Health >> အိမ်ထောင်မှု သာယာရေးကို အထောက်အကူ ပြုစေမယ့် သီရိလင်္ကာလက်ဖက်ရည်

<အိမ်ထောင်မှု သာယာရေးကို အထောက်အကူ ပြုစေမယ့် သီရိလင်္ကာလက်ဖက်ရည်>

သီရိလင်္ကာနိုင်ငံမှ ထုတ်လုပ် သော Ceylon လက်ဖက်ရည်သည် အိမ်ထောင်ရေးသုခ နည်းပါးနေမှုကို သက်သာစေမည်ဖြစ်ကြောင်း သုတေ သနတစ်ရပ်တွင် ဖော်ပြထားသည်။
ဆီလွန်လက်ဖက်ရည်သည် ၆၀ ဂရမ်ပမာဏကို ဒေါ်လာ၃၅၀တန်ဖိုး ရှိပြီး သောက်သုံးသူများ၏ ချစ်ပွဲဝင် အာနိသင်များနှင့် စိတ်ခံစားမှုများကို အဆင်ပြေစေမည်ဖြစ်ကြောင်း ထုတ် လုပ်သောကုမ္ပဏီများက ထုတ်ပြန် ထားသည်။ အာနိသင်မှာ သိမြင်မှု စွမ်းရည်၊ အမျိုးသားများ၏ လိင် ကျန်းမာရေးမစွမ်းဆောင်နိုင်မှုများ ကို မြင့်တက်စေပြီး မြုံနေသောဇနီး မောင်နှံများကို အဆင်ပြေစေမည်ဟု သိရှိရသည်။သို့သော်လည်း ဈေးနှုန်း ကြီးမြင့်မှုကြောင့် တရုတ်နှင့်ဆော်ဒီ နိုင်ငံမှ သူဌေးများသာ အသုံးပြုမှု များသည်ဟု ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှ ဆီလွန်လက်ဖက်ခြောက်စက်ရုံပိုင် ရှင်Mr.Fernando က ဆီလွန်လက် ဖက်ရွက်တွင် ပေါ်လီဖီနော်၊ flavanoids နှင့် ဓာတ်တိုးဆန့်ကျင်အာနိ သင်များ ကြွယ်ဝစွာပါဝင်နေကြောင်း၊ တစ်ခွက်သောက်ရုံဖြင့် အဆိုပါနေ့ တွင် လိုအပ်သောလိင်ကျန်းမာရေးကို အထောက်အကူ ပြုစေမည်ဖြစ် ကြောင်း၊ လိင်စိတ်ကြွစေသော အာနိ သင်မျိုးမဟုတ်ဘဲ အကျိုးပြုသဘာဝ ဓာတ်ပေါင်းများသာ ပါဝင်ကြောင်း ပြောကြားထားသည်။
ဆီလွန်ဟူသောအမည်မှာ (သီရိ လင်္ကာနိုင်ငံ)ကို ကိုလိုနီခေတ်က အမည်ပေးထားသော နာမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း ၆၀% တိုးမြှင့် ထုတ်လုပ်တင်ပို့ သွားရန် သီရိလင်္ကာ နိုင်ငံအစိုးရက ရည်မှန်းထားသည်။

သက်ကို
ref: ANI
Health Updates Journal
Vol.2, No.20
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget