BMW X5 ဟိုင်းဘရစ်ကားသစ် မိတ်ဆက်

BMW X5 က မြန်မာပြည်လည်း ရောက်ရှိ ပါတယ်။ သို့ပေမယ့် ဟိုင်းဘရစ်တော့ မဟုတ်ပါဘူး။ အင်ဂျင်ခပ်ကြီးကြီး SUV ကားမျိုး ဖြစ်ပါတယ်။
လျက်ရှိ Frankfurt မော်တော်ယာဉ် ပြပွဲမှာ ပြသနေတဲ့ ကားကတော့ BMW X5 ကို
ထူးခြားသွားစေမယ့် မျိုးဆက်သစ် ဖြစ်ပါတယ်။ Plug in Hybrid ကားမို့ပါ။
အင်ဂျင်အရွယ် ဘယ်လောက်ရှိမှန်း ဖော်ပြ မထားပါဘူး။ သို့ပေမယ့်
လျှပ်စစ်ဘက်ထရီကတော့ ၉၅ မြင်းကောင်ရေအား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီချည်း သီးသန့် အသုံးပြုရင် ၁၉ မိုင်သွားနိုင်ပြီး ဆီပါ
ပေါင်းစပ်မယ်ဆိုရင် တစ်ဂါလံ သုံးရင် ၆၂ မိုင် မောင်းနှင် နိုင်မှာ
ဖြစ်ပါတယ်။
Drive Mode ၃ ခု
ပေးထာပါတယ်။ အော်တို၊ All Electric Mode, Save Battery Mode ဆိုပြီး
သုံးမျိုး ခွဲခြား ထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာ
အမြင်ဆန်းနေပါတယ်။ Fuel Economy အတွက်ရည်ရွယ်တဲ့ ကားဖြစ်ပြီး ယခင်
ထုတ်လုပ်နေကျ BMW X5 ထပ် ဒီဇိုင်းအားဖြင့် သိသိသာသာ ကွဲပြားသွားမှုကိုလည်း
မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ BMW X5 eDrive လို့ အမည်ပေးထားပြီး ၂၀၁၄
နှစ်ဆန်းမှာ ဖြန့်ချိမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile
Javascript DisablePlease Enable Javascript To See All Widget