အမျိုးသားများနှင့် မျက်နှာအရေပြား ကျန်းမာရေးအကြံပြုချက် |
အမွှေးရိတ်ဂျယ် ခရင်မ်တွေက အမွှေးရိတ်ရာမှာ ပိုမို လွယ်ကူစေပြီး၊ဘက်တီးရီးယားတွေ ကို သေစေနိုင်ပါတယ်။ အယ်ကိုဟော နဲ့ ပါရာဘန်း(parabens)စတဲ့ ပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေမသုံးသင့်ပါဘူး။ သင့်မျက်နှာက ဆဲလ်အသေတွေ ကို ဖယ်ရှားပေးဖို့အတွက် ချေးချွတ်ခြင်းကိုလည်း သုံးရက်တစ်ခေါက် လောက် လုပ်ပေးသင့်ပါတယ်။ ယင်း ကဲ့သို့ ပြုလုပ်ပေးခြင်းက အရေပြားကို သွေးလှည်ပတ်မှုပိုမိုကောင်းစေပြီး၊ ပိုမိုတောက်ပစေပါတယ်။ အမျိုးသား အများစုဟာ အမျိုးသမီးတွေထက် အဆီပိုပြန်လေ့ရှိပါတယ်။ ဒါကြောင့် moisturizer အပျော့စားကို မုတ် ဆိတ်ရိတ်ပြီးစနဲ့ အိပ်ယာမ၀င်မီမှာ လိမ်းပေးသင့်ပါတယ်။ သင့်တော်တဲ့ moisturizer ကတော့ အရည်အသွး ကောင်းတဲ့အသီးအရွက်တွေကထုတ်ထားတာမျိုးပဲဖြစ်ပါတယ်။ နေရောင် ကာခရင်မ်တွေက မှန်ကန် စွာသုံးနိုင် မယ်ဆို ပိုအသုံးဝင်ပါတယ်။ SPF15 လောက်ဆို ပုံမှန်လူတွေအတွက် လုံလောက်ပါတယ်။ အကယ်၍ နေ ရောင်အောက်မှာ ကြာကြာနေမယ် ဆိုရင်တော့ SPF 30 ကိုသုံးသင့်ပါ တယ်။
မိုင်ကိ
Ref: WebMD
Health Updates Journal
Vol.2, No.18For Mor Health >> http://www.fullpremiumnowfree.com/search/label/Medical