How To >> Facebook အကောင့်များ Gmail အကောင့်များ စသည်တို့ကို Moxila Firefox မှာတစ်ချိန်တည်း အပြိုင် သုံးကြမယ်

Multifox command in a bookmark

Install Multifox in your firefox and use dirrerent user account in each website{windows only}
---------------------------------------------------------------------------------------------------------

ဒီကောင်လေးကို အားလုံးသိပြီးသား ဖြစ်ချင် ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ မသိရသေးတဲ့ သူတွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် >>

Multifox လေးပါ သူက Firefox ရဲ့ Extenstion လေးတစ်ခုပါ.. http://www.mozdev.org/ က နေ Firefox အတွက် ထုတ်ထားတာပဲ ဖြစ်ပါတယ်..

ဘာတွေ သုံးနိုင်လဲ ဆိုတော့ အားလုံးပဲ သိတဲ့ အတိုင်း Facebook မှာက အကောင့်တစ်ခုပဲ သုံးလို့ရပါတယ် ထို့အတူပဲ Gmail လဲတူတူပါပဲ.. ဒီကောင်လေးသွင်းထားလိုက် တော့ ၂ခု သုံးခု တပြိုင်ထည်း သုံးလို့ရလာပါတယ်

Official Site မှာ အခုလို English လိုရှင်းပြထားပါတယ် >>

"Multifox is an extension that allows Firefox to connect to websites using different user names. Simultaneously!
For example, if you have multiple Gmail accounts, you can open them all at the same time. Each Firefox window, managed by Multifox, accesses an account without interfering each other."

ဘယ်မှာဒေါင်းရမလဲ
----------------------

များသောအားဖြင့် Sharing Site တွေမှာ အားလုံးတော့ မဟုတ်ပေမဲ့ မသမာသူတစ်ချို့ ရှိတတ်ပါတယ်။ သူတို့က အခုလို ကောင်းတယ်လို့ ကြော်ငြာပြီး သူတို့ က Extension မှာ virus ဒါမှ မဟုတ် အကောင့် ခိုးဖို့ လုပ်ကြပါတယ်။ အဲ့ဒါကို အားလုံး သတိရှိစေချင်ပါတယ်။ ကျွန်တော့်ကို ရော ယုံကြည်လို့မရပါဘူး။ ကျွန်တော်က ကောင်းတာ ညွှန်ပေးနေပေမဲ့ မသမာသူက ကျွန်တော့်ဟာကို ပြန်ပြင်ချင်ပြင်သွား နိုင်ပါတယ်။ ဟိုတလောကပဲ ကိုဝင်းကမ္ဘာကျော် ဆိုဒ်မှာ တစ်ခုရှိတယ်ဆိုလား တွေ့လိုက်ရသေးတယ်တဲ့ ။ သူလုပ်တာတော့ ဘယ်ဟုတ်မလဲ မသမာသူက ၀င်ရေးသွားတာ ဖြစ်နိုင်တယ်တဲ့။ အဲ့လိုမျိုးတွေ ရှောင်ကြဉ်ဖို့ ကျွန်တော် Official Link ကို ပဲ ပေးလိုက်ပါ့မယ်နော် အဲ့ Page ကိုရောက်ရင် install multifox ဆိုတဲ့ အစိမ်းရောက် box လေး တွေ့ပါလိမ့်မယ် အဲ့ကနေ ဒေါင်းယူလိုက်ပါ။ ဒေါင်းရမယ့်ကောင်လေးက xpi format ရှိပါတယ် ။

Multifox

Download လုပ်ဖို့ Official link >> http://br.mozdev.org/multifox/

ဒါပေမဲ့ သူက မိမိရဲ့ Firefox က နောက်ဆုံး Version ဖြစ်မှပဲ
install လုပ်လို့ရပါလိမ့်မယ်။ ဒါကြောင့် မိမိ Firefox ကို နောက်ဆုံး Version ဖြစ်အောင်လုပ်ပါ။

Firefox ကို ဒေါင်းဖို့ Official Link >> http://www.mozilla.org/en-US/firefox/new/

အဲ့ Firefox မှာလဲ Free download Firefox ဆိုတဲ့ ဟာလေးကို နှိပ်ပြီး ဒေါင်းပေးရပါမယ်နော်

(20MB လောက်) ရှိပါတယ်။

သတိ >> Multifox သည် မိမိရဲ့ Mozilla Firefox နောက်ဆုံး Version ဖြစ်မှာသာ လက်ခံသည်။ အကယ်လို့ နောက်ဆုံး Version မဟုတ်ပဲ မိမိသွင်းလို့ရနေလျှင် ရင် Multifox သည်အတုဖြစ်နိုင်ပါသည်။ မိမိ အကောင့် လုံခြုံရေး အတွက် မည်သူ တစ်ဦးတစ်ယောက်ကို မှ မယုံပါနှင့်။


How To Use
--------------

သွင်းပုံကတော့ လွယ်ပါတယ် Allow လုပ်လိုက်ရင် သွင်းပြီးသွားပါပြီ။ ဒါပေမဲ့ ဘယ်လိုသုံးမလဲဆိုရင်
Ctrl + Alt + M ကို တွဲနှိပ်ရုံပါပဲ။

သတိ >>Zawgyi လက်ကွက်ရောက်နေလျှင် US လက်ကွက်ကိုပြောင်းဖို့ မမေ့ပါနှင့်။

နောက်ထပ် Identity Profile New Window ထွက်လာပါလိမ့်မယ်။ အောက်ကပုံလို 2 လေးပါနေပါလိမ့်မယ်။

Indicator of Multifox identity profile

အဲ့ဒီမှာ မိမိ နောက် ထပ် အကောင့်နဲ့ ထပ်ပြီး ၀င်ရောက် အသုံးပြုလို့ရပါပြီ--

ကဲဒီလောက်ဆို မိမိ အကောင့် နှစ်ခုသုံးခုကို တစ်ပြိုင်ထဲ သုံးနိုင်ပါပြီ ခဗျာ-
အခက်အခဲရှိရင် Comment ပါနော် :)

Steel Jelly {Chief Editor of Full Premium Now Free}

Site Link >> http://www.fullpremiumnowfree.com/2013/05/how-to-facebook-gmail-moxila-firefox.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget