ဟင်းသီးဟင်းရွက်များနှင့် သစ် သီးများကို ပိုမို စားသုံးပေးခြင်းသည် အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာ (bladder cancer)ဖြစ်ပွားမှုကိုလျော့ ကျစေသည်ဟု သုတေသနတစ်ရပ် တွင် ဖော်ပြထားသည်။ ယခုလေ့လာ မှုကို ၁၉၉၃ခုနှစ်မှစတင်ခဲ့ပြီးနေ့စဉ်စားသုံးသော အစားအစာဘဝနေ ထိုင်မှုပုံစံနှင့် ကင်ဆာဖြစ်ပွားမှုများ ကို လေ့လာဆန်းစစ်နိုင်ခဲ့ခြင်းဖြစ် သည်။
သုတေသနအဖွဲ့သည် အရွယ် ရောက်ပြီးသူ ၁၈၅၈၈၅ ဦးထံမှရရှိ သော အချက်အလက်များကို သုံး သပ်ခဲ့ရာတွင် ပါဝင်သူများအနက် ၅၈၁ဦးသည် ဆီးအိမ်ကင်ဆာဖြစ်ပွား နေကြောင်းတွေ့ရှိခဲ့သည်။ ကင်ဆာ ဖြစ်ပွားသူများနှင့် ဖြစ်ပွားမှုမရှိသူများ ကို ခွဲခြားလေ့လာခဲ့ရာ ဟင်းသီးဟင်း ရွက်များနှင့် သစ်သီးများကို စားသုံး ပေးသူများတွင် ဆီးကျိတ်ကင်ဆာဖြစ် ပွားမှုနှုန်း အနည်းဆုံးဖြစ်ကြောင်း သိရှိရသည်။
အဝါရောင်ရှိသော ဟင်းသီး ဟင်းရွက်များကို စားသုံးပေးသူ အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၅၂%လျော့ကျကြောင်း ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ တွေ့ ရှိမှုသည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော ဗီတာမင်အေ၊ စီနှင့် အီး တို့က အမျိုးသမီးများတွင် ဆီးအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် အမျိုးသားများတွင် အဆိုပါ အာနိသင်ကို မတွေ့ရှိခဲ့ရကြောင်း ယခုလေ့လာမှုတွင် ဖော်ပြထား သည်။
ယခုတွေ့ရှိမှုကို Journal of Nutrition တွင်ဖော်ပြထားခြင်းဖြစ် သည်။
For More >> http://goo.gl/qlPZd0
သန့်စင်
ref: ANI
Health Updates Journal
Vol.2, No.36