Health >> အမျိုးသမီးများ မီးဖွားခြင်းကို အထောက်အကူပြုမယ့် ယောဂ

 


မီးဖွားခြင်းနောက်ပိုင်း ကိုယ် အလေးချိန်တက်ခြင်းဟာ အမျိုးသမီး များအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါပေမယ့်အဖြေရှိနေပါတယ်။ ယောဂ ကျင့်စဉ်ပါပဲ။ ဒီလေ့လာမှုမှာ ကိုယ် အလေးချိန်အတွက် နည်းလမ်းကောင်း ဖြစ်တဲ့ ယောဂကျင့်စဉ်တွေကို တင်ပြ သွားပါမယ်။
လင်းယုန်ငှက်ပုံစံ - ဒီလေ့ကျင့်ခန်းမှာ တော့ ပခုံးနဲ့နောက်ကျောအထက်ပိုင်း က တင်းအားတွေကို လျော့ကျစေပါ တယ်။မျိုးပွားအင်္ဂါရပ်တွေကို သန့်စင် တဲ့အောက်ဆီဂျင်ပါတဲ့ သွေးတွေကို ပို့ဆောင်ပေးပြီး ခြေထောက်၊ ခြေဖ နောင့်နဲ့ နောက်ကျောတွေကို သန်မာ စေပါတယ်။
လိပ်ပုံစံ - ဒီပုံစံကတော့ ပြန်လည်နုပျို စေပြီး စိတ်ကို မနူထေ ဖြစ်စေတဲ့ ပုံစံ ဖြစ်ပါတယ်။ အိပ်ရေးပျက်ပြီး စိတ် ကျနေတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ဦးခေါင်းပိုင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သိုင်းရွိုက်ရောဂါရှိနေသူတွေ ကျင့် ပေးသင့်ပါတယ်။ ပေါင်နဲ့တင်ပါးက ကြွက်သားတွေကို သန်မာစေတဲ့အ တွက် မီးဖွားရာတွင် ပိုမိုအခက်အခဲ နည်းပါးစေပါတယ်။
မြွေဟောက်ပုံစံ- နောက်ကျော အောက်ပိုင်းကို သန်မာစေပြီး ကိုယ် ခန္ဓာရဲ့ ဟန်ချက်ညီမှုကို တိုးတက်စေ ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ကို သွေးလှည့်ပတ်မှုကို တွန်းအားပေး နိုင်ပြီး ခါးပိုင်း၊ လက်မောင်းနဲ့ ခြေ ထောက်တွေ သန်မာစေပါတယ်။
ခါးပိုင်းဆိုင်ရာ ယောဂ - ဒီလေ့ကျင့် ခန်းမှာတော့ ခါးပိုင်းနဲ့ ဝမ်းဗိုက်ကြွက် သားတွေကို သန်မာစေပြီး တင်ပဆုံ ရိုးကွင်းကိုလည်း ပိုမိုစွမ်းအင်မြှင့်တင် ပေးပြီး ခိုင်မာစေပါတယ်။ နောက် ကျောတင်ပါးနဲ့လည်ပင်းက ဖိအား တွေကိုလည်း လျော့ပါးစေတဲ့အပြင် အစာခြေခြင်းကိုလည်းတိုးတက်စေ ပါတယ်။
Kapalabhati ယောဂ - အသက်ရှူ ရခြင်းကို ဦးစားပေးထားပြီး စိတ်ကို ပြန်လည်လန်းဆန်းစေပါတယ်။ ဝမ်း တွင်းအင်္ဂါတွေကို အောက်ဆီဂျင် ပိုရစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ အာရုံကြော စနစ်အတွက်လည်း အထူးသင့်တော် ပါတယ်။
 For More >>



ငြိမ်းအေး
ref: IANS

Health Updates Journal

Vol.2, No.36
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget