Health >> iPad 2 တွင် သုံးထားသော သံလိုက်က နှလုံးတွင်းသို့ ထည့်ထားသော ပစ္စည်းများအပေါ် ဆိုးကျိုးဖြစ်စေနိုင်

Photo: Health Updates Journal
Vol.2, No.20
iPad 2 တွင် သုံးထားသော သံလိုက်က နှလုံးတွင်းသို့ ထည့်ထားသော ပစ္စည်းများအပေါ် ဆိုးကျိုးဖြစ်စေနိုင်

	iPad 2 နှင့် ၄င်းအခွံကာဗာ အတွင်းရှိ သံလိုက်များက နှလုံးခုန် နှုန်း ထိန်းပေးသော pacemaker နှင့် အခြားနှလုံးအတွင်းသို့ ထည့် ထားရသော ပစ္စည်းများအပေါ်တွင် သက်ရောက်မှုများဖြစ်စေနိုင် ကြောင်း ယခုလ ၁၆ရက်နေ့တွင် ကျင်းပခဲ့သော ၃၄ကြိမ်မြောက် နှလုံး ခုန်နှုန်း ထိန်းသိမ်းရေးအဖွဲ့အစည်း ၏နှစ်ပတ်လည်အစည်းအဝေး၌ တင်ပြခဲ့သည်။ လေ့လာမှုအရ ယင်း ပစ္စည်း များမှထွက်သော လျှပ်စစ်သံ လိုက်လှိုင်းက နှလုံးတွင်းရှိ ပစ္စည်း အားချိန်ညှိထားမှု (setting) ကို ပြောင်းလဲစေနိုင်ပြီး၊ တစ်ခါတစ်ရံ၌ နှလုံးတွင်းရှိ ပစ္စည်းအား အလုပ်မ လုပ်စေတော့ သည်အထိ နှောင့်ယှက် နိုင်ကြောင်းသိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားမှုမှာ လူနာက တုံးလုံးလှဲအိပ် လျက် ရင်ဘတ်ပေါ်တွင် iPad 2 အားတင်၍ အသုံးပြုပါက ၃၀% ပိုမိုဖြစ်ပွားစေ ကြောင်းသိရသည်။ ခန္ဓာကိုယ်၌ အဆီများနေသူများတွင် သံလိုက်ကြောင့် နှလုံးတွင်းရှိ ပစ္စည်း အားသက်ရောက်မှု ပိုနည်းကြောင်း သိရသည်။ 

ဖိုးသောကြာ
Ref: MNT

Health Updates Journal
Vol.2, No.20

For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget