တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ပြသသွားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။
သူ့ကို The Armadillo လို့ အမည်ပေးထား ပါတယ်။ တောင်ကိုရီးယားက နည်းပညာ
ကျောင်းသားတို့ ကြိုးစားဖန်တီးထားတဲ့ကား ပါ။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့အလိုအလျောက်ခေါက်သိမ်းနေတာကို
မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးစာယူရမယ့် နေရာကို သိသိသာသာကို
လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ၂ ယောက်စီး လျှပ်စစ်ကားပါ။ မြို့ တွင်းမှာ
အသုံးပြုပြီး ကာပါကင်ထိုးဖို့ခက်ခဲတဲ့ နေရာတွေမှာ အသုံးပြုစေဖို့
ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အရှေ့ မှာပဲ ထားတာပါ။ ဒါကြောင့် နောက်က ၂
ဘီးကို အပေါ်တင် ခေါက်နိုင်ခြင်း ဖြစ်ပါတယ်။ Remote ခလုပ်လည်း ပါဝင်ပြီး
ခလုပ်နှိပ်လိုက်ရုံနဲ့လည်း အလိုအလျောက် ခေါက်သိမ်းသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီလိုခေါက်သိမ်းနိုင်အောင် အတွက် ကားကိုလည်း အပေါ့းပါးဆုံးဖြစ်အောင်
ဖန်တီးထားပါတယ်။ ပိုလီကာဘွန်ဖိုက် ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ကား
ဖြစ်ပြီး အလေးချိန် ပေါ့ပါးတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
စမ်းသပ်အောင်မြင်သွားတဲ့ Armadillo-T အမည်ရ လျှပ်စစ်ကားကို နှစ်အနည်းငယ်
အတွင်း ရောင်းချနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: kypower
Aung Kham (ColayAutomobile)