International News >> ဆော်ဒီ အာရေးဗီးယားမှ လက်နက် ၃၅ တန် ဆီးရီးယား အတိုက်အခံများ ရရှိ

ဆော်ဒီ အာရေးဗီးယားမှ လက်နက် ၃၅ တန် ဆီးရီးယား အတိုက်အခံများ ရရှိ

ဒမတ်စကပ် မေ ၂၄
ဆော်ဒီအာရေးဗီးယား နိုင်ငံမှ လက်နက်မျိုးစုံ ၃၅ တန် တင်ဆောင်လာသည့် သင်္ဘော တစ်စင်းအား ဆီးရီးယား အတိုက်အခံများက လက်ခံ ရရှိခဲ့ကြောင်းနှင့် ထိုကဲ့သို့ ရရှိခဲ့မှုကြောင့် ဆီးရီးယား စစ်တပ်အား
တွန်းလှန် တိုက်ခိုက်ရာတွင် အကူအညီများ ရရှိစေမည် ဖြစ်ကြောင်း လွတ်လပ်သော ဆီးရီးယား တပ်မတော်မှ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် စလင်းအိုင်းဒရစ်က ပြောကြားခဲ့သည်။ သို့သော် အဆိုပါ လက်နက်များသည် ဆီးရီးယား စစ်တပ်အား တိုက်ခိုက်ရန် အတွက် လုံလောက်မှု မရှိသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ လက်နက်များသည် အယ်ကူဆာမြို့ရှိ စွမ်းအားမြင့် တင့်ကားများ နှင့် လေယာဉ်များအား ဖျက်ဆီးနိုင်စွမ်း မရှိကြောင်းသိရသည်။
ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင်များ အနေဖြင့် မြေပြင်တွင် အင်အား နည်းနေပြီ ဖြစ်သော်လည်း ယခု အချိန်တွင် ဆီးရီးယား အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက်  လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ ထို့အပြင် အိုင်းဒရစ် အနေဖြင့် လာမည့်လမှ စ၍ လက်နက်တန်ချိန် ၇ဝဝ အား ပို့ဆောင်ပေးရန် အမေရိကန် အစိုးရကို ပြောကြားထားကြောင်း သိရ သည်။

မြ၀တီ
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget