ဘိုးတော့(စ)ထိုးအပြီး ဖြစ်တတ်သောအခြေအနေ |
အရေးအကြောင်းများ ပြေပြစ်ဖို့ တင်းရင်းနုပျိုမှုပြန်ရစေဖို့ ဘိုးတော့(Botox)ထိုးဆေးကို အမျိုး သမီးရောအမျိုးသားများပါ ထိုးကြ သည်။ အမေရိကန်တွင် ဆယ် ကျော်သက်များ စမ်းသပ်ထိုးလာကြသဖြင့် “teentox”ဟု ခေါ်ဆိုခဲ့ကြ သည်။ Botox ကို မျက်ခုံးနှစ်ခု အကြား၊ မျက်ခုံးမွှေးအထက်၊ နဖူး တို့တွင် ထိုးလေ့ရှိကြသည်။ အချို့က တင်းရင်း၍ ပန်းသွေးရောင်နှုတ်ခမ်း ဖြစ်စေဖို့ နှုတ်ခမ်းတွင် ထိုးကြသည်။ ဆေးထိုးရာတွင် မနာကျင်စေ ရန် ထုံးဆေးအကူအညီဖြင့် ထိုးကြသည်။ အချို့အနေဖြင့် ဆေးထိုးအပြီး ခေါင်းကိုက်လာတတ်၍ “အက်ဒ်ဗေး”၊ “တိုင်လီနော”စသည်ဆေးများ ကို သောက်တတ်ကြသည်။ ထိုးဆေး ပမာဏာမှာအနည်းငယ်မျှသာ ဖြစ်သော်လည်း ဆေးထိုးပြီး (၂၄)နာရီအတွင်း အသားရောင်ကိုင်း၍ နီမြန်းနေတတ်သည်။ လူတစ်ဦးနှင့် တစ်ဦးမတူဘဲ အချို့ကထိုးပြီး (၂) ရက်အကြာ အချို့က (၂)ပတ်အကြာတွင် ဆေးစွမ်းပြတတ်သည်။ တစ်ပတ်အကြာတွင် အရေးအ ကြောင်းများ ပျောက်သွားသည်ကို တွေ့ရသည်။ အချို့က (၅)ရက် အကြာတွင် မျက်နှာချောမွေ့ တောက်ပြောင်လာသည်။
TKDHealth Updates Journal
Vol.2, No.18For More Medical >> http://www.fullpremiumnowfree.com/search/label/Medical