ကမ္ဘာကျော် သန်းကြွယ်သူဌေး ဘဘကြီး ၀ါရင်လ်ဗားဖတ်ကို လူတိုင်းသိကြမှာပါ။ အမေရိကန် နိုင် ငံNebraska ပြည်နယ် Omaha မြို့က ဟုတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု နဲ့ရှယ်ရာလုပ်ငန်းတွေမှာ ဘုရင်တပါး အနေနဲ့ ကျွမ်းကျင် လိမ္မာပါးနပ် တတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ဒါကြောင့်သူ့ကို “The Oracle of Omaha” အိုမဟာမြို့ရဲ့ စီပွားဗေဒင်ဆရာ သို့ မဟုတ် စီးပွားဆိုင်ရာ ဟောကိန်း ထုတ်နိုင်သူ
တစ်ယောက်အနေနဲ့ တင်စားခေါ်ဝေါ် ကြပါတယ်။ အသက် ၁၁ အရွယ်မှစပြီး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ကိုစတင်ခဲ့ပါတယ်။ ဒီတော့် လက်တွေ့ အလုပ်ပိုင်းမှာ လူငယ်ဘ၀ကနေစပြီး လုပ်တယ်ဆိုတော့  ကိုယ့်လုပ်ဆောင်ချက် အပေါ်ယုံကြည်မှု အများကြီး ရှိ လာခဲ့တာပေါ့။ ရှယ်ယာ လုပ်ငန်းကိစ္စ ကို ကလေးဘ၀ ကနေ လုပ်ကိုင်လာတဲ့ ဗားဖတ်ဟာ လုပ်ငန်း တစ်ခုကို စိတ်ရှည်စွာနဲ့ တွက်ချက်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ရှယ်ယာလုပ်ငန်းရဲ့ သဘော သဘာဝ ဟာ ရှုပ်ထွေးပါတယ်။ ဈေးကျတဲ့ အချိန် မှာ ရောင်းရသလို ဈေးတက်တဲ့ အချိန်ထိ စောင့်ရတဲ့ အချိန်လည်း ရှိပါတယ်။ ဒီလို အခြေအနေမှာ ဆုံးဖြတ် လုပ်ဆောင်မှု ဆိုတာ အချိန်ယူ ပြီး တွက်ချက်ရပါတယ်။ စိတ်လည်းရှည်ရတာပေါ့။
သင်ခန်းစာလည်းယူသင့်ပါတယ်။ ဗားဖတ်ဟာ အသက် ၁၁ မှာ Cities Shared Preferred ဆိုတဲ့ ရှယ်ယာ ကုမ္ပဏီ မှာ ရှယ်ယာလက်မှတ် ၃ ခုကို ၃၈ ဒေါ်လာနဲ့ ၀ယ်ခဲ့ပါတယ်။ ၀ယ်ပြီး ဈေးနှုန်းက ၂၇ ဒေါ်လာအထိ ကျသွားပါတယ်။ စိတ်ရှည်ရှည်နဲ့ လုပ်တတ်တဲ့ ဗားဖတ်ဟာ ရှယ် ယာ ၂၇ မှ ၄၀ ဒေါ်လာအထိ တက်အောင်စောင့်ပြီး ၄၀ မှာတင် ရောင်းလိုက်ပါတယ်။ ဒါပေမယ့် မှ Cities Shared Preferred က ၂၀၀ဒေါ်လာနဲ့အချိန်ုကိုယူပြီး ရောင်းလိုက်ပါတယ်။ ဒါကို သိလိုက်တဲ့ ဗားဖတ်ဟာ သူ့အတွက် သင်ခန်းစာ တစ်ခုအနေနဲ့ ယူလိုက်ပါတယ်။ ရင်းနှီးမြုပ်နှံမြုပ်နှံ တဲ့လုပ်ငန်းတိုင်းမှာ စိတ်ရှည်ပြီး ဆုံးဖြတ်ချက်မှန် ဖို့လိုတယ်ဆိုတဲ့အတွေးအမြင်ဟုတ်ပါတယ်။
ယနေ့ ဘဘကြီး ဗားဖတ်ကို စီးပွားရေးပညာရှင်များ၊ အထူးသဖြင့် ရင်းနှီးမြုပ်နှံ တဲ့ပုဂ္ဂိုလ်များက ဘုရင် တစ်ဆူလို သတ်မှတ် ထားပါတယ်။ သူ့ ရဲ့ Annual Berkshire Hathawa Meeting ဆိုတဲ့ နှစ်စဉ် မေလမှာ ကျင်းပလေ့ရှိတဲ့ ကုမ္ပဏီရှယ်ယာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ဟောပြောပွဲမှာ လည်း ကမ္ဘာတ၀ှမ်းလုံး နဲ့ အမေရိကန် ရင်းနှီး မြုပ်နှံသူများ ဟာ Omaha မြို့ကို ချီတက်လာပြီး လာနားထောင် လေ့ရှိပါတယ်။ စီးပွားရေး နယ်ပယ်မှာ ဆိုရင် ဘဘကြီး
ဗားဖတ်ကို Hollywood မင်းသားလို လူတိုင်း ကြိုက်ကြပါတယ်။ ဒါပေမယ့် Hollywood နဲ့ ကွာချားတာကတော့် သူ့ ရဲ့ Simple Lifestyle ပါဘဲ။
ရိုးရိုးလေးနဲ့ နံမည် ကြီးအောင် လုပ်နိုင်သူ
ကမ္ဘာမှာ ဘီးဂိတ်ပြီးရင် ၅၈.၅ ဘီလီယံနဲ့ ဒုတိယနေရာ မှာယူထားတဲ့ ဗားဖတ်ဟာ ရိုးရိုးလေး နဲ့ နေထိုင်ပြီး၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ ဓန ၈၀ ရာခိုင်နှုန်းကို Bill and Melinda Gates ဆိုတဲ့ သုတေသန နဲ့ စေတနာ့လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းကို လှုဒါန်းသွားမည်ကြောင်းကြေငြာခဲ့ပါတယ်။
ဒါဟာအမေရိကန် နဲ့ ကမ္ဘာတ၀ှမ်းလုံး အတွက်မြင့်မြှတ်တဲ့ သင်ခန်းစာ တစ်ခုဟုတ်ပါတယ်။ ယနေ့ ၀ါရင်လ်ဗားဖတ်ဟာ သူကြီးပြင်းလာတဲ့ အိုမဟာမြို့မှာပဲ သူ ၁၉၅၈ တုန်းက ၀ယ်ထားတဲ့ ဒေါ်လာ ၃၁၅၀၀ ရာတန် အခန်း ၅ တွဲပါ ရိုးရိုး နှစ်ထပ်တိုက် ၊ ခြံစည်းရိုးမပါတဲ့ အိမ်ထဲမှာဘဲ ဆက်လက် နေထိုင်နေပါတယ်။ ဗားဖတ်ကပြောပါတယ်။ သူနေတဲ့ အိမ်ဟာခြံစည်းရိုး မရှိပါဘူးတဲ့။ ဒါပေမယ့် သူလိုအပ်တဲ့အရာ အားလုံးဟာ ဒီအိမ်ထဲမှာ ရှိတယ်လို့ တခါတုန်းက ပြောကြားသွားခဲ့ပါတယ်။ ရိုးရိုးလေးနဲ့ နေတတ်တဲ့ ဗားဖတ်ဟာဝါကြွားတတ်မျိုး ကိုမကြိုက်ပါဘူး။ မိုဘိုင်းဖုန်းလည်းမကိုင်ပါဘူး။ ကားဆိုရင်လည်း သူ့ရဲ့အကြိုက် 2006 Cadillac DTS ရိုးရိုးမော်ဒယ်လ် ကားကိုဘဲ စီးပါတယ်။ ယနေ့ထိတိုင်အောင် သူကိုယ်တိုင် ဒီကားကို အလုပ်နဲ့ အိမ်အသွားမောင်းပြီး တခါတရံမှာ စီးပွားဖက် မိတ်ဆွေများကိုလည်း လေဆိပ်အထိ သူကိုယ်တိုင် လာရောက် ကြိုဆိုလေ့ရှိပါတယ်။ လူချစ်လူခင်ပေါ် တဲ့ ဘဘဗားဖတ်ဟာ အစားအစာကိုတော့် သာမာန် အမေရိကန် သာမာန်လူ တွေစားတဲ့ ဟန်ဘာဂါနဲ့ Coke ကို ဘဲ ပုံမှန်သောက်လေ့ ရှိပါတယ်။ ကျန်းမာရေး ရှု ထောင့် ကနေကြည့်ရင် မကောင်းပေမယ့် ရိုးသားရှင်းလင်းစွာ နေထိုင်တတ်တဲ့ ဗားဖတ်ဟာ လူအများကိုတော့် ယနေ့ ထိတိုင် စံကောင်းနမူကောင်းပြနိုင်တဲ့ ဘုရင်ကြီး တစ်ဆူလိုပါဘဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာလည်း ၀ါရင်လ်ဗားဖတ် နီးပါး မြန်မာစံချိန်နဲ့ ကိုက်ညီပြီး ဓနကြွယ်ဝတဲ့ သူများရှိပါတယ်။ အနီး စပ်ဆုံး ဥပမာ နှိုင်းယှဉ်မယ် ဆိုရင် ၀င်ငွေခွန်ထိပ်တန်း ပုံမှန်ပေး တဲ့ မစ်တ် ကုမ္ပဏီ ရဲ့ CEO သန်း ကြွယ် သူဌေးကြီး ဦး ဇော်ဇော် ဘဲ ဟုတ်ပါတယ်။ ဗားဖတ်လို တထေရာတည်း မလုပ်ဆောင်နိုင် ပေမယ့်လည်း လူအများအတွက် ကိုယ့်နည်းကိုယ့်ဟန် နဲ့ ရိုးသားတဲ့ စံကောင်း နမူနာကောင်းပြနိုင်တဲ့ ဓနရှင် များ ထွက်လာနိုင် ရန်ရည်စူးလျှက် ဤဆောင်းပါးကို House မှစာဖတ်သူများ အားလုံးအတွက် အကြိုးရှိရန် ရည်ရွယ်ပြီး ကိုးကား တင်ပြအပ်လိုက်ပါတယ်။
စတီဖင်ဆိုင်း
ဘာလင်