Finnish company ဟာ အကြီးကျယ်ဆုံး Nokia Event 2013 မှာ အဆင့်အမြင့်ဆုံး Device တွေကို ပြသဖို့ရှိတယ်လို့ ကြေငြာချက် အရ သိရပါတယ်။ ဒီ 2013 နှစ်ကုန်မှာပဲ ပြုလုပ်လိမ့်မည်ဟုလဲ အတိအလင်း ကြေငြာထားပါတယ်။
Nokia အနေနဲ့ ကုမ္ပဏီရဲ့ ပစ္စည်းထုတ်လုပ်မှု အပိုင်းနဲ့ Service အပိုင်းကို ပိုမို Microsoft ကို ရောင်းချခဲ့ ပြီးပြီဆိုပေမဲ့ သူရဲ့ ရည်မှန်းချက်ကို မဖျောက်ဖျက်ပဲ ပြပွဲတွေကို အကြီး အကျယ်လုပ်ပြီး ရှေ့ဆက် လျှောက်လှမ်းလာတာကို တွေ့မြင်ရမှာပါ။
Nokia World ပြပွဲအတွက်လည်း တက်ေ၇ာက်မည့်သူအားလုံးကို Abu Dhabi မြို့ ကိုဖတ်ကြားပြီးပြီလို့သိရပါတယ်။ Nokia World ပြပွဲ 2013 ဟာဆိုရင် 1 ရက်ကြာမြင့်မှာဖြစ်ပြီး October လ 22 ရက်နေမှာကျင်းပြမှာဖြစ်ပါတယ်။
Company အနေနဲ့ ကတော့ ဖိတ်ခေါ်သူတွေကို ဘာအကြောင်းမိတ်ဆက်မယ်လို့ အနေစိတ် ပြောကြားထားခြင်း မရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ ပြောကြတာကတော့ Nokia အနေနဲ့ အနည်းဆုံး Device နှစ်ခုဖြစ်တဲ့ Lumia 1520 ဖက်ဘလက်နဲ့ Lumia 2520 တက်ဘလက်ကို မိတ်ဆက်မှာဖြစ်ပြီး Windows 8.1 နဲ့ လာလိမ့်မယ်လို့ သိရပါတယ်။
ကဲဗျာ ကျွန်တော်တို့ အားလုံး အဲ့ဒီနေ့ရက် ကို တစ်ချက်လောက်စောင့် ကြည့်ရအောင်ဗျာ..
Source : Softpedia News
Credit : http://www.techmilo.tk/2013/09/october-22-abu-dhabi-nokia-world-2013.html
Writer : Steel Jelly [Miloboy Inc.]