News >> ကျောင်းသားကိုယ်တိုင်ပါသော ဝန်ဆောင်မှုဌာနများ တက္ကသိုလ်တိုင်းတွင်ဖွဲ့မည်

ကျောင်းသားကိုယ်တိုင်ပါသော ဝန်ဆောင်မှုဌာနများ တက္ကသိုလ်တိုင်းတွင်ဖွဲ့မည်
တက္ကသိုလ်အသီးသီးရှိ ကျောင်းသားရေးရာဌာန လက်အောက်တွင် ကျောင်းသားများကိုယ်တိုင် ပါဝင် သော ဝန်ဆောင်မှုဌာနများ (Student Service Centre) ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပါမောက္ခချုပ်များထံမှ သိရသည်။

ယင်းသို့ အကောင်အထည်ဖော်မည့် အစီအစဉ်ကို တက္ကသိုလ်များ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မေလ ၄ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ဝန်ဆောင်မှုဌာန ဖွဲ့စည်းမှုစနစ်တွင် ပညာရေးဝန်ထမ်းများ၊ မိမိဆန္ဒအလျောက် စိတ်ပါ ဝင်စားသော ကျောင်းသား ကျောင်းသူများနှင့် လိုအပ်လျှင်မြို့နယ်ပညာရေးမှူးများပါ ထည့်သွင်းထား မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။

ယင်းဌာနတွင် ကျောင်းသားကျောင်းသူတိုင်း လိုအပ်သော သတင်းအချက်အလက်ကို အလွယ်တကူ ဝင်ရောက်ဆက်သွယ်စုံစမ်းနိုင်ပြီး ပါမောက္ခချုပ်များကိုယ်တိုင် တိုက်ရိုက်ကြီးကြပ် အုပ်ချုပ်မည်ဖြစ် ကြောင်း ပညာရေးဝန်ထမ်းများထံက သိရသည်။

"တက္ကသိုလ်တွေမှာ ကျောင်းသားရေးရာတွေမှာ ဌာနဝန်ထမ်းနဲ့ကျောင်းသားတွေ မတည့်တာများ တယ်။ အခုကိစ္စဖြေရှင်းပေးမယ်ဆိုတော့ တက္ကသိုလ်မှာ နေပျော်သွားတာပေါ့" ဟု ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ရရှိခဲ့သော မန္တလေးမြို့ခံ တက္ကသိုလ်ဆရာတစ်ဦးက The Voice သို့ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများလက်အောက်၌ တက္ကသိုလ်ပေါင်း ၁၆၈ ခုရှိပြီး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက် အောက်ရှိ တက္ကသိုလ်များ၌ ကျောင်းသား၊ ကျောင်းသူ ၂၆၃၂၅ ဦးနှင့် ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ၅၁၀၈၉၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရ သိရသည်။

From Myawady News

Site Link >>
http://www.fullpremiumnowfree.com/2013/05/studentnews.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget