လျှို့ဝှက်စောင့်ကြည့်ရေး အစီအစဉ် တစ်ခုဖြစ်သည့် Xkeyscore စနစ်ကို သုံးပြီး အမေရိကန် ထောက်လှမ်းရေး ဌာနသည် အင်တာနက် သုံးသူတိုင်း ကို စောင့်ကြည့်မည်ဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လများက ဟိုးလေးတကြော် ဖြစ်ခဲ့တဲ့ အက်ဒ်ဝပ် စနိုးဒင် ဆိုသူက လျှို့ဝှက်ချက်တွေကို ခိုးထုတ်သွားသည့် နောက်ပိုင်းတွင် အမျိုးသား လုံခြုံရေးအတွက် အထူးစိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ The Guardian သတင်းစာတွင်လည်း
ရေးသားထားပါတယ်။
Xkeyscore ဆော့ဖ်ဝဲဖြင့် စောင့်ကြည့်ရေး အစီအစဉ်ကို လုပ်ဆောင်ရန် စနိုးဒန် အချက်အလက် များကို ခိုးမထုတ်မီကတည်းက တိုက်တွန်းခဲ့သော် လည်း အမေရိကန်ထောက်လှမ်းရေးသည် ပျက်ကွက်ခဲ့ပြီး ကွန်ပျူတာ အင်တာနက် အသုံးပြုသူ၏အီးမေးလ် Account ကို စောင့်ကြည့်ဖို့ ဗဟိုတရားရေး ဌာနနှင့် သမ္မတထံက ခွင့်ပြုချက်ကို စောင့်ဆိုင်းပြီး ရက်ရွှေ့ဆိုင်းခဲ့ရာကနေ ယခုကဲ့သို့ အချက်အလက်များ အခိုးခံလိုက် ရခြင်း ဖြစ်တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူက အခုလို အင်တာနက် သုံးသူတွေကို စောင့်ကြည့်ရတယ်ဆိုတာ မကောင်းသည့် စိတ်နဲ့ ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန် သာ ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
The Guardian သတင်းစာတိုက်ရဲ့ Website တွင်လည်း အမေရိကန် ထောက်လှမ်းရေး ဌာန၏ Xkeyscore ပရိုဂရမ်နှင့် ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ စီစဉ်နေတယ်ဆိုတာကို ပုံပြ ဆလိုက် များဖြင့် ဖော်ပြထားပေမဲ့ အချက်အလက် အတိအကျကို ဖတ်ရှုနိုင်ခြင်း မရှိစေရန် စီစဉ်ထားပြီး ထိုဆလိုက်များတွင် ထိပ်တန်း လျှို့ဝှက်ချက်ဆိုသည့် စာတန်းများပါပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖွင့်ကြည့်နိုင်ရန် အစရှိတဲ့ ကန့်သတ်ချက်တွေ ပါရှိပါတယ်။
Ref: Smart Pro Journal