Password/Pattern Code ပြောမပြသော သူများ၏ Touch Screen ဖုန်းကို Password/code ဖြုတ်နည်း {ဖြတ်ထိုးဥာဏ် Method} |
အားလုံးကို အတတ်ကောင်းတွေ သင်ပေးနေတာ ဟုတ်ဘူးနော် ကြိုပြောထားတာ ဟိုနေ့က CZ12 ဂျက်ကီချန်းကား ကြည့်ပြီး အကြံဥာဏ်လေး ရလာလို့ Post အဖြစ်တင်လိုက်တာ--
ပုံကို သေချာ ကြည့်ပြီး စာဖတ်လိုက်တာနဲ့ ဂလိုပဲ ဆိုပြီး ရယ်စရာ တစ်ခုအဖြစ်နဲ့ ကျန်ခဲ့ပါလိမ့်မယ်
ဖုန်းပိုင်ရှင်ကို ပြောလိုက်ဦးနော် စိတ်မဆိုးကြေး လို့ :P
သတိ ! မိမိ၏ အခင်ဆုံးသူငယ်ချင်း ခွင့်ပြုမှ စမ်းသပ်ပါ။ သူမကြိုက်လျှင် မလုပ်ပါနှင့်။ အကယ်လို့ နားမထောင်ဘူး ဆိုပါက အောက်က စာကို ဆက်မဖတ်ပါနှင့်။
Iphone ပဲ ဖြစ်ဖြစ် Android ပဲဖြစ်ဖြစ် Window ဖုန်းပဲ ဖြစ်ဖြစ် Touch Screen မှာ မှန်သမျှ ဒီနည်းလေး အသုံးဝင်ပါလိမ့်မယ် >> အဆင်သင့် ဖြစ်ရင် နည်းလမ်းလေးစကြတာပေါ့
ကိုယ့် ဘော်ဒါက ကို့ကို ဖုန်းတော့ ပေးတယ် ။ Password/Pattern Code လုပ်ထားပြီး ပြောမပြဘူးဆိုရင်တော့ ဒီနည်းလမ်းလေးက အသုံးဝင်ပါလိမ့်မယ်။ အားလုံး ဒီလိုမျိုးဖြစ်ဖူးကြမယ် ထင်တယ်နော်။ သူက ပြောမပြတာ ကြုံဖူးကြမယ်ထင်တယ်။ အဲ့အတွက် မပူပါနှင့်။
စပြီး Pattern Code ရှာရအောင်
***********************
- Touch Screen ဖုန်းကို အပြားလိုက် လက်နှင့်ကိုင်ပြီး မိမိမျက်လုံးနှင့် ၁၀ ဒီဂရီ အစောင်း အနေအထား ကို ထားလိုက်ပါ။
- ပြီးရင် ဖုန်းကို အလင်းရောင်၊ နေရောင် ရှိတဲ့ ဘက်ကိုရွှေ့လိုက်ပါ။
- ဖုန်း၏ Touch Screen ပေါ်တွင် ကြည့်လိုက်ပါ။ တဖက်က အရာကို ရောင်ပြန်မြင်နေရပါမယ်။
- Touch Screen ၏ အပေါ်ယံနားလေးကို သာ ကြည့်လိုက်ပါ။ ထိုတွင် အောက်က ပုံလို လက်ဗွေရာ များ လက်ရာများကို မြင်နေရမည်။
- ထို့နောက် လက်ဗွေရာ လမ်းကြောင်းကို ကြည့်လိုက်ပါ။ ထိုလက်ဗွေရာ၊လက်ရာသည် တစ်ချိန်က ဖုန်းပိုင်ရှင် Lock Screen ဖြည်ခဲ့ရာ ဖုန်းကို လက်ဖြင်တို့ခဲ့သောလက်ရာ ဖြစ်ပေသည်။ ထို့နောက်တွင် မိမိ ဖြတ်ထိုးဥာဏ်ဖြင့် Lock ဆွဲခဲ့သော လက်ရာကိုရှာပါ။ ထိုလက်ရာအတိုင်းမိမိ ပြန်ဆွဲခြင်းဖြင့် Pattern Lock ချထားတဲ့ Screen ကို lock ဖြုတ်နိုင်ပြီ ဖြစ်ပါသည်။ :)
ဘယ်လိုကာကွယ်မလဲ ဆိုတော့ Touch Screen ပေါ်မှာ လက်ဗွေရာ မရှိအောင် အ၀တ်ချောချောလေးဖြင့် သုတ်ပစ်ခြင်း ဖြင့် ကာကွယ်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။ အားလုံးပဲ ပညာရှိပီပီရယ်မောနိုင်ကြပါစေဗျာ :D
ပုံကို ရှင်းရှင်း လင်းလင်း မမြင်ရလျှင် FullPremiumNowFree.com တွင် ၀င်ရောက် ဖတ်ရှုပြီး သေချာစွာ ကြည့်ရှုနိုင်ပါသည်။
Site Link >> http://www.fullpremiumnowfree.com/2013/05/how-to-passwordpattern-code-touch.html
Steel Jelly {Chief Editor of Full Premium Now Free}