Sony Xperia Z1 အကြောင်း တစေ့တစောင်း



ပုံ (ဝဲမှယာ) - Sony Xperia Z, Sony Xperia Z1 & Sony Xperia Z Ultra


လျှို့ဝှက်အမည့် “Honami” လို့ ယခင်က ခေါ်ဝေါခဲ့သည့် Xperia Z1 စူပါစမတ်ဖုန်းအား Sony မှ IFA 2013 နည်းပညာပြပွဲ၌ ပြီးခဲ့သည့် သတင်းပတ်အတွင်းက ထုတ်ဖော်ပြသသွားခဲ့သည်။ Z1 အနေဖြင့် မူလ Xperia Z စမတ်ဖုန်းအား အစားထိုးသွားမည် ဖြစ်သည်။ စူပါစမတ်ဖုန်း စာရင်းဝင် Z1 ၏ ထူးခြားချက်များမှာ ယင်း၏ မျက်နှာပြင်နှင့် ကင်မရာတို့ပင် ဖြစ်သည်။

Xperia Z1 အနေဖြင့် ဈေးကွက်တွင်းရှိ အကောင်းဆုံး ကင်မရာအထူးပြု စမတ်ဖုန်းပြိုင်ပွဲ၌ Nokia Lumia 1020 (41 MP) နှင့် Samsung Galaxy S4 Zoom (16 MP) တို့အား ထိပ်တိုက်ယှဉ်ပြိုင်မည့် စမတ်ဖုန်းလည်း ဖြစ်လာခဲ့သည်။ အထက်ပါ စမတ်ဖုန်း ၃ ခုစလုံး၏ ကင်မရာများသည် ဈေးကွက်တွင်း၌ အကောင်းဆုံးဟုပင် ခေါ်ဆိုနိုင်သော်လည်း Xperia Z1 မှာမူ ကင်မရာဖုန်းထက် ၅ လက်မအရွယ် စူပါစမတ်ဖုန်းအဖြစ်သာ ရည်ရွယ်ပြီး ထုတ်လုပ်ထားသည်ဟု ဆိုနိုင်ပါသည်။

Z1 ၏ အတွင်းပိုင်းတွင် 2.2 GHz Qualcomm Snapdragon 800 quad-core ပရော်ဆက်ဆာ တပ်ဆင်ထားပြီး ယင်းမှာ မကြာမီ ရက်ပိုင်းအတွင်းကမှ ထွက်ရှိလာသည့် Galaxy Note 3 နှင့် LG G2 တို့၏ တွက်ချက်မှုစွမ်းအားနှင့် ထပ်တူကျနေသည်။

အခြေခံအားဖြင့် Xperia Z1 သည် ၅ လက်မအရွယ် မူရင်း Xperia Z နှင့် “Phablet” စာရင်းဝင် ၆.၄၄ လက်မအရွယ် Xperia Z Ultra တို့အကြားတွင် ရှိနေပြီး ပိုမိုကြီးမားသည့် ဘက်ထရီနှင့် အဆင့်မြင့် ကင်မရာယူနစ်တို့ကြောင့် Xperia Z ထက် အနည်းငယ်ပိုရှည်ကာ ၈.၅ မမ ဖြင့် ပိုလည်း ထူနေပါသည်။ သို့သော်လည်း Xperia Z1 အား Sony ၏ OminiBalance ဒီဇိုင်းနည်းပညာ အသုံးပြုပြီး ဖန်တီးထားခြင်းကြောင့် ကိုင်တွယ်အသုံးပြုရာ၌ ထူထဲသည်ဟု မထင်မှတ်ရပေ။

Xperia Z1 တွင် ဓာတ်ပုံရိုက်ကူးရန်အတွက် သီးသန့်ခလုတ်အား ဖုန်း၏ ညာဖောက်အောက်ပိုင်း၌ ထည့်သွင်းပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုနည်းတူ ကင်မရာအား Lock အနေအထားမှ တိုက်ရိုက် အသုံးပြုရန် အတွက် အဆိုပါ ခလုတ်အား ၂ စက္ကန့်ကြာ နှိပ်ရုံဖြင့် ရနိုင်မည်ဖြစ်သည်။

Software ပိုင်းတွင်မူ Z1 ၌ Xperia Z နှင့် Z Ultra စမတ်ဖုန်း ၂ ခုတွင် ပါဝင်ထည့်သွင်းထားသည့် ဓာတ်ပုံရိုက်ကူးရေးဆိုင်ရာနှင့် အခြား App များအားလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

Xperia Z1 ၏ မျက်နှင်ပြင် ပုံထွက်မှာ Xperia Z Ultra ကဲ့သို့ပင် Sony TV များသုံး နည်းပညာ ၂ ခုဖြစ်သည် Triluminos မျက်နှာပြင် နည်းပညာနှင့် X-Reality ပုံရိပ်ဖန်တီးမှုစနစ်တို့ကို အသုံးပြုထားသဖြင့် အံ့အားသင့်ဖွယ် ပုံရိပ်များအား မြင်တွေ့ရမည်ဖြစ်သည်။ Z1 ၏ ၅ လက်မအရွယ် Full HD TFT မျက်နှာပြင်တွင် Xperia Z ကဲ့သို့ မြင်ကွင်းမှာ ကျဉ်းမြောင်းနေမည် မဟုတ်တော့ပဲ မည့်သည့်အနေအထားမှ ကြည့်ကြည့် ကောင်းမွန်ကြည်လင်သည့် ပုံရိပ်များအား တွေ့မြင်ရမည်ဖြစ်သည်။

Xperia Z1 အား အကောင်းဆုံး စမတ်ကင်မရာဖုန်း စာရင်းဝင်စေရန် စွမ်းဆောင်ပေးနေသည့် ကင်မရာကတော့ Sony ၏ 27mm Wide Angle G-Lens ပင် ဖြစ်ပါသည်။ ဤမှန်ပြောင်းသည် F/2.0 Aperture ရှိပြီး 20.7MP CMOS Sensor ပါရှိပါသည်။ ဤ Sensor မှာ လက်ရှိဈေးကွက်အတွင်း၌ Nokia ၏ Lumia 1020 နှင့် 808 တို့နောက် တတိယအကြီးဆုံး Sensor ပင် ဖြစ်ပြီး အသေးစား အိမ်သုံးကင်မရာများနှင့် တန်းတူပင် ဖြစ်ပါသည်။

Sony Xperia Z1 အား အောက်တိုဘာ ၁၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ စတင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်သဖြင့် မြန်မာပြည်တွင်းသို့လည်း မကြာမီ တရားဝင် ဝင်ရောက်လာဖွယ် ရှိနေပါသည်။

Ref:
Myanmar Consumer Guide
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget