Foreign News >> ဆီးရီးယား နိုင်ငံသို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များ ရောင်းချပေး မှုအား ရပ်တန့်ရေး အနောက် အုပ်စုက ရုရှားနိုင်ငံ အပေါ် ဖိအားပေး ပြောကြားလျက်ရှိ


ဆီးရီးယား နိုင်ငံသို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များ ရောင်းချပေး မှုအား ရပ်တန့်ရေး အနောက် အုပ်စုက ရုရှားနိုင်ငံ အပေါ် ဖိအားပေး ပြောကြားလျက်ရှိ

ဆီးရီးယား နိုင်ငံသို့ ခေတ်မီ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များ ရောင်းချ ပေးမှုအား ရပ်တန့်ရေး အနောက် အုပ်စုက ရုရှားနိုင်ငံ အပေါ် ဖိအားပေး ပြောကြားလျက် ရှိသော်လည်း ရုရှား နိုင်ငံသည် အဆိုပါ ဒုံးပျံစနစ် များအား ဆီးရီးယား နိုင်ငံသို့ ရောင်းချ ပေးသွားရန် စီစဉ်နေကြောင်း မကြာသေးမီ ရက်များ အတွင်း၌ အစ္စရေး နိုင်ငံက အမေရိကန် နိုင်ငံသို့ သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန် တာဝန် ရှိသူများ အနေဖြင့်မူ အစ္စရေး နိုင်ငံ၏ သတိပေး ပြောကြားမှု သတင်းအပေါ် ဆန်းစစ် သုံးသပ်လျက် ရှိပြီး ရုရှားနိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံစနစ် များအား ဆီးရီးယား နိုင်ငံသို့ ရောင်းချနိုင်ခြေ ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်၍ ပြောကြားဖွယ် မရှိကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် ရုရှားနိုင်ငံမှ လေယာဉ်နှင့် ပဲ့ထိန်း ဒုံးပျံများကို ကြားဖြတ် တိုက်ခိုက် နိုင်စွမ်းရှိသော ခေတ်မှီ-၃ဝဝ ဒုံးပျံများ ဝယ်ယူရန် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ ဒုံးခွင်းဒုံး များကို ရောင်းချခြင်းသည်

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်၌ နိုင်ငံတကာ၏ ကြားဝင် ဆောင်ရွက် နေမှုကို ပိုမိုရှုပ်ထွေး စေနိုင်သည့် အတွက်ကြောင့် ဒုံးပျံများ ရောင်း ချခြင်း မပြုရန် အနောက် အုပ်စု နိုင်ငံများက ရုရှားနိုင်ငံကို ထပ်တလဲလဲ တိုက်တွန်း ပြောကြားလျက် ရှိသည်။
အစ္စရေး နိုင်ငံက အမေရိကန် နိုင်ငံထံသို့ ပေးပို့ခဲ့သည့် သတင်း အချက်အလက်များ အရ ဆီးရီးယား နိုင်ငံသည် ရုရှား နိုင်ငံနှင့် အမေရိကန် ဒေါ်လာသန်း ၉ဝဝ တန်ဖိုးရှိ ဒုံးခွင်းဒုံး တပ်ခွဲ ၄ ခွဲစာ ဝယ်ယူရေး ဆိုင်ရာ သဘော တူညီချက် တစ်ရပ်ကို ၂ဝ၁ဝ ပြည့်နှစ်က လက်မှတ် ရေးထိုးခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြခဲ့သည်ဟု သိရသည်။

မြ၀တီ

Site Link >> 
http://www.fullpremiumnowfree.com/2013/05/foreign-news.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget