Project Ophelia ဟုအမည်ပေးထားသော USB stick အရွယ် Android PC အသေးစားတစ်ရပ်ကို နာမည်ကျော် Dell ကုမ္ပဏီက ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆင့်မြင့် Display များတွင်ပါရှိသော HDMI port တွင်ချိတ်ဆက်ကာ အင်တာနက်ကြည့်ခြင်း၊ program များ run ခြင်းအစရှိသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်စေမည်ဟု ဆိုသည်။ ထို့အပြင် အခြားချိန်ဆက်မှုများဖြစ်သော Wifi နှင့် Bluetooth တို့ပါ ပါဝင်၍ အဆိုပါ display ကို Web TV သို့မဟုတ် Gaming platform တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည်ဟု သိရသည်။
--
မင်းညီညီချမ်း
DL Tech Club
--