
Internet Journal
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget