မျိုးဆက်သစ် Kindle Fire HD ၏ Design ပုံစံများ Website အချို့တွင်သတင်းပေါက်ကြား
မကြာခင်မှာAmazon ကထုတ်လုပ်ပေးတော့မယ့် Kindle Fire HD ၏Design ပုံစံအသစ်တွေ Website အချို့မှာသတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရပါတယ်။
သတင်းတွေပေါက်ကြားခဲ့တဲ့ Website ကတော့ BGR ရဲ့ Website
ဖြစ်တယ်လို့သိရပါတယ်။ Kindle Fire HD ရဲ့ဒီဇိုင်းကတော့
မျက်နှာပြင်ရဲ့အနားသတ်ဘောင်တွေ ဟာအသေးငယ်ဆုံးအနေအထားကိုပြုလုပ်ပေးထားပြီး Power ခလုတ်ကို လည်း Tablet ရဲ့အရှေ့မှာထည့်ပေးထားကြောင်းသိရပါတယ်။
Kindle Fire HD ကိုမျက်နှာပြင် ၇လက်မ အမျိုးအစားနဲ့ ၈.၉ လက်မ အမျိုးအစားဆိုပြီး နှစ်မျိုးခွဲပြီးထုတ်လုပ်ပေးထားတယ်လို့သိရပါတယ်။ Resolution အနေနဲ့ 1920x1200 Pixels အထိထောက်ပံ့ပေးနိုင်ကြောင်းသိရပါတယ်။
Processor ကိုလည်း Quad Core Snapdragon 800 Processor
ကိုထည့်သွင်းပေးထားပြီး RAM ကို 2GB ထောက်ပံ့ပေးထားကြောင်း BGR Website
မှာဖော်ပြပေးထားပါတယ်။ ဒါ့အပြင် သိုလှောင်နှုန်းကို 64GB
အထိထည့်သွင်းပေးထားကြောင်းသိရပါတယ်။
Kindle Fire HD ဟာအကောင်းဆုံး Tablet တစ်လုံးအဖြစ် Amazon ရဲ့ ဂုဏ်ရှိန်ကိုထိန်းသိမ်းပေးမယ့် Tablet တစ်လုံးအဖြစ် ထွက်ရှိလာမှာဖြစ်တယ်လို့လွန်ခဲ့တဲ့တစ် ပါတ်လောက်က Amazon ရဲ့တာဝန်ရှိသူတစ်ဦးကWebsite အချို့မှာ ဖော်ပြပေးထားပါတယ်။ အကောင်းဆုံး Tablet တစ်လုံးဖြစ်တဲ့အတွက် စာဖတ်သူတွေအကြိုက် တွေ့စေမယ့် Tablet တစ်လုံးဖြစ်ပါတယ်။
Ref : Cnet
Javascript DisablePlease Enable Javascript To See All Widget