Medical >> တက်ကြွလန်းဆန်းစေဖို့ အစားအစာများ

Photo: တက်ကြွလန်းဆန်းစေဖို့ အစားအစာများ
=========================

သင်ဟာအလုပ်များသူတစ်ဦး ဖြစ်ပါသလား။ အလုပ်နှစ်မျိုး၊သုံးမျိုး တွဲလုပ်နေရပြီး အားလပ်ချိန်ရှားပါး၊ အိပ်ချိန်နည်းနည်းနှင့် ကော်ဖီ၊ လက်ဖက်ရည်ကိုအားပြုပြီး လန်းဆန်း အောင်လုပ်ယူနေရပါ သလား။ အောက်ပါအစားအစာများကို စား သုံးပြီးကော်ဖီ၊ လက်ဖက်ရည်သောက် သုံးမှုကိုလျှော့ချပါ။

သံပုရာရည်
သောက်ရေထဲကို သံပရာရည် ရောလိုက်တဲ့အခါ ဆဲလ်များစွမ်းအင် ထုတ်လုပ်စေဖို့ အဓိကလိုအပ်တဲ့ လျှပ်လိုက်ဓါတ် (electrolyte)များ ထွက်ပေါ်လာစေပါတယ်။ သံပရာရည်ဟာ စွမ်းအင်မြှင့်တင်ပေးတဲ့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါ တယ်။

သစ်သီး
သစ်သီးမှာပါဝင်တဲ့သဘာဝသ ကြားဓါတ်ဟာ ထိုင်းမှိုင်းနေချိန်မှာ တက်ကြွလန်းဆန်းစေပါတယ်။ သစ် သီးအချိုဓါတ်ဟာ သွေးတွင်းအချို ဓါတ်ကို များစွာမြင့်တက်စေခြင်းမရှိတာကြောင့် ဆီးချို၊သွေးချိုရှိသူများ လည်း စားသုံးနိုင်ပါတယ်။ စတော် ဘယ်ရီသီးမှာ ဗိုက်တာမင်စီပါဝင်ပြီး အဆီမှစွမ်းအင်ထုတ်ရာမှာ ကူညီပေး ပါတယ်။ ဒိန်ချဉ်မှာ မဂ္ဂနီစီယမ်ပါတာ ကြောင့် စွမ်းအင်ထုတ်လုပ်တဲ့နေရာ မှာ ကူညီထိန်းညှိပေးပါတယ်။ နာ နတ်သီး မှာပါတဲ့ အိုင်အိုဒင်းကလည်း ခန္ဓာကိုယ်တွင်းမှာ သိမ်းထားတဲ့ စွမ်း အင်တွေကို သုံးစွဲရာမှာ ကူညီပေးပါ တယ်။

ချောကလက်
နေ့လည်စာစားပြီးချိန်မှာ လေး လံထိုင်းမှိုင်းလာတဲ့အခါ ချောကလက် စားပေးပါ။ ချောကလက်မှာပါတဲ့ theobromine ဓါတ်ဟာ ကဖင်းကဲ့ သို့ စွမ်းအင်မြှင့်တင်ပေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းရွက်
အစိမ်းရောင်အရွက်တွေမှာ ဗိုက်တာမင်ဘီပါဝင်ပြီး အစားအစာမှ စွမ်းအင်ထွက်စေဖို့ကူညီပေးပါ တယ်။ သွေးတွင်းသကြားဓါတ်ထိန်းညှိပေးတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး နေ့လည်စာမှာ ထည့်သွင်းစားသုံး ပါက နေ့လည်နေ့ခင်းလန်းဆန်းနေမှာဖြစ်ပါတယ်။
သီဟ

Ref:ZinYawNews
တက်ကြွလန်းဆန်းစေဖို့ အစားအစာများ

Site Link >> http://www.fullpremiumnowfree.com/2013/05/medicalfoods.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget