လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများ ကို နေ့စဉ်ရင်ဆိုင်နေရခြင်းဟာ လူ လတ်ပိုင်းအရွယ် လုပ်သားများကို မရွယ်မတိုင်မီ သေဆုံးစေနိုင်တယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါ တယ်။
ယခင်က လုပ်ငန်းခွင် စိတ်ဖိစီး မှုများခြင်းဟာ သက်ကြီးရွယ်အိုများ ကိုသာ ထိခိုက်တယ်လို့ ယူဆခဲ့ကြပေ မယ့် ဖင်လန်နိုင်ငံ၊ Universityof Jyvaskyla မှ သုတေသီများဟာ ၂၈နှစ်ကြာ ပြည်သူ့ဝန်ထမ်းနဲ့ ပုဂ္ဂလိ ကဝန်ထမ်း ၆၀ဝ၀ကျော်ကို လေ့လာ မှုပြုခဲ့ပြီး အခုလိုဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သုတေသီခေါင်းဆောင် Dr. Mikaela von Bonsdorff် က လူလတ်ပိုင်း လုပ်သားတွေဟာ လုပ် ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ ခံစားရတဲ့ အတွက် အိုမင်းတဲ့အချိန် မရောက်မီ မှာပဲ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ပိုခံစားလာရပြီး နောက်ဆက်တွဲ ကိုယ်ခန္ဓာချို့ယွင်းမှုတွေကိုပါ ကြုံ တွေ့လာရတယ်လို့ ဆိုထားပါတယ်။သက်လတ်ပိုင်းအရွယ်တွေမှာ စိတ် ပိုင်း၊ ကိုယ်ပိုင်းထိခိုက်မှုဟာ ဆေးရုံ တက်ရောက်ကုသမှုများကို ကြုံတွေ့ ရပြီး အရွယ်မတိုင်မီ သေဆုံးမှု (premature mortality)ကို မြင့် တက်စေတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။
အခုလေ့လာမှုကို Journal of occupational health မှာဖော်ပြ ထားပါတယ်။
For More >> http://goo.gl/qlPZd0
သက်နှင်း
ref;ANI
Health Updates Journal
Vol.2, No.36