၁၂.၂လက်မ Samsung Galaxy Note Pro ထွက်ရှိ

Photo of Samsung Galaxy Note Pro

ဗြိတိန်နိုင်ငံမှာ စတင် အော်ဒါမှာ လက်ခံနေပြီ ဖြစ်တဲ့ Samsung ရဲ့  နောက်ဆုံးထွက် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး ၁၂.၂ လက်မ အရွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ဆိုရင် ရရှိနိုင်ပြီ ဖြစ်ပါတယ်။

Wi-Fi မော်ဒယ် အဖြူရောင်နဲ့ အနက်ရောင် Galaxy Note Pro ကို ဗြိတိန်ပေါင် ၆၄၉ ပေါင်နဲ့ ရောင်းချ ခြင်း ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေး 2560x1600 pixel resolution ရှိပြီး ကင်မရာက 8 megapixel ရှိပါတယ်။ ရှေ့ ကင်မရာ ကတော့ 2 megapixel ရှိပါတယ်။ RAM 3GB ရှိပြီး storage က 32 GB နဲ့ 64 GB ဆိုပြီးတော့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဘက်ထရီက 9500mAh တောင် ရှိပါတယ်။ Android 4.4 KitKat ကို ထည့်သွင်း အသုံးပြုထားပါတယ်။ Wi-Fi ဗားရှင်းမှာ Exynos 5Octa chip ကို အသုံးပြုထားပြီး 4G ဗားရှင်း မှာ quad-core Qualcomm Snapgradon 800 chipset ကို အသုံးပြုထားပါတယ်။

S-Pen, LTE တို့ပါဝင်ပြီး ထွက်ရှိထားတဲ့ ၁၀.၁ လက်မ 2014 Edition ထက် သာလွန်တဲ့ အရည်အသွေးနဲ့ Feature များကို မြင်တွေ့ ရပါတယ်။ အရွယ်အစား တိတိကျကျအားဖြင့် 295.6x204x7.95 mm ရှိပြီး slim ဖြစ်တဲ့ Tablet ဖြစ်ပါတယ်။ Wi-Fi ဗားရှင်းက 750g လေးပြီး 3G/LTE က 753g လေးပါတယ်။ ဒီတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး သုံးဖို့အတွက်က အနည်းငယ် လေးနေပါလိမ့်မယ်။ ဗြိတိန်နိုင်ငံအတွက် ရောင်းဈေး ကြေညာပြီးပေမယ့် အခြားနိုင်ငံများအတွက် မကြေညာရသေးပါဘူး။ မြန်မာပြည်မှာ ဆိုရင်လည်း ကျပ်ငွေ ၈ သိန်းဝန်းကျင် ပေါက်ဈေး ရှိနိုင်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( ရိုးရာလေး ) 

[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget