Health >> ဆေးခန်းမပြမီ အကောင်းဆုံးပြင်ဆင်မှု

Photo: Health Updates Journal
Vol.2, No.18
ဆေးခန်းမပြမီ အကောင်းဆုံးပြင်ဆင်မှု

(၁) အချိန်မီရောက်အောင်သွားပါ
	ပြနေကျဆရာဝန်မဟုတ်ဘဲ ဆရာဝန်အသစ်ဆိုပါက ချိန်းထား သည့်အချိန်ထက် နာရီဝက်ခန့် ကြို သွားပါ။ စာရွက်စာတမ်းအသစ်များ ဖြည့်ရခြင်း၊ စစ်ဆေးမှုအသစ်များပြုလုပ်ရခြင်းတို့ကြောင့် ဆရာဝန်ပြရ မည့်အချိန် နောက်ကျတတ်သည်။ မတော်တဆအချိန် လေလွင့်မှုများ ပါကလူနာအလှည့်ကျော်ခြင်း၊ နောက်နေ့မှပြန်လာရခြင်းတို့ ရှိတတ် သည်။

(၂) မှတ်တမ်းအားလုံးယူသွားပါ
	စစ်ဆေးဖူးသမျှ မှတ်တမ်းမှတ် ရာအဖြေအားလုံးယူသွားပါ။

(၃) ရေးမှတ်ထားပါ
	မေးချင်တဲ့မေးခွန်း၊ သိချင်တဲ့ မေးခွန်းအားလုံးကို အချိန်တိုအတွင်း မေးနိုင်ဖို့ မေးခွန်းတွေကို ချရေး ထားပါ။

(၄) အရေးကြီးတာကို ဦးစားပေးဆွေးနွေးပါ
	ရောဂါအနည်းအများအလိုက် ဆရာဝန်နှင့်တိုင်ပင်စရာ အများအပြားရှိနေမှာပါပဲ။ ဆရာဝန်နှင့်တွေ့ တဲ့အခါ ပြောစရာတွေဒီထက်မက စိတ်ကူးရလာတတ်ပါသေးတယ်။ ဒါပေမယ့် အရေးကြီးတာကိုသာ ဦးစားပေးပါ။ အထက်တန်းကျောင်း တုန်းကခြေမဒဏ်ရာရခဲ့တာကို သိုင်းဝိုင်းပြောနေမည့်အစား နှလုံးရော ဂါလို အရေးကြီးတဲ့ ရောဂါလက္ခဏာ တွေကို ဦးစားပေးတိုင်ပင်ပါ။

(၅) ကုသမှုအကြောင်းမေးမြန်းပါ
	ကုသမှုကောင်းကျိုး၊ ဘေးထွက် ဆိုးကျိုးတွေမေးမြန်းပါ။ ကုသမှုတစ်ခု နှင့်ပတ်သက်ပြီး စိတ်ထဲမတင်မကျ ဖြစ်နေပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ ကုသမှုအကြောင်း နားမလည်သည်မှာ ရှက်စရာမဟုတ်ပါ။

(၆) ဆရာဝန်အကြောင်းစုံစမ်းပါ
	သွားလာရလွယ်ကူမှု၊ နေရာ ထိုင်ခင်း သက်သောင့်သက်သာရှိမှု၊ ဆရာဝန်၏ ဟာသဓါတ်ခံရှိမှုတို့အ ပေါ်မူတည်ပြီး မိမိရောဂါကိုကုသဖို့ ဆရာဝန်ရွေးချယ်တတ်ကြပါတယ်။ မိမိနှင့်အဆင်ပြေတဲ့ဆရာဝန်ကို ရွေး ချယ်နိုင်ဖို့ အလွန်အရေးကြီး တာကြောင့် ကျန်းမာရေးစာအုပ်စာတမ်းများမှဖြစ်စေ၊ အသိမိတ်ဆွေများ ထံမှဖြစ်စေ မိမိပြသလိုတဲ့ဆရာဝန် အကြောင်း စုံစမ်းထားသင့်ပါတယ်။

သီဟ
Source: discovery-channel

Health Updates Journal
Vol.2, No.18
For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget