Microsoft ကုမ္ပဏီက ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်သော Xbox One ဂိမ်းစက်သည် ဖွဲ့စည်းတည်ဆောက်ပုံအရ Sony ကုမ္ပဏီ၏ PS4 ကို လိုက်မမီဘဲဖြစ်နေကြောင်း သိရသည်။
Xbox One ရော PS4 ပါ AMD ကုမ္ပဏီ၏ Core ၈ ခုပါ Processor ဒီဇိုင်းကို ယူသုံးထားသော်လည်း အခြားသော ဖွဲ့စည်းတည်ဆောက်ပုံများကြောင့် Xbox One နောက်ကောက်ကျခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ PS4 ၏ GPU core မှာ 1152 ရှိသော်လည်း Xbox One ၏ GPU Core မှာ 768 သာရှိခြင်း၊ Xbox One ၏ RAM 8 GB မှာ DDR3 2133 MHZ ဖြစ်သောလည်း PS4 ၏ RAM 8 GB မှာ GDDR5 5500MHz ဖြစ်ခြင်းတို့ကြောင့် ဤသို့ကွာဟရခြင်းဖြစ်သည်ဟုဆိုသည်။ တွက်ချက်မှုပမာဏနှင့်တွက်ဆလျှင် PS4 သည် 1.84 TFLOPS ရှိပြီး Xbox One က 1.23 TFLOPS သာရှိကြောင်း သိရသည်။ ယခင် Xbox 360 မှာ 0.24 TFLOPS သာရှိသည်။
--
မင်းညီညီချမ်း
DL Tech Club
--