IT News >> Yahoo က အွန်လိုင်းဘလော့ဂ် Tumblr ကိုဝယ်ယူမည်

Photo: Yahoo က အွန်လိုင်းဘလော့ဂ် Tumblr ကိုဝယ်ယူမည်
===============================
ကမ္ဘာ့အကြီးဆုံးအွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီစာရင်းဝင် Yahoo သည် တက်သစ်စအွန်လိုင်းဘလော့ဂ်ကုမ္ပဏီတစ်ခုဖြစ်သော Tumblr ကို တန်ကြေး ဒေါ်လာ ၁.၁ ဘီလီယံပေး၍၀ယ်ယူတော့မည်ဟု သိရသည်။
ွှTumblr သည် သက်တမ်း ၆ နှစ်ရှိပြီဖြစ်ကာ အသုံးပြုသူ သန်း ၁၀၀ အထိ ရှိသော်လည်း ၀င်ငွေနည်းနေသေးသောကြောင့် ဖိအားဒဏ်ခံနေရသော ကုမ္ပဏီတစ်ခုဖြစ်သည်။ တစ်ဖက်ကမူ Yahoo သည် တစ်ချိန်က Google ၏ ပြိုင်ဘက်ကောင်းဖြစ်ခဲ့သော်လည်း ၂၀၁၀ ပြည့်လွန်နှစ်များမှစ၍ CEO မကြာခဏပြောင်းလဲရသည်အထိ တည်ငြိမ်မှုကျဆင်းနေသော အထည်ကြီးပျက်ကုမ္ပဏီတစ်ခုဖြစ်သည်။
လူငယ်ထုအတွင်း ဈေးကွက်ထိုးဖောက်နိုင်ရေးအခက်တွေ့လေ့ရှိသော Yahoo သည် ဈေးကွက်ရှိပြီးသား Tumblr ကိုဝယ်ယူခြင်းဖြင့် CEO အသစ် Marissa Meyer လက်အောက်တွင် ပြန်လည်ဦးမော့လာစေရန်မျှော်လင့်လျက်ရှိသည်။ 
အွန်လိုင်းဗီဒီယိုမျှဝေရေးဝက်ဘ်ဆိုက် Youtube ကို Google က ဒေါ်လာ ၁.၆၅ ဘီလီယံဝေး၀ယ်ခဲ့သည့် လွန်ခဲ့သော ခုနစ်နှစ်က ဖြစ်ရပ်ပြီးလျှင် ယခုဖြစ်ရပ်သည် အွန်လိုင်းလောက၏အကြီးမားဆုံး ၀ါးမျိုမှုတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။ Tumblr ၏ CEO နှင့်တည်ထောင်သူ David Karp အတွက်လည်း ဤအရောင်းအ၀ယ်မှ များစွာအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။


--
မင်းညီညီချမ်း
DL Tech Club
--

ကမ္ဘာ့အကြီးဆုံးအွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီစာရင်းဝင် Yahoo သည် တက်သစ်စအွန်လိုင်းဘလော့ဂ်ကုမ္ပဏီတစ်ခုဖြစ်သော Tumblr ကို တန်ကြေး ဒေါ်လာ ၁.၁ ဘီလီယံပေး၍၀ယ်ယူတော့မည်ဟု သိရသည်
Tumblr သည် သက်တမ်း ၆ နှစ်ရှိပြီဖြစ်ကာ အသုံးပြုသူ သန်း ၁၀၀ အထိ ရှိသော်လည်း ၀င်ငွေနည်းနေသေးသောကြောင့် ဖိအားဒဏ်ခံနေရသော ကုမ္ပဏီတစ်ခုဖြစ်သည်။ တစ်ဖက်ကမူ Yahoo သည် တစ်ချိန်က Google ၏ ပြိုင်ဘက်ကောင်းဖြစ်ခဲ့သော်လည်း ၂၀၁၀ ပြည့်လွန်နှစ်များမှစ၍ CEO မကြာခဏပြောင်းလဲရသည်အထိ တည်ငြိမ်မှုကျဆင်းနေသော အထည်ကြီးပျက်ကုမ္ပဏီတစ်ခုဖြစ်သည်။
လူငယ်ထုအတွင်း ဈေးကွက်ထိုးဖောက်နိုင်ရေးအခက်တွေ့လေ့ရှိသော Yahoo သည် ဈေးကွက်ရှိပြီးသား Tumblr ကိုဝယ်ယူခြင်းဖြင့် CEO အသစ် Marissa Meyer လက်အောက်တွင် ပြန်လည်ဦးမော့လာစေရန်မျှော်လင့်လျက်ရှိသည်။
အွန်လိုင်းဗီဒီယိုမျှဝေရေးဝက်ဘ်ဆိုက် Youtube ကို Google က ဒေါ်လာ ၁.၆၅ ဘီလီယံဝေး၀ယ်ခဲ့သည့် လွန်ခဲ့သော ခုနစ်နှစ်က ဖြစ်ရပ်ပြီးလျှင် ယခုဖြစ်ရပ်သည် အွန်လိုင်းလောက၏အကြီးမားဆုံး ၀ါးမျိုမှုတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။ Tumblr ၏ CEO နှင့်တည်ထောင်သူ David Karp အတွက်လည်း ဤအရောင်းအ၀ယ်မှ များစွာအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။
မင်းညီညီချမ်း
DL Tech Club
--
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget